Swann အမှတ်တံဆိပ် လူသုံးကုန်ပစ္စည်းများ နှင့် Swann Boutique Online Shop

  • Home
  • Myanmar
  • Taunggyi
  • Swann အမှတ်တံဆိပ် လူသုံးကုန်ပစ္စည်းများ နှင့် Swann Boutique Online Shop

Swann အမှတ်တံဆိပ် လူသုံးကုန်ပစ္စည်းများ နှင့် Swann Boutique Online Shop Believe your Beauty

Chia seed တွေဈေးကျပြီနော် 🩵   Seeds - 250gm = 13000 ks   Seeds - 500gm = 25000 ks   Seeds - 1 kg = 48000 ks📱Ph - 0942833...
21/12/2025

Chia seed တွေဈေးကျပြီနော် 🩵

Seeds - 250gm = 13000 ks
Seeds - 500gm = 25000 ks
Seeds - 1 kg = 48000 ks

📱Ph - 09428335879 / 09-694058796

လူပြောများလာတဲ့ Chia Seed အကြောင်းသိကောင်းစရာChia Seed တစ်အောင်စ (28 grams) မှာ ဆိုရင် 1. 137 ကယ်လိုရီ2. ကာဗိုဟိုက်ဒရိတ်...
05/12/2025

လူပြောများလာတဲ့ Chia Seed အကြောင်းသိကောင်းစရာ

Chia Seed တစ်အောင်စ (28 grams) မှာ ဆိုရင်
1. 137 ကယ်လိုရီ
2. ကာဗိုဟိုက်ဒရိတ် 12 ဂရမ်
3. အသားဓါတ် 4.4 ဂရမ်
4. အဆီဓါတ် 8.6 ဂရမ်
5. အမျှင်ဓါတ် 10.6 ဂရမ်
6. မဂ္ဂနိစ် 0.6 မီလီဂရမ်
7. ဖော့စ်ဖောရပ် (Phosphorus)256 မီလီဂရမ်
8. ကယ်လ်ဆီယမ် (ထုံးဓါတ်) 177 မီလီဂရမ်
9. သွပ်ဓါတ် 1 မီလီဂရမ်
10. ကော့ပါး 0.1 မီလီဂရမ်
11. ပိုတက်ဆီယမ် 44.8 မီလီဂရမ်ပါဝင်ပါတယ်။

Chia seed မှာ ခန္ဓာကိုယ် အတွက် အရေးကြီးတဲ့ Linoleic Acid အပြင် ဗီတာမင် A,B,E,D နှင့် သတ္တုဓါတ် တွေ ဖြစ်တဲ့ ဆာလဖာ၊ သံဓါတ်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ် တွေပါဝင်ပါသေးတယ်။

ကျန်းမာရေး ကို ဘယ်လို အထောက်အကူ ဖြစ်စေနိုင်သလဲ????

1. Chia seed မှာ ပါဝင်တဲ့ Phenolic က ဓါတ်တိုးဆန့်ကျင် သတ္တိ ရှိတဲ့ အတွက် ရေပြား ဆဲလ်လေးတွေ ပျက်ဆီးတာ ကို ကာကွယ်ပေးတဲ့ အပြင် ပျက်ဆီးသွားတဲ့ ဆဲလ်တွေကို လည်း ပြန်လည်ပြုပြင်ပေးနိုင်တဲ့ အသွမ်းသတ္တိ ရှိတဲ့ အတွက် ကျန်းမာတဲ့ အသားအရေ ရရှိနိုင်ပါတယ်။

2. အစာအိမ်နှင့် အူလမ်းကြောင်း အတွက်ကောင်းမွန်ခြင်း - Chia Seed မှာ အမျှင်ဓါတ်များစွာပါဝင်တဲ့ အတွက် ဝမ်းမှန်စေပါတယ်။ ဒီ့အပြင် ဆီးချိုရောဂါသည်တွေ မှာဆိုရင် လည်း အင်ဆူလင် ပမာဏကို ထိန်းညှိပေးနိုင်တဲ့ အတွက် သကြားဓါတ် ကို အတိုင်းအတာဂတစ်ခု အထိ ထိန်းညှိပေးနိုင်ပါတယ်။ စားလိုက်တာ နဲ့ အစာအိမ်ထဲ မှာ gelatin (ဂျဲလ်) ပုံစံပြောင်းသွားတဲ့ အတွက် prebiotic အနေနဲ့ အလုပ်လုပ် ပြီး အူလမ်းကြောင်း မှာ probiotics တွေ များလာအောင် လုပ်ပေးတံ့အတွက် ဝမ်းမှန်စေပါတယ်။

3. နှလုံးကျန်းမာရေး အတွက် အထူးကောင်းမွန်ခြင်း - အမျှင်ဓါတ် များစွာပါဝင်တဲ့ အတွက် သွေးတွင်း ကိုလက်စထရော ကို ကျစေပါတယ်။ အိုမီဂါ သရီး ပါဝင်တဲ့ အတွက်ကြောင့် လည်း ရောင်ယမ်းခြင်းကို ကာကွယ်ပေးခြင်း၊ မကောင်းတဲ့ ကိုလက်စထရော တွေ ကို လျှော့ချပေးနိုင်ခြင်း၊ သွေးပေါင်ချိန်လျှော့ချပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရှိပါတယ်။ သွေးတွင်းကိုလက်စထရော နှင့် ရောင်ယမ်းခြင်းကို လျှော့ချပေးတဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ကို လည်း တဖက်တလမ်း ကနေ ကာကွယ်ပေးနိုင်ပါတယ်။

