AST System Technology

AST System Technology Internet WiFi & CCTV Service!!!

28/12/2021

( HW နဲ့ သက်ဆိုင်တာပါ၊
ကွန်ပျူတာ HW ပိုင်းစတင်လေ့လာသူ
စကိုင်သူတွေ ကြုံနိုင်တဲ့ အခြေအနေပါ)
ကွန်ပျူတာတွေမတက်တဲ့အခါမှာ အကြမ်းဖျင်းစမ်းသပ်ခြင်း
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
System Error တွေနဲ့ ပတ်သက်လို့ အများကြီးတင်ခဲ့ပေးဖူးပါတယ်... ဒီရက်ပိုင်း လေးတွေမှာတော့ Hardware ပိုင်းနဲ့ပတ်သက်ပီးအကြမ်းဖျင်း အဖြေရှာပုံလေးတွေပြောပြပါမယ် ... {အခုမှ စပီးတော့ လေ့လာတဲ့ Beginner အတွက် ရည်ရွယ်ပါတလ်} 😀😀😀
Computer ကို AC Plug ကနေ Power ပေးပီးလို့ PC Power ခလုတ်ကို နှိပ်ပီး Power ပေးလိုက်တဲ့အခါမှာ Computer မတက်ဘူးဖြစ်နေရင် အောက်ပါအဆင့်တွေအတိုင်း ဘာ Hardware Problem ကြောင့် Computer မတက်လဲဆိုတာ စမ်းကြည့်နိုင်ပါတယ်....
‼️Computer မတက်ဘူးဆိုတာကတော့
System Unit အဖုံးဖွင့်ကြည့်လို့ ဘာ Activity မှမရှိတာကိုပြောတာပါ ..
1️⃣ Power Supply Fan မလည်❗
2️⃣ Harddisk အလုပ်လုပ်သံမကြား❗
3️⃣ CPU Fan မလည် ❗
အဲ့လိုအခြေအနေတွေဖြစ်နေပီဆိုရင်တော့ အောက်ပါ Instruction အတိုင်း သွားစစ်ကြည့်ပါ.....
1️⃣ ပထမအဆင့်အနေနဲ့ PC က Power ခလုတ် ကောင်းမကောင်းသိဖို့အတွက် Motherboard မှာ join ထားတဲ့ Casing က Power ခလုတ်ကြိုး ကိုဖြုတ်လိုက်ပါ (Power ခလုတ်ကြိုး မဖြုတ်ခင် Power Supply က Power ကြိုးအရင်ဖြုတ်အုံးနော် 😜😜 ဓာတ်လိုက်မှာစိုးလို့) ပီးရင် Screw Driver နဲ့ Motherboard က Power SW ဆိုတာလေးကို short လုပ်တဲ့အခါ ပြန်တက်လာရင်တော့ Casing က Power ခလုတ်မကောင်းလို့ Computer မတက်တာဆိုပီး ဒီအဆင့်နဲ့တင်အဆင်ပြေသွားပါပီ ... {‼️ short လုပ်ကြည့်တာလည်းမတက်သေးဘူးဆိုရင်တော့ နောက်တစ်ဆင့် ထပ်စမ်းကြည့်လိုက်ပါအုန်း ‼️}
2️⃣ ဒုတိယအဆင့်အနေနဲ့ကတော့ Power Supply မကောင်းဘူးလို့ယူဆပီး Power Supply ကောင်းမကောင်းကို စမ်းကြည့်ပါမယ် .... အရင်ဆုံး Power Supply က AC Power ယူထားတာကိုဖြုတ်ပီး Power Supply ကနေ Power ပေးထားတဲ့ Motherboard, Hard Disk, Drive စတဲ့ Power ကြိုးတွေ အားလုံးဖြုတ်လိုက်ပီး Motherboard ကို Power ပေးတဲ့ P1 Connector က အစိမ်းကြိုးနဲ့အမဲကြိုး ကို Paper Clip လေးနဲ့ ထိုးထားပီး Power Supply ကို AC Power ပေးလိုက်ပါ... Power Pupply Fan မလည်ပါက Computer မတက်တာ Power Supply ကြောင့်လို့ ယူဆပီး Power Supply လဲစမ်းကြည့်ရင် ကောင်းသွားပါလိမ့်မယ်... {‼️ အဲ့လိုမဟုတ်ဘဲ Power Supply ကကောင်းနေရင်တော့ နောက်ထပ်တစ်ဆင့် ထပ်စမ်းကြည့်လိုက်ပါအုန်း ‼️}
3️⃣ ဒီအဆင့်မှာတော့ RAM ကို သံသယဝင်ရပါတော့မယ်... ပုံမှန်ဆိုရင်တော့ RAM မကောင်းတာတဲ့အခါမှာ Bios အမျိုးအစားပေါ်မူတည်ပီး Beep Code လေးတွေ အသံမြည်လေ့ရှိပါတလ်...(❗တစ်ခါတစ်လေ Beep သံ မထုတ်ပေးဘဲ ဖြစ်နေတာမျိုးတွေလည်းရှိတတ်ပါတယ်...❗) ဒါကြောင့် RAM ကို အခု သေချာစစ်ပေးရတော့မယ် ... RAM Slot ကို သေချာ သန်ရှင်းရေးလုပ်ပီးရင် RAM က ရွှေရောင်ကြည်းချောင်းလေးကို ခဲဖြတ်လေးနဲ့ သုတ်ပေးပီး သေချာပြန်စိုက်ပီး Power ပြန်ပေးကြည့်မယ်... အဲ့လိုလုပ်တဲ့အခါကိုမှ မရသေးရင်တော့ အဲ့ RAM ကို တခြား Computer တစ်လုံးမှ သင့်လျော်တဲ့ RAM Slot မှာ စမ်းကြည့်ကာ Computer တက်လာရင်တော့ RAM ကောင်းတာကြောင့် Computer မတက်သေးတဲ့စက်မှာ ပြန်တက်ပီးရင် နောက်တစ်ဆင့်နဲ့ ထပ်စမ်းကြည့်ရပါမလ်......
4️⃣ ဒီအဆင့်မှာတော့ COMS Setting ကို Reset ချပေးရပါမယ် COMS Battery လေးကို ဖြုတ်ပီး 5 minute လောက်ထားပီးရင်ပြန်တက် အဲ့မှာ COMS က မီး အားအတက်အကျကြောင့် ကြောင်တာဆိုရင်တော့ ဒီအဆင့်မှာတင် Computer တက်သွားနိုင်တယ် မတက်သေးရင်တော့ နောက်တစ်ဆင့်ထပ်စမ်းကြည့်ပါအုန်းမလ် ....
⚠️ Hard Disk, DVD Drive တွေကြောင့်တော့ Computer မတက်လောက်တဲ့အထိ မဖြစ်နိုင်ပါဘူး.....
5️⃣ Motherboard ကြောင့်လို့ယူဆကြည့်ပါမယ်။ Motherboard ကို Casing နဲ့ Join ထားတဲ့ Screw လေးတွေ short ဖြစ်နေရင်လည်း PC မတက်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် Motherboard ကို ဖြုတ်ပီးရင် ဖော့ တစ်ခုခုပေါ်တင်ထား Motherboard နဲ့ join ထားတဲ့ Hard Disk တွေ DVD Drive တွေ Casing ကလာတဲ့ LED SW တွေ Power SW တွေ အကုန်ဖြုတ်ပီးတော့ Motherboard, Power Supply, RAM, CPU, Video Card ဒါပဲရှိတော့မယ် (‼️Power Supply ကလာတဲ့ P1 connector နဲ့ P4 Connector ကိုတော့ Motherboard မှာ Power ပေးရမယ်နော်‼️)
ပီးရင် Power Supply ကို AC Power ပေးပီး Motherboard ပေါ်က Power SW ကို Short လုပ်ကြည့် Computer တက်လာရင် Motherboard Screw Short ဖြစ်နေလို့ပါ..... သေချာလေး Casing မှာ Screw ပြန်တက်ပေးလိုက်ရင် ကောင်းသွားပါလိမ့်မယ် ... (မကောင်းသေးဘူးဆိုရင်တော့ Motherboard ပျက်နေပီဟုယူဆရပါမယ်)
သေချာသွားအောင် တစ်ခြားအမျိုးအစားတူ PC တစ်လုံးမှာ ပစ္စည်းတွေဖြုတ်တပ်ကြည့်ပီးတော့ Computer တက်သွားရင်တော့ Motherboard ကြောင့် မတက်သေးရင်တော့ Motherboard ကောင်းပီး CPU ပျက်နေတာသေချာသလောက်ဖြစ်နေပါပီ... CPU က အပျက်နည်းလို့နောက်ဆုံးအနေနဲ့ စမ်းကြည့်ရတာပါ... CPU ဖြုတ်ပီး တခြား Socket တူ Motherboard မှာ သေချာအောင်စမ်းကြည့်ပါ Board မတက်ဘဲနေပါလိမ့်မယ်......
ဒါကတော့ Computer မတက်တဲ့အခါမှာ အခုမှစပီးတော့ လေ့လာနေတဲ့ Beginner တွေအတွက် ရည်ရွယ်ပီး အကြမ်းဖျင်း ရှင်းပြပေးထားတာဖြစ်ပါတလ်..... ဖြစ်ဖူးတာလေးတွေနဲ့ တွဲပီး ရှင်းပြပေးထားတာပါ....
ယခုဖော်ပြထားသော အကြောင်းအရာသည် page မှ ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါတလ် ....

