Dark Side Services & Consultant Agency

Dark Side Services & Consultant Agency Thai Go(VVIP PASS)Passport(အမြန်)နိုင်ငံတကာကိုSchool ,Visit ,Work & Air Cargo ✈️Tickets 🎉💁‍♀️

🤘
14/12/2024

🤘

ပန်းရောင်ဘတ်အသစ်ပြုလုပ်ရန် အကျိုးဆောင်များထံတွင် ဘတ် ၇၀၀၀ မှ ၁၀၀၀၀ ကျော်အထိ ဈေးပေါက်နေသည်။

သတင်းအပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/11/12/2024/102681/

ဓာတ်ပုံ - AFP

ဒီဇင်ဘာ ၂ ရက်နေ့မှစ ရန်ကုန်မြို့ပတ်ရထားစီးနင်းသူများအတွက် ရုံးတက်ရုံးဆင်းချိန်အတွင်း DEMU ရထားနှင့်  အခြားအချိန်များအတွက...
05/12/2024

ဒီဇင်ဘာ ၂ ရက်နေ့မှစ ရန်ကုန်မြို့ပတ်ရထားစီးနင်းသူများအတွက် ရုံးတက်ရုံးဆင်းချိန်အတွင်း DEMU ရထားနှင့် အခြားအချိန်များအတွက် RBE ရထားများ ရောနှောပြေးဆွဲမည့် (ယာယီ)အချိန်စာရင်းပြောင်းလဲထားပြီး ယခင်ခရီးတို (400)Ks အစား (500)Ks ၊ မြို့တစ်ပါတ် ယခင် (800)Ks အစား (1000)Ks အဖြစ်တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်းကြေငြာထား ... 🚈🚃

ဒါ ကင်ချီမြေတို့ မနေ့က စစ်အုပ်ချုပ်ရေးကြေငြာတာခုတော့ ဘာတွေ ထပ်ဖြစ်နေပီလဲ သတင်းများအသစ်ထပ်တင်ပေးပါမယ်🙌
04/12/2024

ဒါ ကင်ချီမြေတို့ မနေ့က စစ်အုပ်ချုပ်ရေးကြေငြာတာ
ခုတော့ ဘာတွေ ထပ်ဖြစ်နေပီလဲ သတင်းများအသစ်ထပ်တင်ပေးပါမယ်🙌

တောင်ကိုရီးယားသမ္မတ အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာ

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ Yoon Suk Yeol က မြောက်ကိုရီးယားလိုလားတဲ့ အတိုက်အခံတွေက လွှတ်တော်ကိုထိန်းချုပ်ထားပြီး၊ နိုင်ငံတော်ကိုဆန့်ကျင်နှောင့်ယှက်တဲ့ လုပ်ရပ်တွေလုပ်နေတဲ့အတွက် ဆိုပြီး ဒီကနေ့ အင်္ဂါနေ့မှာဘဲ တိုင်းပြည်ကိုအရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။

သမ္မတ Yoon Suk Yeol က တိုင်းပြည်ကိုရုပ်မြင်သံကြားကနေမိန့်ခွန်းပြောကြားခဲ့ပြီး မြောက်ကိုရီးယားလိုလားတဲ့ အင်အား စုတွေကိုရှင်းလင်းဖယ်ရှားဖို့နဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ ပြဌာန်းထားတဲ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ဖို့ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေစပြီး လူထုထောက်ခံမှုကျဆင်းလာတဲ့ သမ္မတ Yoon Suk Yeol ဟာ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ သူ ၂၀၂၂ ခုနှစ်အာဏာရလာကတည်းက သူ့ရဲ့အစီစဉ်တွေ တင်သွင်းမှုအောင်မြင်ဖို့ အခက်အခဲ တွေနဲ့ရင်ဆိုင် နေရတာပါ။
သမ္မတ Yoon Suk Yeol ဦးဆောင်တဲ့ ရှေးရိုးစွဲ People Power Party က လွှတ်တော်မှာတင်သွင်းတဲ့ နောက်နှစ် အစိုးရအသုံးစရိတ်တင်သွင်းတောင်းခံမှုဟာ အတိုက်အခံ လွတ်လပ်တဲ့အယူအဆရှိတဲ့ ဒီမိုကရက်ပါတီကို မကျော်လွန်နိုင်ဘဲ အခက်အခဲနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ဇနီးသည်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်ပတ်သက်တဲ့ အဂတိလိုက်စားမှုပတ်သက်ပြီး စွပ်စွဲခံရတဲ့ကိစ္စကိုလွတ်လပ်တဲ့စုံစမ်းမှုတွေလုပ်ဖို့ကိုလည်း သူကပယ်ချထားပါတယ်။
သမ္မတ Yoon Suk Yeol က အခုလိုရေးပေါ်အခြေအနေကြေညာပြီးနောက် အတိုက်အခံ ဒီမိုကရက်ပါတီ လွှတ်တော်ကိုယ်စားလှ ယ်တွေက အရေးပေါ်အစည်းအဝေးခေါ်ယူထားပါတယ်။

