Yangon Driving Skill Academy-ရန်ကုန်ကားမောင်းကျွမ်းကျင်သင်တန်း

  • Home
  • Myanmar
  • Sanchaung
  • Yangon Driving Skill Academy-ရန်ကုန်ကားမောင်းကျွမ်းကျင်သင်တန်း

Yangon Driving Skill Academy-ရန်ကုန်ကားမောင်းကျွမ်းကျင်သင်တန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon Driving Skill Academy-ရန်ကုန်ကားမောင်းကျွမ်းကျင်သင်တန်း, Business service, Sanchaung.

10/02/2021

ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများ
ဆောင်ထားသင့်သည့် Mobile App များ ✅💥

(၁) Active Wheel App💥

Active Wheel Mobile App က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ လေ့လာလိုသူများနဲ့ယာဉ်မောင်းနှင်သူ များအတွက် မရှိမဖြစ်ဆောင်ထားသင့်သည့် App တစ်ခုဖြစ်ပါတယ်။

App ထဲတွင် လေ့လာနိုင်သည့်အကြောင်းအရာများဖြစ်တဲ့ မော်တော်ယာဉ်နည်းဥပဒေများ၊
ခရီးသည်တင် ဘတ်စ်ကားများလိုက်နာရန်စည်းကမ်းချက်များ၊ ယာဉ်တိုက် ခိုက်မှုဖြစ်ပွားပါကလိုက်နာရမည့်အချက်များ၊ မည်သည့်အချိန်တွင် မီးဖွင့်မောင်းသင့်/မသင့်၊ လမ်းအမှတ်အသားများ၊ တား မြစ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ အဝေးပြေးလမ်း/အမြန်လမ်းမောင်းနှင်ပုံများ၊ အန္တရာယ်သတိပေးလမ်းညွှန် များ၊ ဦးစားပေးသည့်သည့် မော်တော်ယာဉ်များ၊ ယာဉ်ပါကင်ရပ်နားရာတွင်လိုက်နာရမည့်အချက်များ စသည်တို့ကို နားလည် ရလွယ်ကူစေရန်
မြန်မာစာနဲ့ရှင်းပြထားတဲ့အတွက် သုံးစွဲတဲ့သူများအတွက် များစွာအဆင်ပြေစေပါတယ်။

ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများအတွက်လည်း လေ့ကျင့်ရန် မေးခွန်းစုစုပေါင်း (၅၀) ထည့်သွင်းထားပြီး မေးခွန်းတစ်ခု ကို စက္ကန့်သုံးဆယ်ကြာအောင် ဖြေဆိုခွင့်နဲ့ရမှတ်များကိုလည်း အမှတ်ပေးဇယားနဲ့ဖော်ပြပေးထားပါတယ်။

အင်တာနက်ဖွင့်ပြီး အသုံးပြုရာတာဖြစ်ပြီး Facebook ကနေတစ်ဆင့်ဝင်ရောက်နိုင်အောင် ပြုလုပ်ထားပါတယ်။

Play Store မှာ ဝင်ရောက် Install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

(၂) Safe Driving App💥
Safe Driving App ကတော့ ယာဉ်မောင်းလိုင်စင်ဖြေဆိုမယ့်သူတွေအတွက် အရေးပါအရာရောက်တဲ့ App တစ်ခုထဲမှာ အဓိကပါဝင်ပါတယ်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို စုစည်းဖော်ပြထားပြီး ယာဉ်မောင်းလိုင် စင်ဖြေဆိုမည့်သူများအတွက် လမ်းစည်းကမ်းဆိုင်ရာ ဗဟုသုတမေးခွန်းများကို အဆင့် (၁) မှ အဆင့် (၅) အထိ မေးခွန်းစုစု ပေါင်း (၁၀၀) လေ့ကျင့်ရန်ထည့်သွင်းထားပါတယ်။