4. Chia Seed မှာ Alpha Linolenic Acid နှင့် အမျှင်ဓါတ် ကြွယ်ဝတဲ့ အတွက် သွေးတွင်း ကိုလက်စထရော ကျစေသည့်အပြင် အင်ဆူလင် ပမာဏ ကိုပါ ထိန်းညှိပေးတဲ့ အတွက် ဆီးချိုရောဂါ ဖြစ်ပွားမှု့ကို ကာကွယ်ပေးပါတယ်။ ဒီအာနိသင် ရဖို့အတွက် ၃ ပါတ်တော့ အနည်းဆုံး စားပေးဖို့တော့လိုပါတယ်။

5. ဇီဝကမ္မ ဖြစ်စဉ် ကို မြှင့်တင်ပေးခြင်း - chia Seed မှာ ပါဝင်တဲ့ ကောင်းတဲ့ ကိုလက်စထရော တွေက မကောင်းတဲ့ ကိုလက်စထရော တွေ ကို ဖယ်ရှားပေးပြီး ဝမ်းဗိုက်အတွင်းရှိ အဆီတွေ ကို လျှော့ချပေးတဲ့အတွက် အဆီပမာဏ လျော့ကျပြီး ဇီဝကမ္မ ဖြစ်စဉ်ကို တက်လာစေပါတယ်။

6. အရိုးကျန်းမာရေး အတွက် အသုံးဝင်ခြင်း - Chia Seed တစ်အောင်စမှာ တစ်နေ့တာစားသင့်တဲ့ ကယ်ဆီယမ် 18 ရာခိုင်နှုန်းပါဝင်တဲ့ အတွက် အရိုးကြံခိုင်ဖို့ အတွက် တဖက်တလမ်း က ကူညီပေးပါတယ်။ ဒီ့အပြင် မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ဖော့စ်ဖောရပ် တွေပါ ဝင်သေးတဲ့ အတွက် အရိုး နှင့် ကြွက်သား အတွက် အထောက် အကူ ဖြစ်စေပါတယ်။

7. ကြွက်သားတက်စေခြင်း - တစ်အောင်စ မှာ အသားဓါတ် ၄.၄ ဂရမ် ပါတဲ့လအတွက် မဆိုးဘူးလို့ဆိုနိုင်ပါတယ်။ muscle Gain ကစားနေသူများလည်း စားလို့ အဆင်ပြေနိုင်ပါတယ်။

8. ဝိတ်ကျစေခြင်း - သွပ် ဓါတ် (Zinc) ပါဝင်တဲ့ အတွက် Leptin hormone ထွက်တာကို အားပေးပါတယ်။ Leptin hormone ပာာ ကျွန်တော်တို့ ဗိုက်ဆာတာ ကို ထိန်းချုပ်ပေးပါတယ်။

9. Alpha Lipoic Acid (ALA) က ရင်သားကင်စာ နှင့် သားအိမ်ခေါင်းကင်ဆာ ဆဲလ်တွေ ပွားနှုန်း ကို ပာန့်တားပေးပါတယ် ဆိုပြီး Journal of Molecular Biology ကနေ ဖော်ပြထားပါတယ်။

10. ကယ်ဆီယမ်၊ ဖော့စ်ဖောရပ် ၊ ဇင့် ပါဝင်တဲ့ အတွက် သွားများကို ကျန်းမာကြံခိုင်စေပြီး ဇင့်ဓါတ် က ဘတ်တီးရီးယား ပိုးမွှားများကို သေစေတဲ့အတွက် ခံတွင်း အနံ့ ဆိုးများကို သက်သာစေပါတယ်။

Credit -ဒေါက်တာ ညီညီကျော်
👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍

Chia Seeds ကို ဘာကြောင့်စားသင့်တာလဲ?

Chia Seeds ကိုဘယ်လိုစားရမလဲ ဘာကြောင့်စားသင့်တာလဲ ဆိူသူများအတွက်......🤓

❤❤❤Chia seed က

- ဌက်ပျောသီးထက် 100% ပိုတက်ဆီယမ်ပိုများပါတယ်

- အရွက်စိမ်းထက် 200% သံဓါတ်ပိုများပါတယ်

- Flax Seeds ထက် 300% Selenium, ဆဲလ်အသစ်တွေကို ထုတ်ပေးတဲ့ဓါတ် ပိုများပါတယ်

- နွားနို့ထက် 500% ကယ်စီယမ် ပိုများပါတယ်

- သဘာဝ ဆယ်လ်မွန်ငါးထက် 600 % အိုမီဂါ3, ဦးနှောက်ဖွံဖြိုးတိုးတက်စေတဲ့ DHA ထုတ်ပေးတာပါ ပိုများပါတယ်

- ဂေါ်ဖီစိမ်းထက် 1400% မတ်နက်စီယမ် ပိုများပါတယ်

😍Chia seeds မှာပါတဲ့ အိုမီဂါ3s ကိုခန္ဓာကိုယ်ကနေပီး ဦးနှောက်ဖွံဖြိုးမှုကိုအားပေးသော EPA နှင့် DHA အဖြစ်ပြောင်းပေးနိုင်ပါတယ် ဒါကြောင့်ကလေးငယ်တွေအတွက်လည်းသင့်တော်ပါတယ်။

😍Chia seeds ကလူကိုဝစေတဲ့ကာလိုရီနည်းပြီး အာဟာရများ ဖိုင်ဘာများတဲ့အတွက် နည်းနည်းလေးစားပြီး အာဟာရပါတယ် အဆာခံနိုင်ပါတယ် ဝိတ်ကျချင်သူများအတွက် chia seeds ဟာအလွန်သင့်တော်ပါတယ်။

👍👍👍👍👍👍👍👍👍👍👍👍👍👍
Chia seeds 1 အောင်စမှာပါဝင်တာတွေက

- Fiber: 11 grams.
- Protein: 4 grams.
- Fat: 9 grams (5 of which are Omega-3s).
- Calcium: 18% of the RDA.
- Manganese: 30% of the RDA.
- Magnesium: 30% of the RDA.
- Phosphorus: 27% of the RDA.
- Zinc, Vitamin B3 (Niacin), Potassium, Vitamin B1 (Thiamine) and Vitamin B2.

