Shwe Yan Shin

Shwe Yan Shin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Yan Shin, Wholesale & Supply Store, No. 5 Yangon, Sanchaung.

💜ကျန်းမာ​ရေးလက်​ဆောင်  #ဓနိဖူး​ခြောက် 💜✔​သွေးတိုး ဆီးချိုသမားများအတွက် အသင့်​တော်ဆုံး ✔ကျန်းမာ​ရေးအတွက် အာနိသင်များတဲ့ ဓ...
24/11/2023

💜ကျန်းမာ​ရေးလက်​ဆောင် #ဓနိဖူး​ခြောက် 💜

✔​သွေးတိုး ဆီးချိုသမားများအတွက် အသင့်​တော်ဆုံး
✔ကျန်းမာ​ရေးအတွက် အာနိသင်များတဲ့ ဓနိဖူး​ခြောက်​လေး​တွေ ခတ်ပြီး ​ရေ​နွေးကြမ်းပြုလုပ်​သောက်သုံးနိုင်ပါတယ်ရှင့် 💜

🫖လက်လီ8000ကျပ်

🫖လက်ကား
အထုပ်​ရေ 5ထုပ်ကစလို့ လက်ကား​ဈေး​လေးရှိတာမို့ page messengerမှတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်
ဆယ်ထုပ်အထက်မှာယူသူများကိုပို့ခဖရီးလေးပါနော်😱

❗ဈေးနှုန်း အ​ပြောင်းအလဲရှိနိုင်ပါသည်❗

🍀ရန်ကုန် မန္တ​လေး အိမ်အ​ရောက်​ငွေ​ချေပါရှင်

🍀ကျန်မြို့များ​ငွေလွှဲဝင်ပြီး ၂၄ နာရီ/ ၄၈နာရီအတွင်း ကားဂိတ်မှတဆင့်ပို့​ဆောင်​ပေးပါတယ်ရှင်

🏦KBZ PAY, Wave payမှ လွယ်ကူစွာ ​ငွေ​ချေလို့ရပါတယ်

☎️cb or 09971332175မှတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

#ဓနိဖူး​ခြောက်
#
#ရန်ကုန်မြို့

02/02/2022

hello

"မတည့်တာကိုမှစားချင်သူများအတွက်_အန္တရာယ်ကင်းအောင် စားနည်းများ"--------------------------------------၁။ လက်ဖက်ကို အမြဲနိုင...
28/11/2021

"မတည့်တာကိုမှစားချင်သူများအတွက်_
အန္တရာယ်ကင်းအောင် စားနည်းများ"
--------------------------------------
၁။ လက်ဖက်ကို အမြဲနိုင်တာ လျှက်ဆားဖြစ်ပါတယ်။
အစာမကြေ၊ လေပွ၊ ရင်ပြည့်ရင်ကယ် မဖြစ်အောင်
လက်ဖက်သုပ်စားပြီး ၁၅ မိနစ်ခန့်ကြာရင် လျှက်ဆား၊
ကိုးပါးဆေး၊ မဟာဖြေဆေး စတဲ့ လေနဲ့ဆိုင်တဲ့ ဗမာဆေး
တစ်ခုခုကို အနည်းငယ် လျှက်ပေးလိုက်ရင် အဆင်ပြေပါပြီ။

၂။ လက်ဖက်သုပ်၊ ဂျင်းသုပ် စတဲ့ အသုပ်စုံတို့ကို စားတဲ့အခါ
ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းကိုက်လေ့ရှိကြတယ်။

တချို့က ပါးစပ်နံမှာစိုးရိမ်ပြီး စားချင်လျှက်နဲ့ မစားဘူး။

ဘာမှမပူနဲ့ စားသာစား။ မစားခင်လေးမှာ
မြေပဲစေ့ ၄၊ ၅ စေ့ကိုသာ အရင်ဖယ်ထား။
စားပြီးတာနဲ့ မြေပဲကို ဝါးပြီး ပါးစပ်ထဲ ၁ မိနစ်ခန့်ငုံထား။

ကြက်သွန်ဖြူ ၊ ကြက်သွန်နီ စတဲ့အနံ့တွေကို မြေပဲက
စုပ်ယူနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ချက်ချင်း အနံ့ပျောက်တယ်။

