06/03/2016
သဲနှင့် ဆားငံရေမှ အစာအဟာရ ဖြစ်ထွန်းအောင်လုပ်နိုင်သည်မှာ
အစ္စရေးနိုင်ငံပင် ဖြစ်ပါသည်။
သဲကန္တာရဆိုသည်မှာ စိုက်ပျိုးမြေမဟုတ်သလို
လူနေအပ်သောအရပ်လဲမဟုတ်ပါ။
သို့သော်အစ္စရေးနိုင်ငံသည် ထိုကန္တာရမြေပေါ်တွင်
လူသန်းပေါင်းများစွာစည်ကား သိုက်မြိုက်စွာ နေထိုင်လျှက်ရှိပြီး
လယ်ဧကပေါင်းများစွာ ထွန်ယက်စိုက်ပျိုးနေကြပါသည်။
အစ္စရေးနိုင်ငံသည်သဲကန္တာရ စိုက်ပျိုးရေးနည်းသစ်ကို တီထွင်ပြီး
သီးနှံစိုက်ပျိုးပင်များကို ဆားငံရေ လောင်းကြပါသည်။
ထိုဆားငံရည်သည် ရေချိုထက်
ဆားဓါတ် အဆ (၂၀) ပိုမိုပါဝင်သည်သာမက
ကန္တာရမြေပေါ်တွင် ဆားငံရေလောင်း၍
စိုက်ပျိုးသီနှံဖြစ်ထွန်းအောင်မြင်ခြင်းမှာ
မယုံနိုင်စရာပင်ဖြစ်ပါသည်။
သို့သော် အစ္စရေးနိုင်ငံတွင် ဆားငံရေဖြင့်စိုက်ပျိုးနိုင်ပါသည်။
အစ္စရေးနိုင်ငံတွင်လယ်သမားများ၊ စိုက်ပျိုးရေးသမားများ၊
တစ်နှစ်သုံးသီး စိုက်ပျိုးကြပြီး
ဖရဲ၊ အာလူး၊ခရမ်း၊ ငရုတ်၊ စွန်ပလွန်၊ ဘူးသီးနွယ် နှင့်
ထောပတ်သီးများ သာမက အခြားသစ်သီးဝလံများ
ဥရောပ ဈေးကွက်သို့ တင်ပို့ရောင်းချကြပါသည်။
တစ်ဧကလျှင် အသီးအနှံတန် (၆၀) မျှ ထွက်ရှိပါသည်။
အမေရိကန်သည် အစ္စရေးသဲကန္တာရမြေ၏ စိုက်ပျိုးသီးနှံ
ဖြစ်ထွန်းအောင်မြင်မှုကို အားရ သဘောကျ၍ လိုက်လုပ်ကြည့်သော်လဲ
မအောင်မြင်ပါ။
အစ္စရေးနိုင်ငံတွင် မက်မုံသီး၊ ဆီးသီး၊ တရုပ်ဆီးသီး၊
နတ်သြဇာ၊ ချယ်ရီသီး အစရှိသည့်ရာသီ သီးနှံများ
ဖြစ်ထွန်းအောင်မြင်ပြီး ဥရောပ ဈေးကွက်သို့
လက်မလည်အောင်တင်ပို့လျတ်ရှိပါသည်။
ဂျာမဏီ၊ အင်္ဂလန်၊ ပြင်သစ်နှင့်
ဟောလန်တိုင်းပြည်များကဲ့သို့ ပန်းပေါသော တိုင်းပြည်များသို့လဲ
အစ္စရေးပန်းများ ဈေးကွက်ဖောက်ဝင်ပြီး အောင်မြင်လျက်ရှိပါသည်။
အစ္စရေးနိုင်ငံသည် ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ကို
ထုတ်လုပ်နိုင်သည်သာမက
လယ်သမားများမှာ တနှစ်လျင် သီးထပ် (၇)ထပ်မြောက်
မျိုးစေ့ ကြဲနိုင်သည်အထိဖြစ်သည်မှာ
ကမ္ဘာက အံ့ဩအတုယူစရာပင်ဖြစ်ပါသည်။
အစာရေစာရှားပါးသည်ကိုအစ္စရေးနိုင်ငံက
အံ့ဩဖွယ်ရာဖြေရှင်းသည့် နည်းလမ်းများ အနက်