☕🍵🍪🍮🍔🍲🍛🍚🍜🍙🍣
Chia Seeds စားနည်း

1. Chia ပူတင်း - chia seeds ကို ဘယ်pudding ထဲထည့်ထည့်လို့ရပါတယ် အထူးသဖြင့် အုန်းနို့နှင့် လုပ်တဲ့ မုန့်ထဲထည့်ရင် အရမ်းလိုက်ဖက်ပါတယ်

2. Chia Tea - ဗိုက်ပူနေလို့ စိတ်ညစ်နေသူများ အတွက်အထူးသင့်တော်ပါတယ် ဖိုင်ဘာများလို့ ဝမ်းမှန်စေပြီ ခန္ဓာကိုယ်က အညစ်အကြေးတွေသန့်စင်ပေးပါတယ် detox လုပ်ပေးပါတယ် ရေနှင့်စိမ်ပြီး မနက်တိုင်းသောက်လို့ရပါတယ်

3.Blueberry muffins with chia. yummy!

4. ဖျော်ရည် ဒါမဟုတ် smoothie တွေထဲထည့်လိုက်ရုံပါပဲ

5. အလွယ်ဆုံးနည်းက yogurt အပေါ်ကဖြန်းစားရုံပါပဲ

6. Cereal and oatmeal ထဲကိုလည်း ထည့်စားလို့ရပါပါတယ်

များ သောအားဖြင့် ရေသန့်တစ်လီတာ ဗူးထဲကို Chia Seeds ထမင်းစားဇွန်း ၂ ဇွန်းခန့် ထည့်စိမ်ပြီး တစ်နာရီခန့် ကြာ သော်ပွလာလျှင်အစေ့ပါမကျန် သောက်သုံးလို့ရပါပြီ

ှတ်တံဆိပ်လူသုံးကုန်ပစ္စည်းများ
ှတ်တံဆိပ်

seed - 250gm=16000 ks
Seed -500gm=30000 ks
Seeds -1 kg = 58000 ks

📱Ph - 09428335879 / 09-694058796

25/05/2024

“Swann”
#အောင်မဲညိုခေါင်းလျှော်ရည်

#သဘာဝဆံပင်သန်အားဖြည့်ပေါင်းဆေးဆီ

#ထောပတ်သီးဆီ

#ကော်ဖီနနွင်းပျားရည်ဆပ်ပြာ

#ကျောက်ချဉ်ဆပ်ပြာ #ဝါးမီးသွေးဆပ်ပြာ

#အောင်မဲညိုဆပ်ပြာ #ကင်မွန်းသီးဆပ်ပြာ

#မနောဖြူရှားစောင်းလက်ပတ်ဓါတ်စာ

ဟာ 🥲
24/05/2024

ဟာ 🥲

Hi 👋 ခင်မင်လေးစားရသော customer တို့ရေရာသီဥတု ပူလွန်းလို့ ခဏခဏရေချိူးခေါင်းလျှော်ပြီး ဆံပင်တွေပျက်စီးနေရင်စိတ်မညစ်နဲ့နော်...
09/04/2024

Hi 👋
ခင်မင်လေးစားရသော customer တို့ရေ
ရာသီဥတု ပူလွန်းလို့ ခဏခဏရေချိူးခေါင်းလျှော်ပြီး ဆံပင်တွေပျက်စီးနေရင်စိတ်မညစ်နဲ့နော်
ဆံပင်နဲ့ပတ်သက်တဲ့ ပြဿနာတွေကို
အစွမ်းကုန် ဖြေရှင်းပေးမယ့်
"Swann “အမှတ်တံဆိပ်ကထုတ်တဲ့

🍀အောင်မဲညို ခေါင်းလျှော်ရည်နဲ့
🍀"သဘာဝဆံပင်သန်အားဖြည့်ပေါင်းလိမ်းဆေးဆီ” ရှိတယ်နော်

🍀အောင်မဲညိုခေါင်းလျှော်ရည်က
-ဆံပင်ကျွတ်ခြင်း
-ဦးရေပြားယားယံတာ
-ဘောက်ထတာတွေကို သက်သာစေပြီး

🍀သဘာဝဆံပင်သန် အားဖြည့်ပေါင်းဆေးဆီကတော့
သဘာဝဆေးဖက်ဝင် ပစ္စည်း(၉)မျိုးနဲ့
အချိုးကျ ဖော်စပ်ထားလို့
ဆံသားတွေကို အားဖြည့်ပေးပြီး
ထူထဲနက်မှောင်သန်စွမ်းစေမှာ အမှန်ပဲနော်

“Swann “အမှတ်တံဆိပ်
🍀အောင်မဲညို ခေါင်းလျှော်ရည်
6000/-(500ml)
🍀သဘာဝဆံပင်သန် အားဖြည့် ပေါင်းဆေးဆီ
9000/-(90ml)

ရဲယို နှင့် သဘာဝဆေးဆိုင်

အမှတ်(၁၃၁)
မြို့မစျေးမီးပွိုင့်အနီး၊ကုန်သည်လမ်း၊ခမ်းလီရွှေဆိုင်ဘေး
တောင်ကြီးမြို့။

☎️0941010296 / 09428335879

 #မနောဖြူ_ရှားစောင်းလက်ပတ်ဓါတ်စာ 😋🤤ရှားစောင်းလက်ပတ် ချက်ဆေး/ ဖြည့်စွက်ဓာတ်စာ ပုံမှန်စားသုံးပေးခြင်းအားဖြင့် ရရှိမယ့်အာနိ...
09/02/2024