အင်တာနက်ဖွင့်ပြီး အသုံးပြုရတာဖြစ်ပြီး
သုံးစွဲရလည်းလွယ်ကူစေပါ တယ်။

ပါဝင်တဲ့ မေးခွန်းအကြောင်းအရာတွေကတော့ ယာဉ်မောင်းနှင်ခြင်းမပြုမှီစစ်ဆေးရမည့်အချက်များ၊ မီးပှိုင့်လမ်းဆုံတွင်လိုက် နာရမည့်အချက်များ၊ လမ်း/ရာသီဥတု/မြင်ကွင်းအခြေအနေ၊ ရပ်ခြင်း/ရပ်ဆိုင်းခြင်းဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက် များ၊ ကျော်တက်ရာတွင် သတိပြုရမည့်အချက်များ၊ ယာဉ်ကွေ့ရာတွင် သတိပြုရမည့်အချက်များ၊ ကလပ်နင်းခြင်း၊ ဘရိတ် အသုံးပြုခြင်း၊
လီဗာအသုံးပြုခြင်းစသည့် အကြောင်းအရာစုံလင်တဲ့မေးခွန်းတွေကို ထည့်သွင်းထားပါတယ်။

Play Store မှာ ဝင်ရောက် Install ပြုလုပ်ပြီးအသုံးပြုနိုင်ပါတယ်။

(၃) Myanmar License Traineer App 💥

Myanmar License Traineer App ကလည်း ယာဉ်မောင်းလိုင်စင်ဖြေဆိုမယ့်သူတွေအတွက် အသုံးဝင်လှတဲ့ App ထဲမှာ တစ်ခုအပါအဝင်
ဖြစ်ပါတယ်။

App မှာ ပါဝင်တဲ့မေးခွန်းနဲ့အဖြေတွေကလည်း ယာဉ်မောင်းလိုင်စင်ဖြေဆိုမယ့်သူတွေအတွက်
များစွာအသုံးဝင်စေပါတယ်။

Active Wheel App နဲ့ Safe Driving App တွေလို မေးခွန်းနဲ့အဖြေတွေ တော်တော်များများ ဆင်တူနေပါတယ်။

မြန်မာဘာသာနဲ့ဖော်ပြထားခြင်းဖြစ်ပြီး အင်တာနက်ဖွင့်အသုံးပြုရပါတယ်။

(၄) Myanmar Driver Handbook App 💥

Myanmar Driver Handbook App ကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စံပြအမေးအဖြနဲ့လမ်းညွှန်များ၊ လမ်းအမှတ် အသားများကို လွယ်ကူစွာလေ့လာနိုင်ရန် ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများအတွက် ရည်ရွယ်ပြီးပြုလုပ်ထားတာဖြစ်သ လို Active Wheel App၊ Safe Driving App၊ Myanmar License Traineer App တို့နည်းတူ မေးခွန်းနဲ့အဖြေများထည့်သွင်း ပြုလုပ်ထားပါတယ်။

အင်တာနက်ဖွင့်ပြီး အသုံးပြုရတာဖြစ်ပြီး မြန်မာဘာသာနဲ့ဖော်ပြထားပါတယ်။

အထက်ဖော်ပြပါ Mobile App များကတော့ ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းသိရှိနား လည်လိုသူများအတွက် သိလိုသည်များကို ပုံနှင့်တကွရှင်းပြထားသည့်အပြင် မေးခွန်းနှင့်အဖြေများကိုအသုံးပြုရလွယ်ကူ အောင်ဖန်တီးပေးထားတဲ့ Mobile Application များပဲဖြစ်ပါတယ်။ ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများအတွက် များစွာ အရေးပါပြီး အသုံးပြုတဲ့သူလည်းများပါတယ်​နော် ✅

ကြိုက်နှစ်သက်တယ်ဆိုရင်
like & share လုပ်ခဲ့ပါအုန်းခင်ဗျ🙏💥

ကားမောင်းသင်တန်း တက်ချင်သူများအတွက်
Yangon Driving Skill Academy
09769863118

28/01/2021

အခုမှ auto gear ကားစမောင်းမယ်ဆိုရင် ဒီအချက်လေးတွေဂရုပြုပါ

၁။ auto gear က Parking (P) ကိုထိုးတော့မယ်ဆိုရင် ကားကိုလုံးဝဘရိတ်နင်းပြီးရပ်သွားမှ ထိုးပါ။ P ကိုထိုးလိုက်တာနဲ့ transmission ကို သော့ခတ်လိုက်သလိုပါပဲ။

locking pin လို့ခေါ်တဲ့ သံချောင်းဟာ transmission က ဂီယာအသွားတွေကြားထဲ ထိုးပိတ်လိုက်ပါတယ်။ ကားမရပ်သေးဘဲ P ထိုးလိုက်ရင် အဲ့ lock pin ကျိုးနိုင်ပါတယ်။

