09/12/2024
မိဘကို
ချစ်နေရုံနဲ့ မပြီးဘူး
ပြုစုစောင့်ရှောက်ဖို့လည်း လိုတယ် ။
ပြုစုစောင့်ရှောက်ရုံနဲ့လည်း မပြီးဘူး
ချိုချိုသာသာ ပြောဖို့လည်း လိုတယ် ။
ချိုချိုသာသာ ပြောရုံနဲ့လည်း မပြီးဘူး
ကြင်နာယုယ ဖေးမဖို့လည်း လိုတယ် ။
ကြင်နာယုယ ဖေးမရုံနဲ့လည်း မပြီးဘူး
မိဘရဲ့အိုမင်းခြင်းကို
သည်းခံနိုင်ဖို့လည်း လိုတယ် ။
ဆီး မနိုင်တာတွေ
ဝမ်း မနိုင်တာတွေနဲ့
စိတ်သွားတိုင်း ကိုယ်မပါတော့တဲ့
အိုမင်းခြင်းကို
ဘယ်သူမှ မနှစ်သက်ပါဘူး ။
ဘယ်သူမှလည်း မဖြစ်ချင်ပါဘူး ။
သင်လည်း ဖြစ်ချင်မှာမဟုတ်ပါဘူး ။
ဒီလို အိုမင်းလာချိန်မှာ
ဒီလို ပြုစုခွင့် ရနေတာတွေဟာ
သင် ကံကောင်းလို့ ရတာပါ ။
အိုမင်း နာမကျန်းတဲ့ မိဘများအတွက်
အားကိုးရတဲ့ သားကောင်း သမီးကောင်း ရတနာများ ဖြစ်ကြပါစေ။
သံဝေဂ - သင်လည်း တစ်နေ့ အိုရ ၊ နာရ ၊ ေ သရ မည်။🌷
သက်လွန်းအိမ် (D D Y)
#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည်