M network solution

M network solution � သင့်အချက်အလက်ကို ကာကွယ်ဖို့၊ သင့်အင်တာနက်ကို လွတ်လပ်စွာ အသုံးပြုဖို့ — ကျွန်တော်တို့ VPN နဲ့ စတင်လိုက်ပါ။

28/07/2026

အင်တာနက်သုံးရတာ လိပ်ထက်နှေးနေလို့ စိတ်ညစ်နေလား? Facebook, TikTok, YouTube နဲ့ Game တွေကို စိတ်ကြိုက် ဇိမ်နဲ့ သုံးချင်ပါသလား?

Premium VPN Server တွေကို ဈေးနှုန်းအသက်သာဆုံးနဲ့ ရှာနေတယ်ဆိုရင်တော့ အမှန်ကန်ဆုံးနေရာကို ရောက်လာပါပြီ။ 😎

⚡️ Outline | Hiddify | V2Ray High-Speed VPN ⚡️
လစဉ်ကြေး: တစ်လလုံးမှ ၆,၀၀၀ ကျပ်တည်းခွင့် (နေ့တိုင်း ကော်ဖီတစ်ခွက်ဖိုးတောင် မရှိဘူးနော်!)
မြန်နှုန်း: 4K Video တွေကိုပါ Buffering မရှိ ဖြုန်းခနဲ ဖြုန်းခနဲ ကြည့်နိုင်မယ့် 1Gbps High Speed။
လုံခြုံမှု: မိမိရဲ့ Data တွေကို ရာနှုန်းပြည့် လုံခြုံမှုပေးမယ့် စိတ်ချရတဲ့ Private Server များ။

အဆင်ပြေမှု: Android, iOS, Windows, Mac ကြိုက်တဲ့ Device မှာ အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်ခြင်း။
လိုင်းဆွဲအားအကောင်းဆုံး နိုင်ငံစုံ Server တွေကို အာမခံချက်အပြည့်နဲ့ ရောင်းချပေးနေတာမို့ အမြန်ဆုံး အားပေးလိုက်တော့နော်။

Cloud Server တွေဘယ်လိုအလုပ်လုပ်လဲ ဘာအတွက်သုံးလဲCloud Server ဆိုတာဘာလဲ?အရင်ခေတ်မှာဆို Company တစ်ခု run မယ်ဆိုရင်Server m...
06/05/2026

Cloud Server တွေဘယ်လိုအလုပ်လုပ်လဲ ဘာအတွက်သုံးလဲ

Cloud Server ဆိုတာဘာလဲ?

အရင်ခေတ်မှာဆို Company တစ်ခု run မယ်ဆိုရင်
Server machine တွေကို office ထဲမှာတင်ထားရတယ် (on-premise)

ဒါပေမယ့် Cloud ဆိုတာကတော့
👉 Server ကို ကိုယ့် office ထဲမှာမထားတော့ဘူး
👉 Internet ပေါ်မှာ rent လုပ်သုံးတာ

ဥပမာ –
Google Drive, Facebook, TikTok
ဒီတွေက Cloud server ပေါ်မှာ run နေတာ

Cloud Server ဘယ်လိုအလုပ်လုပ်လဲ?
အမှန်တကယ်မှာ
👉 Data center ကြီးတွေထဲမှာ physical server တွေရှိတယ်
👉 အဲ့ဒီ server တွေကို Virtualization နဲ့ ခွဲပြီး
👉 VM (Virtual Machine) အနေနဲ့ Client တွေကိုပေးတယ်
Client side မှာ
👉 Remote login (SSH / RDP) နဲ့ ဝင်သုံးလို့ရတယ်
👉 ကိုယ့် server လိုပဲ control ရတယ်
ဆိုတော့
👉 ကိုယ်က hardware မဝယ်ရတော့ဘူး
👉 Internet ရှိရင်ဘယ်နေရာမဆို access လုပ်လို့ရတယ်

ဘာအတွက်သုံးလဲ? (Use Cases)
--------------------------------
1 . Website / App Hosting
2 . Data Storage & Backup
3 . Business System
4 . VPN / Network Solution

Cloud ရဲ့ အားသာချက်
----------------------
👉 No upfront cost – Server ဝယ်စရာမလို
👉 Scalable – user တိုးရင် resource တိုး
👉 High availability – downtime နည်း
👉 Security – data center level protection
👉 Pay as you use – သုံးတာနဲ့ပဲပေး

VPS service များလို အပ်ပါက ကျနော် တို့ M Network Solution ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျ...