၂။ အပေါ်ကအချက်လိုပါပဲ auto gear ကို reverse (R) မှ drive (D) ကိုပြောင်းတာဖြစ်ဖြစ် D မှ R ပြောင်းတာဖြစ်ဖြစ် ကားကို ဘရိတ်နင်းပြီး ရပ်သွားမှ ပြောင်းရပါမယ်။

parking ထိုးတဲ့အချိန် ဖြစ်တတ်ပါတယ်။ ကားရှင်းလို့အမြန်ထွက်/ဝင်လုပ်တဲ့အခါ သတိထားဖို့လိုပါတယ်။ ကားရှေ့ရွေ့နေတုန်း R ထိုးတာဖြစ်ဖြစ် နောက်ရွေ့နေတုန်း D ပြန်ထိုးတာဖြစ်ဖြစ်လုပ်မိရင် transmission ထိခိုက်စေပါတယ်။

သဘောက ကားရပ်ပြီးမှ ဂီယာပြောင်းရမှာဖြစ်လို့ transmission က brake လုပ်ရမယ့်အလုပ်ကိုလုပ်ပေးရလို့ပါ။

၃။ ကုန်းဆင်းတွေမှာ neutral မထိုးရပါ။ အငှားယာဉ်မောင်းတွေ လုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံအနေနဲ့ ဆီစားသက်သာအောင် ကုန်းဆင်းမှာ free ရိုက်တာ အပြစ်မပြောပါဘူး။

အမေရိကန်မှာတောင် အဲ့လိုလုပ်ကြလို့ ပြည်နယ် ၁၅ ခုမှာ ကုန်းဆင်း ဂီယာ N မထိုးရ ဥပဒေ ပါထုတ်ပြန်ထားပါတယ်။ ကုန်းဆင်း N ထိုးရင် ဆီစားသက်သာတာမှန်ပေမယ့် ကားရဲ့ ပြည့်ဝတဲ့ ထိန်းချုပ်မှုမရတော့ပါဘူး။

manual ကားတွေ free ရိုက်တဲ့အခါ safe မဖြစ်သလိုပါပဲ။ ကား ကွန်ပျုတာ ECU ဟာ N မှာရပ်နေတယ်လို့ သိရှိတဲ့အတွက် ကားသွားနေတဲ့ အရှိန်အတိုင်း ဆီမပေးတော့ပါဘူး။

ဆီစားလျော့သွားပေမယ့် transmission အတွက်လိုအပ်တဲ့ ချောဆီ အဝင်အထွက်လျော့နည်းစေပြီး ဂီယာဘောက်စ် အတွင်းပိုင်း ပွတ်တိုက်မှုကနေ ပျက်စီးနိုင်ပါတယ်။

နောက်ပိုင်းကားတွေမှာတော့ ကုန်းဆင်းမှာ D နဲ့သွားရင်တောင် auto ဆီဖြတ်ပေးတဲ့ နည်းပညာတွေ ပါပါတယ်။

၄။ အဲလိုပါပဲ မီးပိုင့်တွေမှာ စောင့်တဲ့အချိန် N ကိုမထိုးရပါဘူး။ မီးပိုင့်မှာ D နဲ့ brake နင်းပြီးစောင့်နေတာထက်် ဆီစားသက်သာတာ မှန်ပေမယ့် မီးစိိမ်းလို့ သတိမေ့ပြီး N နဲ့လီဗာနင်း ထွက်တဲ့အခါ ကားကမရွေ့ဘဲ အင်ဂျင်သံဂျီးထွက်လာမှ ချက်ချင်း သတိရပြီး D ကိုတန်းထိုးရင် transmission ထိပါမယ်။

ဒါ့အပြင် plainဂျီး လီီဗာနင်းမိလိုက်တဲ့ အတွက် ခြွေတာထားတဲ့ ဆီထက်ပိိုကုန်သွားပါပြီ။

၅။ နောက်ဆုံးအချက်ကတော့ လူငယ်တွွေအနေနဲ့ Fast & Furious ဇာတ်ကားတွေကြည့်ပြီး ကားမထွက်ခင်် ဂီယာကို N မှာအသင့်ထားပြီး တ ဗြဲဗြဲနဲ့ လီဗာကြွေးထားမယ်။

