𝐂𝐡𝐞𝐟 𝐤𝐨 𝐬𝐚𝐢 𝐓𝐠𝐢

  • Home
  • Myanmar
  • Taunggyi
  • 𝐂𝐡𝐞𝐟 𝐤𝐨 𝐬𝐚𝐢 𝐓𝐠𝐢

𝐂𝐡𝐞𝐟 𝐤𝐨 𝐬𝐚𝐢 𝐓𝐠𝐢 ကြီးကျယ်ခန်းနားတဲ့နောက်လိုက်အသင်းအဖွဲ့မရှိပဲကြီးကျယ်ခန်းနားတဲ့အောင်မြင်မှုမရ𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐩𝐚𝐠𝐞 မော်ကြည့်ပြီးဆုတောင်းနေရုံနဲ့
ကြွေကျလာတဲ့ထဲမှာအောင်မြင်မှုမပါဘူး

မဟုတ်တာလုပ်ရတာရှက်စရာလို့ မအထင်တဲ့အချိန်ကစပြီးပျက်စီးတော့တာပါပဲ
15/11/2024

မဟုတ်တာလုပ်ရတာ
ရှက်စရာလို့
မအထင်တဲ့အချိန်ကစပြီး
ပျက်စီးတော့တာပါပဲ

ခေတ်ပျက်ကြီးမှာသူဌေးဖြစ်ချင်သူများနဲ့ခေတ်ပျက်ကြီးမှာပျော်နေကျသူများကိုယ်ချင်စာတရားကင်းမဲ့ပြီးတဘို့ထဲသမားနွားသာသာဖြစ်တယ်
15/11/2024

ခေတ်ပျက်ကြီးမှာ
သူဌေးဖြစ်ချင်သူများနဲ့
ခေတ်ပျက်ကြီးမှာ
ပျော်နေကျသူများ
ကိုယ်ချင်စာတရား
ကင်းမဲ့ပြီး
တဘို့ထဲသမား
နွားသာသာဖြစ်တယ်

လူတစ်ချို့ကကျီကန်းနဲ့တူတယ်စိတ်ဓာတ်ကမကောင်းအပြင်အသံကပါဆိုးသေးတာ😊
26/10/2024

လူတစ်ချို့က
ကျီကန်းနဲ့တူတယ်
စိတ်ဓာတ်က
မကောင်းအပြင်
အသံကပါဆိုးသေးတာ😊

26/10/2024

မိတ်ဆွေသင့်လက်ထဲငါးချေးတစ်ဘူးရှိရင်ဘာလုပ်မလဲ?

မင်္ဂလာပါစိတ်ချမ်းကိုယ်ကျန်းမာလို့လိုအင်ဆန္ဒပြည့်ကျပါစေ
26/10/2024

မင်္ဂလာပါစိတ်ချမ်းကိုယ်ကျန်းမာလို့လိုအင်ဆန္ဒပြည့်ကျပါစေ

ကြက်ဆီထမင်းနှင့် တွဲစားဖို့ အချဉ်စပ်နည်း👉ပါဝင်ပစ္စည်းများ1. ပါးပါးလှီးထားသော ငရုတ်သီးစိမ်း 1 ဇွန်း2. နှုတ်နှုတ်စင်းထညးသေ...
24/06/2024

ကြက်ဆီထမင်းနှင့် တွဲစားဖို့ အချဉ်စပ်နည်း

👉ပါဝင်ပစ္စည်းများ
1. ပါးပါးလှီးထားသော ငရုတ်သီးစိမ်း 1 ဇွန်း
2. နှုတ်နှုတ်စင်းထညးသော ကြက်သွန်ဖြူ 1 ဇွန်း
3. ပါးပါးနှုတ်နှုတ်စင်းထားသော ဂျင်း 1 ဇွန်း
4. ပဲပိစပ်အကြေ 1 ဇွန်း
5. သကြား 1 ဇွန်း
6. ငါးငံပြာရည် ဇွန်း 1 ဇွန်း
7. သံပုရာရည် 1 ဇွန်း
8. ရေသန့်1 ဇွန်း

