DM Japanese Education Services

DM Japanese Education Services DM Japanese Education Services 🇲🇲🇯🇵

01/01/2026

🙏🙏🙏

01/01/2026
01/01/2026

2026 ❤️❤️❤️

Edit. 📍ကျောင်းသား (၃)ဦး လျှောက်လို့    ရပါသေးသည်။  ။📍 DM JEE No.(4)2026/4လပိုင်း ကျောင်းလျှောက်ချင်ရင်ဒီနေ့ ထပ်တိုး ခေါ...
28/08/2025

Edit.

📍ကျောင်းသား (၃)ဦး လျှောက်လို့
ရပါသေးသည်။ ။

📍 DM JEE No.(4)
2026/4လပိုင်း ကျောင်းလျှောက်ချင်ရင်
ဒီနေ့ ထပ်တိုး ခေါစာရထားပါ၍
(၈)ယောက် ကျောင်းလျှောက်ပေးပါမည်။

1. ကျောင်းအမှန်တကယ်တက်ရောက်ချင်သူဖြစ်ရမည်။
2. N5/ N4 အောင်လက်မှတ်ရှိသူ။
3.အသက် (၂၆)နှစ်အောက်
4.အထက်တန်းအောင်လက်မှတ်ရှိရမည်။
5. reject မရပါ.
6.ပတ်စပို့ PV/ PE ရှိရမည်။

📍 DM JES page Messenger (သို့) Viber
သို့ အချက်အလက်ပြည့်စုံ ပေးပို့သူ ဦးစားပေးမည်။

📞 အသေးစိတ်မေးမြန်လိုပါက..
📍 DM JES တိုကျို (ရန်ကုန်ရုံးခွဲ)
No. 1199 Ground Floor, Letwelmindin Street, Myittarnyunt Ward, Tamwe Tsp., Yangon, Myanmar
Viber.. 09774644033
📱📞 09453511224 / 09774644033

19/08/2025

ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုကောင်းများနဲ့အတူ ကျောင်းသားမိဘများ နဲ့ကျောင်းသား/သူများ စိတ်
ချမ်းသာ အဆင်ပြေစေဖို့.. DM JES ကို ဆက်သွယ် ကျောင်းလျှောက်ကြမယ်နော်....

📞 အသေးစိတ်မေးမြန်လိုပါက..
📍 DM JES တိုကျို (ရန်ကုန်ရုံးခွဲ)
No. 1199 Ground Floor, Letwelmindin Street, Myittarnyunt Ward, Tamwe Tsp., Yangon, Myanmar

Viber.. 09774644033
Phone: 09453511224 / 09774644033

13/08/2025

2026 မှာ Japan အရောက်သွားပြီး Tokyo မှာ ကျောင်းတက်ဖို့အတွက် 👨‍🎓👩‍🎓

2026 - April Intake DM JES No.(3) 👈
လက်ခံပေးနေပြီ နော်... 📢📢📢
---------------------------

DM JES Tokyo နှင့် ချိတ်ဆက်ထားသော
Tokyo Language School ကျောင်းများတွင်
ပညာ‌တော်သင် တက်ချင်သူများအနေဖြင့် -

✅ N5-N4 (JLPT/NAT-Test) အောင်လက်မှတ်ရှိသူ။
✅ အနိမ့်ဆုံး ၁၀တန်း အောင်မြင်ပြီးသူ (သို့)
ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
✅ အသက် ၁၈ နှစ်မှ ၂၆ နှစ်အတွင်း ဖြစ်ရမည်။

📍 ကျောင်းသားဦးရေ ကန့်သတ်ထားပါသည်။

အသေးစိတ်စုံစမ်း‌မေးမြန်းလိုပါက -
📍 DM JES တိုကျို (ရန်ကုန်ရုံးခွဲ) လိပ်စာ
No. 1199 Ground Floor, Letwelmindin Street, Myittarnyunt Ward, Tamwe Tsp., Yangon, Myanmar
Viber... 09774644033
📱 09453511224 / 09774644033

https://vt.tiktok.com/ZSHsaDQ5g9gYQ-yaIvj/
09/08/2025

https://vt.tiktok.com/ZSHsaDQ5g9gYQ-yaIvj/

10.7K likes, 24 comments. “အခုမှ ဂျပန်စာ စတင်လေ့လာနေတဲ့သူတွေ save ထားလိုက်တော့နော် ...🥰🥰🥰”

