အစ္စလာမ်ရောင်ခြည်

အစ္စလာမ်ရောင်ခြည် အစ္စလာမ်ညီနောင်များအားဖိတ်ခေါ်ပါသည?

သမိုင်းပုံရိပ်​​လေး​တွေပါ
05/10/2016

သမိုင်းပုံရိပ်​​လေး​တွေပါ

ကျမ်းမာရေးကောင်းချင်ရင် ရိုဇာစောင့်ပါမျက်နှာရဲ့နူးရ်ရချင်ရင်         ညမှာနမားဇ်များများဖတ်ပါနဖူးစာကောင်းချင်ရင်တော့  ငါး...
24/09/2016

ကျမ်းမာရေးကောင်းချင်ရင် ရိုဇာစောင့်ပါ
မျက်နှာရဲ့နူးရ်ရချင်ရင် ညမှာနမားဇ်များများဖတ်ပါ
နဖူးစာကောင်းချင်ရင်တော့ ငါးကြီမ်နမားဇ်မြဲမြဲဖတ်ပါ
ချောင်လည်စေချင်ရင် များများအစ်သိရ်ဖွာရ်ဖတ်ပေါ
သောကတွေကင်းအောင်တော့ ဒိုအာများများလုပ်ပါ
ဖိနှိပ်ခံရမှု့တွေပပျောက်စေရေး (လာဟောင်လဝလာကုဝ်ဝသအိလ္လာဘိလ္လာ) ဖတ်
တိုးပွားမင်္ဂလာရယူဖို့ ဒရူးဒ်များများဖတ်ကြစို့

22/09/2016

ဂိုနားကဗီရာကြီးမားသောပြစ်မှု့ဒုစရိုက်(၁)
الشرك باللە
အလ္လာအသျင်မြတ်သခင်နဲ့အခြားအရာများအားနှိုင်းတုကိုးကွယ်ခြင်းအကြောင်း
အစ္စလာမ်သာသနာတော် ၌ထိုပြစ်မှု့သည်အကြီးဆုံးသောပြစ်မှု့ကြီးပင်တည်း
အရ်ဘီဝေါဟာရ၌ شركဟူသည် အနက်သဘောကား
တစ်စုံတစ်ခုအားနောက်တစ်စုံတစ်ခု၌ရောနှောခြင်း
ပေါင်းစပ်ပါဝင်စေခြင်း။ ရှယ်ယာစပ်တူပြုခြင်း။
နှိုင်းတုနှိုင်းယှဉ် ခြင်း မည်၏။
အစ္စလာမ်ဝေါဟာရ သာသနာ့အသုံးအနှုံး၌ မူကား
ရှရိတ်က်ဟူသည် အလ္လာဟ်အသျင်မြတ်သခင်နှင့်အတူအခြားသက်ရှိဖြစ်
စေ သက်မဲ့အရာဝတ္တု နှင့်ဖြစ်စေ ကိုးကွယ်ဦးညွတ်အေဗါဒတ်ပြုခြင်းမှာတန်းတူရည်တူ
ထားကိုးကွယ်ဆည်းကပ်ခြင်း။ထိုအရာများနှင့်အပြိုင်
အလ္လာဟ်အသျင်မြတ်သခင်အား တုပြိုင်နှိုင်းယှဉ်ခြင်း
အလ္လာဟ်အသျင့်ကိုယုံကြည်သလို အားထားသလို
အခြားသက်ရှိသက်မဲ့တွေဖြစ်တဲ့ ဥပမာ (ကျောက်တုံး
ကျောက်ခဲ)မှပြုလုပ်ထားသော ရုပ်တုဆင်းတုများ
(သစ်ပင် ) ၌ရှိသော မမြင်တွေ့နိုင်သောအကွယ်မှ
သတ္တဝါများ ။နေနှင့်လ ကိုသော်လည်းကောင်း
မိမိရဲ့ပီရ် အတွင်းလမ်းပြဆရာကိုသော်လည်းကောင်း
နဗီတမန်တော်တစ်ပါးပါးကိုဘဲဖြစ်စေ အတိတ်နိမိတ်ဟောသောဗေဒင်ဆရာ
အကြားအမြင်ဆရာ ကိုသော်လည်းကောင်း နက္ခတက်
ပညာသည်ကိုသော်လည်းကောင်း
အလ္လာအသျင်အပေါ် ယုံကြည်ကိုးစားသကဲ့ သို့
ဆိုခဲ့ပြီးအရာများအပေါ်ယုံကြည်ကိုးစားမိခဲ့မယ်
အားကိုးအားထားပြုမိခဲ့မယ် လိုအပ်ချက်တောင်းခံခဲ့
မည်ဆိုပါက ထိုသူသည် ရှရိတ်က်ပြုလုပ် ကျူးလွန်သူ
မည်၏။ကြီးမားသောဒုစရိုက်လွန်ကြူးသူမည်၏။
သူသက်ဝင်ယုံ ကြည်ထားသော အီမာန်အစ္စလာမ်
သည်မုချပျက်၏။
အသစ်တဖန်အီမာန်ပြန်ယူရမည်။သောင်ဗာအစ်သိဂ်ဖွာ
ပြုရမည်။ ဤပြစ်မှု့ဆိုင်ရာနှင့်စပ်လျင်း၍
ကျမ်းမြတ်ကုရ်အာန်တော်၌အလ္လာအသျင်မြတ်သခင်
အောက်ပါအတိုင်းအတိအလင်းပညတ်တော်ပေးထား
တော်မူ၏

18/09/2016

عن ابی موسی رضی الله عنه قال:قالوا یارسول الله ای الاسلام افضل:قال:من سلم المسلمون من لسانه و یدە ( صحیح بخاری)
ဟဇရတ်အဗူမူဆာ(ရသွေ့)သခင်ဆင့်ပြန်ခဲ့သည်မှာဆွဟာဘာ(ရသွေ့)သခင်များကမြတ်နဗီ(ဆွ)ထံပါးလျောက်ထားမြေးမြန်းကြသည်မှာ
"အဘယ်ကဲ့သို့သောအစ္စလားမ်သာသနာသည်အမြတ်ဆုံးပါနည်း"ထိုအခါ ရစူလွလ္လာ(ဆွ)အမိန့်ရှိတော်မူသည်မှာ
မိမိနှုတ်လျာဖြင့်ဖြစ်စေ မိမိလက်ဖြင့်ဖြစ်စေအခြားမွစ္စလင်မ် များအားငြိမ်းချမ်းမှု့ပေးနိုင်တဲ့သူရဲ့အစ္စလားမ်သည်
အမြတ်ဆုံးပင် ဖြစ်တယ်။(ဘိုခါရီကျမ်း)
ဟဒီးတော်ရှင်းလင်းချက်။(က)
ဟဒီးစ်တော်၌လူ၏လက်နှင့်နှုတ်လျာကိုသုံးနှုံးထားခြင်းရဲ့သဘောမှာလက်နှင့်နှုတ်လျာသည်လူ့ခန္ဏာကိုယ်၌အလုပ်အများဆုံးနှင့်အဓိကအရေးကြီးဆုံးအင်္ဂါနှစ်ခုဖြစ်၏သဘောတရားမှာလူ့အင်္ဂါအစိတ်အပိုင်းအားလုံး၏ကိုယ်စားသုံးနှုန်းထားသည်။ဤမျမကလူ့အမူအကျင်
့တစ်ခုကြောင့်ပင်ဖြစ်စေ။လှုပ်ရှားမှု့လေးတစ်ခုကြောင့်
ဲဖြစ်စေအခြားကျန်သူအတွက်စိတ်မကောင်းဖြစ်စေ
ခဲ့သည်ဆိုပါစို့ဥပမာ။အမှတ်တမဲ့မိမိတံတွေးထွေး
လိုက်ခြင်းဟာအခြားလူတစ်ယောက်ကိုရည်ညွန်းသ
လိုဖြစ်ပြီးစိတ်မကောင်းဖြစ်သွားခဲ့ခြင်း။မိမိရဲ့ပြောစကားတစ်ခွန်းသည်ကြားနာသူအဖို့သူ့အား
မရည်ညွန်းသော်လည်းတစ်ခြားလူအဖို့မိမိအား
စောင်းချိတ်ပြောနေသည်ဟုထင်ပြီးစိတ်မကောင်း
ဖြစ်ခြင်း။
လူ့ကိုယ်ခန္ဏာ၏အမူအကျင့်​အ​ပြောအဆိုလှုပ်​ရှားသွားလာမှု့အားလုံးအားလုံးသည်​ဖော်​ပြပြီး
ဖြစ်​သည့်​ဟဒီးစ်တော် ၌အကျုံးဝင်သည်။်
ရှင်းလင်းချက်။(ခ)
ဆိုခဲ့ပြီးဟဒီးတော်၌"တစ်ခြားမုစ်လင်များအား"
