Saittway Mart Food

Saittway Mart Food Saittway Mart is a small retail business that stocks a range of everyday items.

အခုပိုင် တကျော့ပြန် ကိုဗစ်ကာလမှာ ကျန်းမာနိန်ဖို့ အာဟာရဖြစ်အောင် ဇာချင့်တိကို စားသင့်ပါလေ။ရောဂါကာကွယ်စီရေ အစားအစာအုပ်စု၊ ...
09/12/2021

အခုပိုင် တကျော့ပြန် ကိုဗစ်ကာလမှာ ကျန်းမာနိန်ဖို့ အာဟာရဖြစ်အောင် ဇာချင့်တိကို စားသင့်ပါလေ။

ရောဂါကာကွယ်စီရေ အစားအစာအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစီရေ အစားအစာအုပ်စု၊ အင်အားဖြစ်စီရေ အစားအစာအုပ်စုဆိုပြီးကေ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တေ အာဟာရအုပ်စု ၃ စု ရှိစော် အားလုံး သိထားပြီးဖြစ်ပါဖို့။ အခုပိုင် ကာလမှာတော့ အစာအုပ်စု ၃ စုလုံးကို သင့်တင့်မျှတအောင် စားသုံးပေးသင့်ပါရေ။

အထူးသဖြင့် ကိုယ်ခံအားကောင်းစီပြီးကေ ရောဂါကာကွယ်ပီးရေ အစားအစာတိကို အဓိက စားသုံးရပါဖို့။ ကြက်ဥ၊ အသား၊ ပဲ၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်ရွက်၊ ချင်း၊ ကြက်သွန်ဖြူ နဲ့ အချိုင်ဓာတ်ပါရေ အသီးအနှံတိကို နိန့်စိုင်စားသုံးပေးဖို့ဆိုကေ ခန္ဓာကိုယ် Immune System ကို ကကောင်း အထောက်အကူဖြစ်နိုင်ပါရေ။

ဂျုံနဲ့ ပြုလုပ်ထားရေ ပေါင်မုန့်၊ ကိတ်မုန့်ပိုင် အစားအစာတိကနိန်ပြီးကေလေ့ အာဟာရဓာတ်ကို ရရှိနိုင်ပါရေ။ ဆီးချို၊ သွီးချိုနဲ့ အဝလွန်ရောဂါတိ မဖြစ်ပွားစီဖို့ သကြားစားသုံးမှုကိုလည်း လျှော့ချသင့်ပါရေ။ သကြားမပါရေ ကော်ဖီ၊ လက်ဖက်ရည်သောက်ချင်ရေ ဆိုရင်ကေ Mikko White Coffee နဲ့ White Tea တိကို နိန့်စိုင် ပုံမှန် သောက်သုံးနိုင်ပါရေ။

22/10/2021
မုန့်တီမှာ ရခိုင်မုန့်ဟင်းခါးမှာဆို ဗမာခင်ထွေးရီကတော့ ကရင်လာမသိ 🙂ဝါကျွတ်နဲ့ မုန့်ဟင်းခါး လုပ်စားချင်ကေ လာဝယ်ပါ။Saittway ...
16/10/2021

မုန့်တီမှာ ရခိုင်
မုန့်ဟင်းခါးမှာဆို ဗမာ
ခင်ထွေးရီကတော့ ကရင်လာမသိ 🙂

ဝါကျွတ်နဲ့ မုန့်ဟင်းခါး လုပ်စားချင်ကေ လာဝယ်ပါ။

Saittway Mart

ပစ္စည်းနာမည်ကို သူရို့ ပေါင်းထားရေအတိုင်း ဗမာသံနဲ့ အင်္ဂလိပ်ပိုင် ပေါင်းထားပါရေ။

လူမျိုး မရွေး၊ ဘာသာမရွေး စားလို့ ရရေ ဆိုကေ ယင်းအထဲမှာ ရခိုင် မပါပါ။
ရခိုင်က အစုံ စားပါရေ။

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါတိကို ကာကွယ်ဖို့အတွက် ရွှေမင်းသမီး နို့ချိုင် (ဒိန်ချဉ်) 𝐒𝐚𝐢𝐭𝐭𝐰𝐚𝐲 𝐌𝐚𝐫𝐭 မှာ ရပါဗျာ...
09/10/2021

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါတိကို ကာကွယ်ဖို့အတွက်
ရွှေမင်းသမီး နို့ချိုင် (ဒိန်ချဉ်)
𝐒𝐚𝐢𝐭𝐭𝐰𝐚𝐲 𝐌𝐚𝐫𝐭 မှာ ရပါဗျာလ်။

