Phoenix Branded Second Hand For Lady

Phoenix Branded Second Hand For Lady ပစ္စည်း စစ်မှန်မှုကိုအာမခံပါတယ်

ကျန်းမာ​ရေး တွက်​Crd
24/10/2021

ကျန်းမာ​ရေး တွက်
Crd

သိထားသင့်သော ဗဟုသုတများ.......
21/10/2021

သိထားသင့်သော ဗဟုသုတများ.......

လေ့လာချက်တွေအရ Face Shield က အသက်ရှူလမ်းကြောင်းထဲကထွက်လာတဲ့အမှုန်အမွှားတွေကို မျက်နှာရှေ့တည့်တည့်ဆီတိုက်ရိုက်ထွက်မသွားအော...
10/09/2020

လေ့လာချက်တွေအရ Face Shield က အသက်ရှူလမ်းကြောင်းထဲကထွက်လာတဲ့အမှုန်အမွှားတွေကို မျက်နှာရှေ့တည့်တည့်ဆီတိုက်ရိုက်ထွက်မသွားအောင် တားဆီးပေးနိုင်ပေမယ့် မိမိရဲ့ အပေါ်ဘက်၊ အောက်ဘက်နဲ့ ပတ်ဝန်းကျင် ပတ်ပတ်လည်ကို ပျံ့နှံ့သွားစေနိုင်တာကို တွေ့မြင်ခဲ့ရပါတယ်။
ဒါကြောင့် Face Shield တပ်မယ်ဆိုရင် Mask ကိုပါ အတူတွဲတပ်ဖို့ အကြံပြုပါရစေနော်။ 😷

Covid-19 ကာကွယ်ဖို့ ဆေးဝါးများဆောင်ထားဖို့လိုအပ်ပါတယ်။  အန္တရာယ်များတဲ့ ဆေးတွေ ဝယ်ယူစုဆောင်းခြင်း မပြုဘဲ မရှိမဖြစ် မှန်ကန...
09/09/2020

Covid-19 ကာကွယ်ဖို့ ဆေးဝါးများဆောင်ထားဖို့လိုအပ်ပါတယ်။ အန္တရာယ်များတဲ့ ဆေးတွေ ဝယ်ယူစုဆောင်းခြင်း မပြုဘဲ မရှိမဖြစ် မှန်ကန်တဲ့အိမ်သုံးဆေးဝါးများ ဝယ်ယူဖို့ လိုအပ်ပါတယ်။
ဘာတွေ ဆောင်ထားရမလဲ ဆိုတော့
- အဖျားပျောက်ဆေး ( Paracetamol, Decogen)
- အစာအိမ်ဆေး (Omeprazole,Siloxogene,Air X)
- ဝမ်းပျော့ဆေး (MOM)
- Probiotics (Bioflor,kidlac)
- VitaminC (Enervon C, Vitacee)
- အအန်ပျောက်ဆေး (Domperidone, PanzoD)
- နှာစေးပျောက်ဆေး (Cetrine)
- ဓာတ်ဆားရည် (ORS)
- သောက်နေကျဆေးဝါး
- သောက်နေကျအားဆေး
- အရက်ပြန်
- Betadine
- အရေပြားယားနာလိမ်းဆေး
- အနာကပ်ပလာစတာ
- ကိုယ်ပူကျ ကပ်ခွာ
- Paracetamol ဒုံးကျည်ထောင့်
- ပတ်တီး၊ ဂွမ်း
- ရေနွေးအိတ်
- လက်ဆေးဆပ်ပြာရည်
- အယ်ကိုဟော 60% ပါ လက်သန့်ဆေး
- Antiseptic ပါဝင်သော အိမ်သုံးပစ္စည်း သန့်စင်ရည်၊ ကိုယ်တိုက်ဆပ်ပြာ
- အမျိုးသမီးလစဉ်သုံးပစ္စည်း
- တခါသုံး တစ်ရှုးထုပ်များ စသည်တို့ကို မရှိမဖြစ်ဆောင်ထားဖို့လိုအပ်ပါတယ်။