28/12/2021

1️⃣ Power Supply Fan မလည်❗
3️⃣ CPU Fan မလည် ❗

...

04/02/2021

VPN အကြောင်းသိကောင်းစရာ နှင့်အသုံးပြုနည်း..
Virtual Private Network ကို ဆိုလိုခြင်းဖြစ်ပါတယ်။ Virtual Private Network ဆိုတာ ဘာလဲ. . .?
VPN ဆိုတာ. . .
ကိုယ့်ကွန်ပြူတာကနေ ပို့လွှတ်လိုက်တဲ့ Data တွေကို
အင်တာနက်ထဲမှာ ကိုယ်ဘာလုပ်နေတယ်ဆိုတာတစ်ခြား
သူတစ်ယောက် ( သို့မဟုတ် ) အဖွဲ့အစည်းတစ်ခုကနေ
ကြားဖြတ် ဖမ်းယူကြည့်ရှုလို့ မရအောင် Data တွေကို
VPN Server တွေကနေ Encrypt လုပ်ပစ်ပြီး အင်တာ
နက်ထဲမှာ ကိုယ့်ရဲ့ လှုပ်ရှားသွားလာမှုကို လုံခြုံစေ
အောင် စီမံခန့်ခွဲပေးပါတယ်။
လုံခြုံမှု အဆင့်မြင့်မားတဲ့ VPN တွေမှာဆိုရင် ကိုယ်
အင္တာနက္ထဲမွာ လည္ပတ္သြားလာတဲ့ Browsing
History တွေကိုတောင် Record လုပ်ထားတာမျိုး
မရှိပါဘူး။ဒါ့ကြောင့် သဘောက ကျွန်တော်တို့မှာ IP
Addresses တွေရှိပြီး ISP နဲ့ ဆက်သွယ် လုပ်ကိုင်နေ
ရတယ် ဆိုပေမယ့် VPN ရဲ့ ကာကွယ်ပေးထားမှုကြောင့်
ကျွန်တော်တို့တွေက အင်တာနက်ထဲမှာ Anonymous
User သဘောမျိုး ဖြစ်နေမှာပါ။
ဖုန်းမှာဘာလို့ VPN သုံးတာလဲဆိုတာကတော့. . .
Play Store က Latest Update တွေ လိုချင်လို့ရယ်
Play Store မှ Games တွေ Application တွေကို ဝယ်ဖို့
အတွက်ရယ်ကြောင့်ပါ။
မြန်မာပြည်ကနေ Play store ကို ဝင်ရင် Free Application
တွေလောက်ပဲ ဒေါင်းလုပ် လုပ်လို့ရမှာဖြစ်ပြီး၊ပိုက်ဆံ
ပေးရတဲ့ Application တွေ တခြားနိုင်ငံထုတ်တဲ့ Application တွေကို မြင်ရမှာမဟုတ်ပါဘူး။
မြင်ရလျှင်လဲ Loaction Error ကြောင့် Download
လုပ်ပြီး အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။
အခြားခြားအမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့
VPN ကို အသုံးပြုလေ့ရှိပါတယ်။နောက်တစ်ခု လိုအပ်
တာလေးတွေကို Freedom ခံပြီး သုံးဖို့ရယ် အတွက်ဆို သဘောပေါက်မယ်လို့ ထင်ပါတယ်။Application APK
တွေ အသုံးပြုပြီးမှ VPN အသုံးပြုလို့ ရတာမဟုတ်ပါ
ဘူးခဗျာ Application တွေ မပါပဲနဲ့လဲ VPN အသုံး
ပြုလို့ ရပါတယ်။
For Android
၁။Setting > More > VPN ကို သြားပါ။Box တစ္ခုက်
လာပြီး Password တစ်ခု ပေးခိုင်းပါလိမ့်မည်။OK နှိပ်ပါ
Parttern, PIN, Password, Gesture ထဲမွ တစ္ခုခုကို
ရွေးချယ်ပြီး Password တစ်ခု တည်ဆောက်ပေးလိုက်ပါ
,ထို Password သည် LockScreen အထိသက်ရောက်
ပါတယ်။
၂။Password ပေးပြီးရင် VPN Main Page ကိုရောက်
ရှိသွားပါပြီ။VPN Main Page ရောက်သွားပေမဲ့ Server
တစ်ခုမျှ ရှိဦးမည်မဟုတ်ပါ။ကျနော်တို့ အသုံးပြုခြင်တဲ့
နိုင်ငံက Server ကို လှမ်းချိတ်ဆက် ရမည်ဖြစ်ပါတယ်။
ကျနော်ကတော့ US VPN Server တစ်ခုကို ချိတ်ဆက်
ပြပါမယ်။ဤနည်းဖြင့် အခြားနိုင်ငံ VPN Server များကို
ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါသည်။
၃။VPN Main Page မှ အပေါ် ညာဘက်ထောင့်နားက
အပေါင်းပုံကို တစ်ချက်နှိပ်ပါ။
၄။Box တစ်ခု ကြလာပါလိမ့်မည်. Save လုပ်ပေးဖြည့်ပေးလိုက်ပါ
၅။ထိုအခါ Server တစ်ခုကို ချိတ်ဆက်ဖို့အတွက်
Virtual Private Network တစ်ခုကို မိမိကိုယ်တိုင်
တည်ဆောက်လို့ ပြီးပါပြီခဗျာ။
၆။မိမိဖုန်းရဲ့ Mobile Data ကို ဖွင့်ပါ။ပြီးရင် VPN Book ကို တစ်ချက်နှိပ်ပါ။ထိုအခါ
Username နှင့် Password လာတောင်းပါလိမ့်မည်။
Username – VPN Book Password – DewuwrA2 ကုိ
ဖြည့်ပေးလိုက်ပါ။ပြီးရင် Save Account Information ကို
On ပြီး Connect ကို နှိပ်လိုက်ပါ။
၇။ စတင်ပြီး Server Connection ရရန် ချိတ်ဆက်နေ
ပါလိမ့်မယ်။
၈။ချိတ်ဆက်မိပြီဆိုပါက ဘယ်လက်အပေါ်တွင်
သော့ပုံလေး ပေါ်လာပါလိမ့်မည်။
၉။ထိုအခါ Setting > Application > Google Play Store
ကို သြားၿပီး Clear cache/ Clear Data/ Force Stop
သုံးခုလုံးကို နှိပ်ပေးလိုက်ပါ။ပြီးပါက Play Store
ပြန်ဝင်ကြည့်ပါ။ထိုအခါ US မှာ အသုံးပြုတဲ့အတိုင်း Play Store မှာ အသုံးပြုနိုင်ပါပြီ။VPN Book Offical
Websit မှာ လေ့လာနိုင်ပါတယ်။VPN Book ကဲ့သို့
Website ပေါင်းများစွာ ရှိပါတယ်။ရှာဖွေအသုံးပြု
နိုင်ပါတယ် ခဗျာ။

