04/06/2017
•• ရတနာပုံပြင် • •
တခါတုန်းက ကုန်သည်တစ်စုဟာ မြင်းကိုယ်စီနဲ့ ခရီးအတူသွားကြသတဲ့ 
တစ်ညမှာတော့ သူတို့ဟာ ရေမရှိတဲ့ချောင်းတစ်ခုဆီကိုရောက်လာကြတယ်။
အဲဒီအချိန်မှာပဲ ပတ်ဝန်းကျင်တစ်ခွင် ပိန်းပိတ်အောင်မှောင်သွားသတဲ့။
ကုန်သည်တွေလည်း မမြင်မစမ်းနဲ့ ချောင်းကိုဖြတ်ကြရတာပေါ့။
ရေမရှိပေမယ့် ချောင်းကြမ်းပြင်က ကျောက်ခဲတွေကြောင့်တစ်ကြောင်း ပတ်ဝန်းကျင်မှောင်နေတာကြောင့်တစ်ကြောင်း သူတို့ဟာ သတိထားပြီး ခပ်ဖြည်းဖြည်းပဲလာကြတယ်။
ချောင်းလယ်လည်းရောက်ရော ကျောချမ်းဖွယ်အသံကြီးထွက်ပေါ်လာတယ်။
" မင့်း့  တို့ အားလုံ့း့ မြင်းပေါ်က့ ဆင့်း့ ကြ့ စမ်း !!! "
ကြောက်ကြောက်နဲ့ မြင်းပေါ်ကဆင်းလိုက်ကြတယ်။
" မင့်း့ တို့  အောက်မှာ့  စမ်းမိတာတွေကို့  မင်းတို့ အိတ်ထဲ့ ထည့့် ကြ့ စမ့်း့ "
ကုန်သည်တွေဟာ အောက်စမ်းကြည့်တော့ ချောင်းကြမ်းပြင်က ကျောက်စရစ်ခဲလိုလို ကျောက်ခဲတွေစမ်းမိတာနဲ့ အိတ်ထဲကောက်ထည့်လိုက်ကြတယ့့် ။
အသံနက်ကြီးထွက်လာပြန်တယ်။
" သွာ့း့ ကြ့ တော့ "
ကုန်သည်တစ်စုဟာ မြင်းပေါ်စွေ့ကနဲခုန်တက်ပြီး ခြေဦးတည့်ရာ ဒုန်းစိုင်းပြေးကြပါတော့တယ်။
ဒီလိုနဲ့ ပြေးကြရင်း မနက်လင်းလည်းလင်း သူတို့တတွေလည်း ခြေကုန်လက်ပမ်းကျမောပမ်းလာကြတဲ့အတွက် နားလိုက်ကြပါတယ်။
အမောပြေသွာတဲ့အခါ သူတို့အိတ်ထဲကို ဘာတွေထည့်လာမိတယ်ဆိုတာ သံသယနဲ့ အိတ်ကိုဖွင့်ကြည့်လိုက်ကြတယ်။
သူတို့တွေ့လိုက်ရတာက အဖိုးမဖြတ်နိုင်တဲ့ ကျောက်မျက်ရတနာတွေပေါ့။
ဒီနေရာမှာဖြတ်ပြီး သယ်ရင်းတို့ကိုမေးချင်တယ်။
အဲဒီမြင်းကုန်သည်တွေဟာ --
ဘယ်လိုခံစားရလိမ့်မယ်လို့ထင်ပါသလဲ?
-အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွားကြမလား?
မဟုတ်ပါဘူး။
သူတို့တွေ စိတ်ဆင်းရဲသွားကြသတဲ့။ ဘာလို့လဲဆိုတော့ ခုလိုရတနာတွေမှန်းသိရင် ဒီထက်ပိုကောက်ခဲ့မိမှာ၊ ခုတော့ အရနည်းလေခြင်းဆိုပြီး ဝမ်းနည်းပူဆွေးသွားကြသတဲ့ ။
လိုချင်တပ်မက်မှုများလေ စိတ်ဆင်းရဲရလေပေါ့ 
့
လောဘကြီးလေ သောကကြီးလေပေါ့ 
လောဘမရှိရင် ဘယ်ချမ်းသာပါ့မလဲ လို့လည်း စောဒက မတက်ကြပါနဲ့ဦး။
ချမ်းသာဖို့များ လောဘကြီးစရာမလိုပါဘူး။
ကိုယ်လုပ်တဲ့ အလုပ်ကိုသာ စေတနာထားပြီးလုပ်ပါ။
ကိုယ့်အလုပ်က သူတပါးအတွက် ဘယ်လိုအကျိုးပြုနိုင်မလဲ ဆိုတာသာစဉ်းစားပါ။
ဥပမာ ဈေးရောင်းတဲ့သူဆိုလည်း အမြတ်ရဖို့ဆိုတာကို ရှေ့တန်းမတင်ဘဲ စားသုံးသူ အတွက် အကောင်းဆုံးအရည်အသွေး အကောင်းဆုံးဝန်ဆောင်မှုနဲ့ ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာသာစဉ်းစားပါ။
အဲဒီအခါ ကျွဲကူးရေပါဆိုသလို ချမ်းသာသုခတွေဟာလည်း အလိုလို ရောက်လာပါလိမ့်မယ်။
အဲဒီလိုနည်းနဲ့ ချမ်းသာမှုဆိုတာ ဥစ္စာဓနတင်မကဘဲ စိတ်ပါချမ်းသာတဲ့အတွက် ပိုမြတ်တဲ့ ချမ်းသာပါပဲ။
စိတ်စေတနာကောင်းလေးသာ မွေးမြူလိုက်စမ်းပါ့ 
ဘဝဆိုတာ ပျော်ရွှင်ဖွယ်အတိပြည့်နေမှာပါ့ 
ဆရာနန္ဒာသိန်းဇံရဲ့ ခယောင်းလမ်းကိုဖြတ်ကျော်ခြင်း ထဲက ပုံပြင်လေးကို ပြန်လည်လျှာရှည်ထားခြင်းဖြစ်ပါတယ့့် 
#ဓမ္မအလင်းရောင်
သုည