အများပြည်သူသိရှိစေဖို့ ဒီပို့စ်ကို like & share ပြုလုပ်ပေးပါ။

 # #ဝက်ခြံအရှင်းမပျောက်နိုင်တဲ့အကြောင်းရင်း(၅)ချက် # #အရေးမကြီးဘူးလို့ထင်တဲ့အချက်တွေကိုပြောင်းကြည့်လိုက်တော့ ဝက်ခြံတွေသက...
13/08/2020

# #ဝက်ခြံအရှင်းမပျောက်နိုင်တဲ့အကြောင်းရင်း(၅)ချက် # #

အရေးမကြီးဘူးလို့ထင်တဲ့အချက်တွေကိုပြောင်းကြည့်လိုက်တော့
ဝက်ခြံတွေသက်သာလာတယ်

ဒီအချက်တွေကဝက်ခြံပျောက်သွားတဲ့သူတွေလာမျှဝေပေးတာပါ

#ကိုယ်ဝက်ခြံမပျောက်နိုင်တဲ့အကြောင်းဒီအချက်တွေထဲပါမပါပုံတစ်ပုံချင်းမှာရေးထားတာတွေဖတ်ကြည့်ပါနော်

#ဝက်ခြံတွေသက်သာပျောက်ကင်းကြပါစေ

Sharing is caring ❤️

ချစ်တို့ သတိထားပြီး ရှောင်ဖို့တွက်နော်
12/08/2020

ချစ်တို့ သတိထားပြီး ရှောင်ဖို့တွက်နော်

လူတော်တော်များများသိချင်နေတဲ့ အသီးရွေးနည်း လျှို့ဝှက်ချက် (2)လက်ညိုးထိုးဝယ်လာပြီး အိမ်ရောက်မှ စိတ်မတိုနဲ့နော်။😁 ဒါလေးတွေ...
23/07/2020

လူတော်တော်များများသိချင်နေတဲ့ အသီးရွေးနည်း လျှို့ဝှက်ချက် (2)

လက်ညိုးထိုးဝယ်လာပြီး အိမ်ရောက်မှ စိတ်မတိုနဲ့နော်။😁 ဒါလေးတွေ သိထားတော့ ကိုယ့်အတွက်လဲ အကျိုးရှိတယ်။

ခု တေလာ အရမ်းနာမည်ကြီးနေတဲ့၃၆နာရီအစာဖြတ်ခြင်း အကျိုးကျေးဇူးများလွန်ခဲ့သောနှစ်ပေါင်းခြောက်ထောင်လောက်ကကမ္ဘာပေါ်မှာအသိပညာရှင်...
12/07/2020

ခု တေလာ အရမ်းနာမည်ကြီးနေတဲ့
၃၆နာရီအစာဖြတ်ခြင်း အကျိုးကျေးဇူးများ

လွန်ခဲ့သောနှစ်ပေါင်းခြောက်ထောင်လောက်ကကမ္ဘာပေါ်မှာအသိပညာရှင်တွေအများကြီးရှိခဲ့တဲ့သမိုင်းအထောက်အထားတွေရှိခဲ့ပါတယ်။အဲ့တုန်းကနာရီရှည်အစာဖြတ်တဲ့လေ့ကျင့်ခန်းလုပ်ပြီးလူတွေကျန်းမာအသက်ရှည်ခဲ့ကြတယ်လို့သိရပါတယ်။အခုလည်းအဲဒီနည်းကိုကျနော်တို့လုပ်လို့ရပါတယ်။လုပ်သင့်တဲ့၃၆နာရီfastingနည်းလမ်းကိုပြောပြသွားပါမယ်။လူတိုင်းလည်းအလွယ်တကူလုပ်နိုင်ကြပါတယ်။