၃။ ငှက်ပျောသီး အလွန်ကြိုက်သူတွေ တစ်ဖီးကုန်အောင်
စားနိုင်တယ်တဲ့။ စားပြီးလျှင် အချိုကြောင့် ဗိုက်နာတယ်။

ဘာမှမပူနဲ့ ဆားအနည်းငယ်နဲ့သာ တို့ပြီးစား။
လုံးဝ ဗိုက်မနာတော့ဘူး။

၎။ ငရုတ်သီးကြိုက်သူတွေ၊ အစပ်များများစားချင်သူတွေအတွက်
ရခိုင်တို့ရဲ့အစပ်စားနိုင်ခြင်း။ အကြောင်းရင်းကတော့
ငရုတ်သီးကို အပူပေးပြီးမှ စားခြင်းဖြစ်ပါတယ်။
ငရုတ်သီးကို အစိမ်းလိုက် ဘယ်တော့မှ မစားနဲ့။

လှော်၊ ကြော်၊ ပြုတ်၊ ဖုတ်၊ အဲလိုအပူပေးပြီးမှ
ကြိုက်သလောက်စား။ သံပုရာသီးလေးညှစ်ထည့်၊ ပြီးမှ စား။
ဗိုက်မနာတော့ဘူး။

၅။ အုန်းနို့ခေါက်ဆွဲ၊ မုန့်တီ၊ အသုပ်မျိုးစုံ မုန့်ဟင်းခါးစတဲ့
အဆီအဆိမ့်များသည့် အစားအစာတို့ကို မစားမီ
ရှေးဦးစွာ သံပုရာသီးတစ်စိတ် အရင်ကိုက်စားလိုက်ပါ။

သို့မဟုတ် ဇွန်းထဲတွင် အရည်ညှစ်၍ သောက်ချ
ပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော
မုန့်စားနည်း ဖြစ်ပါသည်။

၆။ လက်ဖက်ကို ဘေးဥပဒ်ဖြစ်စေနိုင်သည့်
အခါးဓါတ်ကိုလျော့ရန်အတွက် ပထမဦးစွာ ဆား၊
သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပြီး
အလွန်ပြင်းထန်သောအခါးဓါတ် လျှော့ချပြီးမှ သုပ်စားလျှင်
အန္တရာယ်ကင်းပါသည်။

အစာမကြေခြင်း လေအောင့်ဖြစ်စေခြင်းတို့မှလည်း
လျှော့နည်းစေပါသည်။

၇။ အဆီအဆိမ့်များလွန်းသော ဒံပေါက်ထမင်း၊
ထောက်ပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကို
မစားမီ အနားမှာ ချပေးထားတဲ့ ပူဒီနာ (ပုစီနံ) ရွက်များကို
အရင်ဝါးစားပြီးမှထမင်းစားပါ။ အဆိပ်အတောက်ကင်းပါသည်။

၈။ အဆိပ်အတောက်များသောမျှစ်ချဉ်၊ အသည်းပျက်တတ်သော
မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အန္တရာယ်ကင်းပါသည်။

စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည်
အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။
ပြီးမှ မိမိစိတ်ကြိုက်ချက်စားပါ။ သို့မဟုတ် -
မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချ ပြီး မွှေနှောက်ကာ
ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက်
နည်းသွားပါသည်။

၉။ ရင်ကျပ်ရောဂါ မဖြစ်နိုင်အောင် မန်ကျည်းသီးစိမ်းကို
အပေါ်မှ အပွေးခွံ ညို ညစ်ညစ်များကို ခြစ်ထုတ်ပြီး အစိမ်းရောင်
မန်ကျည်းသီးသားများကိုသာ ထောင်း၍ချက်စားသင့်ပါသည်။

အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ
နေထိုင်နိုင်ကြပါစေ။

မေတ္တာဖြင့် မျှဝေပါသည် ။
U Htay Win (YGN)

