08/10/2021
[Zawgyi]
တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး အပိုဝင်ငွေကောင်းရစေဖို့ ရုံးပတီကို ဘယ်လိုစနစ်တကျစိုက်ပျိုးထုတ်လုပ်မလဲ
==========================================================
ရုံးပတီရဲ့မူရင်းဒေသဟာ အာဖရိကတိုက် (သို့) အာရှတိုက် (သို့) (၂)ခုစလုံးလို့ ယူဆရပါတယ်။ (၁၂-၁၃) ရာစု လောက်မှာ အီဂျစ်လူမျိုးတွေကနေ စတင်စားသုံးလာကြတယ်လို့ သိရပါတယ်။ ရုံးပတီမှာ အပင် အနိမ့်အမြင့် အသီးပုံသဏ္ဍာန်ပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားကြပါတယ်။ ပင်မြင့်မျိုး၊ပင်လတ်မျိုး၊ ပင်ပုမျိုး၊ အသီးမှာ အမြောင်းပါတဲ့မျိုး၊အသီးချောမျိုး၊အသီးမှာ ဆူးပါတဲ့မျိုး၊အသီးစိမ်းမျိုး၊အသီးနီမျိုး စသဖြင့် ကွာခြား ကြပါတယ်။ တချို့က အာရှမျိုးနဲ့ အမေရိကန်မျိုးဆိုပြီးတော့ (၂)မျိုးရှိပါတယ်။ မျိုး(၂)မျိုးရဲ့ ကွဲပြားချက် တွေကတော့ -
• အာရှမျိုးဟာ အသီးမှာ အမွှေးနုလေးတွေအပြင် အမြှောင်းတွေလည်းပါပါတယ်။ အသီးသီးပုံကတော့ တစ်တောင့်နဲ့တစ်တောင့် အထက်အောက်ဆင့်ကဲဆင့်ကဲ ဝါးဒလက်လိုပုံစံဖြစ်နေတတ်ပါတယ်။ အသီး အရေအတွက်လည်းနည်းပါတယ်။ ပျမ်းမျှတစ်ပင်မှာ သီးတောင့်(၂၅)တောင့်လောက်သီးပါတယ်။
• အမေရိကန်မျိုးရဲ့အသီးတွေဟာ အမြှာင်းမရှိစင်းလုံးချောဖြစ်ပါတယ်။ မွှေးနုနုမပါပါ။ အသီးတွေ မျက်နှာချင်းဆိုင်သီးပါတယ်။ အသီးရဲပြီး တစ်ပင်ကို ပျမ်းမျှအတောင့် (၄၀)ကျော် သီးပါတယ်။ မျိုးအလိုက်စိုက်ချိန်ကွဲပြားမှုတွေရှိပါတယ်။
ကြိုက်နှစ်သက်သောရေ၊မြေ၊ရာသီဥတု
----------------------------------------------
• ရုံးပတီဟာ အသင့်အတင့်ကောင်းမွန်တဲ့ မြေမှာ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ ဖွယ်တဲ့မြေတွေကို ပိုပြီးတော့ ကြိုက်နှစ်သက်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးမယ်ဆိုရင် မြေသြဇာများများကျွေးဖို့ လိုအပ်ပါတယ်။ မြေချဉ်ငန်ကိန်း (၆-၆.၈)အတွင်းမှာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။
• ရုံးပတီသီးဟာ ပူနွေးတဲ့ရာသီကြိုက်တဲ့သီးနှံဖြစ်ပြီး ရာသီဥတု အခြေအနေပေးရင် ဆကလက်ပြီးတော့ ကြီးထွားသီးပွင့်ပါတယ်။ ဒါပေမယ့် အပင်ပေါ်မှာရှိတဲ့ အသီးတွေကို မရင့်ခင် ခူးပေးဖို့ လိုအပ်ပါတယ်။ အေးတဲ့ရာသီဥတုနဲ့ ဆီးနှင်းဒဏ်ကို မခံနိုင်ပါတယ်။ အပူချိန် (၂၀)ဒီဂရီ စင်တီဂရိတ်အောက်မှာ အစေ့ဟာ အပင်မပေါက်နိုင်ပါ။
မျိုးစေ့နှုန်းထားအနေနဲ့ တစ်ဧကကို ရုံးပတီမျိုးစေ့ (၅-၁၀)ကီလိုဂရမ်လိုအပ်ပါတယ်။
အသုံးပြုသင့်သော မြေသြဇာနှုန်းထား