ပြီးတာနဲ့ ဒုံးဆို D ကိိုတန်းထိုးပြီး အမြန်ထွက်တဲ့ လုပ်ရပ်တွေဟာ transmission bands တွေကိုလည််း အမြန်ဆုံးပွန်းစားစေပါတယ်။

transmission band ဆိိုတာကတော့ အင်ဂျင်နဲ့ transmission အချိတ်/အဖြုတ်မှာ ဂီယာအုံတွေကို လိုသလိို ဆွဲဖမ်းပေးရတဲ့ စတီးလက်ကောက်တွေပါ။

ဂီယာN အခြေအနေမှာ transmission ဘက်ခြမ်းက ဂီယာအုံကို band ကဆွဲဖမ်းထားပြီး အင်ဂျင်ဘက်ခြမ််း (torque converter ရဲ့ impeller အခြမ်း) ကတော့လည်နေပါမယ်။

လီဗာနင်းထားပြီးD ကိုတန်းထိုးတာနဲ့ band ကဆွဲဖမ်းထားတဲ့ ဂီယာအုံကို high rpm နဲ့ဆွဲလှည့်လိုက်လို့ band တွေပွန်းစား ကုုန်တာပါ။

မိမိရဲ့စနစ်မကျမှုနဲ့ ဆီတစ်ပေါက် နှစ်ပေါက်ခြွေတာမိခြင်းရဲ့နောက်ကွယ်မှာ ဂီယာဘောက်အကြီးစားပြင်ဆင်မှုတွေဖြစ်ပေါ်စေနိုင်ပါကြောင်းဖြင့် …

အခုမှ auto gear ကားစမောင်းမယ်ဆိုရင် ဒီအချက်လေးတွေဂရုပြုပါ

၁။ auto gear က Parking (P) ကိုထိုးတော့မယ်ဆိုရင် ကားကိုလုံးဝဘရိတ်နင်းပြီးရပ်သွားမှ ထိုးပါ။ P ကိုထိုးလိုက်တာနဲ့ transmission ကို သော့ခတ်လိုက်သလိုပါပဲ။

locking pin လို့ခေါ်တဲ့ သံချောင်းဟာ transmission က ဂီယာအသွားတွေကြားထဲ ထိုးပိတ်လိုက်ပါတယ်။ ကားမရပ်သေးဘဲ P ထိုးလိုက်ရင် အဲ့ lock pin ကျိုးနိုင်ပါတယ်။

၂။ အပေါ်ကအချက်လိုပါပဲ auto gear ကို reverse (R) မှ drive (D) ကိုပြောင်းတာဖြစ်ဖြစ် D မှ R ပြောင်းတာဖြစ်ဖြစ် ကားကို ဘရိတ်နင်းပြီး ရပ်သွားမှ ပြောင်းရပါမယ်။

parking ထိုးတဲ့အချိန် ဖြစ်တတ်ပါတယ်။ ကားရှင်းလို့အမြန်ထွက်/ဝင်လုပ်တဲ့အခါ သတိထားဖို့လိုပါတယ်။ ကားရှေ့ရွေ့နေတုန်း R ထိုးတာဖြစ်ဖြစ် နောက်ရွေ့နေတုန်း D ပြန်ထိုးတာဖြစ်ဖြစ်လုပ်မိရင် transmission ထိခိုက်စေပါတယ်။

သဘောက ကားရပ်ပြီးမှ ဂီယာပြောင်းရမှာဖြစ်လို့ transmission က brake လုပ်ရမယ့်အလုပ်ကိုလုပ်ပေးရလို့ပါ။

၃။ ကုန်းဆင်းတွေမှာ neutral မထိုးရပါ။ အငှားယာဉ်မောင်းတွေ လုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံအနေနဲ့ ဆီစားသက်သာအောင် ကုန်းဆင်းမှာ free ရိုက်တာ အပြစ်မပြောပါဘူး။

အမေရိကန်မှာတောင် အဲ့လိုလုပ်ကြလို့ ပြည်နယ် ၁၅ ခုမှာ ကုန်းဆင်း ဂီယာ N မထိုးရ ဥပဒေ ပါထုတ်ပြန်ထားပါတယ်။ ကုန်းဆင်း N ထိုးရင် ဆီစားသက်သာတာမှန်ပေမယ့် ကားရဲ့ ပြည့်ဝတဲ့ ထိန်းချုပ်မှုမရတော့ပါဘူး။

manual ကားတွေ free ရိုက်တဲ့အခါ safe မဖြစ်သလိုပါပဲ။ ကား ကွန်ပျုတာ ECU ဟာ N မှာရပ်နေတယ်လို့ သိရှိတဲ့အတွက် ကားသွားနေတဲ့ အရှိန်အတိုင်း ဆီမပေးတော့ပါဘူး။