ရှေ့ရာသီဥတုကအအေးပိုင်းရောက်လာပါပြီ ရှင်👏 #အဆစ်အမြစ်ကိုက်တတ်သူတွေ #အအေးမိပြီးဖျားနာလွယ်သူတွေ(ကလေး၊လူကြီး၊ယောက်ျား၊မိန်းမ၊...
23/11/2021

ရှေ့ရာသီဥတုကအအေးပိုင်းရောက်လာပါပြီ ရှင်👏

#အဆစ်အမြစ်ကိုက်တတ်သူတွေ
#အအေးမိပြီးဖျားနာလွယ်သူတွေ(ကလေး၊လူကြီး၊ယောက်ျား၊မိန်းမ၊ကိုယ်ဝန်သည်ပါမကျန်)

#အေးရင်ခေါင်းအုံခေါင်းခဲဖြစ်တတ်သူတွေ
#ဓနိဖူးခြောက်ရေနွေးကြမ်းလေးနေ့စဉ်ပုံမှန်မှီဝဲပီး

#ကျန်းမာပျော်ရွှင်တဲ့မိသားစုလေးဖန်တီးကြမယ်ရှင်🙆🙆🙆
#နေ့စဉ်ပုံမှန်မှီဝဲခြင်းဖြင့်ကင်ဆာရောဂါကိုပါ ကာကွယ်ပီးသားဖြစ်ပါတယ်ရှင်👏

💸100g တစ်ထုပ်.... ၈၀၀၀ကျပ်💸

၁၀ထုပ်ကစလက်ကားဈေးရ ပါတယ်ရှင်😘

အမြို့မြို့ အနယ်နယ် သို့ ပို့ဆောင်ပေးပါ တယ်ရှင် 🚃

👏 👏👏👏👏👏👏 

ရန်ကုန်မြို့တွင်းမြို့နယ်အလိုက် Dali ရှိတယ်နော်အိမ်ရောက်ငွေချေပါ 🏃🏃🚲🛵🚖
ငွေသားပဲလက်ခံပါတယ်ရှင့်😊😊

မှာယူပြီး 2ရက်အတွင်းပို့ပေးပါတယ်နော်🚕🚕

cb or ☎09871332175

👏 👏 👏 👏 👏 👏 👏


#သဘာဝရတနာ ဓနိဖူးခြောက်
day
Health

သွေးတိုးချက်ချင်းသက်သာစေမည့်နည်းလမ်းများသွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါ၍ချက်ချင်းဆေးရုံဆေးခန်းသွားပြဖိ...
15/11/2021

သွေးတိုးချက်ချင်းသက်သာစေမည့်နည်းလမ်းများ

သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါ၍ချက်ချင်းဆေးရုံဆေးခန်းသွားပြဖို့ အဆင်မပြေပါက အောက်ပါသဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုပ်နိုင်ကြပါတယ်။

၁။ ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။

အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း
( ၂ )ဇွန်းခန့်ကို သောက်လိုက်ပါ။
သွေးတိုးချက်ချင်း သက်သာသွားစေပါတယ်။

၂။ သံပုရာသီးကို ခွဲပြီး အစေ့
( ၅ )စေ့ခန့်ဝါးစားလိုက်ပါ။
သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။

၃။ သံပုရာသီး မရှိပါက သံပုရာပင်၏
အခေါက်ကို ဆေးကြောပြီးရေနဲ့သွေးပြီး သောက်ပေးနိုင်ပါတယ်။

၎။ ဗန်ဒါရွက်အနု ( ၃၊ ၄ ) ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး( ၅ )မိနစ်ခန့် ပြုတ်ပြီးသောက်ပေးပါ။

တစ်နေ့ကို လက်ဖက်ရည်ခွက်( ၃ ) ခွက်ခန့် သောက်ပေးပါ။ ( ၅ ) ရက်နဲ့ ( ၁ ) ပတ်အတွင်းသွေးတိုးရောဂါ သက်သာသွားပါမည်။

( သတိပြုရန် )

ဗန်ဒါရွက်ပြုတ်ရည်ကို အလွန်အကျွံ မသောက်သင့်ပါ။ဝမ်းချုပ်တတ်ပါတယ်။
ပြန်လည်မျှဝေပါတယ်
Credit original uploader