👉ပါဝင်ပစ္စည်းများအားလုံးကို စားပွဲတင်ဇွန်း ၁ ဇွန်းစီရောထည့်၍ သမအောင်မွှေပါ။
ပြီးရင် မြည်းကြည့်ပြီး မိမိလိုချင်တဲ့အရသာ ထပ်ဖြည့်ပြီး
ကြိုက်နှစ်သက်ရာ ကြက်ဆီထမင်းနှင့် တွဲစားနိုင်သလို
အသားကင်ဆော့အဖြစ်လည်း သုံးနိုင်ပါသည်။
ထိုင်းအိမ်ရှင်မ Channel ထံမှ ကောက်နှုတ်
ဘာသာပြန်ထားပါသည်။

Crd;Thai Channel

ငွေတွေ ဘယ်လောက်ပဲ ချမ်းသာပါစေ လူ့ဘဝမှာ အသိဉာဏ်နဲရင် အလကားပါပဲ ဒီပြဿနာကိုပဲ ကြည့်လေအေသင်ကို " နဲ့ တသသ ကအရင်က သူငယ်ချင်းနေ...
31/05/2024

ငွေတွေ ဘယ်လောက်ပဲ ချမ်းသာပါစေ လူ့ဘဝမှာ အသိဉာဏ်နဲရင် အလကားပါပဲ ဒီပြဿနာကိုပဲ ကြည့်လေ
အေသင်ကို " နဲ့ တသသ က
အရင်က သူငယ်ချင်းနော်
မတည့်ဘူးဆိုတော့
တယောက်ဖင် တယောက်လှန်ကြတော့တာ
သူတို့နှစ်ယောက် live တွေ
တခုမှ ဆုံးအောင် မကြည့်ဘူး
တသသ live ကမှ
သူများ ဖြက်ကပ်ညှပ်ပြီး
လုပ်ထားတာလေးတွေကြည့်ပြီး
ပြုံးမိရယ်မိသေး
စကားပြောတာမာန်ပါတာကိုးနော်
အေသင်ကိုကတော့
စကားပြောတာ
အမှီးအမှောက်မတည့်
😁.

အေသင်ကို ကို ကြည့်ပြီး
အသိတရားခုရတယ်
အ့တာ ဘာလည်းဆိုတော့
ဒီပွဲရဲ့ ပြသနာအစ
သူတို့ချင်းဘယ်လိုဖြစ်ကြတယ်
ဘယ်သူမှမသိပေမယ့်

ငွေဂုဏ်မောက်ပြီး
ငါလုပ်ရင်ဖြစ်တယ်ဆိုတယ်တဲ့
ပလွှားလွန်တဲ့စိတ်ကြောင့်
အေသင်ကိုဘက်က မှန်နေခဲ့ရင်တောင်.
ဒီပွဲမှာ အေသင်ကိုရှုံးတယ်
သူတို့ချင်းထိပ်တိုက်ရင်ဆိုင်လို့
ဖြေရှင်းပြီး အမှန်တကယ်
အေသင်ကိုမမှားဘူးဆိုရင်တောင်
လူတွေရဲ့အမြင်မှာ
အေသင် ကျရှုံးထားပြီးသား

အဲ့တာ.ဘအာားနည်းချက်လည်းဆိုတော့
ဒီ့အရှေ့က ပြသနာတွေမှာ
မလိုလားအပ်ပဲ
သေးငယ်တဲ့ပြသနာတွေကို
live လွှင့်ပြီး.ပွဲရှာထားတဲ့
အားနည်းချက်
ပိုက်ဆံရှာနိုင်တဲ့ ကုသိုလ်ကံလေး
မြောက်နေတဲ့အချိန်
အသက်အရွယ် တင့်တယ်နေတဲ့အချိန်
သူ့အဆင့်အတန်းနဲ့ သင့်တင့်အောင်
သေသေဝပ်ဝပ် မနေတတ်တာ
ပြောရမယ်ဆိုရင်
အနေမတတ်တာ

သူ့ကိုပြောလို့ ထိပါးလို့
ဆက်ဆက်ထိမခံ တာ
သူမမှားဘူး
ဒါပေမဲ့. တနိုင်ငံလုံးသိအောင်
နေရာတကာ ဖုန်းတကားကားနဲ့
ငါလုပ်ရင်ဖြစ်တယ်
ငါမှန်နေတယ်ဆိုတဲ့
မာနနဲ့ ချီးပါသေးပေါက် အစ
live လွှင့်တာက
လူတကာရဲ့ နှမ်းပက်ချဥ်ဖြစ်နေတာ
..တသသ
သူကကျတော့.ဟိုးရှေးစပ်က
ဂျင်ချေလည်အောင်
ဘဝစုံနေတဲ့မိန်းမ
သူဌေးမကြီးလဲဖြစ်ဖူးတယ်
အဆိုတော်လည်းဖြစ်တယ်
နဂိုရှိရင်းစွဲ သူ့ဂုဏ်ကလည်းမငယ်ဘူး
အမှုတွေအကြာကြီးရင်ဆိုင်ပြီး
တယောက်ထဲ သူ့ဘဝသူ
သေမထူးနေမထူး
ခပ်ကြောကြောရှင်သန်နေတဲ့မိန်းမ