#မနောဖြူ_ရှားစောင်းလက်ပတ်ဓါတ်စာ 😋🤤

ရှားစောင်းလက်ပတ် ချက်ဆေး/ ဖြည့်စွက်ဓာတ်စာ

ပုံမှန်စားသုံးပေးခြင်းအားဖြင့် ရရှိမယ့်အာနိသင်ကတော

၁- ဝမ်းပျော့စေပါတယ်
၂- အပူအပုပ်ကင်းစင်ပြီး နေ့စဉ်ဝမ်းမှန်စေပါတယ်
၃- နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်
၄- မီးယပ်ရောဂါအမျိုးမျိုးအတွက် အလွန်ကောင်းတဲ့ဆေးတစ်လက်ပါ
၅- သွေးဆုံးကိုင်ချိန် နေ့စဉ် စားသုံးပါ
၆- ဓမ္မတာလာချိန် နာကျင်တာ ကိုက်ခဲတာ
အဖြူဆင်းတာ သက်သာစေပါတယ်
၇- အစာကျေညက်ဖို့လွယ်ကူစေပါတယ်
၈- အသားအရေစိုပြေ စေပါတယ်
၉- အမျိုးသားများအတွက် ဒူလာ ၊ လိပ်ခေါင်း ရောဂါများကို ကာကွယ်ပေးပါတယ်
၁၀– ကင်ဆာ ဖြစ်နိုင်ချေကို လျော့ချပေးတယ်။
– ကင်ဆာရောဂါ အမြစ်များကိုပါ ဖယ်ရှားပေးပါတယ်
– အစာအိမ်ကို သန့်ရှင်း ကျန်းမာစေပါတယ်။
– သွေးအားကောင်းစေပြီး သွေးမှာ အဆီများခြင်း၊ ပြစ်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။
– စိတ်ဓာတ်ကျဆင်းစေတဲ့ ဟိုမုန်းများကို တိုက်ဖျက်ပေးပါတယ်။
– အကြားအာရုံကို တိုးမြင့်ကောင်းစေပါတယ်။
– ကျောက်ကပ်ကို ကျန်းမာစေပြီး ကျောက်တည်ခြင်းကို ဖယ်ရှားပေးပါတယ်။
– ဆီးချိုသွေးချိုများကို သက်သာ ပျောက်ကင်းစေပါတယ်။
– အသံခြောက်ခြင်း အဆီဖုံးခြင်းများကို ကုသပေးပြီး ကာလည်းကာကွယ်ပေးပါတယ်။

အစရှိသဖြင့် တို့အပြင်သူ့မှာ များစွာသော ကျန်းမာရေး ကောင်းကျိုးများ ရှိတာကြောင့် ရှားစောင်းလက်ပတ်ကို ဆေးတန်ခိုးပင်လို့တောင် အချို့ ခေါ်ဆိုပါတယ်။

စျေးနှုန်းက 450 gm တစ်ဗူး= 6500 ks ပါ

- ဆက်သွယ်ဝယ်ယူရန်

- ဲယို နှင့် သဘာဝဆေးဆိုင်

- အမှတ်(၁၃၁)
- မြို့မစျေးမီးပွိုင့်အနီး၊ကုန်သည်လမ်း၊ကန်ရှေ့ရပ်၊ခမ်းလီရွှေဆိုင်ဘေး၊
- တောင်ကြီးမြို့။

- 09-41010296,
- 09-09428335879

- ⛔️ အခြားမြို့မှ ဖုန်း/Cb မှ မှာလျှင် ကားဂိတ်/ အမြန်ချောပို့ ထိ ပို့ပေးတာက ဆိုင်၏အပို ဝန်ဆောင်မှုပါ

- 🛑ဘယ်မြို့မဆို ငွေကြိုလွဲပေးရပါမယ်

- ⛔️(တန်ဆာခ ကိုယ့်ကိုယ် ရွေးယူရပါမည်)

- ⛔️ယုံကြည်မှ သာ မှာယူပါ/ဝယ်ယူပါ/ငွေလွဲပါ
အတင်းဇွတ်ထိုးမရောင်းပါ

- နားလည်မှုပေးခြင်းအတွက် အထူးကျေးဇူးတင်ရှိပါသည်။

ကြောက်စရာကောင်းတဲ့လူ ...သူ့ အိမ်ကပိုကောင်းတယ်လို့ပင့်ကူ အချင်းချင်း မတွေးကြဘူး။သူ့ အသံကပိုချိုတယ်လို့ဥဩ အချင်းချင်း မတွေ...
29/12/2023

ကြောက်စရာကောင်းတဲ့လူ ...

သူ့ အိမ်က
ပိုကောင်းတယ်လို့
ပင့်ကူ အချင်းချင်း မတွေးကြဘူး။

သူ့ အသံက
ပိုချိုတယ်လို့
ဥဩ အချင်းချင်း မတွေးကြဘူး။

သူ့ အတောင်ပံက
ပိုလှတယ်လို့
လိပ်ပြာ အချင်းချင်း မတွေးကြဘူး။

သူ့ အရောင်က
ပိုလင်းတယ်လို့
ကြယ် အချင်းချင်း မတွေးကြဘူး။

သူက အမှတ်ပိုများတယ်
သူက အလုပ်ပိုကောင်းတယ်
သူက ရာထူးပိုမြင့်တယ်
သူက နာမည်ပိုကြီးတယ်
သူက ပိုသာတယ်
သူက ပိုတော်တယ်
သူက ပိုတယ်

လူအချင်းချင်း တွေး
လူအချင်းချင်း တွန်း
လူအချင်းချင်း တိုက်ကြတယ်။

ကူ မလိုနဲ့ ယူ

ထူ မလိုနဲ့ ခြူ

ခြေထိုး ပြီးမှ ရှေ့တိုးတက်တာ လူ။

လျှာဖျားမှာ မေတ္တာတရား
နှလုံးသားက မစ္ဆရိယပွားတာ လူ။

ဆင်းရဲတာကြားရင် အားရ၊

မျက်ရည်ကျတာမြင်ရင် ပျော်ကြတာ လူ။

ပင်လယ်ရေကို မောင်ပိုင်စီး
ဝန်တိုလောင်မီးနဲ့
မနာလိုစိတ်ကြီးတာ လူ။

လူ လူ လူ
ကြောက်စရာကောင်းတဲ့ လူ။

​ေဩာ်မေ့လို့

"ငါ"ဆိုတဲ့ကောင်ကလည်း
အဲဒီလူတွေထဲက "လူ"

အဲ့လို လူ မဖြစ်အောင် ဆင်ခြင်နေရတဲ့ ငါ့လိုလူ

Credit -To Original Writer
မေတ္တာဖြင့် တဆင့်_
ပြန်လည်မျှဝေသည်....