Ref: //WHO I M - Hacker

06/12/2020
UEFI mode နဲ့ Legacy BIOS ဘာကွာခြားလဲ …?UEFI ဆိုတာ Unified Extensible Firmware Interface ဆိုတာရဲ့ အတိုကောက်ဖြစ်ပါတယ်။Boo...
02/10/2020

UEFI mode နဲ့ Legacy BIOS ဘာကွာခြားလဲ …?

UEFI ဆိုတာ Unified Extensible Firmware Interface ဆိုတာရဲ့ အတိုကောက်ဖြစ်ပါတယ်။
Booting Process တွေကိုလေ့လာတဲ့နေရာမှာ UEFI ဆိုတာကို ကျော်သွားလို့မရတာကိုတွေ့ရမှာပါ။ UEFI ကိုနားလည် အောင်ပြောပြရမယ်ဆိုရင်တော့ Computer ထုတ်လုပ်တဲ့ Company တွေ သူတို့ရဲ့ Computer မှာတပ်ဆင် ထားတဲ့ Device တွေရဲ့ Booting Process တွေ၊ Operation System နဲ့ Platform
Firmware တွေကို အဆင့် မီစီမံ ခန့်ခွဲနိုင်ရန် ထုတ်လုပ်ထားတဲ့ Firmware ရဲ့ Software Interface တစ်ခု လို့ပြောလို့ရပါတယ်။ UEFI ဟာ IBM ကထုတ်တဲ့ Basic Input/Output System (BIOS) Firmware ကိုအစားထိုးဖို့ထုတ်ထားဆိုလဲ မမှားပါဘူး။

UEFI က BIOS အတွက် Legacy ကိုပါ Support လုပ်ပေးနိုင်ပါတယ်။ နောက်ပြီး UEFI က Operation System မရှိသေးတဲ့ Computer မှာပါ Remote Diagnositics နဲ့ Repair ပါလုပ်ပေးနိုင်ပါသေးတယ်။ Intel က Microsoft Windows မှ Data Format တွေနဲ့ Practices တွေကိုသုံးပြီး EFI (Extensible Firmware Interface) Specification ကို ထုတ်ခဲ့ပါတယ်။ အဲဒီ UEFI ကို 140 ကျော်သော နည်းပညာ Company ကြီးတွေ (Microsoft Company အပါအ၀င်) တို့ကBIOS က Software interoperability နဲ့ Address Limitations တွေကိုပိုမိုကောင်းမွန်းအောင် design ဆွဲပြီးထုတ်ထားတာဖြစ် ပါတယ်။ UEFI က BIOS ထက်ပိုကောင်းတဲ့ အချက်တွေကတော့

၁။ UEFI က BIOS ထက် ပိုပြီး လုံခြုံရေးကောင်းမွန်ပါတယ်။ Pre Startup နဲ့ Pre boot စနစ်တွေသုံးထားလို့ bootkit attacks တွေရန်က ကာကွယ်နိုင်ပါတယ်။

၂။ UEFI မှာ Hibernation လုပ်ထားပြီး Resuming လုပ်တဲ့အခါပိုမိုမြန်လာပါတယ်။

၃။ UEFI မှာ BIOS ထက် ပိုပြီး ပမာဏ များတဲ့ Drive တွေကို တပ်ဆင်နိုင်မှာဖြစ်ပါတယ်။ UEFI မှာ 2.2 TB ( 2200 GB ) အထက်ရှိတဲ့ Hard Disk တွေကိုတပ်ဆင်နိုင်ရန်ထောက်ပံ့ထားပါတယ်။

