17/12/2025
ပညာရေး အရေးကြီးပါတယ်၊ကျွန်တော်တို့ဆီမှာ ပညာကိုတန်ဖိုးမထားတာက လူငယ်တွေရဲ့အပြစ်မဟုတ်ပါဘူး လူကြီးတွေရဲ့အပြစ်ပဲဖြစ်ပါလိမ့်မယ်။
စီပွားရေး အရေးကြီးပါတယ်၊ကြိုးစားသင့်ပါတယ်၊ဒါပေမဲ့ ပြောင်းလွယ်ပြင်လွယ် စီးပွားရေးဆို ပိုကောင်းမယ်ထင်ပါတယ်၊ပြောင်းလွယ်ပြင်လွယ်ရင် တစ် ကပြန်စရတာမျိုးအန္တရာယ်တွေကလွတ်ကင်းမှာပေါ့နော်။
ပညာရေး၊စီးပွားရေးအရေးကြီးတယ်ဆိုပြီးတော့လည်း ဇွတ်မလုပ်ပါနဲ့ အခြေအနေအချိန်အခါ ဆိုတာရှိပါသေးတယ်၊ထိန်းထိန်းသိမ်းသိမ်းလုပ်ပါ။
အရေးကြီးဆုံးဆိုရင်တော့ ကံပါ၊မေတ္တာပါ၊ကံကောင်းဖို့အဆင်ပြေဖို့ဆို မေတ္တာတွေရှိဖို့လိုပါတယ်၊မေတ္တာတွေသာပေါများနေမယ်ဆိုရင် အခြေအနေအချိန်အခါကြည့်ပြီး ပညာရေးတွေဆည်းပူးတတ်၊စီးပွားရေးတွေရှာတတ်၊ကုသိုလ်တွေလုပ်တတ်သွားမှာပါဗျာ 🌲 🌲 🌲 🌲 🌲
#ကုသိုလ်၊ပညာ၊ဥစ္စာ
#ဆလိုင်းထွန်းဦးဝင်း