11/06/2022
အနာဂတ်မှာ ၊ အင်တာနက်ဖြတ်လို့မရနိုင်တော့
အာဏာရှင်တွေအတွက် ၊ အိပ်မက်ဆိုး
-----
Star Link ဂြိုလ်တု ကိုတီထွင်သူ Tesla Company
ပိုင်ရှင် Elon Musk က Pi Phone ခေါ် Tesla Phone ကိုဖန်တီးထုတ်လုပ်လိုက်ပါတယ် ။
Tesla Phone ဟာ ယနေ့ ကမ္ဘာပေါ်မှာ နံပါတ်တစ်
လူကြိုက်များနေတဲ့ I Phone 13 X ထက် သာလွန်တဲ့စွမ်းဆောင်ရည်များစွာပါရှိနေပါတယ် ။
Tesla Phone ဟာ ကမ္ဘာပေါ်က မည်သည့်နေရာဒေသမဆို Internet ကို Star Link နဲ့ ဖမ်းယူချိတ်ဆက်ပြီးအသုံးပြုနိင်မှာဖြစ်ပြီး လျှပ်စစ်မီးမရ ရှိသေးတဲ့ဒေသတွေ နဲ့တောထဲ တောင်ထဲနေရာတွေမှာလည်း Solar နေရောင်ခြညိစွမ်းအင်ကိုအသုံးပြုပြီး charging ပြုလုပ်နိင်ပါတယ် ။
ဖုန်း Camera ဟာ ၄ လုံးပါရှိထားပြီး 108 MP ထိပါရှိပါတယ် ။ ဖုန်းBody ဟာ နေရောင်ခြည်ကိုလိုက်ပြီး Color အမျိုးမျိုးပြောင်းလဲနေမှာလည်း ဖြစ်ပါတယ် ။ညအချိန်တွေမှာလည်း Light ကိုချိန်ညှိပေးနေစရာမလိုပဲသူ့အလိုလို ရှင်းလင်းစွာအဆင်ပြေစွာနဲ့ ပုံတွေရိုက်ကူးလို့ရနေမှာဖြစ်ပါတယ် ။
Tesla Phone ဟာ Video နဲ့ Photo၂ မျိုးကိုတပြိုင်တည်း ရယူ ရိုက်ကူးလို့ရ ရှိမှာဖြစ်သလို Elon Muck ထုတ်လုပ်လိုက်တဲ့ နည်းပညာအဆင်မြင့်Tesla Phone ကြောင့် ဖုန်းလောကမှာ ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ပေါ်လာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ် ။
source Tech Talk channel
crd.