Microsoft ISA Appliance Firewall ဆိုတာဘာလဲ ??==============================ISA Appliance ဆိုတာက Network Security Applian...
19/04/2026

Microsoft ISA Appliance Firewall ဆိုတာဘာလဲ ??
==============================

ISA Appliance ဆိုတာက Network Security Appliance တစ်ခုပါ
ISA Appliance က ဘာလုပ်ပေးလဲဆိုရင်တော့ -

၁ . 🔐 Security (Firewall)
Port control
IP control

၂ . 🌐 Proxy Server
Website block / allow
Bandwidth control

၃ . 🛡️ Network Protection
Virus / Malware filtering
Application filtering

၄ . 📊 Monitoring
User ဘယ် website သုံးလဲ
Bandwidth usage
Logs

ISA Appliance ကို လက်ရှိမှာ မသုံးသလောက်ပါဘဲ
အကြောင်းကတော့ Microsoft ISA Server ကို
Microsoft က 2012 တည်းက discontinue လုပ်ပြီး support မပေးတော့ပါဘူး။

15/04/2026

Load Balancing ဆိုတာဘာလဲ ဘာအတွက်သုံးလဲ ---
တာချီလိတ် မြို့အတွင်း Load Balancing service အပြင် Computer, Network, CCTV and PoS service များလိုအပ်ပါက ကျနော်တို့ Network Solution အား ဆက်သွယ်နိုင်ပါတယ်

12/04/2026
Network design မှာ 3-tier architecture ဆိုတာရှိတယ်။  ဒီထဲမှာ Distribution switch နဲ့ Access switch က role မတူဘူး။ ဒါကို ...
16/03/2026

Network design မှာ 3-tier architecture ဆိုတာရှိတယ်။ ဒီထဲမှာ Distribution switch နဲ့ Access switch က role မတူဘူး။ ဒါကို နားလည်ဖို့အတွက် ပုံမှန်အားဖြင့် "Three-Tier Hierarchical Model" (Core, Distribution, Access) နဲ့ ကြည့်ရင် ပိုရှင်းပါတယ်။

1️⃣ Access Switch (Edge Layer)
====================
Access switch ဆိုတာ network ရဲ့ အောက်ဆုံး layer။
User device တွေကို direct connect ပေးတဲ့ switch။
ဘယ်နေရာမှာ သုံးလဲ: ရုံးခန်းတွေ၊ ကွန်ပျူတာ Lab တွေနဲ့ User တွေ တိုက်ရိုက်ထိုင်တဲ့ နေရာတွေမှာ သုံးပါတယ်။

ဘာတွေ ချိတ်လဲ - PC, Laptop, IP Phone, Wireless Access Point နဲ့ Printer တွေကို ချိတ်ဆက်ပါတယ်။

အဓိက လုပ်ဆောင်ချက် - End-devices တွေကို Network ထဲ ဝင်ခွင့်ပေးခြင်း။
Port Security (ဘယ်သူချိတ်ခွင့်ရှိလဲ စစ်ဆေးခြင်း)။
VLAN Assignment (သက်ဆိုင်ရာ ဌာနအလိုက် Network ခွဲခြားခြင်း)။
PoE (Power over Ethernet) ပေးနိုင်ခြင်း (ဥပမာ- IP Camera သို့မဟုတ် AP တွေကို ကြိုးတစ်ချောင်းတည်းနဲ့ မီးပေးတာမျိုး)။