ဂျပန်နိုင်ငံမှာ အခန်းဘယ်လိုငှါးမလဲ။ 🇯🇵🎌ဂျပန်နိုင်ငံမှာ ကျောင်းတက်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် သွားရောက်နေထိုင...
06/08/2025

ဂျပန်နိုင်ငံမှာ အခန်းဘယ်လိုငှါးမလဲ။ 🇯🇵🎌
ဂျပန်နိုင်ငံမှာ ကျောင်းတက်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် သွားရောက်နေထိုင်တဲ့အခါ အခန်းငှါးရမ်းတာက အစပိုင်းမှာ ခေါင်းစားစရာ ကိစ္စတစ်ခု ဖြစ်နိုင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အိမ်ငှါးစနစ်ဟာ တခြားနိုင်ငံတွေနဲ့ မတူညီတဲ့ ထူးခြားမှုတွေ ရှိတာကြောင့် ကြိုတင်သိရှိပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။✨
အခန်းငှါးဖို့အတွက် နည်းလမ်းအမျိုးမျိုး ရှိပါတယ်။

🏠အိမ်ခြံမြေ အကျိုးဆောင်များ
ဂျပန်လူမျိုးများအတွက် အကျိုးဆောင်များရှိသလို နိုင်ငံခြားသားများအတွက် သီးသန့် ဝန်ဆောင်မှုပေးသော အကျိုးဆောင်များလည်း ရှိပါတယ်။ (ဥပမာ- GaijinPot Apartments, Leopalace21, UR Housing)

အကျိုးဆောင်ကြေး (Broker Fee) ပေးဆောင်ရနိုင်ပါတယ်။

🏠အွန်လိုင်း ပလက်ဖောင်းများ

Suumo, HOME'S, at home စတဲ့ ဂျပန်အခြေစိုက် ဝက်ဘ်ဆိုက်တွေမှာ ရှာဖွေနိုင်ပါတယ်။

Facebook ကဲ့သို့သော လူမှုကွန်ရက်တွေမှာရှိတဲ့ ဂျပန်ရောက် မြန်မာများအဖွဲ့တွေမှာလည်း အခန်းငှါးရန် ကြော်ငြာတွေ ရှာဖွေနိုင်ပါတယ်။

🏠ကျောင်းအဆောင်များ (Student Dormitories)

ကျောင်းသားတွေအတွက် အခန်းရှာရ အလွယ်ဆုံးနည်းလမ်းတစ်ခုပါ။

DM Japanese Education Service လိုမျိုး ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေက ကျောင်းသားတွေအတွက် ကျောင်းအဆောင် ဒါမှမဟုတ် အခြားသင့်တော်တဲ့ အဆောင်တွေကို စီစဉ်ပေးပါတယ်။

🏠Share House / Guesthouse

တစ်ခန်းတည်းမှာ အများနဲ့ sharing နေထိုင်ခြင်း (သို့) ပိုမိုသက်သာတဲ့ ဈေးနှုန်းနဲ့ တည်းခိုနိုင်တဲ့ guesthouse တွေက ရေတိုနေထိုင်ဖို့ ဒါမှမဟုတ် ဘတ်ဂျက်နည်းသူတွေအတွက် သင့်တော်ပါတယ်။
ဂျပန်မှာ အခန်းငှါးတဲ့အခါ အိမ်လခအပြင် တခြား ကုန်ကျစရိတ်တွေ ရှိပါတယ်။

‼️Deposit (敷金 - Shikikin): အခန်းပျက်စီးမှုအတွက် အာမခံငွေဖြစ်ပြီး အခန်းထွက်တဲ့အခါ ပြန်အမ်းလေ့ရှိပါတယ်။ အိမ်လခ ၁ လ သို့ ၂ လစာ ပမာဏရှိနိုင်ပါတယ်။

‼️Key Money (礼金 - Reikin): အိမ်ပိုင်ရှင်ကို ပေးရတဲ့ ဂုဏ်ပြုကြေးဖြစ်ပြီး ပြန်အမ်းလေ့မရှိပါဘူး။ အိမ်လခ ၁ လ သို့ ၂ လစာ ပမာဏရှိနိုင်ပါတယ်။

‼️Agent Fee (仲介手数料 - Chukai Tesuryo): အိမ်ခြံမြေအကျိုးဆောင်ကို ပေးရတဲ့ ဝန်ဆောင်ခဖြစ်ပြီး အိမ်လခ ၁ လစာ ပမာဏ (အခွန်မပါ) ရှိတတ်ပါတယ်။

