မြိုင် ဆန်ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Shwebo
  • မြိုင် ဆန်ရောင်းဝယ်ရေး

မြိုင် ဆန်ရောင်းဝယ်ရေး Avaliable Best Quality Rice & Sticky Rice

မြတ်သောအလှူ "မြိုင်" နှင့်အတူ …🎁 အကျိုးပြုအစီအစဉ်မှာ ပါဝင်ရခြင်းက ကျနော်တို့ရဲ့  စိတ်ချမ်းသာမှုတစ်ခုပါ🌾မြိုင် ဆန်ရောင်း၀...
30/05/2025

မြတ်သောအလှူ "မြိုင်" နှင့်အတူ …
🎁 အကျိုးပြုအစီအစဉ်မှာ ပါဝင်ရခြင်းက ကျနော်တို့ရဲ့ စိတ်ချမ်းသာမှုတစ်ခုပါ🌾

မြိုင် ဆန်ရောင်း၀ယ်ရေးမှာ မိမိတို့နာမည်၊ အမှတ်တံဆိပ် စတာတွေနဲ့
✅ ရွှေဘို ပေါ်ဆန်းမွှေးအိုး၀င်
✅ဧရာမင်းအိုး၀င်
🍚 2kg တို့ကို အလှူပြုလုပ်ရန်အတွက်ယခုကဲ့သို့ မှာယူနိုင်ပါပြီ။

📝 ကြိုတင်မှာယူရန် –
📲 [Contact to Chat Box Messenger]
📅 Order Item များရယူရန် နောက်ကျမသွားဖို့ ၁ပတ် ကြိုတင်ဆက်သွယ်နိုင်ပါတယ်။ မှာယူအားပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

#မြိုင်ဆန်ရောင်း၀ယ်ရေး

🧑🏼‍🍳 အိမ်ရှင်မတို့ရဲ့ မီးဖိုချောင်ဟာ မိသားစုရဲ့ နှလုံးသားပါ 🫶🏼📍အရသာရှိတဲ့ ထမင်းတစ်နပ်နဲ့ မိသားစုဝင်တွေ အားလုံးကို ပျော်ရ...
11/05/2025

🧑🏼‍🍳 အိမ်ရှင်မတို့ရဲ့ မီးဖိုချောင်ဟာ မိသားစုရဲ့ နှလုံးသားပါ 🫶🏼

📍အရသာရှိတဲ့ ထမင်းတစ်နပ်နဲ့ မိသားစုဝင်တွေ အားလုံးကို ပျော်ရွှင်စေချင်တာ အိမ်ရှင်မတိုင်းရဲ့ ဆန္ဒပါ။
📍ဒါကြောင့် အိမ်ရှင်မတို့ စိတ်တိုင်းကျ အရည်အသွေးကောင်းဆန်ကို ကျွန်တော်တို့က ရောင်းချပေးနေပါတယ်။

🤗အိမ်ရှင်မတို့ စိတ်တိုင်းကျ အရည်အသွေးကောင်းဆန်ကို ရွေးချယ်ပြီး မိသားစုများ ပိုမိုပျော်ရွှင်စေဖို့ ဆောင်ရွက်လိုက်ပါ။

#မြိုင်ဆန်ရောင်းဝယ်ရေး
#ရွှေဘိုပေါ်ဆန်း

🌟လုပ်ငန်းရှင်များနှင့် အလှူရှင်များအတွက် Co-branded Merchandise Design ဝန်ဆောင်မှု 🌟📌မြိုင် ဆန်ရောင်းဝယ်ရေးတွင် ယခုအခါ D...
25/02/2025

🌟လုပ်ငန်းရှင်များနှင့် အလှူရှင်များအတွက် Co-branded Merchandise Design ဝန်ဆောင်မှု 🌟

📌မြိုင် ဆန်ရောင်းဝယ်ရေးတွင် ယခုအခါ Digital Marketing ဝန်ဆောင်မှုများကို ထားရှိပြီး၊ Co-branded Merchandise Design ကို​ လူကြီးမင်းတို့ရဲ့ donation နဲ့ business တို့အတွက် အခမဲ့ဆွေးနွေးလုပ်ဆောင်ပေးရန် အသင့်ရှိနေပါပြီ။

📌 အထူးသဖြင့် 2kg Rice Bag များ လှူဒါန်းရာတွင် win-win Partnership ကို ပိုမိုထင်ရှားစေမယ့် Co-Branded Merchandise အတွက် လိုအပ်လာပါက အနည်းဆုံး Rice Bag ပမာဏကို ညှိနှိုင်းနိုင်ရန် ယခုပဲ ဆက်သွယ်လိုက်ပါ။