03/12/2024

Online Sales Certificate

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်လက်မှတ် လျှောက်ထားမှုအား မြေပြင်စိစစ်ပြီးမှသာလျှင် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်းအသိပေးကြေညာချက်

ရက်စွဲ- ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ( ၂၇ ) ရက်

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်စိစစ်ပြီးမှသာလျှင် ကုန်သွယ်ရေးဦးစီးဌာနမှ Online Sale မှတ်ပုံတင်လက်မှတ်ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါသဖြင့် အောက်ပါလျှောက်လွှာ လျှောက်ထားသူများ အနေဖြင့် မြေပြင်စစ်ဆေးပြီးမှသာ မှတ်ပုံတင်လက်မှတ်ရရှိမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

(၁) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်မှ (၃၁) ရက်အထိ ကြိုတင်ပြင်ဆင်ချိန်အဖြစ် သတ်မှတ်၍ ယင်းကာလအတွင်းလျှောက်ထားသည့် လျှောက်လွှာအသစ်များနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်လျှောက်ထားသည့်လျှောက်လွှာအသစ်များ၊ သက်တမ်းတိုးများ၊

(၂) ၂၀၂၄ ခုနှစ်အတွင်း ဌာနမှအချက်အလက်မပြည့်စုံ၍ Turndown ချထားပြီး ဒီဇင်ဘာလ (၂၁) ရက်နေ့နှင့်နောက်ပိုင်းတွင် ပြန်လည်တင်ပြသော မှတ်ပုံတင်လျှောက်လွှာများ။



ကုန်သွယ်ရေးဦးစီးဌာန

ကုန်သွယ်ရေးဦးစီးဌာ၏ Ecom reg website တွင်ပါရှိသောထုတ်ပြန်ကြေညာချက်

28/11/2024
အမေရိကားကို ပြောင်းလာမယ်ဆိုရင် ဘယ်ပြည်နယ်ကိုပြောင်းလာကြမလဲ အမေရိကားပြည်နယ်တွေအကြောင်းဘယ်ပြည်နယ်ကိုပြောင်းလာကြမလဲ။ 👉🏻 htt...
28/11/2024

အမေရိကားကို ပြောင်းလာမယ်ဆိုရင် ဘယ်ပြည်နယ်ကိုပြောင်းလာကြမလဲ

အမေရိကားပြည်နယ်တွေအကြောင်း

ဘယ်ပြည်နယ်ကိုပြောင်းလာကြမလဲ။
👉🏻 https://m.facebook.com/story.php?story_fbid=942051511268764&id=100063917714043&mibextid=cr9u03

Florida
👉🏻 https://m.facebook.com/story.php?story_fbid=942684481205467&id=100063917714043&mibextid=cr9u03

Texas
👉🏻 https://m.facebook.com/story.php?story_fbid=943331157807466&id=100063917714043&mibextid=cr9u03

Kansas
👉🏻 https://m.facebook.com/story.php?story_fbid=944405091033406&id=100063917714043&mibextid=cr9u03

Utah
👉🏻 https://www.facebook.com/100063917714043/posts/945708254236423/?mibextid=CTbP7E

Indiana
👉🏻 https://m.facebook.com/story.php?story_fbid=946352177505364&id=100063917714043&mibextid=cr9u03

Maryland
👉🏻 https://www.facebook.com/100063917714043/posts/947090654098183/?mibextid=CTbP7E

New England
👉🏻 https://m.facebook.com/story.php?story_fbid=947725314034717&id=100063917714043&mibextid=CTbP7E