မြောက်ဦးမြို့၊ ရွှေမင်းသမီး မွေးမြူရေးခြံက ထွက်လာရေ၊ လလတ်ဆဆတ် နို့ချိုင်တိကို ပုလင်းမှာ စနစ်တကျ ထည့်သွင်းပနာ မြောက်ဦးကနိန် စစ်တွေ၊ ယင်းကတဆင့် Saittway Mart ဆိုင်မှာ စားသုံးသူ မိဘပြည်သူတိ ဝယ်ယူသောက်သုံးနိုင်ဖို့ အသင့် ရောက်ရှိနိန်ဗျာလ် ဖြစ်ပါရေ။

လာပါလာ ရောက်အောင်လာလတ်ပါဖိ။

၁ ဗူး - ၁၀၀၀ ကျပ်ပါ။

❤️ ကိုယ်ခံအားကောင်း၊ အာဟာရပြည့်၊ ကျန်းမာနိန်ဖို့အတွက် အရည်အသွေးမြင့် မြန်မာ့ပျားရည်စစ်စစ် I M Honey ကို 𝐒𝐚𝐢𝐭𝐭𝐰𝐚𝐲 𝐌𝐚𝐫𝐭 မှ...
06/10/2021

❤️ ကိုယ်ခံအားကောင်း၊ အာဟာရပြည့်၊ ကျန်းမာနိန်ဖို့အတွက် အရည်အသွေးမြင့် မြန်မာ့ပျားရည်စစ်စစ် I M Honey ကို 𝐒𝐚𝐢𝐭𝐭𝐰𝐚𝐲 𝐌𝐚𝐫𝐭 မှာ ရပါဗျာလ်🍯

🍯ပျားရည်သောက်သုံးစော်ရေ ကိုယ်ခံအားစနစ်ကို ပိုမိုမြှင့်တင်ကောင်းမွန်ပေနာ၊ ခန္ဓာကိုယ်အတွက်လိုအပ်ရေ ဓာတ်တိ ဖြစ်တေ ကာဗိုဟိုက်ဒရိတ်ဓါတ်၊ သဘာဝသကြားဓါတ်၊ ရီဓါတ်၊ သတ္တုဓါတ်၊ ဗီတာမင်၊ အန်တီအောက်ဆီဒန့် စရေ ဓါတ်တိ သဘာဝအတိုင်း ပါဝင်ရေအတွက် ကျန်းမာရေးကို ကကောင်း အထောက်အကူ ဖြစ်စီပါရေ။

🍯 I M HONEY ပျားရည်စော် 🐝46th Apimondia 2019 ကမ္ဘာ့ပျားနှင့် ပျားထွက်ပစ္စည်းဆိုင်ရာပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ပထမဆု Gold Medal Award ရရှိခရေ Smile Happy Co., Ltd မှ ထုတ်လုပ်ဖြန့်ချိပါရေ။ ၁၀၀% ရင့်မှည့်ပျားရည်စစ်စစ်ဖြစ်ပါရေ။

ဟေး‼️ 𝐒𝐚𝐢𝐭𝐭𝐰𝐚𝐲 𝐌𝐚𝐫𝐭 မှာ 𝐁𝐮𝐛𝐛𝐥𝐞 𝐓𝐞𝐚 ရနိန်ဗျာလ် 😍😍😍ထိုင်းနိုင်ငံက တင်သွင်းလာရေ - Mabu Boba - Bubble Tea အေ ready-to-drink ...
06/10/2021

ဟေး‼️ 𝐒𝐚𝐢𝐭𝐭𝐰𝐚𝐲 𝐌𝐚𝐫𝐭 မှာ 𝐁𝐮𝐛𝐛𝐥𝐞 𝐓𝐞𝐚 ရနိန်ဗျာလ် 😍😍😍

ထိုင်းနိုင်ငံက တင်သွင်းလာရေ - Mabu Boba - Bubble Tea

အေ ready-to-drink အသင့်သောက် Mabu Boba Milk tea နဲ့ ဆိုကေ ရခဲတိုက်တာကို ဖွင့်လိုက်ရုံနဲ့ အိမ်မှာ ဇိမ်ချေနဲ့ Bubble Tea သောက်လို့ ရဗျာလ်နမ်း 😱

⁉️ Bubble စိချေတိလေ့ ပါလာ!?