📌 အကောင်းဆုံးဝန်ဆောင်မှုနှင့်အရည်အသွေးမြင့်ဆန်များပေးဆောင်ရန်အတွက် အမြဲတမ်းကြိုးစားနေပါသည်။🙏

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အကြံပြုလိုသည်များရှိပါက Chat Box တွင် စုံစမ်းမေးမြန်း ပြောကြားနိုင်ပါသည်။📝

#မြိုင်ဆန်ရောင်းဝယ်ရေး

Riceberry လား❓ ငချိတ်ဆန်လား❓မြိုင် မှ ယခုရောင်းချပေးနေတဲ့ ✴ Ready to cook ✴ Item လေးဟာ 💯 ငချိတ်ဆန်ဖြစ်ပြီး Riceberry လား...
22/12/2022

Riceberry လား❓ ငချိတ်ဆန်လား❓

မြိုင် မှ ယခုရောင်းချပေးနေတဲ့ ✴ Ready to cook ✴ Item လေးဟာ 💯 ငချိတ်ဆန်ဖြစ်ပြီး Riceberry လား❓ ငချိတ်လား❓ သေချာလေးမကွဲသေးတဲ့ မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ ခြားနားချက်လေးတွေကို ပြောပြပေးသွားပါ့မယ်။ 🤗

〽 ပထမဆုံးအနေနဲ့ Riceberry အများစုဟာ သွင်းကုန်တစ်ခုဖြစ်တာမို့ သာမာန်ငချိတ်ဆန်ထက် စျေးအနည်းငယ်ပိုနိုင်ပါတယ်။ ငချိတ်ဆန်ဟာ ပြည်တွင်းထွက်ကုန် ဖြစ်တဲ့အတွက်ကြောင့် အများစုဝယ်ယူစားသုံးနေကြတဲ့အတိုင်း သင့်တင့်တဲ့စျေးနှုန်းတစ်ခုအနေနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

〽 Riceberry နဲ့ ငချိတ်ဆန်ဟာ အပြင်ပုံပန်းသဏ္ဍန်အရ တူညီသောအရောင်ရှိတယ်လို့ ထင်ရပေမယ့် ဆန်ကို ထက်ပိုင်းချိုးကြည့်လိုက်တဲ့အခါ Riceberry ရဲ့ အတွင်းပိုင်းဟာ ကြည်သောအရောင်ရှိပြီး ငချိတ်ဆန်ရဲ့ အတွင်းပိုင်းဟာ ​အဖြူနှစ်အရောင်ရှိပါတယ်။

〽 နှစ်ခုစလုံးမှာ အမျှင်ဓာတ် နဲ့ ရောင်ချယ်ပစ္စည်းပါဝင်မှုအပြင် အာနိသင်ပါတူညီနိုင်ပေမယ့် Riceberry ဟာ စေးကပ်ခြင်းမရှိတဲ့ ဆန်အမျိုးအစားဖြစ်ပြီး ငချိတ်ဆန်ဟာ ကောက်ညှင်းကဲ့သို့ စေးကပ်မှုရှိတဲ့ ဆန်အမျိုးအစားဖြစ်ပါတယ်။

〽လက်ရှိမှာ ငချိတ်​ပေါင်းကို ပိုစေးစေးလေးစားသုံးချင်သူများက ကောက်ညှင်းဖြူထည့်ပြီး ပေါင်းကြတာမျိုးရှိသလို ငချိတ်ဆန်ကိုပဲသီးသန့်ပေါင်းပြီး စားသုံးချင်သူများလည်း ရှိကြပါတယ်။ မိတ်ဆွေတို့ရော ကောက်ညှင်းရောတဲ့ ငချိတ်​ပေါင်းလား❓ဒါမှမဟုတ် ငချိတ်ဆန် သီးသန့်ပေါင်းရတာကို သဘောကျတာလား။❓

မြိုင်ဆန်ရောင်းဝယ်ရေးမှာ ကောက်ညှင်းသီးသန့် လိုချင်တာပဲ ဖြစ်ဖြစ် ငချိတ်သီးသန့်ပေါင်းချင်လို့ပဲ ဖြစ်ဖြစ် 👇 (၂) ကီလိုဂရမ် အထုပ်များကို လိုသလောက်ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းလည်း သတင်းစကားပါးအပ်ပါတယ်။ 🤗