ချစ်တို့ရေ🥰အရမ်းကောင်းတဲ့ဓနိဖူးခြောက်ကလေးနဲ့မိတ်ဆက်ပေးပါရစေရှင့်😍ရေနွေးခြမ်းသောက်သလိုလေးသောက်ရပါတယ်ရှင့်😊ဆီချိုသမားတွေလည...
15/11/2021

ချစ်တို့ရေ🥰

အရမ်းကောင်းတဲ့ဓနိဖူးခြောက်ကလေးနဲ့
မိတ်ဆက်ပေးပါရစေရှင့်😍

ရေနွေးခြမ်းသောက်သလိုလေးသောက်ရပါတယ်ရှင့်😊
ဆီချိုသမားတွေလည်းသောက်လို့ရပါတယ်ရှင်🤩
တစ်ခါသောက်ရင် ဓနိဖူး ၅ခုလောက်ကလေးကို
တစ်နေကုန်ရေနွေးအဖြူထဲ့ပီးသောက်ရုံပါရှင့်🤗

တစ်ထုပ်ကို100gပါပီး 1လခွဲသောက်လို့ရပါတယ်ရှင်

ဓနိဖူး စစ်စစ်ပါ အရိုးတံတွေမဟုတ်ပါရှင့်💯👌
အရောအနှောလုံးဝမပါကြောင်းအာမခံပါတယ်ရှင့်😊

09971332175
ရန်ကုန်မြို့တွင်းပို့ခ ၂၀၀၀ ကျပ်

❤️၁။ ကျောက်ကပ်          အားကောင်းအောင်         ခြေဖျားထောက် လမ်းလျှောက်ပါ။❤️၂ ။အသည်း          အားကောင်းအောင်         ချိ...
13/11/2021

❤️၁။ ကျောက်ကပ်
အားကောင်းအောင်
ခြေဖျားထောက် လမ်းလျှောက်ပါ။

❤️၂ ။အသည်း
အားကောင်းအောင်
ချိုင်း အောက်ကို
လက်ခုပ် နဲ့ ပုတ်ပေးပါ။

🔥၃။ နှလုံး
အားကောင်းအောင်
တံတောင်ဆစ် အကွေးချိုင့် ထဲကို
လက်ခုပ်ဖြင့် ပွတ်ပေးပါ။

❤️၄ ။အစာအိမ်
အားကောင်းအောင်
ချက် ဘေးပတ်ပတ်လည်
လက်ဖြင့် ပွတ်ပေးပါ။

❤️၅။ကျော မာဆက်လုပ်ဖို့
အိပ်ယာထ
ဒူးနှစ်ဖက်ပိုက်ပြီး ထပြီးရင်
နောက်ကိုဖြေးဖြေး လှန်ပေးပါ။

❤️၆။ ဦးဏှောက်
အာရုံကြောလန်းဆန်းပြီး
သွေးလှည့်ပတ်မူ့ အားကောင်းစေဖို့
ငယ်ထိပ် ကို လက်ခုပ် နဲ့
ဖြေးဖြေးပုတ်ပေးပါ။

🛑 တမျိုး ၅၀စီ လုပ်ပါ။

🪴 ကျန်းမာပျော်ရွှင်
ရောဂါကင်းဝေးကြပါစေ။🪴

မူရင်းအား လေးစားစွာဖြင့်
ကျန်းမာရေး အသိ ဝေမျှပါသည်။

မေတ္တာဖြင့်...
ဝင်းသီဟ ကျော်

 #သွေးတိုးရှိရင် ဒါတွေရှောင်သင့်မှာ သွေးတိုးရောဂါရှိနေရင် အခုဖော်ပြမဲ့ အစားအစာများကို လျှော့စားပါ။  ဖြစ်နိုင်ရင်တော့ ရှေ...
12/11/2021

#သွေးတိုးရှိရင် ဒါတွေရှောင်

သင့်မှာ သွေးတိုးရောဂါရှိနေရင် အခုဖော်ပြမဲ့ အစားအစာများကို လျှော့စားပါ။ ဖြစ်နိုင်ရင်တော့ ရှောင်ပေးပါ။

credit

သွေးတိုးရှိတဲ့သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေမယ့် နည်းလမ်း (၅) ခု========================================...
11/11/2021

