01/01/2026
🌳 စိုက်ပျိုးရေးမှာ ရာသီဥတုကောင်းဖို့၊ မိုးလေဝသကောင်းဖို့၊ အပူဒါဏ်ခံနိုင်ဖို့၊ အစိုဓာတ်တွေထိန်းဖို့ဆို သစ်ပင်ကြီးတွေလည်းရှိဖို့လိုပါတယ်ဗျ။ ကျွန်တော်တို့ရဲ့ သီးနှံစိုက်ခင်းများဘေးမှာ သစ်ပင်ကြီးတွေရှိရင်ကောင်းပါတယ်ဗျ 🌴။
🌾 ဖြစ်နိုင်ရင် မိမိတို့ရဲ့လယ်ယာမြေသီးနှံစိုက်ခင်းတွေမှာ ရာသီသီးနှံ စပါး၊ နှမ်း၊ ပြောင်း၊ ပဲ၊ အာလူး၊ ငရုတ်၊ ကြက်သွန် စတဲ့သီးနှံတွေကိုလည်းစိုက်ကြသလို 🌶️ နှစ်ရှည်ပင်တွေဖြစ်တဲ့ ကျွန်းသစ်၊ သရက် စတဲ့နှစ်ရှည်ပင်များကိုလည်း တွဲဖက်စိုက်ထားပါက သီးနှံများကို ရာသီဥတု၊ မိုးလေဝသ၊ အပူ အအေး မျှတစေမှာပဲဖြစ်ပါတယ်ဗျ 🌤️🌧️။
🍂 သီးနှံရိတ်သိမ်းပြီးပါက လယ်ယာမြေကွက်လပ်ကို နွားချေး၊ ကြက်ချေး၊ ဆိတ်ချေး အစရှိတဲ့ တိရစ္ဆာန်ချေးများကို ထည့်ပေးသင့်ပါတယ် 🐄🐓။ သစ်ရွက်ဆွေး၊ အမှိုက်ဆွေး၊ အုန်းခွံ၊ ပဲခွံ စတဲ့ သစ်ပင်စွန့်ပစ်ပစ္စည်းများကိုလည်း ထည့်ပေးလို့ရပါတယ် ♻️။
⚠️ ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးလေဝသမမှန်ခြင်း၊ အပူလွန်ကဲခြင်း၊ ဓာတုမြေဩဇာ ဆေးဝါးများလိုအပ်သည်ထက် လွန်ကဲစွာသုံးမိခြင်း 🧪🚫၊ ရေတိုက်စားခြင်း၊ ပိုးမွှားရောဂါမထူထပ်ဘဲ လယ်ယာထဲရှိရိုးပြတ်အမှိုက်သရိုက်များကို အမြဲလိုလိုမီးရှို့ခြင်းများကြောင်း 🔥 မြေဆီလွှာပျက်စီးပြီး မြေချဉ်ခြင်း၊ မြေငန်ခြင်း၊ မြေမာခြင်း၊ အဆိပ်အတောက်များခြင်းများ ဖြစ်တတ်ပါတယ်ဗျ 🥀။
✨ မြေဆီလွှာလျော့နည်းပျက်စီးပါက ထုံးမှုန့်၊ ကျောက်မှုန့်၊ အီးအမ်ဖျော်ရည်၊ Transform သဘာဝမြေဩဇာထုပ်များဖြင့် မြေပြုပြင်ပေးသင့်ပါတယ်ဗျ 🌱။
💚 သီးနှံတစ်မျိုးတည်းကို ထပ်ကာထပ်ကာ မစိုက်ပျိုးဘဲ သီးလှည့်စိုက်ပျိုးသင့်ပါတယ် 🔄။ သဘာဝေအာ်ဂဲနစ်မြေဩဇာနဲ့ဆေးဝါးများ ဥပမာ-ငါးအမိုင်နို၊ Transform သဘာဝမြေဩဇာနဲ့ဆေးဝါး ကဲ့သို့ဆေးဝါး ✅၊ တိရစ္ဆာန်ချေးများ၊ သစ်ရွက်ဆွေး၊ သစ်ပင်စို၊ သစ်ပင်စွန့်ပစ်ပစ္စည်းများ ကိုသာ ပုံမှန်သုံးပေးပြီး ဓာတုမြေဩဇာဆေးဝါးများကိုလိုအပ်မှသာ လိုအပ်သလောက် သူ့အတိုင်းအတာနဲ့သူသုံးပေးပါက မြေကြီးကျန်းမာရေးကောင်း၊ လူကျန်းမာရေးကောင်းစွာ အသက်ရှည်မှာပဲဖြစ်ပါတယ်ဗျ 💪😊။
📈 သီးနှံခင်းများဘေးမှာသစ်ပင်ကြီးတွေစိုက်ပျိုးထားမယ်၊ ဒါမှမဟုတ် သီးနှံခင်းနဲ့ နှစ်ရှည်ပင်တောအုပ်တွဲစိုက်မယ် 🌳🌾၊ တိရစ္ဆာန်ချေးတွေ သစ်ပင်စွန့်ပစ်ပစ္စည်းတွေ မြေဩဇာအနေနဲ့ကျွေးမယ်၊ မြေပြင်ပေးမယ်၊ သဘာဝအော်ဂဲနစ်မြေဩဇာနဲ့ဆေးဝါးတွေကိုပုံမှန်သုံးမယ်၊ ဓာတုမြေဩဇာဆေးဝါးတွေကိုလိုအပ်မှသုံးမယ်၊ သီးလှည့်စိုက်မယ်၊ မျိုးကောင်းမျိုးသန့်သုံးမယ်၊ အချိန်၊ ရာသီမှန်အောင်စိုက်ပျိုးမယ်ဆိုရင် လယ်ယာသီးနှံများဟာ ပြန်လည်အထွက်နှုန်းတိုးလာမှာပါခင်ဗျ 🌾🌾🌾🌾 🌾💰💰💰💰💰
#ရာသီဥတု
#မြေကြီး
#သဘာဝမြေဩဇာနဲ့ဆေးဝါး
#အော်ဂဲနစ်မြေဩဇာနဲ့ဆေးဝါး
#ဆလိုင်းထွန်းဦးဝင်း