‼️First Month's Rent (前家賃 - Maeyachin): ပထမဆုံးလအတွက် အိမ်လခ။

‼️Guarantor Fee (保証料 - Hosho-ryo): နိုင်ငံခြားသားတွေ အခန်းငှါးတဲ့အခါ Guarantor (အာမခံပေးသူ) လိုအပ်တတ်ပါတယ်။ Guarantor ရှာမရရင် Guarantor Company ကို အသုံးပြုရပြီး ဒီအတွက် ဝန်ဆောင်ခ ပေးရပါတယ်။

‼️Insurance (火災保険 - Kasai Hoken): မဖြစ်မနေ ဝယ်ယူရတဲ့ မီးအာမခံ၊ သဘာဝဘေးအန္တရာယ် အာမခံစတာတွေလည်း ရှိပါတယ်။

‼️Utility Fees: လျှပ်စစ်မီး၊ ရေ၊ Gas၊ အင်တာနက် စတဲ့ Utility Bill တွေကတော့ လစဉ်ပေးဆောင်ရမှာပါ။
စာချုပ်မှာပါဝင်တဲ့ စည်းကမ်းချက်တွေ၊ ကုန်ကျစရိတ်တွေ အားလုံးကို သေချာနားလည်ဖို့ အရေးကြီးပါတယ်။ ဂျပန်လို နားမလည်ရင် ဂျပန်စာကျွမ်းကျင်သူ ဒါမှမဟုတ် ဘာသာပြန်တစ်ဦးရဲ့ အကူအညီကို ယူသင့်ပါတယ်။✅✨

DM Japanese Education Service အနေနဲ့ ဂျပန်နိုင်ငံကို ပညာသင်သွားရောက်မယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် နေထိုင်ရန် ကျောင်းအဆောင် (သို့မဟုတ်) အခြားသင့်တော်တဲ့ အဆောင်တွေကို စီစဉ်ပေးခြင်းအပြင် ဂျပန်နိုင်ငံရောက်တဲ့အခါ ပထမဆုံး ကျောင်းတက်ရောက်မယ့်နေ့မှာ တိုကျို DM ရုံးမှ တာဝန်ရှိသူတွေက ကျောင်းကို လိုက်ပါပို့ဆောင်ပြီး လိုအပ်သည်များကိုပါ ကူညီဆောင်ရွက်ပေးတာကြောင့် မိဘများအနေနဲ့ စိတ်ပူစရာမလိုဘဲ စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်။✨✅
ဂျပန်မှာ အဆင်ပြေပြေ နေထိုင်နိုင်ဖို့အတွက် DM JES နဲ့ ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။
📍 DM JES တိုကျို (ရန်ကုန်ရုံးခွဲ) လိပ်စာ
No. 1199 Ground Floor, Letwelmindin Street, Myittarnyunt Ward, Tamwe Tsp., Yangon, Myanmar
Viber... 09774644033
📱 09453511224 / 09774644033

🇯🇵 Language School ပြီးရင် ဂျပန်မှာ ဘယ်လိုအခွင့်အရေးတွေ ရနိုင်မလဲ❓✨ဂျပန်နိုင်ငံမှာ Language School ပြီးဆုံးသွားတဲ့အခါ ဘာ...
05/08/2025

🇯🇵 Language School ပြီးရင် ဂျပန်မှာ ဘယ်လိုအခွင့်အရေးတွေ ရနိုင်မလဲ❓✨

ဂျပန်နိုင်ငံမှာ Language School ပြီးဆုံးသွားတဲ့အခါ ဘာဆက်လုပ်ရမလဲ၊ ဘယ်လိုအခွင့်အရေးတွေ ရှိနေလဲဆိုပြီး စဉ်းစားစရာတွေ ရှိလာမှာပါ။ DM Japanese Education Service ကနေဘLanguage School ပြီးတဲ့နောက် ရွေးချယ်လို့ရမယ့် အခွင့်အရေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Language School ပြီးရင် သင့်အတွက် အဓိကရွေးချယ်စရာ (၂) ခုရှိပါတယ်။

၁။ ပညာဆက်လက်သင်ကြားခြင်း။
၂။ လုပ်ငန်းခွင်ဝင်ရောက်ခြင်း။

✅ ၁။ ပညာဆက်လက်သင်ကြားခြင်း

Language School ပြီးရင် တက္ကသိုလ် (University) သို့မဟုတ် ကောလိပ် (College) ဆက်တက်ဖို့ ရွေးချယ်နိုင်ပါတယ်။

▪️တက္ကသိုလ် (University)

မြန်မာပြည်ကနေ ဘွဲ့မရသေးသူတွေအတွက် ဂျပန်မှာ တက္ကသိုလ်ဆက်တက်ပြီး ဘွဲ့ရယူတာဟာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ရေရှည်နေထိုင်ခွင့်အတွက် အထောက်အကူဖြစ်စေပါတယ်။

▪️ကောလိပ် (College)

မြန်မာပြည်မှာ ဘွဲ့ရပြီးသားဖြစ်ပေမယ့် ဂျပန်မှာ အလုပ်ဝင်ဖို့ ခက်ခဲတဲ့ ဘွဲ့မျိုးကိုင်ထားတယ်ဆိုရင်တော့ ကောလိပ်ဆက်တက်ပြီး လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို သင်ယူတာက ပိုအဆင်ပြေစေပါလိမ့်မယ်။

✅၂။ လုပ်ငန်းခွင်ဝင်ရောက်ခြင်း။

Language School ပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ရောက်ဖို့ စဉ်းစားတယ်ဆိုရင် သင့်အတွက် ဗီဇာအမျိုးအစား (၃) မျိုးရှိပါတယ်။

▪️Work Visa (Employment Visa)

ဘွဲ့ရှိမှရနိုင်တဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်။ ဂျပန်မှာရသည်ဖြစ်စေ၊ မြန်မာပြည်မှာရသည်ဖြစ်စေ ဘွဲ့တစ်ခုရှိဖို့ လိုအပ်ပါတယ်။ (ဥပမာ- BE ဘွဲ့၊ IT ဘွဲ့)
ဂျပန်စာ Level N2 နှင့်အထက်ရှိဖို့လိုအပ်ပါတယ်။

▪️Tokutei Visa (特定技能 - ကျွမ်းကျင်လုပ်သားဗီဇာ)

ပညာအရည်အချင်း ကန့်သတ်မထားပါ။
ဂျပန်စာ အနည်းဆုံး N4 အောင်မြင်ထားပြီး သက်ဆိုင်ရာလုပ်ငန်းရဲ့ကျွမ်းကျင်မှုစာမေးပွဲ အောင်လက်မှတ် ရှိဖို့လိုအပ်ပါတယ်။
ဗီဇာသက်တမ်း (၅) နှစ် ရရှိနိုင်ပါတယ်။
အလုပ်အမျိုးအစားများစွာ ရွေးချယ်နိုင်ပါတယ်။ (ဥပမာ- ဘိုးဘွားစောင့်ရှောက်ရေး၊ စိုက်ပျိုးရေး၊ စားသောက်ဆိုင်၊ စားသောက်ကုန်ထုတ်လုပ်ရေး၊ မွေးမြူရေး စသည်)

▪️Training Visa (技能実習 - အလုပ်သင်ဗီဇာ)

ဒါကတော့ ဂျပန်အစိုးရက ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ အလုပ်သင်အဖြစ်ခေါ်ယူပြီး နည်းပညာသင်ပေးရင်း အလုပ်လုပ်ရတဲ့ ဗီဇာမျိုးပါ။

ပညာအရည်အချင်းမလိုအပ်သလို ဂျပန်စာ N5/N4 ဆို အဆင်ပြေပါတယ်။

အလုပ်ပြောင်းခွင့်မရှိပါဘူး။ (Language School ပြီးသူအများစုက ဒီဗီဇာကို ရွေးချယ်လေ့မရှိပါဘူး)

Language School တွေကလည်း ကျောင်းပြီးခါနီးမှာ သင် ဘယ်ဗီဇာပြောင်းမလဲ၊ ဘာဆက်လုပ်မလဲဆိုတာကို ဆွေးနွေးပြီး လိုအပ်တာတွေ ကူညီပံ့ပိုးပေးတာကြောင့် အဆင်ပြေမှာပါ။

ဒါကြောင့် Language School တက်ဖို့ စဉ်းစားထားတယ်ဆိုရင် ပြီးရင်ရော ဘာဆက်လုပ်မလဲဆိုတာကိုပါ ကြိုတင်စဉ်းစားထားတာက အကောင်းဆုံးပါပဲနော်။

🎌 DM JAPANESE EDUCATION SERVICES ကနေ ၂၀၂၆ April Intake တွေအတွက် စာရင်းလက်ခံပေးနေပြီဖြစ်လို့ COE (Certificate of Eligibility) အတွက် စိတ်မပူချင်ရင်တော့ သတ်မှတ်လူဦးရေ မပြည့်ခင် အမြန်ဆုံး စာရင်းသွင်းလိုက်ပါနော် . . .🌸⭕