ဆီစားလျော့သွားပေမယ့် transmission အတွက်လိုအပ်တဲ့ ချောဆီ အဝင်အထွက်လျော့နည်းစေပြီး ဂီယာဘောက်စ် အတွင်းပိုင်း ပွတ်တိုက်မှုကနေ ပျက်စီးနိုင်ပါတယ်။

နောက်ပိုင်းကားတွေမှာတော့ ကုန်းဆင်းမှာ D နဲ့သွားရင်တောင် auto ဆီဖြတ်ပေးတဲ့ နည်းပညာတွေ ပါပါတယ်။

၄။ အဲလိုပါပဲ မီးပိုင့်တွေမှာ စောင့်တဲ့အချိန် N ကိုမထိုးရပါဘူး။ မီးပိုင့်မှာ D နဲ့ brake နင်းပြီးစောင့်နေတာထက် ဆီစားသက်သာတာ မှန်ပေမယ့် မီးစိမ်းလို့ သတိမေ့ပြီး N နဲ့လီဗာနင်း ထွက်တဲ့အခါ ကားကမရွေ့ဘဲ အင်ဂျင်သံဂျီးထွက်လာမှ ချက်ချင်း သတိရပြီး D ကိုတန်းထိုးရင် transmission ထိပါမယ်။

ဒါ့အပြင် plainဂျီး လီဗာနင်းမိလိုက်တဲ့ အတွက် ခြွေတာထားတဲ့ ဆီထက်ပိုကုန်သွားပါပြီ။

၅။ နောက်ဆုံးအချက်ကတော့ လူငယ်တွေအနေနဲ့ Fast & Furious ဇာတ်ကားတွေကြည့်ပြီး ကားမထွက်ခင် ဂီယာကို N မှာအသင့်ထားပြီး တ ဗြဲဗြဲနဲ့ လီဗာကြွေးထားမယ်။

ပြီးတာနဲ့ ဒုံးဆို D ကိုတန်းထိုးပြီး အမြန်ထွက်တဲ့ လုပ်ရပ်တွေဟာ transmission bands တွေကိုလည်း အမြန်ဆုံးပွန်းစားစေပါတယ်။

transmission band ဆိုတာကတော့ အင်ဂျင်နဲ့ transmission အချိတ်/အဖြုတ်မှာ ဂီယာအုံတွေကို လိုသလို ဆွဲဖမ်းပေးရတဲ့ စတီးလက်ကောက်တွေပါ။

ဂီယာN အခြေအနေမှာ transmission ဘက်ခြမ်းက ဂီယာအုံကို band ကဆွဲဖမ်းထားပြီး အင်ဂျင်ဘက်ခြမ်း (torque converter ရဲ့ impeller အခြမ်း) ကတော့လည်နေပါမယ်။

လီဗာနင်းထားပြီးD ကိုတန်းထိုးတာနဲ့ band ကဆွဲဖမ်းထားတဲ့ ဂီယာအုံကို high rpm နဲ့ဆွဲလှည့်လိုက်လို့ band တွေပွန်းစား ကုန်တာပါ။

မိမိရဲ့စနစ်မကျမှုနဲ့ ဆီတစ်ပေါက် နှစ်ပေါက်ခြွေတာမိခြင်းရဲ့နောက်ကွယ်မှာ ဂီယာဘောက်အကြီးစားပြင်ဆင်မှုတွေဖြစ်ပေါ်စေနိုင်ပါကြောင်းဖြင့် …
crd:

24/01/2021

🚗🚙️ကားမောင်းသင်နေသူများအထူးသတိထားရမည့်အချက်များ

✅အခြေခံများကို မပိုင်နိုင်ခြင်း
(မှန်ကန်စွာအသုံးမချနိုင်သေးခြင်း)
✅ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်နိုင်ခြင်း

