ဇွန်မေသော် ကုန်မျိုးစုံ နှင် မြေပဲဆီသန့် လက်လီ လက်ကား ရောင်ဝယ်ရေး

  • Home
  • Myanmar
  • Tagaung
  • ဇွန်မေသော် ကုန်မျိုးစုံ နှင် မြေပဲဆီသန့် လက်လီ လက်ကား ရောင်ဝယ်ရေး

ဇွန်မေသော် ကုန်မျိုးစုံ နှင် မြေပဲဆီသန့် လက်လီ လက်ကား ရောင်ဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဇွန်မေသော် ကုန်မျိုးစုံ နှင် မြေပဲဆီသန့် လက်လီ လက်ကား ရောင်ဝယ်ရေး, Wholesale & Supply Store, Tagaung.

အသစ်လေးတွေ ထပ်ရောက်တယ်စျေးလေးတွေလည်း ကျပါတယ်ဗျ....ခလေးစီး စက်ဘီးဆိုင်ကယ် ကား...ရေကူးကန် အမွှေးပွအရုပ်အစုံရပါတယ်နော်........
21/11/2022

အသစ်လေးတွေ ထပ်ရောက်တယ်
စျေးလေးတွေလည်း ကျပါတယ်ဗျ....

ခလေးစီး စက်ဘီး
ဆိုင်ကယ် ကား...
ရေကူးကန် အမွှေးပွအရုပ်
အစုံရပါတယ်နော်.....

လိုအပ်တာလေးရှိရင်
Helloလိုက်ပါခင်မျ.....

တသိန်းခွဲဖိုးမှ စပီး အားပေးလို့ရပါတယ်နော်...
နယ်ဆို ငွေလွှဲဝင်ပီး ဂိတ်ချပေးပါတယ်......။

Whoesale

09440066239

အလုပ်တွေ ပြန်စပါပီခင်မျာ...လိုအပ်တာလေးတွေ ရှိပါကHello လိုက်ပါနော်.......။လက်ကားသီးသန့်09440066239
18/11/2022

အလုပ်တွေ ပြန်စပါပီခင်မျာ...

လိုအပ်တာလေးတွေ ရှိပါက

Hello လိုက်ပါနော်.......။

လက်ကားသီးသန့်

09440066239

အခုဆိုရင် မြန်မာပြည်မှာ အချိုမှုန့်အရမ်းစားကြလို့ ကလေးတွေမှာဉာဏ်ရည်ချို့တဲ့တာ အသက်ရွယ်ကျဆင်းလာတာအမျိုးသမီးတွေဆိုရင် ရင်သ...
05/05/2022

အခုဆိုရင် မြန်မာပြည်မှာ အချိုမှုန့်အရမ်းစားကြလို့ ကလေးတွေမှာဉာဏ်ရည်ချို့တဲ့တာ အသက်ရွယ်ကျဆင်းလာတာ
အမျိုးသမီးတွေဆိုရင် ရင်သားကင်ဆာဖြစ်တာ ကလေးတွေဆိုရင် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအားနည်းတာ အသက်ကြီးတဲ့လူတွေဆိုရင် အရိုးပွတာတွေအများဆုံးဖြစ်နေပါပြီ 100%နှုန်းမှာ 90%အချိုမှုန့်စားကြပါတယ် အဲ့ဒါကြောင့်သတိထားပြီးရှောင်ကြပါ ဖြစ်နှိင်ရင် မစားတာအကောင်းဆုံးပါပဲ ။

အချိုမှုန့် အကြောင်း သိကောင်းစရာ

အချိုမှုန့်ဆိုသည်မှာ ဓာတုဗေဒနာမည်အားဖြင့် Monosodium glutamate (MSG) ဟုခေါ်သည့် ဒြပ်ပေါင်းတစ်ခု ဖြစ်သည်။ Glutamic Acid လို့ခေါ်သော Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်လျှင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်များ၏ အရသာကို ဓာတုနည်းနှင့် လျှာပေါ်တွင် ဆပွားတိုးပေးလိုက်ခြင်း ဖြစ်သည်။

အချိုမှုန့် စားသုံးမှု ဆိုးကျိုး

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးသော အင်ဆူလင်ဟော်မုန်း (Insulin)၏ လုပ်ငန်းဆောင်တာတွင် အနှောင့်အယှက်တစ်ရပ် ဖြစ်၍ ဆီးချိုဖြစ်စေရန် ကောင်းကောင်း အထောက်အကူပြုပါသည်။