၄။ System က17.2 Billion Gigabytes အသုံးပြုနိုင်တဲ့ address ကိုထောက်ပံ့ပေးနိုင်တဲ့ 46-bit Firmware Device Drives ကို UEFI မှာအသုံးပြုနိုင်ပါတယ်။

၅။ UEFI Hardware မှာတောင် BIOS ကို အဆင်ပြေစွာအသုံးပြုနိုင်ပါတယ်။

၆။ UEFI မှာ MBR (Mastar Boot Record) ကိုမသုံးတော့ပဲ နောင်အနာဂါတ်မှာ ခေါတ်စားလာမည့် GUID Partition Table (GPT) ကိုပဲ အသုံးပြုအောင်လုပ်ထားပါတယ်။ ဘာလို့လဲဆိုတော့ GTP Partition ဟာ Firmware Layer ကို ပမာဏဏ အရမ်းများတဲ့ Disk တွေကို Support လုပ်ပေးပါတယ်။

၇။ UEFI ဟာ မည်သည့် boot loading task ကိုမဆို Operation System ထဲမှာပဲ တစ်ခါတည်းပြီးသွားမည့် ရှေးရိုး Boot Loader တွေကို သုံးနိုင်ပါတယ် (Safe Mode မှာ မေးထားသလိုမျိုး)။ အကျိုးကျေးဇူးကတော့ Safe Mode မှာတွေ့ရသလို Options အများကြီးမတွေ့ရတော့ဘဲ၊ သူ့တစ်ခုတည်းမှာပဲ အစုံပါလာမှာဖြစ်ပါ တယ်။

၈။ UEFI ဟာ BIOS နဲ့ Operation System ကြားက Interface တစ်ခုအနေနဲ့ BIOS ပေါ်မှာတပ်ဆင် အသုံး ပြုနိုင်မှာဖြစ်လို့ BIOS ကို ပြောင်းလဲစရာမလိုပါဘူး။ သူ့မှာ Hardware တွေအတွက် Standardized View တွေပါ၀င်ပါတယ်။ ဒါကြောင့် Operation System ပြုလုပ်ရေးဆွဲ သူတွေကို သူတို့ရေးဆွဲလိုက်တဲ့ OS တွေကို အမျိုးမျိုးသော Motherboard တွေမှာ အသုံးပြုနိုင်စေရန် ရေးဆွဲနိုင်မှာဖြစ်ပါတယ်။

၉။ UEFI ဟာ တော်တော်များများက စက်ရုံထုတ်ပစ္စည်းတွေကို ထောက်ပံ့ပေးထားပြီဖြစ်ပါတယ်။ UEFI Standards အဖွဲ့အစည်းမှာ Intel, AMD, Apple, Microsoft နဲ့ အခြား BIOS နဲ့ Motherboard ထုတ်လုပ် တဲ့ Companey တွေပါ၀င်ပါတယ်။ ဒါကြောင့် နောက်ထပ် ထွက်မည့် ခေါတ်မီ Operation System တွေမှာ UEFI ဟာ အားလုံးကိုက်ညီမှာဖြစ်ပါတယ်။

၁၀။ UEFI မှာ အဓိက ပစ်မှတ်ထားတာကတော့ Driver တွေပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ Device Driver တွေကိုရေးဆွဲတဲ့ သူတွေအတွက် အမျိုးမျိုးသော Platforms အတွက် အများကြီး ထပ်ရေးစရာမလိုတော့ပါဘူး။ ဥပမာ Motherboard တစ်ခုရဲ့ North Bridge နဲ့ Sourth Bridge တွေအတွက် Driver ဟာ Linux Platform မှာ Run သလို Windows Platform မှာလဲ အဆင်ပြေပြေ Run နိုင်အောင် UEFI က ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အကယ်လို့ သင်ဟာ Windows သုံးတဲ့သူဆိုရင် အဲဒါဟာ အဓိက ပြဿနာဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Windows 8 ကနေစပြီးတော့ Driver တွေဟာ x64 နဲ့ ARM architecture အနေနဲ့ Run နိုင်နေပြီပဲဖြစ်ပါ တယ်။

Credit : ICT

17/10/2019

Networking Technologies များကို လေ့လာ ကြည့်ကြပါစို့

ကျွန်တော်တို့ Networking Technologies များကို လေ့လာတဲ့အခါသီအိုရီ ရော၊လက်တွေ့ရော နှစ်ခုလုံး ကျွမ်းကျင် ဖို့ လိုပါသည်။နှစ်ခုစလုံး ကျွမ်းကျင်မှ troubleshootingလုပ်တဲ့အခါ အဆင်ပြေမည် ဖြစ်ပါသည်။
အခု Logical ပဲ ၇ှိတဲ့ Protocols များအကြောင်းကို အခြေခံသဘောပဲ ပြောပြပေးမည်ဖြစ်သည်။ ကျွန်တော် က Network Engineer တစ်ယောက်မဟုတ်တဲ့အတွက် Advanced အထိ မပြောပြနိင်ဘူး ။ networking ကို ၀ါသနာပါလို့ေ၇းလိုက်ခြင်းဖြစ်ပါသည် ။ Protocols ဆိုတာ ဘာလဲ ?အင်တာနက်ပဲသုံးသုံး ၊ နက်ဝက် အတွင်း မှ pc to pc ပဲ သုံးသုံး ၊ Online Game ပဲ ဆော့ဆော့ ကျွန်တော်တို့ Protocols က ကြားခံ ComputerLanguage တစ်ခု ပါပဲ ။ Protocols ကို အသုံးပြူပြီး ကွန်ပျူတာ တစ်လုံးက တစ်လုံး၊ နက်ဝက် တစ်ခု ကနေ တစ်ခု သို့ ဆက်သွယ်အသုံးပြူရဖြစ်ပါသည် ။ Networking အတွက် Protocols က အခြေခံ အကျ ဆုံး ဖြစ်ပါသည် ။ Protocols တွေက Protocol တစ်ခုချင်းဆီမှ port တစ်ခုတွဲပြီးအလုပ်လုပ်တာ ဖြစ်ပါ သည် ။ Protocol ဆိုတာနဲ့ Port တွေလည်း သိဖို့ လိုအပ်ပါ သည် ။ Port ကလည်း logically ဖြစ်ပြီး CommunicationsEnd Point တစ်ခုဖြစ်ပါသည် ။ Port number သည် 16bit ၇ှိသည်အတွက် 2 to the power 16 (0-65536)အထိ ၇ှိသည်ဟု ယူဆနိင် သည် ။ IANA(Internet Assigned Number Authority ) က သတ်မှတ်ပေးပါသည် ။ ကဲ အသုံးများသော protocols နဲ့ port တွေ အကြောင်း ကိုလေ့လာကြည့်အောင် ..