အေသင်ကို စွပ်စွဲနေတဲ့
ရှယ်ယာတွေ လိမ်တယ်ဆိုတဲ့စကားကို
လူနားလည်အောင် ပြောရရင်
ရွှေတို့ကျောက်တို့ဆိုတာ
မြေကြီးထဲကနေတူးယူရတာ
ရွှေကြောကျောက်ကြော
ပွင့်"မပွင့်ဆိုတာ
ကံနဲ့ဆိုင်တာ
သေအောင်လုပ်လည်း ရွှေတချီးထွက်ချင်မှ
ထွက်တာရယ်
ကိုယ်မြုပ်ထားတာမရှိဘူး

တွင်းရှုံးရင်
စာကလေးအမွှေးနူတ်ခံရတာမှ
တော်ဦးမယ်
တချို့ဆိုဘဝပါပျက်တာ
ဒါက တွင်းလုပ်ဖူးသူမှနားလည်တာ

ဆိုတော့
တသသက.သူနားလည်တက်ကျွမ်းတဲ့
ရွှေတွင်းအလုပ်နဲ့
ရှယ်ယာခေါ်တယ်
သူမမှားဘူး
မှားတာက.ရွှေတွင်းအကြောင်း
နကန်းတလုံးမသိပဲ
အစုထဲ့ကြတဲ့လူတွေ😁
အပြင်မှာလည်းမမြင်ဖူး
ရွှေတွင်းလုပ်ကွက်အကြောင်းလဲ
ဘာမှ မသိပဲ..အစုထဲ့တဲ့လူတွေမှားတာ

အကယ်၍.ရွှေထွက်ရဲ့သားနဲ့
ရှယ်ယာခွဲမပေးပဲ
ဘက်ရင် တသသသူလုပ်တာသူခံရမှာပဲ
တကယ်ရွှေမကျလို့တွင်းရှုံးတာဆိုရင်ကဲ ဘယ်သူဘာပြောနိုင်မှာလဲ
သိန်း၂၀ထဲ့ရင်
သိန်းလေးဆယ်ပြန်ရမယ်ဆိုတာ
ပြောတဲ့သူကပြောရင်တောင်
ယုံတဲ့သူကချင့်ချိန်ယုံကြလေ😁
ကြည့်ရသလောက်ဆို
ဒီပြသနာက.တသသနဲ့အေသင်ကို
အကျိုးတူရွှေလုပ်ကြတာ
တသသကပဲ လိမျတာလား
တွင်းရှုံးတာလား
ဒါ သူတို့ပဲသိမှာ
အဲ့ပြသနာကို တိုးတိုးတိတ်တိတ်
သူငယ်ချင်း အချင်းချင်း
လူတွေ့ဖြေရှင်းလို့ရပါရက်နဲ့
ထုံးစံအတိုင်း လိုင်းပေါ်ကနေ
အော်ကျယ်လုပ်တာ.အေသင်ကို😂

အဲ့ဒီမှာဘာထဖြစ်လဲဆိုတော့
ဟိုဖက်က.တသသဟာ
သူနဲ့ရန်ဖြစ်ဖူးတဲ့.ငနုံငပဲ့တွေလိုမဟုတ်ဘူး
အားသာချက်က
သူကအဆိုတော်..လူချစ်လူခင်ရှိပြီးသား
၂၀၁၇ လောက်ကမှ
သူ့ခမျာ.သူများဂျောက်ချတဲ့အမှုမှာ
ကွင်းလုံးကျွတ်အမှုနိုင်အောင်
မနည်းရုန်းကန်ထားရလို့
လူတွေရဲ့ ဂရုဏာကို
ရထားပြီးသား