 #သဘာဝကပေးတဲ့နတ်ဆေးပင် #အောက်ဆီဂျင်အပေးနိုင်ဆုံးအပင်ဖြစ်တဲ့..................................................ရှားစောင်းလ...
09/12/2023

#သဘာဝကပေးတဲ့နတ်ဆေးပင်

#အောက်ဆီဂျင်အပေးနိုင်ဆုံးအပင်ဖြစ်တဲ့..................................................

ရှားစောင်းလက်ပတ်ပင် စိုက်ပျိုးထိန်းသိမ်းနည်း

*ဒီနေ့မှာတော့ ရှားစောင်းလက်ပတ်အပင်ကို စိုက်ပျိုးတဲ့နေရာမှာ #ဆောင်ရန်ရှောင်ရန်အချက်လေးတွေ နဲ့ #အသုံး၀င်ပုံ၊‌ #သိကောင်းစရာ‌တွေ ကို အဓိကထား ဖော်ပြပေးသွားပါမယ်။

ရှားစောင်းလက်ပပ်ပင်ကို အဓိကအားဖြင့် ပြုစုပျိုးထောင်တဲ့အခါမှာ နေရောင် ခြည် လုံလုံလောက်လောက် ရရှိရပါမယ်၊🌤️ ရေလောင်းတဲ့အကြိမ်ရေကို လျှော့လောင်းရမယ်၊ ရှားစောင်းလက်ပပ်စိုက်ပျိုးသင့်တဲ့ မြေအမျိုးအစားကတော့ လေဝင်လေထွက်ကောင်းစေတဲ့ မြေအမျိုးအစား၊ ရေစီးဆင်းမှုလွယ်စေပြီး ရေဓာတ်သိုမှီထား နိုင်တဲ့မြေမျိုးဖြစ် ရပါမယ်၊ အိမ်မှာ အိုးနဲ့စိုက်မယ်ဆိုရင်တော့ ဈေးကွက်မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ အဆင့်သင့်မြေတွေကို မြေဆွေးတွေနဲ့ ရောမွှေ၍ စိုက်ပျိုးလိုက်ရင်ရပါတယ်။💁🏼‍♂️ ရှားစောင်းလက်ပပ်ပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင် အစိုဓာတ်အသင့်အတင့်ရရှိယုံနှင့် စိုက်ပျိုးနိုင်ပါတယ်။

စိုက်ပျိုးမယ်ဆိုရင် မြေထဲမှာ သဲကြမ်းနည်းနည်း၊ သစ်ရွက်စေးမြေ နည်းနည်း၊ မီးသွေးမှုန့်နည်းနည်း ဖြည့်စွက်ရောနှောစိုက်ပျိုးရပါတယ်။💁🏼‍♂️📈 သစ်ရွက်ဆွေး မြေတွေထဲမှာ ဇီဝမြေသြဇာတွေ အများအပြား ပါဝင်နေတဲ့အတွက် အကောင်းစားမြေမျိုး ဖြစ်သွားမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်က အက်ဆစ်အချဉ် ဓာတ်နည်းပါးပြီး အယ်လ်ကာလီများတဲ့ မြေမျိုးကိုနှစ်သက်ပါတယ်။

**** ရှားစောင်းလက်ပပ်စိုက်ပျိုးနည်းများ ****

ရှားစောင်းလက်ပပ်ကို ပန်းအိုးထဲထည့်စိုက်တဲ့နည်းနှင့် မြေကြီးမှာ တိုက်ရိုက် စိုက်တဲ့နည်းဆိုပြီး နှစ်နည်းစိုက်ပျိုးလို့ရပါတယ်၊✌️
မိမိကြိုက်နှစ်သက်တဲ့နည်းနဲ့ စိုက်ပျိုး နိုင်ပါတယ်၊ စိုက်နည်းမတူညီတဲ့အတွက် ပေါက်ရောက်ကြီးထွားမှုမှာလဲ ကွာခြား မှုရှိ တတ်ပါတယ်💁🏼‍♂️

မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲ ထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးအပေါက်မြန်ပြီး အကြီးထွားသန်မာစေပါတယ်။
ရှားစောင်းလက်ပပ်ပင်ကို တစ်ပင်နှင့်တစ်ပင် (၅)ပေခြား စိုက်ပျိုးရပါတယ်၊ စိုက်ပျိုးပြီးတစ်နှစ်သားအရွယ်မှာ အပင်လက်များ သန်မာထွားကျိုင်းကာ ဖြစ်ထွန်းအောင်မြင် လာပါလိမ့်မယ်။💕

အပင်အလက်များသည် နွေဥတု၌ အတွင်းအနှစ်အနည်း ငယ်သာရှိပြီး မိုးနှင့်၊ ဆောင်းဥတုမှာ အတွင်းအနှစ်များသည် ဂျယ်လီကဲ့သို့ ဖောင်းနေပြီး အပင်အလက်ကို ဓားဖြင့်လှီးဖြတ်လျှင် အတွင်းအနှစ်များသည် ဂျယ်လီသဏ္ဍန် အိတွဲတွဲဖြင့် ဆေးဘက်ဝင်တယ်လို့ ဆိုပါတယ်။
ရှားစောင်းလက်ပပ်အပင်ကို အပင်ခြေရင်းတွင် ပြာအနည်းငယ်စီပုံပေးပါက ပို၍ဖြစ်ထွန်း လွယ်ပါတယ်။ 💁🏼‍♂️💕