၃၆နာရီ fastingလုပ်ဖို့ပိတ်ရက်တွေကိုရွေးချယ်တာကောင်းတယ်။ဒါကြောင့်သောကြာနေ့ညကစလိုက်မယ်။သောကြာနေ့ည၇နာရီမှာညစာစားပြီးတာနဲ့၃၆နာရီတိတိဘာအစာမှမစားရဘဲရေတစ်မျိုးထဲသာသောက်ဖို့ဖြစ်ပါတယ်။မည်သည့်ကယ်လိုရီမှမထည့်ရတော့ပါဘူး။အချိုရည်တောင်မသောက်ရပါဘူး။ zero calorie အတိုင်းထားရမှာဖြစ်ပါတယ်။သောကြာည၇နာရီမှစတင်ပြီးတနင်္ဂနွေမနက်၇နာရီအထိဖြစ်ပါတယ်။ရေကိုကြိုက်သလောက်သောက်နိုင်တယ်။ကြိုက်သလောက်အိပ်နိုင်တယ်။

အဲဒီအစာဖြတ်လေ့ကျင့်ခန်းကနေရရှိလာမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့အများကြီးဖြစ်ပါတယ်။အစာဖြတ်လိုက်တော့Bodyကenergyရဖို့အတွက်ကိုယ်တွင်းမှာအာဟာရတွေကိုလိုက်ရှာပါတယ်။အာဟာရကိုမတွေ့တော့ကိုယ်တွင်းကအဆီတွေကိုလိုက်စားပါတယ်။အဆီတွေထဲမှာအောင်းနေတဲ့အဆိပ်တွေဟာလောင်ကျွမ်းခံရတဲ့အတွက်အဆီလည်းကျပြီးအဆိပ်တွေလည်းဖယ်ရှားခံရပါတယ်။အဲဒီအဆိပ်တွေကိုရေကbodyအပြင်ဘက်ကိုစွန့်ထုတ်ပေးလိုက်ပါတယ်။

Body မွာ အလိုအလျောက်ပြုပြင်တဲ့စနစ်ဆိုတာရှိပါတယ်။အဲဒီစနစ်ကအစာဖြတ်ပေးလိုက်တာနဲ့ပိုပြီးအလုပ်လုပ်လာနိုင်တယ်။ရောဂါတွေကိုဆေးသောက်စရာမလိုဘဲနဲ့အလိုအလျောက်ပြုပြင်တဲ့စနစ်ကautoကုပေးသွားတာဖြစ်ပါတယ်။ရောဂါတွေသူ့ဟာသူပျောက်သွားပါတယ်။မကျန်းမာသူတွေတောင်မှတဖြည်းဖြည်းကျန်းမာလာကြပါတယ်။

Body ကအင်နာဂျီလိုအပ်လို့လိုက်ရှာရာမှာတစ်ကိုယ်လုံးကကလာပ်စီးတွေဆီကိုလည်းရောက်ပါတယ်။မကောင်းတဲ့cellအဟောင်းတွေနဲ့ရောဂါဖြစ်နေတဲ့cellတွေကိုပါစားသွားပါတယ်။junk cellတွေကိုဖယ်ရှားပေးပါတယ်။ကင်ဆာcellတွေကိုပါရှင်းလင်းပေးသွားပါတယ်။

အစာဖြတ်လိုက်တဲ့အခါမှာစိတ်ပါပြောင်းသွားပါတယ်။အူတွေမှာအစာမရှိတော့စိတ်ကြည်လာတယ်။နေရထိုင်ရတာပေါ့ပါးလာတယ်။ဦးနှောက်ကစိတ်ကူးစိတ်သန်းကောင်းတွေထွက်ပေါ်လာတယ်။ဆုံးဖြတ်ချက်ချတာတွေသိပ်ကောင်းတယ်။တရားအားထုတ်လို့ကောင်းတယ်။ဒါကြောင့်ဗုဒ္ဓကညစာရှောင်ခိုင်းတာဖြစ်တယ်။

Fasting လုပ်ပေးလေ့ရှိသူတွေဟာသွေးတိုးရောဂါပါပျောက်ကင်းသက်သာလာကြပါတယ်။အရင်က200/125အထိတက်တဲ့သူဟာfastingပုံမှန်လုပ်ပေးလာရင်းနဲ့130/90 လောက်ပြန်ဖြစ်လာပါတယ်။