*Transport Control Protocol/Internet Protocol(TCP/IP) Protocols ဆိုတာကတော့ internet တစ်ခုလုံးကို ထိန်းချူပ်မောင်းနှင်တဲ့ Protocol
ဘဲဖြစ်ပါသည် ။

*Internet Control Message Protocol(ICMP)ဆိုတာကတော့ Pc တစ်လုံး ကနေတစ်လုံး နက်ဝက် မိမမိ စမ်းသပ် ရမှာသုံးတာဖြစ်ပါသည်။

*Address Resolution Protocol(ARP)သူကတော့ IP Address ကနေ MAC address ကို ပြောင်းလဲပေး ပါသည် ။

*Domain Name System(DNS) ဆိုတာကတော့ name to ip ကိုပြောင်းပေးတာပါ ။ ၀က်ဆိုက်တစ်ခု ip တစ်ခု၇ှိ ပါတယ် ။ name နဲ့ခေါ်လို့ရအောင် DNS က လုပ်ဆောင်ပေးတာပါ ခင်ဗျာ ..

*ံHpertext Transport Protocol(HTTP)သူကတော့ ကျွန်တော်တို့ websiteတွေ ကြည့်လို့ရအောင် လုပ်ဆောင်ပေးပါသည် ။

*File Transfer Protocol(FTP)ဆိုတာက fileတွေ ဒေါင်းလုတ်ဆွဲ ဖို့ လုပ်ဆောင်ပေးပါသည်။

*Simple Mail Transfer Protocol(SMTP) သူကတော့ Email ပို့ရာမှ အသုံးပြူပါသည် ။

*POP3(Post Office Protocol)သူကတော့ E-mail လက်ခံ၇မှသုံးပါသည် ။

*Telnet ကတော့ remote terminal Protocol အမျိုးအစားဖြစ်ပါသည် ။

* Dynamic Host Configuration Protocol (DHCP)ဆိုတာက IP address တွေ auto assigned လုပ်ပေးသော Protocol ဖြစ်ပါသည်။

အခုဖော်ပြပါ Protocols များသည် TCP/IP protocol suite နဲ့အတူတကွ အလုပ်လုပ်သော Protocols များ ဖြစ်ပါသည် ။

Common Protocol Suite

*TCP/IP (all Platform)

*IPX/SPX ( Novel Netware)

*NetBIOS/NetBEUI (Microsoft)

*Apple Talk (Mac)

Protocol Port

FTP 21
Telnet 23
DNS 53
SMTP 25
POP3 110
HTTP 80
DHCP 68
SSH 22
Proxy 8080

netstat -an command ဖြင့် Port linstening လုပ်လို့၇ပါသည် ။
အားလုံးအဆင်ပြေကြပါစေ ..

From: မောင်စွယ်စုံကျမ်း

15/09/2019

Bus အကြောင်း သိကောင်းစရာ

Bus ဟာ motherboard ပေါ်မှာရှိတဲ့ Hardware Components တွေတစ်ခုနဲ့ တစ်ခုဆက်သွယ်နိုင်ဖို့ အတွက်သုံးပါတယ်။ Bus ဆိုတာ physical connections ဖြစ်တဲ့ Cable နဲ့  Circuit ဖြစ်ပါတယ်။ ကွန်ပျူတာ တစ်လုံးလုပ်ဆောင်မှုအပိုင်း၌ Data တွေသယ်နိုင်မဲ့ Bus ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ Bus တွေဟာ Data တွေကို ပို့ဆောင်ပေးသော အစိတ်အပိုင်းများဖြစ်ကြပြီး အဓိကအားဖြင့် Processorနှင့်အခြား Component များ အကြား Bus မှတစ်ဆင့် Data များ ပို့ဆောင်ပေးပါတယ်။ တစ်ခါတစ်ရံ ကွန်ပျူတာ နှစ်လုံးကြား ဆက်သွယ်မှုအပိုင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ပါတယ်။

အစောပိုင်းကာလ ကွန်ပျူတာ Bus များဟာ Parallel Electrical Bus အမျိုးအစားဖြစ်ပြီး ၎င်းဟာ Connection များစွာဖြင့် ချိတ်ဆက်ထားပါတယ်။ ဒါပေမယ့် ယနေ့ခေတ် မှာတော့ Bus တည်ဆောက် ပုံကို ပြင်ဆင်ခဲ့ပြီး ကွန်ပျူတာအတွင်းရှိ Bus များဟာ Parallel အနေဖြင့်ရော Bit-Serial Connection အနေဖြင့် ပါအသုံးပြုလာနိုင်ပါတယ်။ Bus များဟာMotherboard ပေါ်ရှိ (Electrical Pathway) တွေဖြစ်ကြပြီး ၎င်းအစုအဝေးများကို Trace ဟုလည်း ခေါ်ဆိုနိုင်ပါတယ်။ Bus များဟာ Parallel အနေဖြင့် Data များကို သယ်ဆောင်ပေးနိုင်သလို Serial အနေဖြင့်လည်း Data များအား Bit-Serial ပုံစံဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ထို့ပြင် Bus များဟာ Motherboard ပေါ်တွင် Video Card, Sound Card စသည်ဖြင့် Extra Card များချိတ်ဆက်တပ်ဆင် ရာမှာလည်း Bus များဟာ အဓိက လုပ်ဆောင်ပေးရပါတယ်။

Serial Bus အများစုတွင် Conductor အများအပြားပါဝင်ကြပြီး ၎င်းတို့ပို့ဆောင်နိုင်သော Data Rateဟာလည်း မြန်ဆန်ကြပါတယ်။ Serial Bus ဟာ Data လွှဲပြောင်းရာ၌ Parallel Bus ထက် ပိုမိုမြန်ဆန်စွာလုပ်ဆောင်နိုင်ပါတယ်။Parallel Bus များကတော့ လုပ်ဆောင်ချက်Function များ bပြားလာသောအခါတွင် အဆင်မပြေတာကြောင့် နောက်ပိုင်းParallel Bus တွေနေရာမှာ Double Pump Bus များကို အစားထိုးအသုံးပြုခဲ့ကြပါတယ်။ ကွန်ပျူတာထဲမှာ Internal နှင့် External Bus ဆိုပြီး Bus နှစ်မျိုးရှိပါတယ်။ Internal Bus ကတော့ ကွန်ပျူတာအတွင်းရှိ Component များ အားလုံး ကို ထို Motherboard ဆီသို့ ပို့ဆောင်ပေးပါတယ်။