ရွှေဘိုမြို့တွင်း အိမ်ရောက်ငွေချေ ရနိုင်မှာဖြစ်ပြီး
အသေးစိတ်သိရှိလိုပါက (သို့မဟုတ်) အကြံပြုလိုသည်များရှိပါကMessenger Chat Boxတွင် စုံစမ်းမေးမြန်း ပြောကြားနိုင်ပါတယ်။

အားလုံးပဲ ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ 🙏

ကိုးကား - ဒေါက်တာဥမ္မာစော

#မြိုင်ဆန်ရောင်းဝယ်ရေး
#ငချိတ်

၂၀၂၂ ခုနှစ် မတ်လ၂ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ #မြိုင်ဆန်ရောင်းဝယ်ရေး
02/03/2022

၂၀၂၂ ခုနှစ် မတ်လ၂ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

#မြိုင်ဆန်ရောင်းဝယ်ရေး

မြိုင် ဆန်ရောင်ဝယ်ရေး မှ ကာလဒါနအဖြစ် ​မြို့ပေါ်ရှိ သီလရှင်ဆရာကြီး ဆရာလေးများ ထမနဲထိုးရန် အတွက် သန့်စင်ပြီး ကောက်ညှင်းနှင...
07/02/2022

မြိုင် ဆန်ရောင်ဝယ်ရေး မှ ကာလဒါနအဖြစ် ​မြို့ပေါ်ရှိ သီလရှင်ဆရာကြီး ဆရာလေးများ ထမနဲထိုးရန် အတွက် သန့်စင်ပြီး ကောက်ညှင်းနှင့်ငချိတ်များအား သက္ကစ္စဒါန မြောက် လှူဒါန်းခြင်း။ 🙏🙏

သူတော်ကောင်းတို့၏ အလှူသည် ငါးမျိုးရှိသည်။ ထိုငါးမျိုးမှာ-

- သဒ္ဓါဒါန
- သက္ကစ္စဒါန
- ကာလဒါန
- အနုဂ္ဂဟိတဒါန
- အနုပဟစ္စဒါန တို့ဖြစ်ကြသည်။

ယခုကဲ့သို့ ၁ဗူးအိတ်များ လှူဒါန်းလိုပါက ကြိုတင် Order တင်ရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက (သို့မဟုတ်) အကြံပြုလိုသည်များရှိပါကMessenger Chat Boxတွင် စုံစမ်းမေးမြန်းပြောကြားနိုင်ပါသည်။

#မြိုင်ဆန်ရောင်းဝယ်ရေး

📣 Our Special Items 📣ထမနဲ၊ ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်း တို့ကိုအိမ်မှာပဲချက်လုပ်ဖို့ စိတ်ကူးနေပြီလား???🤗 ယခုအချိန်မှစတ...
25/01/2022

📣 Our Special Items 📣
ထမနဲ၊ ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်း တို့ကို
အိမ်မှာပဲချက်လုပ်ဖို့ စိတ်ကူးနေပြီလား???

🤗 ယခုအချိန်မှစတင်ပြီး မြိုင် ဆန်ရောင်းဝယ်ရေးတွင် new packaging အနေဖြင့် ကောက်ညှင်း၊ ငချိတ် 👉 (၂) ကီလိုဂရမ် အထုပ်များကို လိုသလောက်ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းစကားပါးအပ်ပါသည်။

✅ အရည်သွေးကောင်းမွန်ပြီး သန့်စင်ထားပြီးဖြစ်သော ကောက်ညှင်းရှယ်၊ ငချိတ်ရှယ်တို့ကိုသာ ထုပ်ပိုးထားသောကြောင့် အိမ်ရှင်မများအတွက် အလုပ်ရှုပ်သက်သာစေပြီး အသင့်ချက်လုပ် စားသုံးနိုင်​မည်ဖြစ်ပါသည်။

ရွှေဘိုမြို့တွင်း အိမ်ရောက်ငွေချေ ရနိုင်မှာဖြစ်ပြီး
အသေးစိတ်သိရှိလိုပါက (သို့မဟုတ်) အကြံပြုလိုသည်များရှိပါကMessenger Chat Boxတွင် စုံစမ်းမေးမြန်းပြောကြားနိုင်ပါသည်။ 🙏

