02/11/2024
လူတိုင်းကို စိတ်ကောင်း
စေတနာမှန်လေးနဲ့
ဆက်ဆံဖို့ကြိုးစားပါ။
ကိုယ့်အနားမှာ
စိတ်ရင်းမှန်သူလေးတွေ
အလိုလိုရောက်လာလိမ့်မယ်။
စိတ်ထားမမှန်သူတွေက
တဖြည်းဖြည်း
ဝေးလွင့်သွားလိမ့်မယ်။
လူတိုင်းကို
မျက်နှာဖုံးမပါတဲ့
ပကတိမျက်နှာနဲ့
ဆက်ဆံကြည့်ပါ။
မျက်နှာဖုံးမပါတဲ့
ပကတိမျက်နှာလေးတွေ
ရှိလာလိမ့်မယ်။
မျက်နှာဖုံးတွေ
အဝေးကို ကျောခိုင်း
ထွက်သွားကြလိမ့်မယ်။
လူတိုင်းကို ဘာမျှော်လင့်ချက်မှ
မပါဘဲ အရိုးသားဆုံး
ဆက်ဆံကြည့်ပါ။
မျှော်လင့်ချက်ကင်းကင်းနဲ့
ဆက်ဆံတတ်တဲ့ အဖြူထည်
မိတ်ဆွေကောင်းတွေ
ရောက်ရှိလာပါလိမ့်မယ်။
မျှော်လင့်ချက်ထားတတ်
သူတွေ တဖြည်းဖြည်း
စွန့်ခွါထွက်သွားပါလိမ့်မယ်။
လူတိုင်းကို
ပျော်ရွှင်ခြင်းဆိုတဲ့
လက်ဆောင်ပေးနိုင်အောင်
ကြိုးစားကြည့်ပါ။
ကိုယ်ကိုယ်တိုင်
ပျော်ရွှင်ခြင်းရဲ့
အရသာကို ခံစားရပါလိမ့်မယ်။
ဘဝဆိုတာ သစ္စာရှိပါတယ်။
ကိုယ်ပေးတဲ့အရာကိုပဲ
ကိုယ်ပြန်ရတတ်တာပါ...။