ထင်ရှားကျော်ကြားသော နည်းလမ်းများမှာ
(၁) Drip irrigation - စိုက်ပျိုးရေးလုပ်ငန်းများတွင်
ရေဆုံးရှုံးမှုလျော့နည်းလာ စေရန်အတွက်
စနစ်တကျတွက်ချက်၍ အစက်ချရေပေးနည်းစနစ် အသုံးပြုခြင်းကို
ဆန်းသစ်တီထွင်ပြီး လုပ်ဆောင်ခဲ့သည့်
အစ္စရေးနိုင်ငံ၏ စိုက်ပျိုးနည်းပညာပင်ဖြစ်ပါသည်။
အစ္စရေးနိုင်ငံ၏ စိုက်ပျိုးနည်းပညာအောင်မြင်မှူသည်
ကမ္ဘာအနှံ့ လျင်မြန်စွာပြန့်နှံ့ သွားပြီး ထင်ရှားသည့်သာဓကမှာ
အာဖရိက၏ စိုက်ပျိုးအောင်မြင်မှူနှုန်း
အင်မတန်နည်းပါးသည့်ဒေသတွင်းရှိ တောင်သူလယ်သမားများ၏
တနှစ်တွင် သုံးကြိမ် သီးထပ်
စိုက်ပျိုးနိုင် ခဲ့ခြင်းက ထင်ရှားစွာ သက်သေထူလျက်ရှိပါသည်။
(၂) Grain cocoons - ရိတ်သိမ်းပြီးသားစပါး၊ ပြောင်း အစရှိသည်တို့ကို
မှိုတက်ခြင်း၊ပိုးမွားကြောင့်ပျက်စီးခြင်းမှ ကာကွယ်ဖို့ရန်
သိုလှောင်မှူနည်းလမ်းသစ်ကို တီထွင်ခဲ့ခြင်းဖြစ်ပြီး
သိုလှောင်မှူကုန်ကျစရိတ်သက်သာခြင်းကြောင့်
အာရှနိုင်ငံများတွင်သာမကအာဖရိကား အစရှိသည့်
လယ်ယာစိုက်ပျိုးမှူပြုလုပ်သည့်နိုင်ငံများတွင်
တောင်သူလယ်သမားများအတွက် လွယ်ကူသက်သာစွာ
သုံးဆွဲနိုင်ခြင်းကြောင့် အင်မတန်အကျိုးရှိလှသော နည်းလမ်းပင်ဖြစ်ပါသည်။
(၃) Biological pest control - သဘာဝနည်းလမ်းဖြင့်
အသီးအနှံများ ပိုးမွားကျရောက်ခြင်းမှ ကာကွယ်သည့်နည်းလမ်းဖြစ်ပြီး
ယခုအခါတွင် Bio-Bee ကုမ္ပဏီသည် ဂျပန်မှစ၍ချီလီအစရှိသည့်
နိုင်ငံပေါင်း ၃၂ နိုင်ငံထိ လူသားအကျိုးပြု ပိုးမွားများ၊ ပျားပုတုန်းများကို
ဖြန့်ဝေပြီးဖြစ်ပါသည်။
ထင်ရှားသည့်သာဓကမှာ ကယ်လီဖိုးနီးယားမှ စတော်ဘယ်ရီသီး
များ၏ ပိုးမွားကျရောက်ခြင်းကို
တန်ပြန်လူသားအကျိုးပြုပိုးမွားများဖြင့် သစ်ပင်သီးနှံများ
ကို ဆိုးကျိုးဖြစ်စေသည့် ပိုးမွားများ၏ရန်ကို ကာကွယ်ပေးခြင်းဖြစ်ပါသည်။
ထိုနည်းလမ်းကြောင့် အစ္စရေးနိုင်ငံတွင်း
ငရုပ်ချိုစိုက်ပျိုးသည့်သူများ၏ ပိုးမွားရန်ကာကွယ်ရန်
ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ထားသည့် ပိုးသတ်ဆေးများအသုံးပြူခြင်း
၇၅ ရာခိုင်နှုန်းခန့်လျော့ချနိုင်ခဲ့ပါသည်။