Washington D.C
👉🏻 https://m.facebook.com/story.php?story_fbid=948436327296949&id=100063917714043&mibextid=cr9u03

Iowa
👉🏻 https://m.facebook.com/story.php?story_fbid=1007870681353513&id=100063917714043&mibextid=CTbP7E

Chicago, Illinois

👉🏻 https://www.facebook.com/100063917714043/posts/1008860751254506/?mibextid=CTbP7E

👉🏻New York City, Buffalo, Yonkers, Rochester, Albany, New York State

https://m.facebook.com/story.php?story_fbid=1013707337436514&id=100063917714043&mibextid=CTbP7E

👉🏻 Iowa

https://m.facebook.com/story.php?story_fbid=1014493914024523&id=100063917714043&mibextid=CTbP7E

🇺🇸

28/11/2024

၂၀၂၅ မှာဝင်ငွေအများဆုံးဖြစ်လာမယ့်အလုပ်အကိုင် ၁၀ ခု 🤑💰

၁။ AI Engineer/Developer
- လစာ: ၁၅၀,၀၀၀ - ၃၀၀,၀၀၀ ဘတ်
- လိုအပ်တဲ့ပြင်ဆင်မှု
* Python, TensorFlow, PyTorch စတဲ့ programming languagesတွေ လေ့လာ
* Coursera, Udacity ပေါ်က AI သင်တန်းတွေတက်
* GitHub ပေါ်မှာ AI Projects တွေလုပ်ပြီး Portfolio တည်ဆောက်

၂။ Data Scientist
- လစာ: ၁၀၀,၀၀၀ - ၂၅၀,၀၀၀ ဘတ်
- လိုအပ်တဲ့ပြင်ဆင်မှု
* Statistics နဲ့ Mathematics ကို အခြေခံကျကျ လေ့လာ
* R, Python နဲ့ SQL တို့ကို ကျွမ်းကျင်အောင်လေ့ကျင့်
* Kaggle ပေါ်မှာ Data competitions တွေဝင်ပြီး အတွေ့အကြုံယူ

၃။ Cybersecurity Specialist
- လစာ: ၉၀,၀၀၀ - ၂၀၀,၀၀၀ ဘတ်
- လိုအပ်တဲ့ပြင်ဆင်မှု
* CompTIA Security+ လို certifications တွေယူ
* Ethical Hacking နဲ့ Network Security ကိုလေ့လာ
* HackTheBox လို platforms တွေမှာ လက်တွေ့လေ့ကျင့်

၄။ Blockchain Developer
- လစာ: ၈၀,၀၀၀ - ၁၈၀,၀၀၀ ဘတ်
- လိုအပ်တဲ့ပြင်ဆင်မှု
* Solidity programming language လေ့လာ
* Smart Contract Development သင်တန်းတွေတက်
* Ethereum, Binance Smart Chain စတဲ့ networks တွေနဲ့ ရင်းနှီးအောင်လုပ်

၅။ Digital Marketing Manager
- လစာ: ၇၀,၀၀၀ - ၁၅၀,၀၀၀ ဘတ်
- လိုအပ်တဲ့ပြင်ဆင်မှု
* Google Analytics နဲ့ Facebook Ads certifications တွေယူ
* Content Marketing နဲ့ SEO ကိုလေ့လာ
* ကိုယ်ပိုင် blog တစ်ခုထူထောင်ပြီး လက်တွေ့လုပ်ကိုင်

၆။ UX/UI Designer
- လစာ: ၆၀,၀၀၀ - ၁၄၀,၀၀၀ ဘတ်
- လိုအပ်တဲ့ပြင်ဆင်မှု
* Figma, Adobe XD တို့လို design tools တွေလေ့လာ
* Google UX Design Certificate လိုမျိုး professional courses တွေတက်
* ကိုယ်ပိုင် design projects တွေလုပ်ပြီး portfolio တည်ဆောက်

၇။ Cloud Solutions Architect
- လစာ: ၈၀,၀၀၀ - ၁၈၀,၀၀၀ ဘတ်
- လိုအပ်တဲ့ပြင်ဆင်မှု
* AWS, Azure, GCP certifications တွေယူ
* Cloud architecture patterns တွေလေ့လာ
* Free tier accounts တွေနဲ့ cloud projects တွေစမ်းလုပ်