✅ဦးစားပေးစနစ်များကို မသိနားမလည်ခြင်း

✅ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို
ကောင်းစွာမသိခြင်း

မိမိအနေနှင့် မပိုင်နိုင် မကျွမ်းကျင်သောအရာ
များစွာရှိနေသောကြောင့် ဖြစ်ပါတယ်။

✅အခြေခံလိုအပ်ချက်များကို မပိုင်နိုင်သေးသောကြောင့်သာ လမ်းပေါ်မောင်းရမှာ ကြောက်ရခြင်း ဖြစ်ပါတယ်။✅

💯💯100%နည်းစနစ်ကျသော သင်ပြမှုများနှင့်အတူ ဝါရင့်ဆရာ/ဆရာမများမှယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့်အညီ တစ်ဦးချင်းစီ လေ့ကျင့်သင်ပြပေးခြင်းဖြစ်ပါတယ်💯💯

🚗🚗ရန်ကုန်မြို့တွင်းလမ်းများ၌ အဓိက ဦးစားပေးပြီး သင်ကြားပေးတာကြောင့် သင်တန်းပြီးသွားလို့ မိမိတစ်ယောက်ထဲ မောင်းနင်နိုင်ပြီေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးလေး😊 မောင်းနှင်တတ်သွားမှာ အသေအချာပါဘဲ👌

➡️➡️အချိုးအကွေ့များကိုလည်း သေချာကျွမ်းကျင်
ပိုင်နိုင်အောင် လေ့ကျင့်သင်ကြားပေးမှာ ဖြစ်သလို ကားပါကင်များ အဝိုင်းပတ်♻️ကုန်းတက် ကုန်းဆင်း မီးပွိုင့်အယူအဆများနှင့် ယာဉ်လမ်းကြောရွေးပုံ ရွေးနည်းများအားလုံးကို ကျွမ်းကျင်မှုရှိစေရန် သင်ကြားပြသပေးမှာဖြစ်ပါတယ် ခင်ဗျာ။⬅️⬅️

⛔🚫🚳🚸⚠️☢️ယာဉ်မောင်းသူတစ်ယောက်အနေနဲ့ သိသင့်တဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ အားလုံးကိုလည်း မချွင်းမချန် သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ↔️↔️

☎️YANGON DRIVING SKILL ACADEMY မှ

သင်ကြားရာတွင် တစ်ဦးချင်းစီ one by one စနစ်ဖြင့် စီစဉ်ထားရှိတာကြောင့် အချိန်တခုရယူကာ မိမိအားလပ်သောအချိန်သင်ကြားနိုင်ပါသည်

🎓🎓 သင်တန်း သင်ကြားပြီးသည်နှင့်တပြိုင်နက် အိမ်မှာရှိတဲ့မိမိကားကို
ဆရာ❌မပါဘဲ တစ်ယောက်ထဲမောင်းနှင်ချိန်တွင် အမှားအယွင်းမရှိဘဲ စနစ်တကျမောင်းနှင်နိုင်တဲ့ သူဖြစ်နေမှာပါ

💯💯ယာဉ်မောင်းသူတစ်ယောက်အနေနှင့် သိသင့် သိထိုက်တာ မှန်သမျှကို ဝါရင့်ဆရာများမှမချွင်းမချန် စေတနာအပြည့်အဝဖြင့်သင်ကြားသောသင်တန်းပါ👌👌

လူကြီးမင်းတို့အနေနဲ့ သင်ကြားမှု တစ်ခုချင်းစီတွင် စိတ်ပါဝင်စားပြီး ဆရာစကားတိတိကျကျ လိုက်နာသင်ယူပေးပါ

ကားမောင်းတတ်စေဖို့ အပြည့်အဝ👍အာမခံနိုင်ပါတယ် ခင်ဗျာ💯💯

✅တစ်ဦးချင်းစီ Home to homeစနစ်ဖြင့်အကြိုအပို့လုပ်‌သင်ပေးတယ်

✅ကိုယ့်လိုအပ်ချက်တွေကို ဆရာနဲ့
ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ရမယ်

✅နားမလည်တဲ့အပိုင်းရှိရင် ထပ်ကာ ထပ်ကာ
လေ့ကျင့်သင်ကြားပေးတယ်

✅အခြေခံတွေကို ပိုင်ပိုင်နိုင်နိုင်ဖြစ်သွားမယ်

✅ကြောက်စိတ်မရှိဘဲconfident ရှိစွာ မောင်းနိုင်လာမယ်

✅ကားပါကင်ထိုးရာတွင်အပိုအလိုမရှိ
parkingထိုးနိုင်မယ်

✅ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို
ကောင်းကောင်းသဘောပေါက် နားလည်ပါမယ်