(၂) အစာ အလွန်အကျွံစားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို၊ အဝလွန်ခြင်းကို တားဆီးပေးသော ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖြစ်စေသည်။ အဝလွန်ခြင်း ဖြစ်လာလျှင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စသည့် ရောဂါများပါ ရလာနိုင်သည်။

(၃) ဦးနှောက်ဆဲလ်များကို မြန်မြန် ပျက်စီးယိုယွင်း စေပါသည်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်သော ရောဂါများ ဖြစ်စေရန် အလားအလာ အရမ်း များစေပါသည်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားသော ကလေးများမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါသည်။

(၄) ဂျာမနီနိုင်ငံတွင် အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်များ၊ ဥပဒေများ ထုတ်ခဲ့ရဖူးပါသည်။ အချိုမှုန့် စားသော ကိုယ်ဝန်ဆောင်များမှ မွေးလာသည့် ကလေးများသည် အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း၊ (Insulin-resistant) မွေးရာပါ ဖြစ်လာခြင်း တွေ့ရပါသည်။

ထို့ကြောင့် ထိုကလေးများသည် ကြီးလာလျှင် ဆီးချိုဖြစ်ရန် သေချာသလောက် ဖြစ်ပါသည်။ ထိုအချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေသော အချက်များထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။

(၅) အချိုမှုန့်စားသော ကိုယ်ဝန်ဆောင် မိခင်များမှ မွေးလာသော ကလေးများ၏ medulla oblongata, thalamus, or hypothalamus ဆိုသည့် ဦးနှောက် အစိတ်အပိုင်းများတွင် ရှိသော အာရုံကြောဆဲလ်များကို ပျက်စီးစေပါသည်။

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်း ဖြစ်နိုင်ပါသည်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါသည်။ ထိုရောဂါစုသည် အချိုမှုန့် လွန်ကဲစွာပါသော အစားအသောက် စားပြီးပြီးချင်းတွင် မျက်နှာ၊ လည်ပင်းနှင့် တစ်ကိုယ်လုံးတွင် အနီစက်များ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာတွင် တင်းကျပ်စွာ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့် လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်းများ ဖြစ်စေသည်။ အချိုမှုန့်နှင့် ဓာတ်မတည့်သည့် ရောဂါ ဖြစ်သည်။

(၇) ပန်ကရိယ ခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်းကလီစာ တစ်ခုခု ယောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါသည်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

ဘယ်လို လျော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ဝယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

27/04/2022

#အပူချိန်အရမ်းမြင့်တက်နေပါတယ်။

ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။
ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ
ရောက်နိုင်ပါတယ်။

အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင်
ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။

အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။

အပူချိန် ၁´C တက်လာတိုင်း
ပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

အထူးသတိထားကြပါ။ မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ
ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။

အခု အပူချိန် ၂´C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။

စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ တော်သေးတယ်လို့
ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။
အအေးစာတွေက အပူစုပ်နိုင်ပေမယ့်
အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

အရေးကြီးတာကနေပူထဲမှာ
နံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း
သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။

#ဗမာချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊
ရေချိုးခြင်းတို့ ရှောင်ပါ။

ဆားနှင့် ရေသောက်ခြင်းကိုလည်း
မပြုလုပ်ကြပါနဲ့။

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့်
ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။
အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက
ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ
ရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့
ဖြစ်တတ်ပါတယ်။

အဲကွန်းခန်းထဲ ကြာရှည်နေရသူများ
အပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး
မူးဝေတတ်ပါတယ်။

ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။

ချွေးထွက်လွန်သူမှ လွဲ၍
ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။
ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။

ဟင်းကျန်များ နွေးရာတွင်
ရေဖြည့်ထည့်၍ နွေးပါ။
လက်သုပ်များ လျော့စားပါ။
မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

လေးစားစွာဖြင့်ပေးပါသည်။

ရွှေမင်းသား 100%သဘာဝမြေပဲဆီစစ်စစ်​​လေးတွေ စျေးနှူန်းမှန် အရည်အသွေးမှန်ကန်စွာ ရရှိနိုင်ပါပြီနော်ဝယ်ယူအားပေးကြသော မိဘပြည်သ...
27/04/2022

ရွှေမင်းသား 100%သဘာဝ
မြေပဲဆီစစ်စစ်​​လေးတွေ စျေးနှူန်းမှန် အရည်အသွေးမှန်ကန်စွာ ရရှိနိုင်ပါပြီနော်

ဝယ်ယူအားပေးကြသော မိဘပြည်သူ
တစ်ဦးတယောက်ချင်းဆီများအားလည်း
ကျေးဇူးအထူးတင်ပါတယ်ခင်မျာ.....🙏🙏🙏

တပိဿာ လက်လီ ၉၅၀၀

တပိဿာ လက်ကား ၉၀၀၀။

တကောင်းမြို့ အမှတ် (၂)ရပ်ကွက်။

ဒါက ယူကရိန်းနိုင်ငံက မိခင်တစ်ဦးပါပစ်ခတ်မှုတွေကြား သူ့မရဲ့ ခလေးကို သူမရဲ့ ခန္ဓာကိုယ်နဲ့ ကာကွယ်ဖုံးအုပ်ပီး လုံခြုံ စေခဲ့တာပ...
02/04/2022

ဒါက ယူကရိန်းနိုင်ငံက မိခင်တစ်ဦးပါ

ပစ်ခတ်မှုတွေကြား သူ့မရဲ့ ခလေးကို
သူမရဲ့ ခန္ဓာကိုယ်နဲ့ ကာကွယ်ဖုံးအုပ်ပီး လုံခြုံ စေခဲ့တာပါ

မိခင်က မှန်ကွဲစတွေနဲ့ 24ချက်တောင် ချုပ်ခဲ့တယ်တဲ့
မိခင်က အကောင်းဆုံးကာကွယ်ပေးခဲ့လို့ ခလေးလေးမှာ ဘာအနာအစာမှ မဖြစ်ခဲ့ပါဘူး

ဒဏ်ရာတွေနဲ့ နာကျင်နေပေမယ့်
ခလေးကိုတော့ နို့တိုက်နေတုန်းပါပဲ။

မိခင်ရဲ့မေတ္တာ🙏🙏🙏

သိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ ကျီးကန်းပဲ ရှိတယ်။အဲဒီလို ဖြစ်လာရင် သိန်းငှက်ဟာ သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီးက...
17/02/2022

သိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ
ကျီးကန်းပဲ ရှိတယ်။

အဲဒီလို ဖြစ်လာရင် သိန်းငှက်ဟာ
သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး
ကျီးကန်းကို ပြန်မတိုက်ခိုက်ဘူးတဲ့..

အတောင်ပံကို ဖြန့်ပြီး
အမြင့်သထက် မြင့်အောင်
အပေါ်ကို ရောက်အောင် ထပ်ပျံတယ်။

အမြင့် ရောက်သွားတဲ့အခါ
အောက်စီဂျင် နည်းသွားတဲ့ ကျီးကန်းဟာ
သူ့ဟာသူ ပြုတ်ကျ သွားလိမ့်မယ်လို့ ဆိုတယ်။

သိန်းငှက်ဆီက သင်ခန်းစာ ယူပါ။
ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့။
အမြင့်ကိုသာ ဆက်တက်ပါ

ကိုယ့်ကို လာတိုက်ခိုက်သူတွေကို
ပြန် မတိုက်ခိုက်ပါနဲ့
အမြင့်ဆုံးသာ တက်လှမ်းပါ
သူ့ဟာသူ ပြုတ်ကျ ကျန်လိမ့်မယ်။

သတိပြုရမှာက ကိုယ်တိုင်က
သိန်းငှက်လိုမျိုး အမြင့်ပျံနိုင်တဲ့
အရည်အချင်းရှိအောင် ဖြည့်ဖို့လိုပါတယ် ။ ။
_crd

13/02/2022

ဟင်းချက်ဆီများအကြောင်း (Cooking Oils)
=====================
ဆီတွေအကြောင်းကို ပြောမယ်ဆို ပြည့်ဝဆီနဲ့ မပြည့်ဝဆီအကြောင်းကို အရင်ဆုံး သေချာ ပြောပြရမယ်ထင်ပါတယ်။

ဆီတွေထဲမှာ
~ ကောင်းသောအဆီ (မပြည့်ဝဆီ - Unsaturated Fatty Acid) နဲ့
~ မကောင်းသောအဆီ (ပြည့်ဝဆီ - Saturated Fatty Acid)
ဆိုပြီး ရှိတာဖြစ်ပါတယ်။

ပြည့်ဝဆီပါဝင်တဲ့ ဆီတွေ စားစရာတွေဟာ LDL (Low Density Lipoprotein) ကို မြင့်တက်စေတာဖြစ်လို့ သွေးတွင်းကိုလက်စထရော မြင့်တက်မှုကြောင့် ဖြစ်ပေါ်စေတဲ့ ဆီးချို၊ သွေးတိုး၊ အသည်းအဆီဖုံး၊ လေဖြတ်လေငန်းရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။
ပြည့်ဝဆီပါဝင်တဲ့ ဆီအမျိုးအစားတွေက -

♦အနီရောင်အသားတွေကရတဲ့ဆီ
(အမဲဆီ၊ ဝက်ဆီ)၊

♦ထောပတ်ဆီ၊

♦စားအုန်းဆီ

စတဲ့ ဆီအမျိုးအစားတွေဖြစ်ပါတယ်။ ပြည့်ဝဆီပါဝင်သော်လည်း ကျန်းမာရေးနဲ့ညီညွတ်ပြီး၊
ပြည့်ဝဆီပမာဏနည်းနည်းနှင့် မပြည့်ဝဆီကြွယ်ဝစွာပါဝင်တဲ့ ဆီအမျိုးအစား များစွာလည်း ရှိပါတယ်။ မပြည့်ဝဆီပါဝင်မှုမြင့်မားပြီး ဟင်းသီးဟင်းရွက်က ထုတ်လုပ်တဲ့ဆီအများစုဟာ
ခန္ဓာကိုယ်တွင်းက HDL (High Density Lipoprotein) ကို မြင့်တက်စေတာဖြစ်လို့ သွေးတွင်းအဆီဓာတ်ကိုလျော့ချပေးပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါကို မဖြစ်စေပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာမှာ
ဆီကို မပါမဖြစ်အနေနဲ့ သုံးစွဲတဲ့နိုင်ငံဖြစ်တဲ့အပြင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းလည်း များပြားတဲ့အတွက် ဆီကို သုံးစွဲရာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီအမျိုးအစားကို သေချာ ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သုံးစွဲနေတဲ့ ဟင်းချက်ဆီအမျိုးအစားတွေအကြောင်းကို ဆက်လက်ပြောပြပါမယ်။

#မြေပဲဆီ
========

မြေပဲဆီကတော့ နိုင်ငံသားတိုင်းစိတ်ထဲ ယုံကြည်စွာနဲ့ အားထားစားသုံးကြတဲ့ဆီတမျိုးဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်ကရရှိတဲ့ ဆီမျိုးဖြစ်ပြီး၊ အကြော်လည်းခံကာ အာဟာရလည်း ပြည့်ဝစွာပါဝင်ပါတယ်။ မြေပဲဆီစစ်စစ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝဆီကလည်း 50% ပါဝင်တာ ဖြစ်လို့ ဟင်းချက်ဆီအဖြစ်အသုံးပြုရန် သင့်တော်လွန်းတဲ့ ဆီဖြစ်ပါတယ်။

#နှမ်းဆီ
======

နှမ်းဆီကတော့ ဟင်းသီးဟင်းရွက်ကြော်တွေအတွက် ရွေးချယ်သင့်တဲ့ဆီအမျိုးအစားပါ။ မွှေးပျံ့တဲ့နှမ်းဆီရနံ့ကြောင့် ဂျပန်နဲ့ကိုရီးယား နိုင်ငံတွေမှာ အသုံးများပြီး၊ ခံတွင်းကျန်းမာရေးကို အထောက်အကူပြုတဲ့ဆီလည်း ဖြစ်ပါတယ်။ ဇင့်တွေ၊ သတ္ထုဓာတ်တွေပါပါဝင်ပြီး အရေပြားရောင်ရမ်းမှုကို သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ပြည့်ဝဆီပါဝင်မှု အလွန်နည်းပါးတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်လှတဲ့ ဟင်းချက်ဆီတမျိုးပါ။

#သံလွင်ဆီ
========

သံလွင်ဆီက အပူခံဆီအမျိုးအစား မဟုတ်တာကြောင့် ဟင်းချက်တဲ့နေရာထက် အသုပ်တွေမှာ အသုံးများကြပါတယ်။ အလှအပနဲ့အရေပြားကျန်းမာရေးအတွက်လည်း ဆေးဖက်ဝင်အနေနဲ့သုံးစွဲကြပြီး သွေးတွင်းအဆီဓာတ်ကို လျော့ချပေးတဲ့ မပြည့်ဝဆီကြွယ်ဝတဲ့ စားသုံးသင့်တဲ့ ဆီအမျိုးအစားဖြစ်ပါတယ်။

#နေကြာဆီ
=========

နေကြာဆီက Vitamin-E ကြွယ်ဝတဲ့ဆီတမျိုးပါ။ High Oleic များတဲ့နေကြာဆီမှာ မပြည့်ဝဆီတွေများတဲ့အပြင် omega 6 ကြွယ်ဝစွာ ပါဝင်လို့ ဟင်းချက်ဆီအဖြစ် အခုနောက်ပိုင်း အသုံးပြုလာကြပါတယ်။ နေကြာဆီကို စားပွဲတင်ဇွန်းတဇွန်း စားရုံနဲ့ တနေ့တာ လိုအပ်တဲ့ Vitamin-E ဟာ လုံလောက်တယ်လို့ သုတေသန စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

#ပဲပိစပ်ဆီ
========

ကျွန်တော်တို့နိုင်ငံမှာ စားသုံးတဲ့ နောက်ဆီတမျိုးကတော့ ပဲပိစပ်ဆီဖြစ်ပါတယ်။ မပြည့်ဝဆီပါဝင်သော ဆီဖြစ်သော်လည်း HDL ကိုပါ ကျစေသော ဆီတမျိုးဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်ဆီအမျိုးအစားပဲဖြစ်ပြီးတော့ ပဲပိစပ်ကထုတ်လုပ်ထားတာဖြစ်လို့ အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ပဲပိစပ်က ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးအားလုံးကို ပဲပိစပ်ဆီမှာလည်း ရရှိနိုင်တာဖြစ်လို့ ဟင်းချက်ဆီအဖြစ် စိတ်ချလက်ချ သုံးစွဲလာကြတာ ဖြစ်ပါတယ်။

🙏မိမိတို့နေ့စဉ်လိုအပ်တဲ့ အာဟာရတွေပါဝင်ပြီး ကိုယ့်ရဲ့လူနေမှုနဲ့ကိုက်ညီတဲ့ ဟင်းချက်ဆီတွေကို ရွေးချယ်စားသုံးပေးရင်း ကျန်းမာတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ကြစေဖို့ မျှဝေပေးလိုက်ပါတယ်။

#မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း

မနက်မနက်ဆို မီးကင်ပီးမှ ချက်နေရတဲ့ စားသုံးဆီ ရောဆီတွေကြောင့် စိတ်ညစ်နေရပီလား......😩😩😩ဒါဆိုရင်မိဘပြည်သူများ၏ ကျန်းမာရေးအာ...
09/02/2022

မနက်မနက်ဆို မီးကင်ပီးမှ ချက်နေရတဲ့
စားသုံးဆီ ရောဆီတွေကြောင့်
စိတ်ညစ်နေရပီလား......😩😩😩

ဒါဆိုရင်
မိဘပြည်သူများ၏ ကျန်းမာရေးအား
အဓိကထား ထုတ်လုပ်ထားတဲ့ 👉👉👉
ရွှေမင်းသား သဘာဝမြေပဲဆီစစ်စစ်ကို
သတိရလိုက်ပါနော်.....👍👍👍👌👌

အနံ့ အရသာကောင်းမွန်ပြည့်စုံတဲ့အပြင်
လူတန်းစားမရွေး စားသုံးနိုင်စေဖို့ ရည်ရွယ်၍
(ပုံးခွံပါ အပီးအစီး)
တပိဿာကိုမှ 7000ကျပ်ဖြင့်သာ....
ရောင်းချပေးလျှက်ပါ.......🤗🤗🤗

လက်လီဖြစ်စေ လက်ကားဖြစ်စေ
စိတ်ဝင်စားစားပါက......
0️⃣9️⃣4️⃣4️⃣0️⃣0️⃣6️⃣6️⃣2️⃣3️⃣9️⃣Agent (သို့မဟုတ်)

ရွှေမင်းသားသဘာဝမြေပဲဆီသန့်၏
အောက်ပါ ဖုန်းနံပါတ်များကိုလည်း
ဆက်သွယ်၍ရပါတယ်နော်........။

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်မျ........😍😍😍😍😍

ပဲဆီစစ်ရင် လုံးဝမခဲဘူး ဆိုတဲ့ အယူအဆမှား================================= ဆီတွေအားလုံးဟာ အခဲမှတ် (Titer/Cloud Point) တခုေ...
02/02/2022

ပဲဆီစစ်ရင် လုံးဝမခဲဘူး ဆိုတဲ့ အယူအဆမှား
=================================

ဆီတွေအားလုံးဟာ အခဲမှတ် (Titer/Cloud Point) တခုရောက်ရင် ခဲနိုင်တယ်ဆိုတာ သုတေသနပြုလုပ်သူတွေက ဖော်ပြထားပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကြောင့်

မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီတွေကလည်း Cloud Point ရောက်ရင် ခဲတတ်ကြပါတယ်။ ဒါပေမယ့် ..
ဆီအမျိုးအစား တခုနဲ့တခုရဲ့ Cloud Point ကတော့ မတူပါဘူး။ အဲ့ဒါအပြင်…..
ဆီရဲ့ အလေးချိန်ပမာဏနဲ့ ထုထည်ကိုလိုက်ပြီးတော့ ခဲစေတဲ့အချိန်တော့ ကွာပါတယ်။ ဆီတွေဘာကြောင့်ခဲလဲဆို…

မူလဆီထွက်သီးနှံအစေ့အပေါ်ယံမှာ ဖုံးအုပ်ထားတဲ့ ဖယောင်းပါးတွေက ဆီကြိတ်ခွဲတဲ့အခါ ပျော်ဝင်ပြီး ဆီနဲ့အတူ ပါလာတာကြောင့် သာမာန်အခန်းအပူချိန်ထက် လျော့ကျပြီး အအေးဓာတ်လွန်ကဲတဲ့အခါမှာ ခဲတာ ဖြစ်ပါတယ်။ မြန်မာလူမျိုးအများစု စားသုံးလာကြတဲ့ မြေပဲဆီအစစ်က လုံးဝ မခဲတာမျိုး မဟုတ်ဘဲ ...

မြေပဲဆီရဲ့ Cloud Point (3˚C ~ 13˚C) ရောက်ရင် မြေပဲဆီလည်း ခဲပါတယ်။ သို့သော်လည်း မြေပဲဆီက ဆီအခဲပိုင်း (Stearin) မပါဝင်တာ ဖြစ်တဲ့အတွက် အလွယ်တကူ မခဲတဲ့အပြင် သာမာန်အပူချိန်ရောက်ရင် အရည်ပျော်တာလည်း မြန်ပါတယ်။ စားအုန်းဆီလိုမျိုး ခဲလွယ်တဲ့ အခြားဆီတွေ ရောထားရင်တော့ ခဲလွယ်ပြီး အရည်ပျော်တာလည်း ကြာပါတယ်။ စားသုံးသူတွေအနေနဲ့ …

သာမာန် အခန်းအပူချိန်မျိုးမှာတောင် အလွယ်တကူခဲစေတဲ့ Stearin ပါဝင်တဲ့ ဆီတွေကိုတော့ မစားသုံးသင့်ပါဘူး။ လုံးဝ မခဲအောင် ဓာတုပစ္စည်းထည့်ပြီး ပြုပြင်ထားတဲ့ဆီတွေကိုလည်း မစားသုံးသင့်ပါဘူးလို့ အသိပေးလိုပါတယ်။ မခဲတိုင်း ဆီကောင်းဆီသန့်လို့ သတ်မှတ်လို့မရဘဲ ဆီရဲ့တကယ့်အရည်အသွေးကို တိုင်းတာဖို့ဆို …

♦️Oil Properties
♦️Acid Value/ FFA (Free Fatty Acid)
♦️I.V (Iodine Value)
♦️P.V (Peroxide Value)
♦️Titer/Cloud Point
♦️Saponification Value
♦️Rancidity
♦️Melting Point စတဲ့အချက်တွေကို ကြည့်ပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။

အခု ဖော်ပြထားတာတွေက …
ဆီတွေခဲနိုင်တယ်ဆိုတာကို ဗဟုသုတအနေနဲ့ ဖော်ပြပေးတာ ဖြစ်ပြီး လုံးဝ မခဲတိုင်း ဆီကောင်းဆီသန့် မဟုတ်ကြောင်း စားသုံးသူတွေကို သိစေလိုခြင်းပါ။

ကျန်းမာစေသောဆီကို ရွေးချယ်စားသုံးရင်း ပျော်ရွှင်ကျန်းမာသောနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း

Address

Tagaung

Website

Alerts

Be the first to know and let us send you an email when ဇွန်မေသော် ကုန်မျိုးစုံ နှင် မြေပဲဆီသန့် လက်လီ လက်ကား ရောင်ဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share