(၄) Dairy farming - မွေးမြူရေးလုပ်ငန်း နဲ့နိုထွက်ပစ္စည်း
အထွက်နှုန်းကောင်းအောင် လုပ်ဆောင်ခြင်းနည်းလမ်းဖြစ်ပြီး
ယခုအခါတွင် SAE Afikim ကုမ္ပဏီသည် ကမ္ဘာပေါ်၌
အကြီးဆုံးလို့ခေါ်ဆိုနိုင်သည့် နွားကောင်ရေပေါင်းသုံးသောင်းကို
ခေတ်မှီကွန်ပြူတာနဲ့မွေးမြူရေးနည်းလမ်းများသုံးပြီး မွေးမြူနိုင်ဖို့အတွက်
ဗီယက်နမ်မှာ လုပ်ဆောင်နေပြီဖြစ်ပါသည်။
ထိုလုပ်ဆောင်မှုသည် ဗီယက်နမ်နိုင်ငံတွင်းရှိသည့် မွေးမြှူရေးလုပ်ငန်းကို
အထောက်အကူဖြစ်စေပြီး နို့ထွက်ပစ္စည်းအထွက်နှုန်းလဲ
မြင့်တက်လာစေရန်အတွက်ဖြစ်ပါသည်။
တရုပ်နိုင်ငံမှလည်း မွေးမြှူရေးဆိုင်ရာလုပ်ငန်း အထွက်တိုးအောင်
အစ္စရေးသို့ ပညာတော်သင်များစွာကို စေလွှတ်ပြီးဖြစ်ပါသည်။
(၅) Fishing in the desert - သဲကန္တာရတွင်
ငါးမွေးမြူခြင်းနည်းလမ်း ဖြစ်ပါသည်။
ငါး မွေးမြူရာတွင် ပြင်ပ၌မွေးမြူလျင် ရောဂါ ကျရောက်ခြင်း၊
ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးကြုံရခြင်း
အစရှိသည်တို့ ကြုံတွေ့နိုင်ပြီး တီထွင်ဆန်းသစ်သော
နည်းလမ်းဖြင့် ယခုအခါတွင် တိုက်များ အတွင်းထဲ၌ မွေးမြူခြင်းသာမက
မည်သည့်နေရာမဆို ငါးမွေးမြူနိုင်သည့် GFA (Grow Fish Anywhere) Advanced Systems
ကို အသုံးပြုပြီး မွေးမြူမှုနည်းလမ်းပင် ဖြစ်ပါသည်။
(၆) Squeezing every drop of water from the air -
လေထုထဲမှ ရေကို ညစ်ထုတ်ကာ အပင်စိုက်ခြင်း နည်းလမ်းဖြစ်ပါသည်။
ရှေးခေတ်ကာလများတွင် ရေကို ကျောက်တုန်းများက
ရယူအသုံးပြုသည့်နည်းလမ်းကို အစ္စရေးလူမျိုးတို့ အသုံးပြုခဲ့သော်လည်း
ယခုအခါတွင် သာ၍တိုးတက်သောနည်းလမ်းသစ်များဖြင့်
မိုးခေါင်ရေရှားပါးဒေသများတွင် လေထုထဲမှရေကို
ရအောင်ထုတ်ယူသည့်နည်းလမ်းကို အသုံးပြုခြင်းဖြစ်ပါသည်။
Tal-Ya tray ဟုအမည်တွင်ပြီး စိုက်ပျိုးရေးအတွက်
ပြန်လည်သုံးစွဲနိုင်သည့် ရေခံပလတ်စတစ်ခွက်လေးများ ဖြစ်ပါသည်။
(၇) Growing potatoes with saltwater -
ဆားငံရေဖြင့်အာလူးစိုက်ပျိုးခြင်းနည်းလမ်းဖြစ်ပါသည်။
အရှေ့အလယ်ပိုင်းကဲ့သို့ ပူပြင်းသောဒေသများတွင် စိုက်ပျိုးရန်