အစာဖြတ်လေ့ကျင့်ပေးရင်လူတွေကအားယုတ်တယ်လို့ထင်နေကြလေ့ရှိပါတယ်။တကယ်ကအားမယုတ်တဲ့အပြင်အားပိုရှိသလိုတောင်ခံစားရပါတယ်။ဘာကြောင့်လဲဆိုတော့ပေါ့ပါးလို့ပါ။ပေါ့ပါးတော့သွက်လက်တယ်။

အခြားသောအကျိုးကျေးဇူးတွေလည်းတစ်ပုံကြီးရသေးတယ်ဗျ။အဲဒါတွေကတော့ -
ကိုယ်တွင်းရောင်ကိုင်းမှုများကိုလျှော့ချပေးခြင်း
အူလမ်းကြောင်းကျန်းမာခြင်း
တစ်ကိုယ်လုံးငြိမ်းအေးခြင်း
ဖြစ်ဆဲရောဂါများတန့်သွားခြင်း
သွေးတွင်းအင်ဆူလင်ပုံမှန်ဖြစ်လာခြင်း
ဆီးချို သွေးချိုထိန်းလာနိုင်ခြင်း
အစာခြေစနစ်ကောင်းလာခြင်း
ကြွက်သားများသန်မာလာခြင်း
လည်ချောင်းချွဲသလိပ်ရှင်းခြင်း
အရိုးကျစ်လျစ်ခြင်း
စိတ်ထားနူးညံ့လာခြင်း
အသားရေလှပလာခြင်း
ကိုယ်လုံးကိုယ်ထည်အချိုးကျလာခြင်း
ခံတွင်းအနံ့အသက်ကင်းခြင်းအစရှိတဲ့အကျိုးကျေးဇူးတွေများစွာရရှိလာမှာဖြစ်ပါတယ်။၃၆နာရီလောက်Fastingလုပ်ရတာဟာအခက်အခဲမရှိဘဲလူတိုင်းလိုလိုလုပ်နိုင်ကြတဲ့အတွက်ကျန်းမာပြီးအသက်ရှည်ရှည်နေရဖို့မကြာခဏလုပ်ပေးကြပါလို့တိုက်တွန်းလိုက်ပါတယ်။

ချစ်ခင်လေးစားလျှက်..

PS : (ဆီးချိုကျရောဂါရှိသူများမလုပ်ရပါ)
Credit

ဒီနေ့ မင်မင်က ဝက်ခြံစဖြစ်စေတဲ့အကြောင်းလေးပြောပြမယ်နော် Whiteheads(အဆီဖု)ချွေးပေါက်ပိတ်လို့ဖြစ်တဲ့ အဆီဖုတွေက (sebum)အဆီထွ...
25/06/2020

ဒီနေ့ မင်မင်က ဝက်ခြံစဖြစ်စေတဲ့အကြောင်းလေးပြောပြမယ်နော်

Whiteheads(အဆီဖု)
ချွေးပေါက်ပိတ်လို့ဖြစ်တဲ့ အဆီဖုတွေက (sebum)အဆီထွက်များတဲ့ ဟော်မုန်းအပြောင်းအလဲအရွယ်မှာအဖြစ်များပါတယ်
သူ့ကိုလုံးဝမညှစ်ပါနဲ့နော် ပိုးဝင်သွားရင် ဝက်ခြံကြီးတွေဖြစ်သွားနိုင်ပါတယ်

Blackheads(ဆားဝက်ခြံ)
သူလည်းအဆီ(sebum)အထွက်များလို့ဖြစ်တာပါ
မတူတာက ပွင့်နေတဲ့ချွေးပေါက်မှာ အဆီက လေနဲ့ oxidizeဖြစ်လို့မဲသွားပါတယ်
ချေးချွတ်ပေးတဲ့ (exfoliate)productလေးတွေသုံးပေးလို့ရပါတယ်။သွားမညှစ်နဲ့နော်။