ထို့ကြောင့် Internal Bus အား Local Bus ဟု ခေါ်ဝေါ်ပြီး ကွန်ပျူတာအတွင်းရှိ Local Device များကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။ External Bus ကတော့ ပြင်ပမှ လာရောက် ချိတ်ဆက်အသုံးပြုသည့် Device များနှင့်ဆက်သွယ်ရာတွင် အဓိကလုပ်ဆောင်ပေးပါတယ်။ နောက်တစ်ခုက Expansion Bus တွေဟာလည်း External Bus လို့ပြောလို့ရပါတယ်။ Network နှင့် Busများ အကြားကြားခံအနေဖြင့် လုပ်ဆောင်ပေးနိုင်သည့် နည်းပညာနှစ်မျိုးကိုတော့ Infini Band နှင့် HyperTransport ဟုခေါ်ဆိုကြပါတယ်။

Bus ကို တစ်ကြိမ်မှာ ထုတ်လွှတ်နိုင်တဲ့  Data ပမာဏပေါ်မူတည်ပြီး Width အမျိုးအစား ခွဲခြား နိုငbn်ပါတယ်။သူ့ ကို Bits တွေနဲ့ ဖော်ပြပါတယ်။ Bus ရဲ့ ပို့ လွှတ်နိုင်တဲ့ Data အကျယ်အ၀န်းဟာ Bus ပေါ်မှာပါတဲ့  Cable အရေအတွက်နဲ့ တိုက်ရိုက် အချိုးကျပါတယ်။ဆိုလိုတာက 32 Wires ရှိရင် 32 Bits ပေါ့။ နောက်တစ်ချက်ကတော့  Bus Speed ကို Frequency နဲ့ ဖော်ပြပါတယ်။ တစ်စက္ကန့်မှာ ပို့ နိုင်တဲ့  Packets အရေအတွက်ပေါ်မူတည်ပြီးတိုင်းတာတာပါနော်။ ပို့တဲ့ဒါမှမဟုတ်လက်ခံ ရရှိတဲ့ Data တွေကို Cycle လို့ ခေါ်ပါတယ်။

တစ်ဖက်တည်းသွားနိုင်တဲ့  Bus ပါ။Data Bus ကတော့  Processor ဆီကိုသွားတဲ့  , Processor ဆီကလာတဲ အမိန့် တွေကို လက်ခံပေးတာပါ။သူက Direction နှစ်ဘက်သွားနိုင်တဲ့  Bus ပါ။ Control Bus ကို Command Bus လို့ လည်းခေါ်ပါတယ်။ သူက Control Unit တွေဆီကလာတဲ့  Orders တွေနဲ့  Singal တွေကို တခြား Hardware Components တွေ ကို ပို့ ဆောင်ပေးပါတယ်။ သူက Direction အပြန်အလှန်သွားနိုင်တဲ့  Bus ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် Bus တွေအကြောင်း အရေးကြီးတာလေးတွေသိရှိလောက်ပြီထင်ပါတယ်။ အားလုံးပဲ ပျော်ရွှင်ကြပါစေ။

: maynewshub ၀က်ဆိုက်

Power supply ကို Meter တိုင်းခြင်း-----------------------------------------Power supply မှ DCV အပြည့် ထွက်၊မထွက်ကို Mete...
12/09/2019

Power supply ကို Meter တိုင်းခြင်း
-----------------------------------------
Power supply မှ DCV အပြည့် ထွက်၊မထွက်ကို Meter နဲ့ စမ်းသပ်ပြပေးသွားမှာဖြစ်ပါတယ်။ ပထမဦးစွာ Power supply ကို casing အတွင်းမှ ဖြုတ်ယူပြီး P1 connector ကိုWire ကြိုး အစိမ်းနှင့် အနက်ကို ကြေးနန်းကြိုးနှင့် ထိုးထားပါ။ Power supply ကို power onပေးပါ။ ဒါဆို power supply က fan လည်လာပါလိမ့်မယ်။ပထမအဆင့်အနေနဲ့ Power supply ကောင်းမွန်တယ်လို့ ယူဆလို့ရပါတယ်။ Powersupplyကောင်းတာတော့ ဟုတ်ပါပြီ Power supply မှ အထွက် Wire ကြိုးတွေကရောသတ်မှတ်ထားတဲ့ DC volt တွေ အပြည့်ထွက်ရဲ့လား ဆိုတာကို ဒုတိယအနေနဲ့စစ်ဆေးရပါအုံးမယ်။ Power supply က AC မှ DC သို့ ပြောင်းလဲပေးတာ ဖြစ်တဲ့အတွက်မီတာနဲ့တိုင်းတဲ့အခါ DC ကိုသာကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် meter channel ကို DCVolt သို့ ဦးတည်ပြီးလှည့်ပေးရပါမယ်။ ဟုတ်ပြီ။ DC Volt ကို လှည့်ထားပြီးပြီဆိုပါစို့။

မည်သည့် volt ကို တိုင်းမှာလဲ။ မီတာမှာတော့ DC volt ကို 0.5 volt မှ 1000 volt အထိပြသထားပါတယ်။ သင့်လျော်တဲ့ volt အားကို မှန်ကန်စွာ ရွေးချယ်တိုင်းတာရမှာ ဖြစ်ပါတယ်။ကွန်ပျူတာမှာရှိတဲ့ power တွေက အများဆုံး 12V ထိပဲ အသုံးပြုပါတယ်။ အဲဒီတော့သင့်အနေနဲ့ 10 volt ထက်နည်းတဲ့ wire ကြိုးတွေကို 10 volt နဲ့တိုင်းပြီး၊ 12 volt ကိုတော့50 volt နဲ့တိုင်းရပါလိမ့်မယ်။
ကွန်ပျူတာမှာရှိတဲ့ Power supply က wire ကြိုးတွေရဲ့ အလုပ်လုပ်ပုံတွေကိုလည်းသိထားရမှာ ဖြစ်ပါတယ်။ ကြိုးတွေကို အရောင်တွေနဲ့ ခွဲခြားထားပါတယ်။အရောင်တွေမတူသလို volt တွေလည်း မတူပါဘူး။ အရောင်က ခုနှစ်မျိုးရှိပြီး၊ အ၀ါရောင်က+12 volt၊ အနီရောင်က 5 volt၊ လိမ္မော်ရောင်က 3.3 volt၊ အညိုရောင်က 3.3V sense၊အပြာရောင်က -12 volt၊ အဖြူရောင်က -5 volt၊ ခရမ်းရောင်က +5 volt၊ အစိမ်းရောင်က power on၊ မီးခိုးရောင်က power good၊ အမည်းရောင်က ground တို့ဖြစ်ကြပါတယ်။

