Nang Hayzel-Business and Personal affairs Counsellor

Nang Hayzel-Business and Personal affairs Counsellor စီးပွါးရေးစနစ်ကိုမီရိုးဖလံတိုင်းတိုးတက်စေရန်နှင့်ပြသာနာများဖြေရှင်းရန် အကြံပေးအတိုင်ပင်ခံသူတစ်ဦး

ဝင်ငွေရလမ်းကြောင်း (၇) ခု------------------------------------သင်္ကြန်ပိတ်ရက်ရှည်ကုန်ဆုံးပြီး ပုံမှန်ရုံးလုပ်ငန်းတွေ ပြန်...
11/04/2024

ဝင်ငွေရလမ်းကြောင်း (၇) ခု
------------------------------------
သင်္ကြန်ပိတ်ရက်ရှည်ကုန်ဆုံးပြီး ပုံမှန်ရုံးလုပ်ငန်းတွေ ပြန်လည်ပတ်မယ့် ရုံးဖွင့်ရက်တွေ ရောက်ခါနီးလျှင်တစ်ချို့လည်း ကိုယ့်ရဲ့ ဝင်ငွေနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ကြည့်ချင်ကြပါလိမ့်မယ်။ ဒါကြောင့် ဝင်ငွေရလမ်းကြောင်း (၇) ခုကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

တချို့သူတွေက ပုံမှန်အလုပ်မရှိပေမယ့် ဝင်ငွေတော့ အမြဲမပြတ်ရှိကြပါတယ်။ ဒါဘာကြောင့်လဲဆိုတာ တွေးမိဖူးလားဗျ?
ကိုယ့်ရဲ့ လက်ရှိအလုပ်က ရနေတဲ့ ဝင်ငွေကရော မလုံလောက်ဘူးလို့တွေးမိနေပြီလား?

ငွေကြေးအဆင်ပြေတဲ့လူတွေ၊ ငွေကြေးအတွက် စိတ်မပူရတဲ့ လူတွေမှာတူညီတဲ့ အချက်တစ်ခုက သူတို့မှာ တစ်ခုထက်ပိုတဲ့ ဝင်ငွေလမ်းကြောင်းတွေရှိနေကြတာပါ။

ကျွန်တော်တို့တော်တော်များများက ဝင်ငွေတစ်ခုထဲပေါ်မှာပဲ ရပ်တည်နေကြတာများပါတယ်။ ဒီလိုရပ်တည်နေတာက အကြောင်းတစ်ခုခုကြောင့် ဒီအလုပ်ကိုမလုပ်နိုင်တော့တဲ့ အချိန်ကြရင် ငွေကြေးအခက်အခဲတွေနဲ့ကြုံတွေ့ရလာနိုင်ပါတယ်။

ဒီလိုဆိုတော့ နောက်ထပ် ဝင်ငွေတွေရလာအောင် လုပ်ပေးနိုင်မယ့် ဝင်ငွေရ လမ်းကြောင်းတွေ ဖန်တီးထားဖို့တော့ လိုနေပါပြီ။
ဒီလိုဖန်တီးထားနိုင်ဖို့အတွက် ဝင်ငွေရနိုင်တဲ့လမ်းကြောင်းတချို့အကြောင်းကို ကျွန်တော်က ပြောပြပေးပါမယ်ခင်ဗျ။
ရုံးအလုပ်၊ ကုမ္ပဏီအလုပ်တွေအပြင် တခြားဝင်ငွေရနိုင်တဲ့ လမ်းကြောင်း (၇) ခုရှိပါတယ်။

ဒါတွေကတော့
(၁) လုပ်အားခ ဝင်ငွေ (Earned income)
(၂) အကျိုးအမြတ် ဝင်ငွေ (Profit income)
(၃) အတိုး ဝင်ငွေ (Interest income)
(၄) အစုအပေါ်အမြတ် ဝင်ငွေ (Dividend income)
(၅) အငှားချ ဝင်ငွေ (Rental income)
(၆) ရည်ရှည် အမြတ်အစွန်း ဝင်ငွေ (Capital gains income)
(၇) မူပိုင်ခွင့် ဝင်ငွေ (Royalty income) ဆိုပြီးဖြစ်ပါတယ်။

ဒီဝင်ငွေတွေကို ဘယ်လိုအလုပ်အမျိုးအစားတွေကနေ ရနိုင်တယ်ဆိုတဲ့ အကြာင်း အသေးစိတ်နဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ကရော ဘယ်လိုဝင်ငွေအမျိုးအစားလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ် (Link) ထဲမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။
-----------------------------
https://shwedingar.com/managing-money-seven-sources-of-income/
-----------------------------
အခုလက်ရှိမှာ ဘယ်လို ဝင်ငွေအမျိုးအစားတွေနဲ့ ရပ်တည်နေကြဆိုတာကိုလည်း ကွန့်မန့်မှာ မျှဝေပေးခဲ့ပါဦးခင်ဗျ။
ငွေကြေးဆိုင်ရာဗဟုသုတတွေကို တစ်နေရာထဲမှာ လေ့လာချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ရွှေဒင်္ဂါး ပေ့ချ်ကို Like & share လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျ။


#ဝင်ငွေ

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Nang Hayzel-Business and Personal affairs Counsellor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share