28/09/2026
လူတွေပြောကြတယ် ၁၀တန်းအောင်ဖို့လိုတယ်၊ဘွဲ့ရဖို့လိုတယ်၊ကွန်ပြုတာတတ်ဖို့လိုတယ်၊ English လည်းတတ်ဖို့လိုတယ်၊ Marketing လည်းတတ်ရမယ်၊ sale လည်းတတ်ရမယ်၊ခုခေတ်ဆိုလည်း Ai တတ်ဖို့လိုတယ်နဲ့ပြောနေကြတယ်၊လိုကောင်းလိုပါလိမ့်မယ် တစ်ချို့လူတွေအတွက် တစ်ချို့အရာတွေ၊လိုချင်မှလည်းလိုပါလိမ့်မယ်၊သူတို့လုပ်တဲ့အလုပ်ပေါ်လည်းမူတည်ပါသေးတယ်၊အရာရာဟာမဖြစ်မနေတတ်သိဖို့လိုအပ်နေပါတယ်လို့ မဆိုနိုင်ပါဘူး
မဖြစ်မနေ လေ့လာသင်ယူဖို့လိုအပ်တာ၊မွေးကတည်းကသင်ပေးဖို့၊သင်ယူဖို့လိုအပ်တာက သိပ္ပံနည်းကျဆိုရင် စိတ်ပညာလို့ပြောမလားပဲ၊ မြန်မာလိုဆိုရင်တော့ မေတ္တာတရား၊ဂရုနာတရား၊သီလတရား၊ကိုယ်ကျင့်တရား၊လူ့ယဥ်ကျေးမှု့၊လူသားဆန်မှု့တရားတွေပဲဖြစ်ပါတယ်
ဘယ်လောက်ကောင်းတဲ့ မျိုးစေ့ပဲဖြစ်နေပါစေ မဟာပထဝီမြေကြီးသာမရှိရင် ဘာပင်မှမပေါက်နိုင်သလို ယဉ်ကျေးမှု့၊လူသားဆန်မှု့ ကိုယ်ကျင့်တရား၊မွန်မြတ်တဲ့၊ဖြူစင်တဲ့စိတ်ထားပေါ်မှာသာ ကောင်းမွန်တဲ့အရာတွေ ရှင်သန်ဖြစ်ထွန်းနိုင်တာပါ၊
ဒါကြောင့် မေတ္တာ၊ဂရုနာ၊သီလ၊တရား၊ကိုယ်ကျင့်တရား၊လူ့ယဉ်ကျေးမှု့၊လူသားဆန်မှု့တို့ကို မဖြစ်မနေ လေ့လာသင်ယူပါ၊
နည်းပညာတတ်ပြီး လူသားဆန်မှု့မရှိပါက ဟီရိုရှိးမားမြို့ကြီးပျောက်ကွယ်သွားတာကိုသတိရပါ။
#နည်းပညာ
#အတတ်ပညာ
#စိတ်ပညာ
#အသိပညာ
#မေတ္တာတရား
#သီလတရား
#ကိုယ်ကျင့်တရား
#ယဉ်ကျေးမှု့
#လူသားဆန်မှု့