23/04/2026
Electronic ပိုင်းကို ပြောင်းသွားပေမယ့် သံယောဇဥ်မပြတ်သေးတာကြောင့် မြင်တွေ့ရတာလေးတစ်ခုကို အခြေခံပြီး ပြောချင်ပါသေးတယ်...
User တွေကလည်း နုံ အ မနေကြပါနဲ့၊ Ai ခေတ်ကြီးမှာ မသိရင်၊ နားမလည်ရင် Ai တစ်ခုခုမှာ ကိုယ်သိချင်တာ မေးလို့ရနေပါပြီ။ မှန်ကန်တဲ့အဖြေတွေကို ပေးပါတယ်။ (တစ်ချို့ နက်နဲတဲ့အပိုင်းကဏ္ဍတွေကလွဲရင်ပေါ့)
ဘယ်ကလဲ? ဘယ်သူလဲ? မသိရတဲ့အကောင့်တစ်ခု၊ မက်ဆေ့ချ်တစ်စောင်၊ ဖုန်း Call လေးတစ်ခုကြောင့် မိမိအကောင့်တွေကို မပေးမိကြပါစေနဲ့။ အထူးသဖြင့် Mobile Banking အကောင့်တွေ ပိုဆိုးတာပေါ့။
တစ်ဖက်က အကြောင်းပြချက်အမျိုးမျိုးပြောပြီး Code တောင်းတဲ့အခါ ဘာကြောင့်မှ မပေးမိပါစေနဲ့။ ကိုယ့်အကောင့်က ဘာဖြစ်နေလို့ အတည်ပြုဖို့ ကုဒ်ကျလာရင် ပို့ပေးပါ ဆိုတာတွေက တကယ်တော့ လိမ်လည်မှုတွေပါ။ တကယ်တော့ ဘာအကောင့်ဖြစ်ဖြစ် အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ကုဒ်နဲ့အတည်ပြုဖို့ လိုအပ်ရင်တောင် comfirm code ကို ဖြည့်ပေးဖို့လောက်ပဲ လိုတာပါ။ မက်ဆေ့ချ်တွေ၊ Messenger တွေ၊ viber တွေ အစရှိတာတွေကနေ ပြန်ပို့ပေးဖို့ မလိုအပ်ပါဘူး။
ဒါပေမယ့် တစ်ခုသတိပေးချင်တာက တစ်ဖက်က link တွေပို့ပေးပြီး login လုပ်ခိုင်းတာတွေ အချက်အလက်ဖြည့်ခိုင်းတာတွေလုပ်ရင်တောင် မဖြည့်သင့်ပါဘူး။ တကယ် အကောင့်တစ်ခု Comfirm လုပ်ရင် Kpay အကောင့်ဆိုလည်း Kpay app ထဲမှာပဲလုပ်ရတာပါ၊ Facebook အကောင့်ဆိုလည်း Facebook app ထဲ သို့မဟုတ် Facebook official website ထဲကနေ လုပ်ပေးရတာပါ။
ခက်တော့ခက်သား ခုနောက်ပိုင်း လူတွေကလည်း စာလေးပို့၊ ဖုန်းလေးဆက်ပြီး လိမ်ညာပြောပြီး ကုဒ်တောင်းတာလောက်ပဲ လုပ်ကြတော့တယ်။
2019-20 လောက်က ငါလေ့လာနေတဲ့အချိန်ကဆိုရင် website တွေဝင် fake link တွေဖန်တီးပြီး message, Messenger, Viber တို့ကနေပို့ပြီး
"ဒီ link ထဲဝင်ပြီး မင်းရဲ့ facebook အကောင့် ဖုန်းနံပါတ် (သို့မဟုတ်) gmail နဲ့ password ဖြည့်လိုက်ရင် မင်းအကောင့် လုံခြုံရေးမြင့်သွားမယ် ဘယ်သူမှ ဘာမှလုပ်လို့မရဘူး တို့၊ မင်း ဆုရမယ် တို့၊ မဲပေါက်မယ် တို့ ဂျင်းထည့်ပြီး အကောင့်တွေကို မသိမသာ ခိုးယူခဲ့ကြတာ။
ခုလုပ်စားနေကြတဲ့ လူတွေကလည်း စောက်ပျင်းကြီးကြတယ်ပြောရမလား? 🤔
စောက်ပိန်းလေးတွေ လို့ပြောရမလား? 🤔
အဲ့တာကိုမှ ယုံကြည်နေကြတဲ့ လူပိန်းတွေကရှိတော့ ခံကြပေါ့🙃
IT ပိုင်းက ငါ မလုပ်ချင်တော့လို့ ငါလိုင်းပြောင်းလိုက်တာပဲရှိတာပါ။ ငါ IT ပိုင်းလုပ်တုန်းက ငါတတ်သိသလောက်ပညာလေးနဲ့ အင်ထု၊ ဂျင်းထည့်ပြီး ငွေလိမ်၊ ခြိမ်းခြောက်တဲ့ကောင် ၄ကောင်လောက်ကို ဂျေးထဲရောက်အောင် လုပ်နိုင်ခဲ့တယ်။ ငါ အများကြီးမတတ်ပါဘူး၊ ဒါပေမယ့် တတ်သလောက်နဲ့ အသုံးပြုခဲ့ရုံမျှပါ😎
ခုတော့ မလုပ်တော့ဘူး။ ငါ့ဘာသာ Electronic ပိုင်းမှာပဲ အေးဆေးနေတော့မယ်😌