နဂိုကမှ.အေသင်ကိုက
လူတကာရဲ့ မျက်စပ်ပိုးကောင်ဖြစ်နေတာ
အခုလိုဖြစ်တော့
အမှုအသွားအလာထက်
သူ့ကိုစောက်မြင်ကပ်ပြီး
တသသဘက်ကပဲ.ဘုံတီးကြတော့တာပေါ့
.ဘယ်အရာမဆို
အခြေအနေတခုကို
အချိန်အခါအကဲခပ်သင့်တယ်
ဆင်သွားရာ လမ်းဖြစ်သလို
ဆင်ပြောင်လည်း.အသိဥာဏ်မဲ့ရင်
သေပွဲဝင်ရတာပဲ
ပညာရှိသတိဖြစ်ခဲပေါ့
.ငါ ငွေရှိတယ်
ငါစွာတော့.ဘာဖြစ်လဲ
ငါပိုက်ဆံပေးနိုင်ရင်.
ငါပဲနိုင်ချင်နိုင်လိမ့်မယ်
သို့သော်
ဂုဏ်သိက္ခာအရတော့
ဘုန်းဘုန်းလဲဖြိုခံလိုက်ရတာပေါ့

😌..အ့တာလာပြောပြတာ
လာရှင်းပြတာ

😁.
တော်နေ.အေသင်ကိုက
ငါ့ဘက်လှည့်လာမှ ဒုက္ခ 😂
ကိစ္စမရှိဘူး. ငါစကင်းခဲထားလို့
မျက်နာဂလိုးနေတာ
live ပြိုင်လွှင့်တာပေါ့
🤣🤣.စတာ.စတာ

🇯🇵🇯🇵🇯🇵
#လူရွှင်တော်စိန်ဒေါင်း🇯🇵🇯🇵🇯🇵
🇯🇵🇯🇵🇯🇵

food costတွက်နည်း   photo
30/05/2024

food costတွက်နည်း
photo

ရှမ်းပြည်ချစ်သောသူသိပါတယ်ရှမ်းပြည်ရဲ့ အစားအစာတွေထဲတစ်ခု
30/05/2024

ရှမ်းပြည်ချစ်သောသူသိပါတယ်
ရှမ်းပြည်ရဲ့ အစားအစာတွေထဲတစ်ခု

အရူး နှင့် စကားပြောခြင်း____~~~~~~~~~~~_____မနေ့က ညနေက မိုးကလည်းရွာ၊ အရေးထဲမှာ ဆိုင်ကယ်ကဘီးပေါက်လိုက်သေးတယ်။မီးပွိုင့်နာ...
22/05/2024

အရူး နှင့် စကားပြောခြင်း
____~~~~~~~~~~~_____
မနေ့က ညနေက မိုးကလည်းရွာ၊
အရေးထဲမှာ ဆိုင်ကယ်က
ဘီးပေါက်လိုက်သေးတယ်။

မီးပွိုင့်နားမရောက်ခင် အရှေ့မှာ
ပန်းကန်ပြားတချပ်ကို အမြဲတီးနေတဲ့
အရူးတယောက်ရှိတယ်။

သူဟာ အမြဲတမ်းပဲကြေးပန်းကန်ပြားကို
တုတ်တချောင်းနဲ့ တီးနေတတ်တယ်။

အလုပ် အသွား အပြန်နေ့တိုင်း
မြင်နေရတယ်။ ညစ်ပေနေတဲ့
ပဝါနီကို အမြဲခြုံထားတတ်တယ်။
သူ့အနားကို ကျမရောက်သွားတယ်။

" ငါ ကူပြီး တွန်းပေးမယ် "

" မလိုပါဘူး ရပါတယ် "

" ငါ ကူညီချင်လို့ပါကွ "

ဒီလိုနဲ့ ပန်းကန်ပြားတီးတဲ့အရူးက
ကျမဆိုင်ကယ်ကို လေထိုးကျွတ်ဖာဆိုင်ရောက်သည်အထိ တွန်းပေးပါတော့တယ်။

လေထိုးဆိုင်လည်း ရောက်ရော
သူကမပြန်သေးဘဲကို ပန်းကန်ပြား
ကို ဆက်ပြီးတီးနေပါတယ်။

ကျမက သူ့ကို ပိုက်ဆံ (၁၀၀၀)ကျပ်
ထုတ်ပေးလိုက်တယ်။ ဒီနေရာမှာ
သူနဲ့ကျမ စကားတွေများခဲ့ကြတယ်။

စကားတွေပြောဖြစ်ခဲ့တယ်။
သူပြောတဲ့ စကားတွေက
စိတ်ဝင်စားစရာကောင်းတယ်။

" ဦးလေးကို ကျမမုန့်ဖိုးပေးတာ ယူပါ "