၁-ဘရိတ် လီဗာ ချိန်ဆ နင်းပုံ နင်နည်း

၂-စတီရာရင် ကိုင်ရာတွင်
စနစ်တကျကိုင်တတ်အောင်သင်ပေးခြင်း

၃-မည်သည့် အချိုးအကွေ့တွင်မဆို
တိကျသပ်ရပ်အောင်ကွေ့နည်း

၄-ယာဉ်ကြော ပြောင်းပုံ ပြောင်းနည်း

၅-မီးပွိုင့်မီးနီစဉ်တွင် ယာဉ်ကြောရွေးချယ်၍ ရပ်နည်း

၆-ကညနတွင် ဖြေဆိုရမည့် parkingအပါအဝင်
လက်တွေ့သုံးရမည့် parking နှစ်မျိုး
သင်ကြားပေးခြင်း

၇-ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ
မောင်းနှင်တတ်အောင် သင်ကြားပေးခြင်း

၈-ကုန်းတက် ကုန်းဆင်းနှင့် အဝိုင်းပတ်များအား
မှန်ကန်စွာ မောင်းနှင်တတ်စေရန်
သင်ကြားပြသပေးခြင်း

၉-အရှိန်နှုန်းအား စနစ်တကျ ချိန်ညှိတတ်စေရန်
သင်ကြားပေးခြင်း

💐ယာဉ်မောင်းသူတစ်ယောက်အနေနဲ့
သိသင့်တာများ အားလုံးကို လက်တွေ့ကျကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ💯💯

✅သင်တန်းသား အချိန်ဇယားများမထပ်စေရန် စီစဉ်ထားရှိတာကြောင့်မိမိလိုချင်သောအချိန်တခုကိုအခုဘဲ စာရင်းသွင်းထားလိုက်ပါနော်✅

သင်တန်းလိပ်စာ
မြေနီကုန်း

09969956059

09693756299

24/01/2021

ကားတစ်စီး၏ မရှိမဖြစ် fluid (၆) မျိုး

ကားတွေကို စတင်တီထွင်တဲ့အချိန်ကစလို့ အခုချိန်ထိလူတွေဟာ ကားမောင်းရတာ ပိုချောမွေ့ပြီး အဆင်ပြေစေမယ့် နည်းလမ်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။

အခုခေတ်ရဲ့ နောက်ဆုံးပေါ်ကားတွေမှာတောင် ကားဘယ်လောက်ကောင်းကောင်း သေချာဂရုစိုက်မွမ်းမံနေမှသာ ချောချောမွေ့မွေ့မောင်းနှင်နိုင်ပြီး ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်...

ဒါကြောင့် ကားတွေမှာ ဂရုစိုက်ဖို့ အလိုအပ်ဆုံးက essential fluids တွေဖြစ်ပြီး ဘာလို့အရေးကြီးလဲဆိုတော့ သူတို့ကိုမှန်ကန်တဲ့ level ရောက်အောင် အမြဲ check up လုပ်နေရုံနဲ့ ကားမောင်းနှင်ရတာ အဆင်ပိုပြေစေပြီး အင်ဂျင်လည်ပတ်မှုစနစ်ကိုလည်း အထောက်အကူအများကြီးပြုလို့ပါ။

1. အင်ဂျင်ဝိုင်

FUEL ပြီးတာနဲ့ အင်ဂျင်ဝိုင်က ကားအတွက်မရှိမဖြစ်လိုအပ်တဲ့ အရေးအပါဆုံး fluid ဖြစ်ပါတယ်။ အင်ဂျင်ထဲက အစိတ်အပိုင်းတွေအကုန်လုံးဟာ အင်ဂျင်အလုပ်လုပ်နေတာနဲ့အမျှ လည်ပတ်လှုပ်ရှားနေရတာပါ။ ဒါကြောင့် သူတို့ကို ချောချောမွေ့မွေ့လည်ပတ်စေဖို့ အင်ဂျင်ဝိုင်ကို ပုံမှန်စစ်ပြီးလဲလှယ်ပေးရပါမယ်။