#မြိုင်ဆန်ရောင်းဝယ်ရေး

Color Rice အမျိုးအစားထဲကတစ်မျိုးဖြစ်တဲ့Black Rice (ခေါ် ) ငချိတ်ဆန်ဆောင်းရာသီ၏ ရာသီစာဖြစ်သည့်အပြင်ဆန်၏အပေါ်ယံအလွှာရှိ ရေ...
21/12/2021

Color Rice အမျိုးအစားထဲကတစ်မျိုးဖြစ်တဲ့
Black Rice (ခေါ် ) ငချိတ်ဆန်

ဆောင်းရာသီ၏ ရာသီစာဖြစ်သည့်အပြင်
ဆန်၏အပေါ်ယံအလွှာရှိ ရောင်ချယ်ပစ္စည်းတွင်
ဗီတာမင် B1
ဗီတာမင် B2
အမျှင်ဓာတ်
သံဓာတ်
ကယ်လ်စီယမ်ဓာတ် အစရှိသည်တို့ ပါဝင်နေခြင်းကြောင့် ကျန်းမာရေး အတွက် သင့်တော်သည်ဟုသုတေသီများမှ အဆိုပြုထားသော ဆန်တစ်မျိုးလည်းဖြစ်သည်။

#မြိုင်

ကောက်ညှင်းဆန်New Items Arrivalအသေးစိတ်သိရှိလိုပါက (သို့မဟုတ်) အကြံပြုလိုသည်များရှိပါက Chatbox သို့ စုံစမ်းမေးမြန်း ပြောက...
12/12/2021

ကောက်ညှင်းဆန်
New Items Arrival

အသေးစိတ်သိရှိလိုပါက (သို့မဟုတ်) အကြံပြုလိုသည်များရှိပါက Chatbox သို့ စုံစမ်းမေးမြန်း ပြောကြားနိုင်ပါသည်။


#မြိုင်

လက်ကားစျေးလည်းရမယ်။ 🤗အများကြီးလည်း ဝယ်ဖို့မလိုဘူး။ 😱မင်္ဂလာပါ...တန်ဆောင်တိုင် သတ်မှတ်ကာလအတွင်း🍚 ရွှေဘို ပေါ်ဆန်းမွှေးအို...
16/11/2021

လက်ကားစျေးလည်းရမယ်။ 🤗
အများကြီးလည်း ဝယ်ဖို့မလိုဘူး။ 😱

မင်္ဂလာပါ...
တန်ဆောင်တိုင် သတ်မှတ်ကာလအတွင်း
🍚 ရွှေဘို ပေါ်ဆန်းမွှေးအိုးဝင်ရှယ် 🍚
👉 ၆ပြည် အိတ် 👈 များကို
၁အိတ်မှစပြီး ဝယ်ယူလိုသောမိတ်ဆွေများအတွက်
လက်ကားစျေး ၁၄၀၀၀ ကျပ် ဖြင့်
စတင် ရောင်းချပေးနေပါပြီ။

ဆန်အရည်သွေးကောင်းမွန်မှုကို ရာနှုန်းပြည့် အာမခံနိုင်ပြီး ✅
နမူနာကို ယခု link မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ 👇👇👇 https://www.facebook.com/110745214717106/posts/114438977681063/

ယခုကာလအတွင်း လစဥ်ဝင်ငွေ ကို online payment မှသာ အဓိက ရရှိနေကြသော မိဘပြည်သူများအတွက် အဆင်ပြေအောင်ရည်ရွယ်ပြီး kpay မှလည်း % လွတ်ဖြင့်လက်ခံပေးနေပါပြီ။ 🤗

Online payment မှာ Limit နှင့်ဖြစ်သည့်အတွက် တစ်ဦးလျှင် ၆ပြည်အိတ် ၄အိတ် အထိသာ လက်ခံနိုင်မည်ဖြစ်ပြီး လက်ကားဖောက်သည်များအတွက် kpay unavailable ကို နားလည်ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။ 🙏🙏🙏

ရွှေဘိုမြို့တွင်း အိမ်ရောက်ငွေချေ ရနိုင်မှာဖြစ်ပြီး
အသေးစိတ်သိရှိလိုပါက (သို့မဟုတ်) အကြံပြုလိုသည်များရှိပါကMessenger Chat Boxတွင် စုံစမ်းမေးမြန်းပြောကြားနိုင်ပါသည်။

#မြိုင်

20/10/2021

Peace Full Moon Day Of Thadingyut 🙏🌕

Address

Shwebo
02261

Website

Alerts

Be the first to know and let us send you an email when မြိုင် ဆန်ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share