အခုလို ဂျပန်နဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကို မျှဝေပေးသွားမှာဖြစ်လို့ DM Japanese Education Services Page ကို Like & Follow လုပ်ထားပေးပါနော်။

📍 DM JES တိုကျို (ရန်ကုန်ရုံးခွဲ) လိပ်စာ

No. 1199 Ground Floor, Letwelmindin Street, Myittarnyunt Ward, Tamwe Tsp., Yangon, Myanmar

Viber.. 09774644033

📱 ဆက်သွယ်ရန်
09453511224 / 09774644033

Language School အင်တာဗျူး အောင်မြင်ဖို့ သိထားသင့်တဲ့ အချက်များ ✨🇯🇵ဂျပန်မှာ Language School တက်ဖို့ အင်တာဗျူးဖြေတဲ့အခါ အရ...
04/08/2025

Language School အင်တာဗျူး အောင်မြင်ဖို့ သိထားသင့်တဲ့ အချက်များ ✨🇯🇵

ဂျပန်မှာ Language School တက်ဖို့ အင်တာဗျူးဖြေတဲ့အခါ အရင်ကလို လွယ်လွယ်ကူကူ မဟုတ်တော့ပါဘူး။ နောက်ပိုင်းမှာ ကျောင်းလျှောက်သူတွေ များပြားလာတာကြောင့် ကျောင်းတွေက ပိုမိုရွေးချယ်လာပါတယ်။ ဒါကြောင့် သေချာပြင်ဆင်မှုက အဓိကကျပါတယ်။

DM Japanese Education Services နဲ့အတူ ကျောင်းလျှောက်မယ်ဆိုရင်တော့ Interview Training ပါ စီစဉ်ပေးလို့ အင်တာဗျူးက အဆင်ပြေမှာ သေချာပါတယ်။

🛑 ၁။ ကိုယ့်ကိုကိုယ်မိတ်ဆက်ခြင်း (自己紹介)

ကိုယ့်ကိုကိုယ်မိတ်ဆက်တဲ့အခါ 「自己紹介をさせていただきます。」လို့ စဖို့မလိုပါဘူး။ အဓိကက သင့်ရဲ့ ဂျပန်စာအရည်အချင်း၊ ကျောင်းပြီးရင် ဘာဆက်လုပ်ချင်လဲနဲ့ စည်းကမ်းလိုက်နာမယ့် ကျောင်းသားမျိုးလားဆိုတာကို ကျောင်းက သိချင်တာပါ။

မိသားစုအကြောင်း၊ အားသာချက်/အားနည်းချက်တွေကိုမေးမှသာ ဖြေပါ။မလိုအပ်ဘဲ ထည့်ပြောခြင်းက အမှတ်လျော့စေနိုင်ပါတယ်။

မွေးသက္ကရာဇ်အစား အသက်ကိုသာ ပြောပါ။

ကျက်စာရွတ်သလို မဖြစ်ပါစေနဲ့။

သဘာဝကျကျနဲ့ ယုံကြည်မှုရှိရှိ ပြောဆိုပါ။

ပြောရင်း ထစ်သွားရင် အစကနေ ပြန်မပြောပါနဲ့။ ဆက်ပြီးပြောပါ။

အင်တာဗျူးသူရဲ့ မျက်နှာကိုကြည့်ပြီး ပြုံးပြုံးလေး ပြောပါ။

🛑၂။ ကျောင်းတာဝန်ခံမှ မေးခွန်းများ မေးခြင်း

自己紹介 ပြီးတာနဲ့ မေးခွန်းတွေ လာပါလိမ့်မယ်။ အမေးများဆုံး မေးခွန်းအချို့နဲ့ အဖြေနမူနာတွေကို ဖော်ပြပေးလိုက်ပါတယ်။

▪️なまえは何とおよびすればいいですか?
(ဘယ်လိုခေါ်ရမလဲ)

✅အဖြေ:「(ခေါ်စေချင်တဲ့ နာမည်)とよんでも大丈夫です。」 (နာမည်ပြောတဲ့အခါ さん ထည့်မပြောမိပါစေနဲ့။)

▪️しゅっしんはどこですか?
(ဘယ်မြို့ကလဲ)