**** မြေသြဇာမများရ***

ရှားစောင်းလက်ပပ်က စင်စစ်မှာတော့ မြေသြဇာမကျွေးလဲ ရှားစောင်းလက်ပပ်က ကြီးထွားမှာပါပဲ၊ ဒါပေမယ့် သင့်လျော်တဲ့ မြေသြဇာနည်းနည်းကျွေးပေးရင်တော့ ကြီးထွားမှု့ကို မြန်ဆန်စေပါတယ်၊ မြေသြဇာအကျွေးများ လွန်းပြန်လျှင်လည်း အမြစ်ပုပ်သွားတတ်ပါတယ်၊🙅🏼‍♂️ မြေသြဇာကို သင့်ရုံလောက်သာထည့်ပါ။💁🏼‍♂️

**** မြေကြီးမှာစိုက်ရင် လိုက်နာရမည့် အချက်များ ****

မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးကြီးထွားလေ့ ရှိပါတယ်။ ရှားစောင်းလက်ပပ်ကို အကောင်းဆုံးက နေရောင်ခြည်ကောင်းကောင်းရတတ်တဲ့ အရှေ့အရပ်နဲ့ တောင်အရပ်က စိုက်ပျိုးသင့်တဲ့နေရာကောင်းတွေပါပဲ။ ရှားစောင်းလက်ပပ်ကို မိုးရေဝပ်တဲ့နေရာမျိုးမှာ လုံးဝမစိုက်ပျိုးသင့်ပါဘူး🙅🏼‍♂️ ၊

ဘာကြောင့်လဲဆိုတော့ ရှားစောင်းလက်ပပ်က သဲကန္တာရဒေသဇာတိအပင် မျိုးဖြစ် လေတော့ ရေများတာကိုမကြိုက်ပါဘူး၊ မိုးရွာပင်ရွာသော်လည်း ရေမြန်မြန်စီးပြီး ရေတင်မကျန် ရေမဝပ်ဖို့ သိပ်အရေးကြီးပါတယ်။

**** အသစ်ပြန်စိုက်ပြီးတဲ့ နောက်တစ်လ ရေမလောင်းပါနဲ့ ****

တခြားအပင်တွေဟာ အပင်ပြောင်းရွှေ့စိုက်တာပဲဖြစ်ဖြစ်၊ အသစ်ပြန်စိုက်တာပဲဖြစ်ဖြစ်၊ ရေလုံလုံလောက်လောက် လောင်းရစမြဲပါ၊ ဒါပေမယ့် ရှားစောင်းလက်ပပ်ကတော့ လုံးဝမတူဘဲ အသစ်ပြန်စိုက်ပြီးတဲ့နောက်တစ်လလုံး ရေလောင်းကို မလောင်းရပါဘူး ၊

တစ်လပြည့်ပြီးနောက်မှ ရေအဝလောင်းရပါတယ်၊ အဲဒီအချက်ကိုတော့ အထူးသတိပြုသင့်ပါတယ်။🙋🏼‍♂️
ဆောင်းကာလကုန်လွန်တာနဲ့ နွေပေါက်ပြီဆိုရင် ရှားစောင်းလက်ပပ်ပင်ကို အသစ်ပြန်စိုက်လို့ရပါပြီ၊ အသစ်ပြန်စိုက်ပြီး နှစ်လကြာပြီးနောက် ပဲဖတ်၊ (သို့) နှမ်းဖတ်ကို တစ်ကော်၊ နှစ်ကော် (သို့) ကြက် ချေးခြောက် တစ်ကော်၊နှစ်ကော် ကျွေးလိုက်ပါ၊ ဆောင်းတွင်းမှာတော့ ဘာမြေသြဇာမှ ကျွေးဖို့မလိုပါဘူး။

**** သားတက်ခွဲစိုက်နည်း ****

သားတက်ခွဲစိုက်နည်းကတော့ မိခင်အပင်မကြီးရဲ့အမြစ်ကို မထိခိုက်စေဘဲ သားတက်ကို အမြစ်ပါနုတ်ယူပြီး အဲဒီသားတက်ကို အမြစ်ပါစိုက်တဲ့နည်းပဲဖြစ်ပါတယ်၊ ပထမဆုံးသားတက်ကို နုတ်ယူပါ ၊ လေဝင်လေထွက်ကောင်းပြီး နေရိပ်ရတဲ့နေရာမှာ ရက်သတ္တတစ်ပတ်လောက် အခြောက်ခံထားပါ၊ သေသေချာချာခြောက်ပြီဆိုတော့မှ မြေထဲကိုစိုက်ထည့်လိုက်ပါ၊ ချက်ချင်းရေမလောင်းပါနဲ့၊ အမြစ်တွေ အသေအချာခိုင်လာမှ ရေလောင်းပါ။ မကြာခင် အပင်သစ်က အမြစ်ထွက်လာပါမယ်၊ အပင်သစ်ရဲ့ အရွက်နည်းနည်း အဝါရောင်သန်းလာပေမယ့် တစ်ခုခုဖြစ်သွားပီလို့ မထင်လိုက်ပါနဲ့ ၊ စိတ်မပူပါနဲ့၊🙋🏼‍♂️
အမြစ် တဖြည်းဖြည်းရှည်ထွက်လာရငိ အရွက်လဲပိုပြီး သန်လာပါလိမ့်မယ်၊ အရွက်ရဲ့အရောင်ကလဲ အစိမ်းရင့်ရောင် ပြောင်းလဲလာပါလိမ့်မယ်၊ အဲဒီတော့မှ အသေအချာစစ်ဆေးကြည့်ပြီးမှ ရောင်းလောင်းပါလို့ အကြုံပြု ချင်ပါတယ်။💁🏼‍♂️
– DOCA


ရှားစောင်းလက်ပတ်ပင် အကြောင်းသိကောင်းစရာ
(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)