သွေးတိုးရှိတဲ့သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေမယ့် နည်းလမ်း (၅) ခု

==========================
==========================

မကြာခဏ ခေါင်းကိုက်တတ်တယ်၊ မောပန်းလွယ်တယ်၊ ရင်ဘတ်အောင့်တတ်တယ်
ဒါတွေအပြင် သွေးတိုးတတ်တယ်ဆိုရင် အဲ့ဒါတွေဟာ အိပ်ရေးပျက်တာများလို့၊
စိတ်ဖိစီးမှုများလို့၊ ကိုယ်အလေးချိန်များနေလို့စသဖြင့် ဖြစ်နိုင်ပါတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ်တိုင်လည်း သွေးတိုးတတ်တယ်၊ အိမ်က လူကြီးတွေ
သွေးတိုးတတ်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက ဆယ်မိနစ်အတွင်း သွေးတိုးကျစေပြီး
သွေးတိုးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

(၁) နားရွက်အနောက်နဲ့လည်ပင်းကို နှိပ်ပေးပါ

နားရွက်အနောက်ကနေ ညှပ်ရိုးနေရာအထိ ဖြည်းဖြည်းလေး နှိပ်ပေးတာက သွေးလှည့်ပတ်မှုကောင်းစေပြီး သွေးဖိအားများနေတာကို လျှော့ချပေးနိုင်ပါတယ်။ ပြီးရင် လက်ချောင်းထိပ်လေးတွေနဲ့ လည်ပင်းကို ဖွဖွလေးနှိပ်ပေးတာက သွေးတိုးပြီးခေါင်းမူးနေတာကို အမြန်ဆုံးသက်သာစေနိုင်ပါတယ်။

(၂) ဘယ်ဘက်နှာခေါင်းနဲ့ပဲအသက်ရှူပါ

သွေးတိုးနေတာကို အမြန်ဆုံးကျစေမယ့် နောက်တစ်နည်းကတော့ ညာဘက်နှာခေါင်းကို
ပိတ်ထားပြီး ဘယ်ဘက်နှာခေါင်းနဲ့ပဲ အသက်ရှူတာပါ။ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပြီး
လည်ပင်းကိုဖြောင့်ဖြောင့်ထားပါ။ ညာဘက်လက်မနဲ့ ညာဘက်နှာခေါင်းကို ပိတ်ပြီး ဘယ်ဘက်နှာခေါင်းနဲ့ အသက်ရှူပေးလိုက်မယ်ဆိုရင် သွေးဖိအားတိုးနေတာကို ၁၀
မိနစ်အတွင်း ကျသွားစေပါတယ်။

(၃) ရေတစ်ဖန်ခွက်သောက်ပါ

တခါတလေ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေတဲ့အခါမှာလည်း သွေးတိုးတတ်ပါတယ်။
ဒီတော့ သွေးတိုးတဲ့အခါမှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး
ရေတစ်ဖန်ခွက်သောက်ပေးလိုက်ပါ။

(၄) ပက်လက်လဲပြီးကြွက်သားတွေကိုဖြေလျှော့ပေးပါ

သွေးတိုးတဲ့အခါ ကြမ်းပြင်ပေါ်မှာ လဲအိပ်ပြီး ခန္ဓာကိုယ်ကို ဖြေလျှော့ထားပါ။
မျက်လုံးမှိတ်ပြီး အသက်ကိုဖြည်းဖြည်းချင်းရှူပေးတာက သွေးလှည့်ပတ်မှုကိုပုံမှန်ဖြစ်စေပြီး
သွေးဖိအားတိုးနေတာကို ဖြည်းဖြည်းချင်းလျော့သွားစေပါတယ်။

(၅) ခြေထောက်ရေနွေးစိမ်ပေးပါ

သွေးတိုးနေတဲ့အခါ လည်ပင်းနဲ့ဦးခေါင်းကို အေးနေအောင် ထားပေးဖို့လိုပါတယ်။
ပြီးတော့ ရေဇလုံထဲမှာ ရေနွေးထည့်ပြီး ခြေထောက်ကို ၁၅ မိနစ်လောက် စိမ်ပေးမယ်ဆိုရင်
သွေးလှည့်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး ချက်ချင်းသွေးတိုးကျစေပါတယ်။