ဒါကြောင့် ကွန်ပျူတာမှာ 12V ပဲ အများဆုံး သုံးတယ်လို့ ပြောခဲ့တာပေါ့။ Meter channelလေးကို အနီးဆုံး 10V ကို ရွှေ့ပေးလိုက်ပါ။ ဒါဆို စပြီး တိုင်းကြည့်ကြရအောင်။အရင်ဆုံးအနေနဲ့ power connector ကို စစ်ကြပါစို့။ Meter မှ အနီနှင့် အနက် Jerk pinလေးနှစ်ခုကို ယူပြီး jerk pin အနက်ကို P1 connector မှာရှိတဲ့ wire အမည်းကြိုးကိုထိုးထားလိုက်ပါ။ ကြိုက်သည့် အမည်းရောင်ကြိုးမှာ ထိုးနိုင်ပါတယ်။ မီတာက jerk pinအနီကို P1 connector မှ အနီရောင်ကြိုးကို ထိုးလိုက်ပါ။ ဒါဆို မီတာ Box မှာ DCV တွင်+5V ပြပါလိမ့်မယ်။ ဒါဆို power supply က power အပြည့်ထွက်ပါတယ်။ အကယ်၍ 3Vလောက် ပြနေလျင်တော့ power အထွက် မကောင်းတော့ပါဘူး။

၎င်းနည်းအတိုင်းပဲ အခြားသော wire ကြိုးတွေမှာလည်း သတ်မှတ်ထားတဲ့ volt အားထွက်၊မထွက် တိုင်းတာပေးရပါမယ်။ 5V ရှိတဲ့ wire တွေကို တိုင်းတဲ့အခါ 5V ရှိရပါမယ်။ 3.3Vရှိတဲ့ wire တွေကို တိုင်းတဲ့အခါ 3.3V ရှိရပါမယ်။ 12V ရှိတဲ့ wire တွေကိုတိုင်းမယ်ဆိုလျင်တော့ မီတာရဲ့ channel ကို 50V ကို ပြောင်းလဲပြီး ဦးတည်ပေးရပါလိမ့်မယ်။မီထာ box မှာ မီတာကိုကြည့်တဲ့အခါ DC ရဲ့ 10V မှာ ဆိုလျင် 0,2,4,6,8,10 ဆိုပြီး ရှိပါတယ်။သင်က 5V ကို တိုင်းခြင်းဆိုလျင်တော့ မီတာတံလေးက 4 နှင့် 6 ကြားမှာ ပြပါလိမ့်မယ်။ 3.3Vကို တိုင်ခြင်းဆိုလျင်တော့ 2 နှင့် 4 ကြားမှာ ပြပါလိမ့်မယ်။

DC ကို 10V ထက်ကျော်ပြီးတိုင်းမယ်ဆိုလျင်တော့ မီတာရဲ့ channel ကို 50 မှာ ထားရမှာပါ။ 50 မှာ ထားတဲ့အခါ0,10,20,30,40,50 ဆိုတဲ့နေရာတွေမှာ ကြည့်ရမှာ ဖြစ်ပါတယ်။ 12V ကို တိုင်းတာလျင်တော့မီတာတံက 10 နှင့် 20 ကြားမှာ ပြနေပါလိမ့်မယ်။ P4 connector၊ Molex connector၊ Mini-Molex connector တို့ကိုလည်း အထက်ပါ နည်းအတိုင်းပဲ တိုင်းရမှာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ DCV တွေလည်း ထွက်ရမှာ ဖြစ်ပါတယ်။ အဓိက အရေးကြီးတာကတော့မည်သည့် Wire ကြိုးကိုပဲတိုင်းတိုင်း မီတာရဲ့ Jerk pin အနက်ကိုတော့ power supply ရဲ့အနက်ကြိုးမှာပဲ ထိုးထားရမှာ ဖြစ်ပါတယ်။ DC 12V ထိပဲရှိတဲ့အတွက် လူကို အန္တရာယ်မဖြစ်နိုင်ပေမယ့် wire pin များ ပူးသွားလျင်တော့ လျော့ဖြစ်သွားနိုင်ပါတယ်။ သတိထားပြီးကိုင်တွယ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Source: Product of MYDATA Game & Software CD /DVD
အားလုံးအဆင်ပြေပါစေ
Ref: ကိုပေါက် ဘလော့

05/07/2019

Task Manager ကို Run လို့ရအောင်ပြန်လုပ်တဲ့ Batch File ပါ
ဒါကတော့ Task Manager ကို run လို့ရအောင်ပြန်လုပ်တဲ့ batch ဖိုင်ပါ ကော်ပီ ကူးပြီး notepad ထဲထည့်ပါ save တဲ့အခါကျရင် နံမည်ရဲ့နောက်ဆုံးမှာ ( .bat ) လို့ save ပါ Double click နှိပ်ပါ
yes......ok ကျေးဇူးတင်ပါတယ်

‎[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\System]
"DisableTaskMgr"=dword:00000000

ရေးသားသူ ပေသီး (IT Advance)