2️⃣ Distribution Switch (Aggregation Layer)
=============================
Distribution Switch ဆိုတာ Access Switch အများအပြားဆီက လာတဲ့ Data တွေကို စုစည်းပေးပြီး Core Layer ဆီ ပို့ပေးတဲ့ "Aggregation Point" ဖြစ်ပါတယ်။
ဘယ်နေရာမှာ သုံးလဲ: Server Room သို့မဟုတ် အဆောက်အအုံတစ်ခုရဲ့ အထပ်တိုင်းမှာရှိတဲ့ Access Switch တွေကို လာစုတဲ့ Main Switch အဖြစ် သုံးပါတယ်။
ဘာတွေ ချိတ်လဲ: Access Switch အများအပြားနဲ့ Core Switch တို့ကို ကြားကနေ ပေါင်းကူး ချိတ်ဆက်ပေးပါတယ်။

အဓိက လုပ်ဆောင်ချက် -

Routing: VLAN တစ်ခုနဲ့တစ်ခုကြား Data ပို့ပေးခြင်း (Inter-VLAN Routing)။

Policy-based connectivity: ဘယ် Network က ဘယ်ကို သွားခွင့်ရှိလဲဆိုတဲ့ ACL (Access Control List) တွေ သတ်မှတ်ခြင်း။

Redundancy: လမ်းကြောင်းတစ်ခု ပြတ်တောက်သွားရင် နောက်တစ်ခုကနေ အလုပ်လုပ်နိုင်အောင် စီမံခြင်း။

Data တွေကို Filter လုပ်ခြင်းနဲ့ လုံခြုံရေး ပေါ်လစီတွေ ချမှတ်ခြင်း။

ဘာကြောင့် ခွဲသုံးရတာလဲ?
---------------------------
အကယ်၍ Network သေးသေးလေး (ဥပမာ- အိမ်သုံး သို့မဟုတ် ရုံးခန်းသေးသေး) ဆိုရင် Access Switch တစ်လုံးတည်းနဲ့တင် လုံလောက်ပါတယ်။ ဒါပေမဲ့ Network ကြီးလာတဲ့အခါ (ဥပမာ- အဆောက်အအုံ အများကြီး သို့မဟုတ် အထပ်အများကြီးပါတဲ့ ရုံးချုပ်) မှာ Distribution Switch ကို သုံးရတဲ့ အကြောင်းရင်းတွေကတော့-

Scalability: User အသစ်တွေ တိုးလာရင် Access Switch တစ်လုံး ထပ်တိုးလိုက်ရုံပါပဲ၊ တစ်ခုလုံးကို ပြင်စရာမလိုတော့ဘူး။

Performance: Access Switch က လာသမျှ Data Traffic တွေကို Distribution မှာ စုစည်းပြီးမှ စနစ်တကျ ခွဲဝေပေးတဲ့အတွက် Network ပိတ်ဆို့မှု (Congestion) မဖြစ်စေပါဘူး။

Redundancy: Distribution Switch တွေကို High-availability (HA) စနစ်နဲ့ သုံးထားရင် တစ်လုံး ပျက်သွားသော်လည်း တစ်ရုံးလုံး Network မပြတ်ဘဲ အလုပ်ဆက်လုပ်နိုင်ပါတယ်။

🚀 Fast & Stable Internet ExperienceFacebook, YouTube, TikTok နဲ့ Telegram တို့ကို Smooth ဖြစ်စွာ အသုံးပြုချင်သူများအတွက်...
07/03/2026

🚀 Fast & Stable Internet Experience

Facebook, YouTube, TikTok နဲ့ Telegram တို့ကို Smooth ဖြစ်စွာ အသုံးပြုချင်သူများအတွက် High-Speed Private Network Service ကို မိတ်ဆက်ပေးလိုက်ပါတယ်။

🎬 Streaming, Gaming နဲ့ Daily Internet Use အတွက် Stable Connection ပေးနိုင်ပါတယ်။

💡 Supported Connection Types
• WireGuard (Fast & Stable)
• V2Ray / Xray Compatible
• Hiddify Client Support
• Outline Compatible

💰 Price
1 Month – 6000 Kyat

⚡ Features
• High Speed & Stable Connection
• Unlimited Data Usage
• Android / iOS / Windows Support
• Easy Setup Guide
• 24/7 Online Use