" မင်းက ငါ့ကို ပိုက်ဆံနဲ့ဖျက်ဆီးတာလား။
လူတွေက တော်တော်ခက်တယ်၊ ဒီပိုက်ဆံကြောင့်
လင်မယားတွေကွဲကြတယ်။ မိသားစုတွေ မုန်းကြတယ်။ ဒီပိုက်ဆံကြောင့် လူတွေပျက်စီးကြတယ်။
ဒီပိုက်ဆံကြောင့် စာရိတ္တတွေပျက်တယ်။
ဂုဏ်သိက္ခာတွေကျတယ်။ "

ကျမ အံသြသွားတယ်။
သူပြောတဲ့ စကားဟာ အဓိပ္ပါယ်
တွေပါတယ်။ သူဆက်ပြောတယ်။

" လူတွေကတော်တော်ခက်တယ်
ပိုက်ဆံလိုချင်လို့ အလုပ်လုပ်ကြတယ်။
အလုပ်လိုချင်လို့ လုပ်နေကြတာမဟုတ်ဘူး။
ပိုက်ဆံလိုချင်လို့ လုပ်နေကြတာ။
ဒါကြောင့် လောကကြီးပျက်စီးနေတာ။
ပိုက်ဆံဆိုတာ ဒုက္ခ ရဲ့
နောက်ထပ် အဓိပ္ပါယ် တမျိူးကွ "

သူက ကျမကို ပြောနေတာမဟုတ်ဘူး။
အရူးသဘာဝအတိုင်း ပြောချင်ရာပြောနေတာ၊
ကျမက သူ့ကိုပိုက်ဆံ၂၀၀၀
ထပ်ထုတ်ပေးလိုက်တယ်။

"ကဲပါ..ဒါဆို၂၀၀၀ ယူ၊
ဦးလေးက ကျမကို ကူညီတာဆိုတော့
ကျေးဇူးတင်လို့ပါ။"

"အဲ့ဒါဘဲ ...
ဒါတွေကြောင့် ခက်တယ်ပြောတာ။
စေတနာကို ပိုက်ဆံနဲ့တန်ဖိုးဖြတ်
လို့မရဘူး။ မင်း ငါ့ကိုမဖျက်ဆီးနဲ့။
ငါ့စေတနာကိုမင်းတန်ဖိုးမဖျက်နဲ့။
ငါက ဗိုက်ဆာနေတာ၊"

ကျမလည်း လေးထိုးကျွတ်ဖာဆိုင်အနီးက လက်ဖက်ရည်ဆိုင်ကို သွားလိုက်တယ်။

စားစရာလည်းထူးထူးခြားခြား
ဘာမှမတွေ့ဘူး။ ဒီလိုနဲ့ အဆင်သင့်ရှိတဲ့
ပေါက်စီသုံးလုံးဝယ်လာလိုက်တယ်။

" ကဲ....ဦးလေး ဗိုက်စာရင်စား ....ရော့ "

သူက လိုလိုလားလားဘဲ
ပေါက်စီထုပ်ကို လှမ်းယူလိုက်တယ်။

ပေါက်စီကိုမစားသေးဘဲ
သူ့ခေါင်းပေါ်မှာ လက်နှစ်ဖက်ကို
တင်ပြီး တစ်ခုခုကို ရွတ်ဖတ်နေတယ်။

"ဘာလုပ်နေတာလဲဗျ "

" သေသွားတဲ့ အဖေနဲ့အမေကို
ကျွေးနေတာ "

သူ့စကားတွေက တမျိူးဘဲ။
ဟုတ်တာပေါ့။ သူကအရူးကိုး။
သူကစိတ်ဖောက်နေတာကိုး။
သူဟာ ပေါက်စီကိုအားရပါးရ
စားနေပါတော့တယ်။

"ဦးလေးကို ကျမနေ့တိုင်းတွေ့တယ်၊
ပန်းကန်ပြားကို အမြဲတီးတီးနေတာ
ကျမသတိထားမိတယ်။
ဦးလေးဘယ်မှာနေတာလဲ။"

" အဲ့ဒါဘဲ..ပေါက်စီကျွေးပြီး
လူကိုစပ်စုပြီ။ သူများအကြောင်း
သိဖို့ မကြိုးစားနဲ့။ ကိုယ့်အကြောင်းကို သိဖို့ကြိုးစား။လူမိုက်တွေဟာ
သူများအကြောင်းကို စိတ်ဝင်စားတယ်၊
လူလိမ္မာ တွေက ကိုယ့်အကြောင်းကို
ကိုယ်စိတ်ဝင်စားတယ်။
ကိုယ့်အမှားကိုယ်သိတယ်။
ကိုယ့်အမှားကိုယ်ပြုပြင်တယ်။"