✅အဖြေ: 「ミャンマーの(မြန်မာနိုင်ငံမြေပုံပေါ်ရှိ ဦးတည်ရာ - ဥပမာ-ひがし/にし/きた/みなみ)にある(မြို့ (သို့) မြို့နယ် အမည်)です。」

▪️どうして日本へ行きたいですか。
(ဘာလို့ ဂျပန်ကိုသွားချင်တာလဲ)

✅အဖြေ:「日本語が大好きで、将来は日本の企業で働きたいと思っています。日本の文化ကို လက်တွေ့နီးစပ်စွာ လေ့လာချင်လို့ပါ။」

သတိပြုရန် :

တိကျတဲ့အဖြေဖြစ်ပါစေ။ ကိုယ့်ရဲ့ရည်မှန်းချက်ကို ပြတ်ပြတ်သားသားပြောပါ။လေ့လာလိုစိတ်ရှိကြောင်း ပြသပါ။

▪️日本語学校を卒業した後、何をしたいですか? (ဘာသာစကားကျောင်းပြီးရင် ဘာလုပ်ချင်လဲ)

✅ အဖြေ:「大学に進学したいです。」 သို့မဟုတ် 「就職したいです。」

သတိပြုရန်: ဘာပဲဖြေဖြေ၊ ဆက်ပြီးမေးလာမယ့်မေးခွန်းအတွက် (ဥပမာ- ဘယ်ကျောင်းတက်မလဲ၊ ဘာအလုပ်လုပ်မလဲ) ကြိုတင်ပြင်ဆင်ထားပါ။ မဖြေတတ်ရင်တော့ 「考え中です。」 (စဉ်းစားနေဆဲပါ) လို့ ဖြေနိုင်ပါတယ်။

🛑 ၃။ ကျောင်းဘက်ကို မေးခွန်းပြန်မေးခြင်း။

အင်တာဗျူးပြီးခါနီးမှာ ကျောင်းတာဝန်ခံကို မေးခွန်းပြန်မေးဖို့ မမေ့ပါနဲ့။ ဒါဟာ ကျောင်းအပေါ် စိတ်ဝင်စားမှုကို ပြသတာပါ။ ကျောင်းရဲ့ ဝက်ဘ်ဆိုက်ကနေ သိချင်တာတွေကို ကြိုတင်လေ့လာထားပြီး ၁ ခုကနေ ၃ ခုလောက်မေးနိုင်ပါတယ်။ (ဥပမာ- Scholar ရှိလား၊ အချိန်ပိုင်းအလုပ်ရှာရာမှာ ကူညီပေးလား)

🚨 အခြား အရေးကြီး သတိပြုစရာများ 🚨

အချိန်မှီရောက်ပါစေ။
အင်တာဗျူး ၁၅ မိနစ် ကြိုရောက်နေပါ။

ကင်မရာချိန်ညှိပါ။
ကိုယ့်မျက်နှာ Screen အလယ်မှာ ရှိနေပါစေ။

အားသွင်းထားပါ။
ဖုန်း/ကွန်ပျူတာ အားပြည့်နေပါစေ။

Wifi ကောင်းပါစေ။
တိတ်ဆိတ်တဲ့နေရာ ရွေးပါ။

သပ်ရပ်ပါစေ။
အဝတ်အစားနဲ့ ဆံပင် သပ်ရပ်ပါစေ။

နောက်ခံ သန့်ရှင်းပါစေ။

---

☑️ အကြံပြုလိုတာကတော့ အင်တာဗျူးမှာ ပြောမယ့် စာတွေကို အလွတ်မကျက်ပါနဲ့၊ များများလေ့ကျင့်ပါ။

---
🎌 ဂျပန်နိုင်ငံမှာ ပညာသင်ကြားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ DM Japanese Education Service ကို ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ရှင်။

DM Japanese Education Service ရဲ့ အကျိုးဆောင်ဝန်ဆောင်မှုတွေနဲ့ နောက်ဆုံးရ ဂျပန်ပညာရေးသတင်းအချက်အလက်တွေကို သိရှိနိုင်ဖို့ DM ရဲ့ Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။

📍 DM JES တိုကျို (ရန်ကုန်ရုံးခွဲ) လိပ်စာ:
No. 1199 Ground Floor, Letwelmindin Street, Myittarnyunt Ward, Tamwe Tsp., Yangon, Myanmar

Viber.. 09774644033

📱 ဆက်သွယ်ရန်:
09453511224 / 09774644033

Address

Magin Street
Tamwe

Telephone

+959798441149

Website

Alerts

Be the first to know and let us send you an email when DM Japanese Education Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share