မြန်ဆန်ပြီး တည်ငြိမ်တဲ့ Internet Experience ကို အသုံးပြုချင်သူများအတွက် အဆင်ပြေတဲ့ Service ဖြစ်ပါတယ်။

📩 အသေးစိတ် သိလိုပါက Page CB သို့ ဆက်သွယ်နိုင်ပါတယ်။

Telegram –

အင်တာနက်ကို လေလိုမြန်စေရမယ်! 🚀=======================Facebook, YouTube, TikTok နဲ့ Telegram တွေကို အဟန့်အတားမရှိ သုံးချင...
06/03/2026

အင်တာနက်ကို လေလိုမြန်စေရမယ်! 🚀
=======================
Facebook, YouTube, TikTok နဲ့ Telegram တွေကို အဟန့်အတားမရှိ သုံးချင်သူများအတွက်...

Netflix နဲ့ နိုင်ငံခြား ဇာတ်ကားတွေကို High Quality နဲ့ ကြည့်ချင်သူတွေအတွက်လည်း Hiddify/V2Ray ရှိပါတယ်။

✅ WireGuard (ဂိမ်းဆော့သူများအတွက် Ping အနိမ့်ဆုံး)
✅ V2Ray / Hiddify (အပိတ်အဆို့ကျော်ဖို့ အကောင်းဆုံး)
✅ Outline (ရိုးရှင်း မြန်ဆန်)

💰 ဈေးနှုန်း - 1 month = 6000 kyat

🔐 Available Protocols
-------------------------
• WireGuard (Ultra Fast ⚡)
• V2Ray / Xray (Strong DPI Bypass)
• Hiddify Panel
• Outline VPN

⚡ Features
------------------
• High Speed Connection
• Unlimited Bandwidth
• Mobile / PC Support
• Easy Setup

"ဈေးသက်သာရုံတင်မဟုတ်ဘူး၊ တကယ်မြန်ပြီး တကယ်အလုပ်လုပ်တာကိုမှ သုံးချင်ရင် အခုပဲ CB ကို လာခဲ့လိုက်တော့!"

Telegram -

အမြန်ဆုံးနဲ့ အငြိမ်ဆုံး Hiddify/v2Ray key များ ရရှိနိုင်ပါပြီ! ✨​လိုင်းမကောင်းလို့ စိတ်မညစ်ရတော့ဘူး! ကျပ် (6000) ထဲကစပြီ...
21/02/2026

အမြန်ဆုံးနဲ့ အငြိမ်ဆုံး Hiddify/v2Ray key များ ရရှိနိုင်ပါပြီ! ✨

​လိုင်းမကောင်းလို့ စိတ်မညစ်ရတော့ဘူး! ကျပ် (6000) ထဲကစပြီး စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင် ပါတယ်။

1 Device for ​Unlimited Data (သို့မဟုတ်) share Device 120 GB

- ​မြန်နှုန်းမြင့် Servers များ
-​ အသုံးပြုပုံ အဆင့်ဆင့်ကို သေချာရှင်းပြပေးခြင်း
- ​လူကြီးမင်းတို့ စိတ်တိုင်းကျသည်အထိ တာဝန်ယူပေးခြင်း
​ယုံကြည်စိတ်ချစွာ ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ဆီကို အခုပဲ Message ပို့လိုက်ပါ!

POS ဆိုတာ ဘာလဲ ဘယ်လိုအလုပ်လုပ်လဲ ဘယ်သူတွေသုံးသင့်လဲ ??============================POS ဆိုတာ Point of Sale ရဲ့ အတိုကောက်ဖ...
13/02/2026

POS ဆိုတာ ဘာလဲ ဘယ်လိုအလုပ်လုပ်လဲ ဘယ်သူတွေသုံးသင့်လဲ ??
============================

POS ဆိုတာ Point of Sale ရဲ့ အတိုကောက်ဖြစ်ပြီး အရိုးရှင်းဆုံးပြောရရင်တော့ အရောင်းအဝယ်ပြုလုပ်တဲ့ "ငွေကောက်ခံရာနေရာ" (သို့မဟုတ်) "အရောင်းကောင်တာ" ကို ဆိုလိုတာပါ။ ဒါပေမယ့် modern business မှာ POS ဆိုတာက software + hardware system တစ်ခုလုံးကိုဆိုလိုတာ။