✅ ပါရေနင်းရာ။ အိကျိအိကျိနဲ့ မွားစားလို့ ကောင်းပြီးကေ ရခဲတိုက်တာမှာ ထည့်ထားကေတောင် မခဲလား။

📌 အေ Mabu Boba Milk tea ကိုအရသာ (3) မျိုးနဲ့ဝယ်ယူနိုင်ပါရေ။

(1) ထိုင်းတီးအရသာ (Thai Milk Tea)
(2) ဂျပန်ဂရင်းတီးအရသာ (Green Tea)
(3) အော်ရဂျင်နယ်ပုလဲနို့ရည် (Original Milk Tea)

အေး ဇာ အရသာ သောက်ချင်လေ ပြောဖိ 😋🧋

ရင်ထဲကိုအီးမြလားအောင် ပင်ပွားအချိုရည် သောက်ကတ်မယ် 🍹☀️ သဘာဝပင်ပွားအစေ့ချေတိပါရေ Magic! basil seed အချိုရည် သောက်ပြီးကေ ဘဝ...
06/10/2021

ရင်ထဲကိုအီးမြလားအောင် ပင်ပွားအချိုရည် သောက်ကတ်မယ် 🍹☀️

သဘာဝပင်ပွားအစေ့ချေတိပါရေ Magic! basil seed အချိုရည် သောက်ပြီးကေ ဘဝအမောတိဖြေကတ်မယ် ! 🏝

✅လတ်ဆတ်တေ သဘာဝပင်ပွားစေ့ချေတိနဲ့ ပေါင်းစပ်ပြုလုပ်ထားရေ အေပင်ပွားအချိုရည်တိစော် အချေ၊ လူကြီး၊ သားချေ၊ သမီးချေ၊ ဇာသူ မဆို သောက်ကတ်တယ် အချိုရည်ချေတိပါ။ 😍

✅အပြီးကေ အေ ပင်ပွား အစေ့ အစစ်ချေတိ ပါလို့ အစာချေဖျက်အား ကောင်းပြီးကေ ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စီပါရေ။

⁉️အရသာ ဇာနှမျိုးရှိလေ ?⁉️
- စတော်ဘယ်ရီ(Strawberry)
- လိုင်ချီး(Lychee)
- ဘလူးဘယ်ရီ(Blueberry)
- လိမ္မော်(Orange)
- သရက်(Mango)
- စပျစ်(Grape)

ဆိုပြီးကေ အရသာ(6)မျိုးတောင်ရှိပါရေနမ်း။ 🤩
ဇာအရသာသောက်ချင်လေ ? 😋

𝐒𝐚𝐢𝐭𝐭𝐰𝐚𝐲 𝐌𝐚𝐫𝐭
စစ်တွေမက်ကိုရာ အရောက်လာလတ်ပါဖိ။

မာလာ ရှမ်းကော စားချိန် ရောက်ပါဗျာလ်။အိမ်မှာ မိသားစု၊ အပေါင်းအသင်းတိနဲ့ မာလာရှမ်းကော လုပ်စားဖို့မာလာရှမ်းကော အနှစ် (အချို...
05/10/2021

မာလာ ရှမ်းကော စားချိန် ရောက်ပါဗျာလ်။
အိမ်မှာ မိသားစု၊ အပေါင်းအသင်းတိနဲ့ မာလာရှမ်းကော လုပ်စားဖို့
မာလာရှမ်းကော အနှစ် (အချို) (အစပ်) (အထုံလျော့)
𝐒𝐚𝐢𝐭𝐭𝐰𝐚𝐲 𝐌𝐚𝐫𝐭 မှာ ရပါဗျာလ်။

02/10/2021

စတော်ဘယ်ရီ၊ လိမ္မော်၊ ဘလူးဘယ်ရီ၊ သီးစုံ၊ ဘယ်ရီစုံအရသာထဲက ဇာအရသာကိုပင် ရွေးရွေး၊ ဇာအရသာပင် ကြိုက်ကြိုက် Dutch Mill နို့ဒိန်ချဉ်မှာပါရေ Vitamin B1, Vitamin B2, Vitamin D, Calcium နဲ့ Amino Acid ပိုင် အာဟာရဓာတ်တိကို သင့်ခန္ဓာကိုယ်က အလုံအ‌လောက်ရစီ ပါဖို့။

ကျန်းမာလှပ ကိုယ်ခံအားကောင်းဖို့ Dutch Mill နို့ဒိန်ချဉ်ကို နိန့်စိုင် သောက်သုံးပီးပါ။

Saittway Mart မှာ ဝယ်လို့ ရနိန်ပါဗျာလ်။

02/10/2021
အမေထွား ဆီ @ Saittway Mart
01/10/2021

အမေထွား ဆီ @ Saittway Mart

Address

အမှတ်/၁၇၁ (ခ)၊ ရွှေဘန်းလမ်းနှင့် ရွှေသာလမ်းထောင့်၊ အိုးတန်းရပ်ကွက်၊ စစ်တွေမြို့။
Sittwe
120102

Alerts

Be the first to know and let us send you an email when Saittway Mart Food posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Saittway Mart Food:

Share