၈။ DevOps Engineer
- လစာ: ၇၀,၀၀၀ - ၁၆၀,၀၀၀ ဘတ်
- လိုအပ်တဲ့ပြင်ဆင်မှု
* Linux, Docker, Kubernetes တို့ကိုလေ့လာ
* CI/CD tools တွေကို ကျွမ်းကျင်အောင်လုပ်
* GitHub Actions လိုမျိုး automation tools တွေနဲ့ လက်တွေ့လေ့ကျင့်

၉။ Remote Work Consultant
- လစာ: ၅၀,၀၀၀ - ၁၂၀,၀၀၀ ဘတ်
- လိုအပ်တဲ့ပြင်ဆင်မှု
* Project Management tools တွေကို ကျွမ်းကျင်အောင်လုပ်
* Remote team management စာအုပ်တွေလေ့လာ
* Virtual collaboration platforms တွေနဲ့ ရင်းနှီးအောင်လုပ်

၁၀။ Healthcare Technology Specialist
- လစာ: ၆၀,၀၀၀ - ၁၅၀,၀၀၀ ဘတ်
- လိုအပ်တဲ့ပြင်ဆင်မှု
* Health informatics အခြေခံတွေလေ့လာ
* Electronic Health Records (EHR) systems တွေနဲ့ ရင်းနှီးအောင်လုပ်
* Healthcare IT certifications တွေယူ

အထွေထွေအကြံပြုချက်များ:
- English ကို အခြေခံကောင်းအောင်လုပ်ထားပါ
- LinkedIn profile ကို professional ဖြစ်အောင်ပြင်ဆင်ထားပါ
- Online courses တွေကို စဉ်ဆက်မပြတ်လေ့လာပါ
- အလုပ်နယ်ပယ်တူသူတွေနဲ့ network လုပ်ပါ
- Side projects တွေလုပ်ပြီး လက်တွေ့အတွေ့အကြုံယူပါ

မှတ်ချက်: လစာနှုန်းထားများသည် အတွေ့အကြုံ၊ ကျွမ်းကျင်မှုအဆင့်၊ ကုမ္ပဏီအရွယ်အစားနှင့် တည်နေရာပေါ် မူတည်၍ ကွာခြားနိုင်ပါသည်။

သူငယ်ချင်းတွေလည်းပြင်ဆင်လို့ရအောင် မျှဝေပေးလိုက်ပါအုံး ✨

India မှာ သူငယ်ချင်း ၃ ယောက် Google Maps သုံးပြီး  ကား မောင်းလာကြတာမပြီးသေးတဲ့ တံတားပေါ်တက်မိသွားပြီး ကားလမ်း ပေါ်ကနေ ပြ...
28/11/2024

India မှာ သူငယ်ချင်း ၃ ယောက် Google Maps သုံးပြီး ကား မောင်းလာကြတာ
မပြီးသေးတဲ့ တံတားပေါ်တက်မိသွားပြီး
ကားလမ်း ပေါ်ကနေ ပြုတ်ကျခဲ့လို့ ၃ ယောက်လုံး အသက်ဆုံးရှုံးခဲ့ရတယ်တဲ့

တံတား ကို ဘာနဲ့မှ ကာရံမထားသလို
ညပိုင်းမှောင်မဲနေတော့ မမြင်ရပဲ အရှိန်လွန် ပြုတ်ကျသွားတာဖြစ်လိမ့်မယ်

ဂူဂယ်ကတော့ မိသားစု‌ တွေနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်တဲ့

တခါတလေ Google Maps ကိုလည်း ဇွတ် မှိတ်ယုံလို့မရပါဘူး

Owen Maung
26 Nov 2024

📌မှတ်ပုံတင်များတွင်ပါသောနိုင်-၃(က)နိုင်-၆(က)လဲလှယ်မိတ္တူ ဆိုတဲ့  တုံးလေးတွေ (တစ်ချို့ရုံးများ လက်ရေးဖြင့်ရေးကြသည်)အက်တိ ...
23/11/2024

📌မှတ်ပုံတင်များတွင်ပါသော

နိုင်-၃(က)
နိုင်-၆(က)
လဲလှယ်
မိတ္တူ ဆိုတဲ့ တုံးလေးတွေ (တစ်ချို့ရုံးများ လက်ရေးဖြင့်ရေးကြသည်)