POS system ဆိုတာက
------------------------
👉 စျေးဆိုင်၊ စားသောက်ဆိုင်၊ minimart၊ online shop တွေမှာ
👉 ကုန်ပစ္စည်းရောင်းတဲ့အချိန် payment လက်ခံ + invoice ထုတ် + stock update အကုန်လုပ်ပေးတဲ့ system တစ်ခုပါ

⚙️ POS ဘယ်လိုအလုပ်လုပ်လဲ
---------------------------------
POS အလုပ်လုပ်ပုံကို step by step ရိုးရိုးရှင်းရှင်းပြမယ်👇

1️⃣ Product ရွေး

Barcode scan လုပ်မယ် (သို့) item ကို click လုပ်မယ်

2️⃣ Total တွက်

System က auto နဲ့ total amount တွက်ပေးတယ်

3️⃣ Payment လက်ခံ

Cash 💵

Card 💳

Mobile payment (KBZPay, Wave, AYA Pay…)

QR

4️⃣ Receipt ထုတ်

Slip print ထုတ်ပေးတယ် (သို့) digital receipt

5️⃣ Stock update

ရောင်းသွားတဲ့ item quantity ကို stock ထဲက auto လျှော့တယ်

6️⃣ Report generate

Daily sale report

Profit / loss

Top selling item

🖥️ POS System မှာပါဝင်တဲ့ Hardware
------------------------------------------
💻 POS Terminal
🧾 Receipt Printer
🔎 Barcode Scanner

🧑‍💼 ဘယ်သူတွေ POS သုံးသင့်လဲ
---------------------------------
စီးပွားရေးလုပ်ငန်း တော်တော်များများအတွက် မရှိမဖြစ်လိုအပ်ပေမဲ့ အထူးသဖြင့် အောက်ပါလုပ်ငန်းတွေ ပိုသုံးသင့်ပါတယ် -

Retail Shops (လက်လီဆိုင်များ): ကုန်စုံဆိုင်၊ အဝတ်အထည်ဆိုင်၊ အလှကုန်ဆိုင် စတဲ့ ပစ္စည်းအမျိုးအမည် များပြားတဲ့ဆိုင်တွေ။

F&B (စားသောက်ကုန်လုပ်ငန်း): စားသောက်ဆိုင်၊ ကဖေး (Cafe)၊ လက်ဖက်ရည်ဆိုင်တွေ (ဘယ်ဝိုင်းက ဘာမှာထားလဲ သိနိုင်ဖို့နဲ့ မီးဖိုချောင်ကို Order ပို့ဖို့အတွက် အသုံးဝင်ပါတယ်)။

Service Business (ဝန်ဆောင်မှုလုပ်ငန်း): ဆံပင်ညှပ်ဆိုင်၊ Spa နဲ့ ကားဝပ်ရှော့တွေ။

💡 POS System ရဲ့အကျိုးကျေးဇူး
-----------------------------------
✔ Sales တွေကိုတိတိကျကျ သိနိုင်
✔ Stock control လုပ်လို့ရ
✔ Human error လျှော့တယ်
✔ Theft / loss control
✔ Report & analytics အလွယ်ရ
✔ Multi-branch manage လုပ်လို့ရ

အကြံပြုချက်: အခုနောက်ပိုင်းမှာ စက်အကြီးကြီးတွေဝယ်စရာမလိုဘဲ ဖုန်းထဲမှာတင် သုံးလို့ရတဲ့ POS App လေးတွေ (ဥပမာ - Loyverse, Kyarlay POS စသဖြင့်) အများကြီးရှိနေပါပြီ။

Tachileik မှာ POS service and IT service အတွက် စဥ်စားနေရင် M network Solution ကိုဆက်သွယ်နိုင်ပါတယ်

Email [email protected]
Telegram -
Tiktok - https://www.tiktok.com/

Address

Par Lyan (2)
Tachileik

Website

Alerts

Be the first to know and let us send you an email when M network solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share