💞💞 သွေးတိုးရောဂါခံစားနေရပါက ဆေးဝိဇ္ဇာ အာရုံကြောဆေးကို အစာစားပြီး ၅ပြား တနေ့၃ကြိမ်
ရှောက်ရည် (သို့)ရေနွေးဖြင့်သောက်ပေးပါ
Credit to✍🙏🙏🙏

ကျန်းမာရေးတွက်ဘက်စုံရှူ့ထောင့်ကနေကောင်းမွန်တဲ့ သဘာဝရတနာလေး🌱🌱အိပ်ပျော်အဆီကျဝမ်းမှန် အဆိပ်တောက်တွေကိုပြေစေပီးကျန်းမာပီး အလ...
09/11/2021

ကျန်းမာရေးတွက်ဘက်စုံရှူ့ထောင့်ကနေ
ကောင်းမွန်တဲ့ သဘာဝရတနာလေး🌱🌱

အိပ်ပျော်
အဆီကျ
ဝမ်းမှန်
အဆိပ်တောက်တွေကိုပြေစေပီး

ကျန်းမာပီး အလှတွေပါတိုးစေပါတယ်👍👍👌

အဆီကျချင်လိုသူတွေတွက်တော့👇👇👇

ဒီလိုဖန်ခွက်လေးထဲ ဓနိဖူး​လေခြောက်စိမ်ရည်လေးထည့်

ပျားရည်အနည်းငယ်နဲ့

သံမရာသီ တလုံး (သို့မဟုတ်) တခြမ်းညစ်ထည့်ပီး

အပူသောက်လည်းရ

အအေးခံပီးသောက်လည်းရ🤗🤗

ကျန်းမာလှပကြပါစေ🙏🙏🙏

100g-8000ks

☎09971332175

ကျန်းမာရေးဗဟုသုတ လေးတွေမျဝေပေးပါတယ်နော်မိတ်ဆွေတို့ အတွက် အကျိုး တစ်စုံတစ်ရာရှိတယ်ဆို  စိတ်ချမ်းသာပါတယ်ဗျတစ်ခြားမိတ်ဆွေ သ...
09/11/2021

ကျန်းမာရေး
ဗဟုသုတ လေးတွေမျဝေပေးပါတယ်နော်
မိတ်ဆွေတို့ အတွက် အကျိုး တစ်စုံတစ်ရာရှိတယ်ဆို စိတ်ချမ်းသာပါတယ်ဗျ
တစ်ခြားမိတ်ဆွေ သူငယ်ချင်း ချစ်ရသူတွေ အတွက် လည်း သိအောင် like &share လေးလုပ်သွားပေးနော်
နောက်ထပ် ဗဟုသုတလေးတွေ
သိချင်တယ်ဆိုရင်တော့ page လေးကို like နှိပ်ထားရုံနဲ့ အချိန်မရွေးသိနိုင်ပါတယ်ဗျာ

ကျန်းမာရေး အတွက် အကောင်းဆုံး
မြန်မာသဘာဝထုပ်ကုန်ဖြစ်တဲ့ ဓနိဖူး လက်ဖက်ခြောက်ထုပ်လေးတွေ လဲရောင်း ချပေးနေပြီ ဖြစ်လို့ 
မှာယူလိုပါက
ဖုန်း လိပ်စာသာချန် ခဲ့နော်
အိမ်တိုင် ရာရောက်ပို့ ဆောင်ပေးပါတယ်ဗျာ

အကိုက်ခဲ ပျောက်ဆေးများစွာ မှီဝဲခြင်းသည် ကျောက်ကပ်ကို ပျတ်စီးဆေသည်
09/11/2021

အကိုက်ခဲ ပျောက်ဆေးများစွာ မှီဝဲခြင်းသည်
ကျောက်ကပ်ကို ပျတ်စီးဆေသည်

Address

No. 5 Yangon
Sanchaung
112201

Website

Alerts

Be the first to know and let us send you an email when Shwe Yan Shin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share