အက်တိ အရာလေးတွေဟာ တစ်ခုချင်း ဆီမှာ အဓိပ္ပာယ်များရှိကြပါသည် −လည်းကောင်း အဓိပ္ပာယ် များမှာအောက်ပါ အတိုင်းဖြစ်ပါသည်

📌နိုင်-၃(က) ၏အဓိပ္ပါယ် -(၁၈)နှစ်ပြည့်ရင် လဲရမဲ့ ကဒ် ဖြစ်ပါသည်
တစ်ချို့ -၁၃နှစ် ကဒ်လို့လည်း ခေါ်သလို -၁၀နှစ် ကဒ်လို့လည်းခေါ်ကြပါသည်

📌
နိုင်-၆(က)၏အဓိပ္ပာယ် -နိုင်-၃(က)မလုပ်တော့ပဲ တစ်ခါတည်း(၁၈)နှစ်ပြည့်မှလုပ်သော ကဒ်ဖြစ်ပါသည်

📌လဲလှယ်၏ အဓိပ္ပာယ် -(၃)ကမှ ၆-(က) လဲထားသောကဒ်ဖြစ်ပါသည်

📌မိတ္တူဆိုသည်မှာ- ကဒ်ပျောက်ဆုံး လျင် ပြန်လျောက်ထားသောကဒ်ဖြစ်ပါသည်

မီတာခတွေ ၂ဆ ၃ဆတက်နေချိန်မှာ သိကိုသိထားသင့်တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ သုံးရင် ကုန်ကျနိုင်မယ့် ယူနစ်နှုန်းထားများ....အ...
21/11/2024

မီတာခတွေ ၂ဆ ၃ဆတက်နေချိန်မှာ သိကိုသိထားသင့်တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ သုံးရင် ကုန်ကျနိုင်မယ့် ယူနစ်နှုန်းထားများ....

အဲကွန်း တနာရီဖွင့်ရင် ၀.၇ ယူနစ်
ရေခဲသေတ္တာ တနာရီဖွင့်ရင် ၀.၁ ယူနစ်
ပန်ကာ တနာရီဖွင့်ရင် ၀.၁ ယူနစ်
LED ၄ ပေ မီးချောင်း နာရီ ၅၀ ဖွင့်ရင် ၁ ယူနစ်
၄ ပေရိုးရိုးဖန်မီးချောင်း ၂၅ နာရီသုံးရင် ၁ ယူနစ်
ဒယ်နီ ၁ နာရီသုံးရင် ၁.၅ ယူနစ်
ထမင်းပေါင်းအိုး ၁ နာရီသုံးရင် ၀.၇ ယူနစ်
အဲဒီနှုန်းရှိပါတယ်။
အဲကွန်း တည ၅ နာရီ၊ ရေခဲသေတ္တာ အမြဲဖွင့်မယ်၊ ပန်ကာတနေ့ ၈ နာရီ၊ Led ၄ ပေမီးချောင်း ၁၀ နာရီ၊ ဒယ်နီ နာရီဝက်၊ ထမင်းပေါင်းအိုး နာရီဝက် သုံးမယ်ဆိုရင်
အဲကွန်း ၅ နာရီ x 0.7 =3.5 ၊ ရေခဲသေတ္တာ ၂၄ နာရီ x 0.1 =2.4၊ ပန်ကာ ၈ နာရီ x 0.1 =0.8၊ မီးချောင်း ၁၀ နာရီ x0.002=0.2၊ ဒယ်နီ ၀.၅ နာရီ x 1.5 = 0.75၊ ထမင်းအိုး ၀.၅ နာရီ x 0.7 = 0.35 တရက်ကို စုစုပေါင်း ၈ ယူနစ် ရှိပါမယ်။
တလဆိုရင် ၈ ယူနစ် x ၃၀ ရက် = ၂၄၀ ယူနစ်၊ အဲကွန်း ဒယ်နီ ထမင်းပေါင်းအိုး သုံးတဲ့ပေါ် မူတည်ပြီး မီတာခ ကုန်ကျငွေမှာ အပြောင်းအလဲ အများကြီးဖြစ်နိုင်ပါတယ်။
#မီတာခ
#ယူနစ်

Address

Sanchaung

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Dark Side Services & Consultant Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share