သူ့စကားက ကျမရင်ဘတ်ကို လာပြီး
မှန်ပါတယ်။ ကျမ ရေရေလည်လည်
ခံလိုက်ရပါတယ်။
သူပြောတဲ့ စကားတွေက မှန်နေတာကိုး။

သူ့ကို စကားဆက်ပြောရင်
စပ်စုတယ်လို့ ထင်ဦးမယ်။
ဒါကြောင့် ဘာမှမပြောဘဲ
သူပေါက်စီစားနေတာကို
ကျမ စိုက်ကြည့်နေမိတယ်။

" ကျေးဇူးတင်တယ်လို့ မပြောတော့ဘူး။
ကျေးဇူးဆပ်နေရမှာစိုးလို့။ မင်းကငါ့ကို
မုန့်ကြွေးတယ်။ ငါက မင်းကျွေးတာကို စားတယ်။
မင်းကို ငါက ပြန်ကျွေးချင်မှ ကျွေးနိုင်မယ်။
ငါကမင်းကို ပြန်မကျွေးနိုင်ရင်လည်း
မင်းက စိတ်မဆိုးနဲ့။ လူတွေကမျှော်ကိုးပြီး
ကူညီယောင်ဆောင်တာကွ "

သူပြောသမျှစကားတွေက ကျမနားထဲမှာ အဆန်းတကြယ် ဖြစ်နေပါတယ်။

ဟုတ်တော့ဟုတ်တယ်။ ကျမတို့ လူတွေကို
ကူညီတယ်။ ပြီးတော့ တခုခုပြန်တောင်းတယ်။
ရရင်ပျော်တယ်။ မရရင် မကျေနပ်ဘူး။

" စပ်စုတယ်..မထင်ပါနဲ့နော်၊
ဦးလေးက တကယ်အရူးလား "

ကျမစကားကိုလည်းကြားရော....
တဟားဟားနဲ့ ရယ်ပါတော့တယ်၊
အကြာကြီးကို ရယ်မောနေတာ။

" ငါ့ကိုများ အရူးလားတဲ့ ၊
လူတိုင်း အရူးတွေဘဲ ဥစ္စာ "

ကျမစကားနဲ့ ကျမပြန်ခံလိုက်ရပြန်ပြီ။
သူက ကျမကို မျက်ထောက်နီကြီးနဲ့
ပြန်ပြီးစိုက်ကြည့်နေတယ်။

ကျမစိတ်ထဲမှာလည်း
သူ့ကို စကားဆက်ပြီးပြောချင်နေတယ်။
သူဘာတွေ ပြောမလဲဆိုတာကို
စိတ်ဝင်စားနေမိတယ်။

" ဦးလေးက ...
ဒီမီးပွိုင့် ရှေ့မှာ ပန်းကန်ပြားကြီးကို
တီး...တီးပြီး ဘာလုပ်နေတာတုန်း "

" အချက်ပြနေတာဟေ့ အချက်ပြနေတာ "

" ဒီလမ်းက လူတိုင်းသွားရမဲ့လမ်း "
သူ့စကားကို ကျမနားမလည်ဘူး။
သူက ဆက်ပြောတယ်။

" ငါ....မော်တော်ကားတွေကို
ရေတွတ်နေတာ "

" ဒီလောက်များတဲ့ ကားတွေကို
ဦးလေးရေတွတ်နိုင်လို့လား "

" ငါက...အသုဘကားတွေကိုမှ
ရွေးပြီးရေတွက်တာကွ ။
နေ့တိုင်း အစီး၅၀လောက် ရှိတယ်။ "

Credit…
Via.Myo Zin / Ko Aung Thein
မူရင်းရေးသားသူနှင့်Photoကို Creditပေးပါတယ်။
tk

Address

Taunggyi

Telephone

959421172857

Website

Alerts

Be the first to know and let us send you an email when 𝐂𝐡𝐞𝐟 𝐤𝐨 𝐬𝐚𝐢 𝐓𝐠𝐢 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐂𝐡𝐞𝐟 𝐤𝐨 𝐬𝐚𝐢 𝐓𝐠𝐢:

Share