ပေါက်ရောက်ပုံ 🌱

အပူပိုင်း ဒေသ များတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ ဆေးဖက်ဝင် ဖြစ်၍ စိုက်ပျိုး ထားသည်။

အသုံးပြုပုံ

ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေဝါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

ပုံပန်းအသွင်ပြင်

အရည်ရွှမ်းသော ပင်ပျော့ ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁-ပေ၊ ၁-ပေခွဲ အထိရှိသည်။

အသုံးဝင်သောအပိုင်း

အရွက်

Item Name : Barbodos Aloes (ရှားစောင်းလက်ပပ်)

အပူပိုင်း ဒေသများ တွင် ပေါက်ရောက် သည်။ သဘာဝ အလျောက် အလေ့ကျ ပေါက်ရောက် သည်။ ဆေးဖက် ဝင် အဖြစ်လည်း ပန်းအိုး များ ဖြင့် သော်လည်း ကောင်း ၊ မြေတွင် ချ၍ သော် လည်း ကောင်း ပြုစု စိုက်ပျိုး ထား နိုင်သည်။ Appearance : -အရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ပျော့မျိုး ဖြစ်သည်။ အရည်ရွှမ်းသော အပင်ရင်းမှ စုပြုံ၍ ဖြာထွက်သည်။
အပေါ် မျက်နှာပြင်သည် အနည်းငယ် ခွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်နားတွင် ဆူးကလေးများ ရှိသည်။

အပင် -အရည် ရွှမ်းသော ပင်ပျော့ ပင်ငယ် မျိုး ဖြစ်၍ အမြင့် ၁ ပေ မှ ၁၁/၂ ပေ ထိ မြင့်၏ ။

ပင်စည်လုံး သတ်သတ် မရှိဘဲ အပင်ရင်း မှ အရွက်များ ၅ ခု ၆ ခု ဖြာ လျက် ထွက်သည်။ အရွက် - အပေါ် အခွံ အစိမ်းနုရောင် ရှိပြီး အတွင်း၌ ကျောက်ကျော ကဲ့သို့ ပျစ်ချွဲ သော အရည်အသား များ ပြည့်လျက် ရှိသည်။ အလျား နှစ်တောင် မျှ ရှည်၍ အနံ လေးလက်မ ၊ အထူ ၁ လက်မ ၂ လက်မ ထိ ထူ၏ ။ ရွက်နား ပတ်လည် ဆူးကလေး များ ခြား ၍ ရှိသည်။

အပွင့်*

၃-၄ နှစ်သား အရွယ် ရှိသော အပင်တွင် ရှည်လျား သော ပန်းခိုင် ထွက်လာပြီး နီဝါရောင် ပန်းပွင့် လေးများ ပန်းခိုင် ထိပ်တွင် စုပြုံ ပွင့်၏ ။

-မြန်မာ ဆေးကျမ်းများ အလိုအရ ရှားစောင်းလက်ပပ် သည် အေး ခါး သော အရသာ ရှိပြီး လေကို နိုင်၏။ အားကို ဖြစ်စေသော အစွမ်း သတ္တိ ရှိသည်။

ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ

ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ္တိများ ကြွယ်စွာပါဝင်သည်။အူမကြီးကို ရှင်းလင်းပေးသည့် ဝမ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။

လေ့လာချက်များအရ

● ဆီး ၊ ဝမ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊💁🏼‍♂️ အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊🦠 အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။

ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမဝင်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။
ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ဝင်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ဝင်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။

ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။

နှုတ်ခမ်းအတွက်💋

ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

အသားအရေအတွက်🧏🏻

ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။

မျက်နှာပေါ်မှအမဲစက်များအတွက် 👉

ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။💁🏼‍♀️
ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားပါမည်။

စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတများ

ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။💁🏼‍♀️
ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားပါမည်။

စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတများ

New products is here 💚💚   🥑 ှတ်တံဆိပ်_ဆံပင်အားဖြည့်_ထောပတ်သီးအဆီ 💚"  ပြောင်ကြီး  " ဘ၀ကလွတ်ဖို့ Hair oilလေးလိမ်းပြီး ခေါင...
05/12/2023

New products is here 💚💚 🥑

ှတ်တံဆိပ်_ဆံပင်အားဖြည့်_ထောပတ်သီးအဆီ 💚

" ပြောင်ကြီး " ဘ၀ကလွတ်ဖို့ Hair oilလေးလိမ်းပြီး ခေါင်းလျှော်ကြမယ်နော် 🤗🤗

💁သင့်ရဲ့ ဆံသားလေးတွေကို ဂရုစိုက်နော်။
👑အဲ့ဒါက သင်ဘယ်တော့မှ မချွတ်ရမယ့် ခေါင်းဆောင်းသရဖူလိုပါပဲ။

🙂ကိုယ့်ရဲ့ခေါင်းကဆံပင်ပါးနေတာရောသတိထားမိကြရဲ့လား???

👎တစ်လလောက်ဘဲကျွတ်မှာပါပြီးရင်ရပ်မှာပေါ့လို့တွေးနေကြတုန်းလား???

