29/09/2019
(၈) ကြိမ်မြောက်ထီဖွင့်ပွဲ၌ ယခင်လထက်ဆုငွေကျပ်သန်းတစ်ထောင်ခန့် တိုးမြှင့်ထား
====================
====================
အောက်တိုဘာ ၁ ရက် တွင် ပြုလုပ်မည့် (၈) ကြိမ်မြောက် ထီဖွင့်ပွဲ၌ ယခင်လထက် ဆု ငွေကျပ် သန်းတစ်ထောင်ခန့်တိုး မြှင့်မည်ဟု အောင်ဘာလေသိန်း ဆုဌာနက ကြေညာသည်။
အောင်ဘာလေသိန်းဆုဌာန သည် (၈) ကြိမ်မြောက်ထီဖွင့်ပွဲ၌ ထီလက်မှတ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း ၁၉,၀၀၀ ကျော်ကိုဆုငွေအဖြစ်ခွဲ ဝေချီးမြှင့်ရန် သတ်မှတ်ထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် (၇) ကြိမ်မြောက် ထီဖွင့်ပွဲတွင် ဆုငွေခွဲဝေချီးမြှင့်ခဲ့ သည့် ပမာဏသည် ကျပ်သန်း ၁၈,၀၀၀ ကျော်ရှိ၍ ယင်းလက ထက်ကျပ်သန်းတစ်ထောင်ခန့် တိုးမြှင့်ခြင်းဖြစ်သည်။
‘‘ထီလက်မှတ်ရောင်းချနိုင် မှုအပေါ်မူတည်ပြီးဆုမဲအရေအ တွက်ကို တိုးမြှင့်ထားရတာဖြစ်ပါ တယ်’’ ဟု အောင်ဘာလေသိန်း ဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ (၈) ကြိမ်မြောက်ထီ ဖွင့်ပွဲတွင် အထူးဆုကြီးဖြစ်သည့် ကျပ်သိန်း ၂,၀၀၀ တစ်ဆုတိုး မြှင့်ထားပြီးယင်းဆု ငါးဆုဖွင့်လှစ် မည်ဖြစ်သည်။
ထို့အပြင် ဆုတစ်ဆုချင်းစ နစ်တွင်လည်း ယခင်လကထက် ကျပ်သိန်းငါးရာ လေးဆု၊ ကျပ် သိန်းနှစ်ရာ သုံးဆု၊ ကျပ်သိန်း တစ်ရာ နှစ်ဆုနှင့် ကျပ်သိန်းနှစ် ဆယ် တစ်ဆုလည်း တိုးမြှင့်ထားသည်။
ဆုအရေအတွက် အများ ဆုံးထည့်သွင်းထားသည့် ကျပ်ငါး သောင်းဆုသည် (၈)ကြိမ်မြောက် တွင် ဆုမဲနှစ်သိန်းရှိမည်ဖြစ်ပြီး ယခင်လထက် ဆုမဲတစ်သောင်း ပိုများမည်ဖြစ်သည်။
(၈) ကြိမ်မြောက်ထီလက် မှတ်စောင်ရေအားလုံး ရောင်း ကုန်ခဲ့သဖြင့် သုံးလဆက်တိုက် လက်ကျန်မရှိသည့်လ ဖြစ်လာ သည်။
==========
7Day News Journal
💰
🍀🎫🎰🍀