05/07/2019

Run Command များကို စုစည်းဖေါ်ပြပေးလိုက်ပါတယ်

1. Accessibility Controls - access.cpl
2. Accessibility Wizard - accwiz
3. Add Hardware Wizard - hdwwiz.cpl
4. Add/Remove Programs - appwiz.cpl
5. Administrative Tools - control admintools
6. Automatic Updates - wuaucpl.cpl
7. Bluetooth Transfer Wizard - fsquirt
8. Calculator - calc
9. Certificate Manager - certmgr.msc
10. Character Map - charmap
11. Check Disk Utility - chkdsk
12. Clipboard Viewer - clipbrd
13. Command Prompt - cmd
14. Component Services - dcomcnfg
15. Computer Management - compmgmt.msc
16. Control Panel - control
17. Date and Time Properties - timedate.cpl
18. DDE Shares - ddeshare
19. Device Manager - devmgmt.msc
20. Direct X Troubleshooter - dxdiag
21. Disk Cleanup Utility - cleanmgr
22. Disk Defragment - dfrg.msc
23. Disk Management - diskmgmt.msc
24. Disk Partition Manager - diskpart
25. Display Properties - control desktop
26. Display Properties - desk.cpl
27. Dr. Watson System Troubleshooting Utility - drwtsn32
28. Driver Verifier Utility - verifier
29. Event Viewer - eventvwr.msc
30. Files and Settings Transfer Tool - migwiz
31. File Signature Verification Tool - sigverif
32. Findfast - findfast.cpl
33. Firefox - firefox
34. Folders Properties - control folders
35. Fonts - control fonts
36. Fonts Folder - fonts
37. Free Cell Card Game - freecell
38. Game Controllers - joy.cpl
39. Group Policy Editor (for xp professional) - gpedit.msc
40. Hearts Card Game - mshearts
41. Help and Support - helpctr
42. HyperTerminal - hypertrm
43. Iexpress Wizard - iexpress
44. Indexing Service - ciadv.msc
45. Internet Connection Wizard - icwconn1
46. Internet Explorer - iexplore
47. Internet Properties - inetcpl.cpl
48. Keyboard Properties - control keyboard
49. Local Security Settings - secpol.msc
50. Local Users and Groups - lusrmgr.msc
51. Logs You Out Of Windows - logoff
52. Malicious Software Removal Tool - mrt
53. Microsoft Chat - winchat
54. Microsoft Movie Maker - moviemk
55. Microsoft Paint - mspaint
56. Microsoft Syncronization Tool - mobsync
57. Minesweeper Game - winmine
58. Mouse Properties - control mouse
59. Mouse Properties - main.cpl
60. Netmeeting - conf
61. Network Connections - control netconnections
62. Network Connections - ncpa.cpl
63. Network Setup Wizard - netsetup.cpl
64. Notepad - notepad
65. Object Packager - packager
66. ODBC Data Source Administrator - odbccp32.cpl
67. On Screen Keyboard - osk
68. Outlook Express - msimn
69. Paint - pbrush
70. Password Properties - password.cpl
71. Performance Monitor - perfmon.msc
72. Performance Monitor - perfmon
73. Phone and Modem Options - telephon.cpl
74. Phone Dialer - dialer
75. Pinball Game - pinball
76. Power Configuration - powercfg.cpl
77. Printers and Faxes - control printers
78. Printers Folder - printers
79. Regional Settings - intl.cpl
80. Registry Editor - regedit
81. Registry Editor - regedit32
82. Remote Access Phonebook - rasphone
83. Remote Desktop - mstsc
84. Removable Storage - ntmsmgr.msc
85. Removable Storage Operator Requests - ntmsoprq.msc
86. Resultant Set of Policy (for xp professional) - rsop.msc
87. Scanners and Cameras - sticpl.cpl
88. Scheduled Tasks - control schedtasks
89. Security Center - wscui.cpl
90. Services - services.msc
91. Shared Folders - fsmgmt.msc
92. Shuts Down Windows - shutdown
93. Sounds and Audio - mmsys.cpl
94. Spider Solitare Card Game - spider
95. SQL Client Configuration - cliconfg
96. System Configuration Editor - sysedit
97. System Configuration Utility - msconfig
98. System Information - msinfo32
99. System Properties - sysdm.cpl
100. Task Manager - taskmgr
101. TCP Tester - tcptest
102. Telnet Client - telnet
103. User Account Management - nusrmgr.cpl
104. Utility Manager - utilman
105. Windows Address Book - wab
106. Windows Address Book Import Utility - wabmig
107. Windows Explorer - explorer
108. Windows Firewall - firewall.cpl
109. Windows Magnifier - magnify
110. Windows Management Infrastructure - wmimgmt.msc
111. Windows Media Player - wmplayer
112. Windows Messenger - msmsgs
113. Windows System Security Tool - syskey
114. Windows Update Launches - wupdmgr
115. Windows Version - winver
116. Windows XP Tour Wizard - tourstart
117. Wordpad - write
ရေးသားသူ ပေသီး (IT Advance)

05/07/2019

Command Line ကနေ IPv4 ပေးရအောင်
အခု command line ကနေ IP ပေးတာကိုပြောပြမှာဖြစ်ပါတယ် လွယ်အောင်လို့ Batch File သဘောမျိုးနဲ့ ရေးပြပေးထားပါတယ် နားလည်တဲ့ သူတွေကတော့ အဆင်ပြေပြီး နားမလည်တဲ့သူတွေ အဆင်မပြေဖြစ်မှာ စိုးလို့ပါဗျ ... အောက်မှာ ဖော်ပြထားတဲ့ Coding လေးတွေအားလုံးကို Notepad ပေါ်ကို ကူးတင်လိုက်ပြီးတော့ ( FileName.bat ) ဆိုပြီးအဆင်ပြေတဲ့ နေရာမှာ သိမ်းလိုက်ပါဗျ .... ပြီးရင်တော့ အဲဒီ File လေးကို Double Click နှိပ်ပြီး IP ပေးလို့ ရပါပြီဗျ .. တစ်ခုရှိတာက အဲဒီမှာ ကိုယ့်စက်ရဲ့ Network Adapter ကိုရွေးပေးရပါတယ်.... File လေးကိုဖွင့်လိုက်တာနဲ့ ကိုယ့်စက်မှာ ရှိနေတဲ့ Network Adapter တွေ List နဲ့ ကျလာပါလိမ့်မယ်ဗျ... အဲဒီမှာ ကြည့်ပြီး Name ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Local Area Connection အတွက်ဆိုရင် Idx ဆိုတဲ့ ခေါင်းစဉ်အောက်ကို သွားကြည့်ပြီး Network Idx: မှာရိုက်ထည့်ပေးလိုက်ပါဗျ..
အဲနောက်မှာတော့ IP Address, Subnet Mask, Default Gateway တို့ ပေးရပါမယ် .... ဒါပါပဲဗျ
အထဲက Coding တွေကိုတော့ နာလည်တဲ့ သူတွေ အလွယ်တကူကြည့်နိုင်အောင် ဖွင့်ချပြီးပဲရေးပေးထားပါတယ်ဗျ .... ကျေးဇူးတင်ပါတယ်ဗျ ...

off
Title IPV4 IPconfig
color 0b
cls
netsh interface ipv4 show interfaces
echo.
set /P name=Choose network Idx:
echo.
set /P address=Set IPV4 Address:
echo.
set /P mask=Set SubNet Mask:
echo.
set /P gw=Set Gateway:
echo.
netsh interface ipv4 set address name=%name% address=%address% mask=%mask% gateway=%gw%
echo Your IPv4 setting is Complete Successfully ...
pause > nul

ရေးသားသူ ပေသီး (IT Advance)

Address

หน้าวัดเวียงแก้วท่าขี้เหล็ก
Tachileik

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

08453579

Alerts

Be the first to know and let us send you an email when AST System Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AST System Technology:

Share