ဟုသုံးနှုန်းထားသော်လည်းမုစ်လင်ဖြစ်သူများကိုသာဆိုလိုခြင်းမဟုတ်။တစ်ခြားဘာသာဝင်လူအများ(ဝါ)လူ
သက်ရှိသတ္တဝါအားလုံးအကျုံးဝင်၏။ဥပမာ။တိရိစ္ဆ္တာန်အားမွေးမြူထားသော်လည်းအကြောင်းမဲ့
အစာမကျွေးဘဲထားခြင်း။အကြောင်းမဲ့ကြောင်လေး
အားရိုက်ခြင်းအားလုံးအကျူံးဝင်၏။
ရှင်းလင်းချက်။(ဂ)
ဖော်ပြပါဟဒီးတော်၏အပြန်သဘောမှာမုစ်လင်ဟူသည်
လူအပါအဝင်သက်ရှိသတ္တဝါအားလုံးကိုငြိမ်းချမ်းမှု့ပေးနိုင်မှသာလျင်ပြီးပြည့်စုံသောမုစ်လင်ဖြစ်သူမည်၏။
အကယ်၍သာဆိုခဲ့ပြီးဟဒီးတော်နှင့်ဆန့်ကျင်
်ဘက်အရည်အချင်းရှိနေခဲ့လျင်လည်း
သူ့၏အီမာန် အစ္စလာမ်သည်ပျက်မသွား
ကာဖွေရ်ဟုဖွတ်ဝါမပေးပိုင်
သို့သော်ငြားလည်းမိမိလွန်ကျူးမိသည့်တခြားသူများ၏အပေါ်မငြိမ်းချမ်းစေသောပြစ်မှု့၏ဆိုင်ရာပြစ်ဒဏ်
အရေးယူခံရမည်ဖြစ်သည်။
ဖော်ပြပါအရည်အချင်းနှင့်ပြည့်စုံသောသူသာလျင်ပြီး
ပြည့်စုံသောအီမာန်ရှင်အစ္စလာမ်သာသနာဝင်မည်၏။
ဟဒီးတော်၏အဆင့်အတန်း
ဖော်ပြပါဟဒီးစ်တော်သည်ဟဒီးစ်ရေးရာကျွမ်းကျင်
်သောဟဒီးစ်ပညာပါရဂူတို့၏ထံတွင်(ဆွဟီ)صحیح
်တန်းဝင်၏
(ဆွဟ)ီတန်းဝင်သောဟဒီးစ်သြဝါသတော်တစ်ပုဒ်အား
အစ္စလားမ်ရှရီအသ်တွင်دلیلအကိုးအကားအထောက်အထားအဖြစ်ပြပိုင်ခွင့်ရှိသည်

အလ္လာအသျင်မြတ်သခင်ကျုပ်တို့အားလုံးကိုပြီးပြည့်စုံ
သောအီမာန်ရှင်အစ္စလာမ်သာသနာဝင်ဖြစ်ခွင့်
ချီးမြင့်ပေးသနားတော်မူပါစေ(အာမီးန်)

20.9.2016

Address

Www. Gentelmanboy. Com
Taunggyi

Website

Alerts

Be the first to know and let us send you an email when အစ္စလာမ်ရောင်ခြည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share