Pustule(ဝက်ခြံ)
သူကတော့ အရေပြားလွှာအောက်မှာsebumနဲ့ ဆဲလ်သေတွေပေါင်းမိလို့ဖြစ်တဲ့ဝက်ခြံပါ
၎-၅ရက်အတွင်း ပြည်(dead white cells)တွေထွက်ပြီး ပျောက်နိုင်ပါတယ်။အမာရွတ်မထင်ချင်ရင်မညှစ်ပါနဲ့ ။ သူ့ဘာသာသူ ပျောက်နိုင်ပါတယ်။acne patchဖြစ်ဖြစ် ရေခဲဖြစ်ဖြစ် ကပ်ပေးလို့ရပါတယ်

Cystic Acne(ဆင်ဝက်ခြံ)
အဆိုးဆုံးဝက်ခြံဖြစ်ပြီးတော့ skin layerမှာ Bateria ပိုးမွှား ၊ဆဲလ်သေ နဲ့ အဆီတွေစုပေါင်းပြီး ဖြစ်တာပါ။ ယောင်ပြီး နာတာမျိုးတွေဖြစ်နိုင်ပါတယ်။သွားတိုက်ဆေးအုံတာတို့ ညှစ်တာတို့မလုပ်ပါနဲ့ ။ ဒီဝက်ခြံဆို အရေပြားဆရာဝန်ကိုဆွေးနွေးတာကအကောင်းဆုံးပါ

Mondayတိုင်းမှာ ”ဝက်ခြံအကြောင်းပြောကြမယ်”အစီအစဉ်လေးရှိတာမို့
pageကိုlike & followလေးလုပ်ထားပေးနော်😘

ဆွေးနွေးချင်တာရှိရင်လည်းcommentရေးပေးလို့ရပါတယ်😍
Crd
hanaessenceofficialsmyanmar

ကတိမတည်တဲ့သူကို ဘယ်သူမှ ခေါင်းဆောင်မတင်ချင်ဘူး၊ကတိမတည်တဲ့သူဆီက ဘယ်သူမှ မဝယ်ချင်ဘူး၊အဲဒါကြောင့် သင့်လုပ်ငန်းကို အောင်မြင်...
15/06/2020

ကတိမတည်တဲ့သူကို

ဘယ်သူမှ ခေါင်းဆောင်မတင်ချင်ဘူး၊

ကတိမတည်တဲ့သူဆီက

ဘယ်သူမှ မဝယ်ချင်ဘူး၊

အဲဒါကြောင့် သင့်လုပ်ငန်းကို အောင်မြင်ချင်ရင် ကတိတည်ပါ

(zawgyi)

ကတိမတည်တဲ့သူကို

ဘယ်သူမှ ခေါင်းဆောင်မတင်ချင်ဘူး၊

ကတိမတည်တဲ့သူဆီက

ဘယ်သူမှ မဝယ်ချင်ဘူး၊

အဲဒါကြောင့် သင့်လုပ်ငန်းကို အောင်မြင်ချင်ရင် ကတိတည်ပါ

Crd
Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer





ဒီနေ့တော့ မင်မင်က မိန်းတို့အတွက် အကျိုးရှိမဲ့ 👉ဓာတ်ဖမ်းတိုင်း ဂေါ်နေအောင်    ပိုစ့်ပေးနည်း 👈 😉 ကိုတင်ပေးထားတယ်နော်
14/06/2020

ဒီနေ့တော့ မင်မင်က မိန်းတို့အတွက် အကျိုးရှိမဲ့
👉ဓာတ်ဖမ်းတိုင်း ဂေါ်နေအောင်
ပိုစ့်ပေးနည်း 👈 😉 ကိုတင်ပေးထားတယ်နော်

Address

Sanchaung

Website

Alerts

Be the first to know and let us send you an email when Phoenix Branded Second Hand For Lady posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phoenix Branded Second Hand For Lady:

Share

Category