👉ဦးရေပြားကမကောင်း ဆံပင်အမြစ်တွေကမခိုင်ဘူးဆိုရင်တော့

🥺သေချာနေပြီ နောက်တစ်နှစ် နှစ်နှစ်လောက်ဘဲစောင့်

😭ပြောင်ကြီးဘွဲ့ကိုခံယူနေရပြီ😭

🙅အဲ့လိုမဖြစ်ချင်ရင် အခုတည်းက chemical လုံး၀လုံး၀မပါ၀င်ဘဲ သဘာဝပစ္စည်းများနဲ့သာထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကိုရွေးသုံးသင့်ပါတယ်။

🙅Chemical ပစ္စည်းပါ၀င်တဲ့ product များလုံး၀ ရှောင်သင့်ပါတယ်နော်။

💁ဒါဆိုရင်မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်တော့ပါဘူး။

👉ဆိုင်သွားပြီး အချိန်မပေးနိုင်တဲ့သူတွေအတွက်ကတော့Avocado🥑🥑 Hairoil လေးတွေ ရှိနေပါပြီ။☘️

✅ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆံပင်ကျွတ်သူတွေ သုံးပေးသင့်ပါတယ်။
ခေါင်းမလျှော်ခင် လိမ်းထားပြီးပြန်လျှော်ချလို့ရသလိူ
hair coat အနေနဲ့လဲ အသုံးပြုလိူ့ရတယ်။

✅ဆိုးဆေး,နေရောင်ခြည်ဒဏ်တွေကြောင့် ဆံသားဖွာကြမ်းကြမ်း ခြောက်သွေ့
သူတွေ ဗောက်ထတဲ့သူတွေ သုံးသင့်ပါတယ်။
သူကတော့ခေါင်မလျှော်ခင်နာရီဝက် ၁နာရီအလို
ဆံသားဦးရေပြားမှာထည့်ထားပြီး ပြန်လျှော်ချပေးရပါတယ်။ ညဘက်ထည့်ထားပြီး မနက်မှလျှော်လဲရတယ်။

✅ဆံပင်အတွက်
လိုအပ်နေတဲ့ ရေဓာတ်ကိုဖြည့်ပေးတဲ့အပြင် အဖျားနှစ်ခွဖြစ်တာကိုပါသက်သာစေတယ်။
သဘာဝပစ္စည်းတွေနဲ့ အခြေခံထားလို့ ခေါင်းကိုက်တာကိုပါသက်သာစေပါတယ်။
မလျှော်ခင် ဦးရေပြားထဲထည့်နှိပ်နယ်ပြီးလျှော်ချလိုက်ပါ။

✅ဆံပင်ကိုအကွက်လိုက်ကျွတ်တဲ့သူ ဦးရေပြားယား မှိုလိုက်တဲ့သဘော ဒက်ဘာညာရှိရင် သုံး
ကြည့်ပါ။
ဆံပင်မှာ လိုအပ်တဲ့အစိုဓာတ်ကိုထိန်းပေးပြီး
ဦးရေပြားသွေးလည်ပတ်မှုကို အားကောင်းစေတယ်။
ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးပြီး ဆံပင်ကိုမြန်မြန်ပြန်ပေါက်စေတယ်။ဆံသားရှုပ်တာလျော့စေပြီး
ဆံသားကိုနူးညံ့ပျော့ပြောင်းလာစေပါတယ်။
သူကတော့ ခေါင်းလျှော်ပြီး ဆံပင်ခြောက်ချိန်မှာ
ဆံပင်အရင်းနား ဦးရေပြားကို စွတ်ပြီး နှိပ်နယ်ပေးပါ။ ဆံပင်အရင်းနားလေးတွေကို စွတ်ရတာတော်တော်လေးအဆင်ပြေပါတယ်။

✅ခေါင်းလျှော်ပြီးလည်း ပူနေလိုက်တာ
ယားလိုက်တာ ဆိုတဲ့သူတွေ သုံးပါ။
ဆံသားပြတ်ထွက်တာဦးရေပြားပူနေတာ
အဖျားရှူးရှူး ဖြစ်နေတာတွေ တကယ်သက်သာစေပါတယ်။ oil ကို လိမ်းပြီး Shower cut လေးခဏစွတ်ထားပါ။
ညဘက် လူးအိပ်မယ်ဆို တဘက်အပါးတစ်ခုနဲ့ပတ်ထား
မနက်ကျ လျှော်ချ ဆံပင်လေးကပျော့ပျော့အိအိလေး
ဖြစ်နေပါလိမ့်မယ်။

✅ဆံပင်အစုလိုက်ကျွတ်ထားတဲ့ကလေးမွေးပြီးစ
မိခင်များအတွက် ဆံပင်တွေပြန်ပေါက်လာတဲ့ oil ပါ။
ခေါင်းမလျှော်ခင် လိမ်းထား ပြန်လျှော်ချပါ။

👑ဆံပင်ကျွတ်ရပ်မယ်
👑ဆံသားနက်မှောင်သန်စွမ်းမယ်
👑ဆံသားအမြစ်ခိုင်မာမယ်
👑ဆံသားနှစ်ခွဖြစ်ခြင်း ကာကွယ်ပေးတယ်
👑ဆံသားအရင်းတုတ်စေတယ်
👑ဆံသားအရင်းမှ အမြစ်ထိ ကျန်းမာသန်စွမ်းစေတယ်

👌ပေးရတဲ့စျေးလေးနဲ့ ရလာမယ့်အကျိုးကျေးဇူးနဲ့ဆို စျေးရှယ်တန်နော်။

☘️ကျား မ မရွေးသုံးနိုင်ပါတယ်။
🍀2 in 1သုံးလို့လည်းရတော့ Budget မထိခိုက်ဖူး။
🍀Hairoilတိုင်းက လုံး၀စေးကပ်ခြင်းမရှိပါ။

organic store ❤️

💰Price- 9000 ks ( 90 -ml )

ဆက်သွယ်မှာယူလိုပါက

☎️ 09 - 428335879

(Or) 💬page ရဲ့ send message မှလည်း ဆက်သွယ်မေးမြန်းမှာယူနိုင်ပါပြီနော်

🚨 Red alarm 🚨  ❤️ New herbal products is coming ❤️
04/12/2023

🚨 Red alarm 🚨

❤️ New herbal products is coming ❤️

Address

Taunggyi

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

09428335879

Alerts

Be the first to know and let us send you an email when Swann အမှတ်တံဆိပ် လူသုံးကုန်ပစ္စည်းများ နှင့် Swann Boutique Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Swann အမှတ်တံဆိပ် လူသုံးကုန်ပစ္စည်းများ နှင့် Swann Boutique Online Shop:

Share

Category