2. Coolant

အင်ဂျင်ဟာ combustion တွေနဲ့ ပွတ်တိုက်မှုတွေဖြစ်ပေါ်တဲ့အတွက် အပူတွေအများကြီးထွက်ပါတယ်။ Antifreeze ခေါ် Coolant တွေက engine ကအပူတွေကိုစုပ်ယူပေးတဲ့အပြင် overheating မဖြစ်အောင် အပူကို radiator ကတစ်ဆင့် ဖြတ်စီးပြီး ထွက်စေပါတယ်။

3. Power Steering Fluid

Classic car မောင်းဖူးရင် ကား steering အရမ်းလေးတာကို သတိထားမိမှာပါ...
နောက်ပိုင်း modern cars တွေကတော့ power steering upgrade လုပ်ထားပြီး ဘယ်လိုအရှိန်မျိုးမှာမဆို အလွယ်တကူကွေ့နိုင်အောင် ပြုလုပ်ထားပါတယ်။
Power steering system က hydraulic တွေပဲများပါတယ်၊ ကွေ့တဲ့အချိန်မှာ pressurized fluid သုံးပြီး တစ်ချို့ model အသစ်တွေမှာတော့ electric steering သုံးတတ်ပါသေးတယ်။ Steering fluid ကိုလည်း ကွေ့ရလွယ်အောင် ၊ Steering မလေးပဲ smooth ဖြစ်ဖြစ်မောင်းနိုင်အောင် အချိန်တန်ရင် စစ်ဆေးလဲလှယ်ပေးရပါတယ်။

4. Brake fluid

ကားမှာ ဘရိတ်အရေးကြီးတာကတော့ အထူးတလည် ရှင်းပြစရာမလိုပါဘူး။ နောက်ပိုင်းကားတွေမှာ hydraulic brakes တွေသုံးပါတယ်၊ pedal ပေါ်ကိုနင်းလိုက်တာနဲ့ plunger ဟာ ဘရိတ်ဆီကိုဖိအားပေးတာကြောင့် brake pads တွေ အလုပ်လုပ်ကာ ကားကိုနှေးစေ/ရပ်စေပါတယ်။ ချက်ချင်းမရပ်တန့်သွားပဲ နှေးတာ သို့မဟုတ် တစ်ခုခုပုံမှန်မဟုတ်ပဲဖြစ်နေတာ ဆိုရင် ဘရိတ်ဆီကို ပထမဆုံးစစ်ဆေးရပါမယ်။

5. Transmission fluid

Transmission ထဲမှာရှိတဲ့ gear နဲ့ clutch စတဲ့ စက်ပစ္စည်းတွေလည်ပတ်တဲ့အခါ ဂီယာအချိန်းအပြောင်း ချောမွေ့စေဖို့ ချောဆီကဲ့သို့ဆောင်ရွက်ပေးပါတယ်။ တစ်ခါထည့်ပြီး တစ်သက်လုံးလဲလှယ်စရာမလိုဘူးဆိုပေမယ့် ဂီယာပြောင်းတိုင်း ထူးဆန်းတဲ့အသံတွေထွက်တာ၊ လျှောလျှောရှုရှူမဖြစ်တာတွေရှိလာရင်တော့ ကားနဲ့မကိုက်ညီတာကြောင့် ပြောင်းလဲအသုံးပြုလိုက်ပါ။

6. Windshield washer fluid

ကားအတွက် ဘာမှအကျိုးမပြုဘူးလို့ထင်ရပေမယ့် တကယ်တော့ ကားမောင်းတဲ့အခါ မြင်ကွင်းကောင်းကောင်းနဲ့ မြင်ရဖို့အရေးပါပါတယ်။ အားလုံးထဲမှာ စစ်ဆေးရလည်းအလွယ်ကူဆုံးဖြစ်ပါတယ်။

Credit Original Upload

အထပ်ပါအကြောင်းအရာလေးတွေကို မော်တော်ယာဥ် အသုံးပြုသူတိုင်း မှတ် သားထားသင့်ပါတယ်ဗျ။

Welcome to Yangon Driving Skill Academy
24/01/2021

Welcome to Yangon Driving Skill Academy

Address

Sanchaung

Telephone

09769863118

Website

Alerts

Be the first to know and let us send you an email when Yangon Driving Skill Academy-ရန်ကုန်ကားမောင်းကျွမ်းကျင်သင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Driving Skill Academy-ရန်ကုန်ကားမောင်းကျွမ်းကျင်သင်တန်း:

Share