05/04/2015
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မကျီးတုံ ကျေးရွာတွင်နှစ်လုံးထီကိစ္စနှင့်ပတ်သက်၍ ပြသနာများဖြစ်ပွားခြင်း
----------------------------------
အထက်ပါကိစ္စနှင့်ပတ်သက်၍ မကျီးတုံကျေးရွာတွင် နှစ်လုံးထီရောင်းချလျှက်ရှိကြသော နှစ်လုံးထီကော်မရှင်များ သည်အသိပညာ အတတ်ပညာ နည်းပါးသောထိုးသားများအပေါ်တွင် လိမ်လည် လည့်ဖျား၍ အလျှော်အစားများ ပြုလုပ်ခြင်း ထိုးသားများက ပေးရရန်ရှိသည့်အကြွေးများ မပေးနိုင်သည့်အခါ ၎င်းထိုးသားများပိုင်ဆိုင်သောပစ္စည်းများကို ကာလပေါက်ဈေးထက်အဆမတန်ဈေးလျော့သိမ်ယူခြင်းများမှပြသနာဖြစ်ပွားရခြင်းဖြစ်သည်။
ဤကိစ္စနှင့်ပတ်သက်၍နှောင်တစ်ချိန်
တွင်ယခုထက် ပို၍ ကိုယ်ကျင့်တရားများပျက်စီး၍ လူမှုရေး စီးပွားရေးများ ပို၍နိမ့်ကျစေနိုင်ပါသဖြင့်
သက်ဆိုင်ရာ တိုင်း ခရိုင် မြို့နယ်ရှိတာဝန်ရှိပုဂ္ဂိုလ်ကြီးများမှ နှစ်လုံးထီအလောင်းအစားများပပျောက်စေရန် နှစ်လုံးထီဆက်လက်ရောင်းချလုပ်ကိုင်နေသူများကို ထိရောက်စွာအရေးယူပေးပါရန် တင်ပြအပ်ပါသည်။ှ