မဖြစ်ထွန်းနိုင်သည့် အာလူးစိုက်ခြင်းကို နှစ်ပေါင်သုံးဆယ်တိတိလေ့လာပြီး ယခုအခါတွင်ရေရှားပါးရာဒေသတွင်ပင်
ဆားငံရေဖြင့် အာလူးစိုက်ပျိုးခြင်းလုပ်ငန်းကို
လုပ်ဆောင်နိုင်ရန်တီထွင်သော နည်းလမ်းဖြစ်ပါသည်။
ယခုအခါ ရေရှားပါးသည့်ဒေသများ၊
ခြောက်သွေ့သော အပူပိုင်းဒေသများတွင်ပါ အာလူးကို
စီးပွါးဖြစ်စိုက်ပျိုးနိုင်ကြပြီဖြစ်ပါသည်။
( မှတ်ချက် ။ ။ အစ္စရေးနိုင်ငံသည် စိုက်ပျိုး နည်းပညာ မြင့်မားသော နိုင်ငံဖြစ်ပြီး
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းလမ်းများကို
ထိုနိုင်ငံမှ စနစ်တကျသင်ယူနိုင်ပါက
မြန်မာနိုင်ငံအတွက် အင်မတန် အကျိုးရှိနိုင်မည်ဖြစ်ပြီး
အစာရေစာခေါင်းပါးမှူကိုဖြေရှင်းနိုင်ပါစေရန်အတွက် ရည်ရွယ်ပြီး
ဝေမျှခြင်း ဖြစ်ပါသည်။ )
Credit : မူလရေးသူ
Ref: israel21c.org
Vivienne Emerald Tun Lin
( အစ္စရေးနိုင်ငံ စတင်ထူထောင်ဖို့ 
၁၉၄၈ မေလ မှာ ကျေညာချက်လက်မှတ်ထိုးခဲ့ပြီး
၁၉၄၈ ဇန္နဝါရီလ မှာ လွတ်လပ်ရေးရခဲ့တဲ့
မြန်မာပါလီမာန်က ပထမ ဦးဆုံး အသိအမှတ်ပြုခဲ့တယ် ။
In a cablegram on 15 May 1948 to the Secretary-General of the United Nations, the Secretary-General of the League of Arab States claimed that "the Arab states find themselves compelled to intervene in order to restore law and order and to check further bloodshed".
(ဆိုရှယ်လစ် ခေတ်တုံးက အစ္စရေးနိုင်ငံကို
ပညာတော်သင်တွေ ခေါ်ယူပြီး မြန်မာပြည်အတွက်
ကူညီပေးခဲ့တယ် ။
အစ္စရေးက ပြန်လာတဲ့ စိုက်ပျိုးရေး ပညာရှင်တွေကို
ဆိုရှယ်လစ် စီမံကိန်းတွေ မှာ တာဝန်ပေးခဲ့ဖူးတယ် ။
စိုက်ပျိုးရေး ပညာရှင်တွေကို အုပ်ချုပ်ဖို့ 
ရေဗူးပေါက်တာ မလိုချင်တဲ့ သူတွေ ခန့် ထားလိုက်တယ် ။
ရာထူး တည်မြဲရေး အတွက်အထက်ကိုဖါးဖို့ 
အားလုံး လိုလို သူခိုးဖြစ်သွားတာ
စိုက်ပျိုးရေး ကျေးရွာ မာန်နေဂျာ ၆ လ လောက်မှာ
မျက်မြင် ကိုယ်တွေ့ ပါဘဲ )
http://www.israel21c.org/top-10-ways-israel-fights-desertification/
Technology, Health, Environment, Travel, and Culture News from Israel