--------------------------------------------
ရုံးပတီတစ်ဧက စိုက်ပျိုးဖြစ်ထွန်းဖို့အတွက် နွားချေး -၁၀တန်၊ယူရီးယား -၂၂၄ပေါင်၊တီစူပါ-၁၁၂ပေါင် လိုအပ်မှာဖြစ်ပါတယ်။ အခြားသီးနှံတွေလို မစိုက်ပျိုးခင် ယူရီးယား (၁၁၂)ပေါင်နဲ့ အခြားမြေသြဇာတွေကို ထည့်သွင်းပြီး စိုက်ပျိုးပြီး (၁)လအကြာမှာ ကျန်တဲ့ယူရီးယား(၁၁၂)ပေါင်ကို ထည့်သွင်း အသုံးပြုပေးရမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်ယူရီးယားထည့်တဲ့အချိန်မှာ မြေသြဇာများသွားရင် သီးပွင့်မှုကို နောက်ကျစေနိုင်ပါတယ်။
မြေပြုပြင်ခြင်း
-----------------
မြေပြုပြင်ချိန်မှာ နွားချေးချပေးပါ။ ထယ်ထွန်တွေနဲ့ ထွန်ရေးညက်အောင်မွှေပြီး ကြမ်းတုံးရိုက်ပြီးရင် ထွန်ကြောင်းနဲ့ စိုက်ကြောင်းဖော်ပေးပါ။ ရုံးပတီဟာ မျိုးအလိုက် အပင်အရွယ်အစားကွာခြားခြင်းတွေကြောင့် မိမိအသုံးပြုတဲ့ မျိုးအပေါ်မူတည်ပြီး သင့်တော်တဲ့ အပင်အကွာအဝေးစိုက်ပျိုးဖို့ လိုအပ်ပါတယ်။ အပင်ငယ်မျိုးကို စိုက်မယ်ဆိုရင် (၃)ပေကွာအတန်းတွေဆွဲပြီး တစ်ပင်နဲ့တစ်ပင် (၁)ပေခွာစိုက်ပါ။ အပင်ကြီးမျိုးဖြစ်မယ်ဆိုရင် (၃)ပေကွာအတန်းတွေမှာ (၂)ပေခွာစိုက်ပေးရမှာဖြစ်ပါတယ်။ နွေဦးစိုက်ရုံးပတီနဲ့ မိုးစိုက်ရုံးပတီတွေဟာ အပင်သန်စွမ်းမှုမတူညီကြပါ။ နွေဦးမှာစိုက်ရင် အပင်ကြီးထွားမှုနှေးတဲ့အတွက် စိုက်တန်းတစ်တန်းနဲ့တစ်တန်း အပင်အကွာအဝေးတွေကိုလျှော့ပေးရမှာဖြစ်ပါတယ်။
စိုက်ပျိုးခြင်း
---------------
ရုံးပတီစေ့ကို မစိုက်ပျိုးမီ (၁၂)နာရီခန်ပရေစိမ်ပေးပါ။ရေစိမ်ရင်မျိုးစေ့ထုထည်ရဲ့(၅)ဆရှိတဲ့ရေနဲ့စိမ်ပါ။ ရေလဲပေးစရာမလိုပါ။ အစေ့ကနေ အပင်ပေါက်ဖို့အတွက် မြေရဲ့အပူဓာတ်လည်း လိုအပ်ပါတယ်။ အနည်းဆုံး (၂၀)ဒီဂရီစင်တီဂရိတ်အထက်မှာရှိဖို့လိုအပ်ပါတယ်။ မျိုးစေ့ကို ပထမရေစိမ်ပြီး ရေပေါ်မှာပေါ်နေတဲ့ အစေ့တွေကိုဖယ်ရှားပစ်ရပါမယ်။ ရုံးပတီကို တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါတယ်။ ရုံးပတီပင်မှာ ဗိုင်းရပ်စ်ရောဂါကျရောက်လေ့ရှိတဲ့အတွက် စိုက်ခင်းထဲမှာပေါင်းမြက်အမြဲကင်းစင်နေဖို့လိုအပ်ပါမယ်။
အပင်ပြုစုခြင်း
-----------------
• ရုံးပတီစိုက်ရင် ပေါင်းမြက်ကင်းစင်ပြီး အစိုဓာတ်လုံလောက်ဖို့လိုပါတယ်။ ရောဂါကင်းဖို့ အရမ်း အရေးကြီးပါတယ်။ အပင်ငယ်စဉ်မှာ ပေါင်းကင်းစင်ဖို့ သတိပြုရပါမယ်။
• ရာသီဥတုအရမ်းပူပြင်းနေရင် ရေသွင်းပေးဖို့ လိုအပ်ပါတယ်။ ရုံးပတီဟာ ရေငတ်ဒဏ်ကို အတော်အသင့် ခံနိုင်ရည်ရှိပေမယ့် အစိုဓာတ်ထိန်းနိ်ုင်တဲ့မြေမှာ စိုက်ပျိုးရင် အထွက်နှုန်း ပိုပြီးတော့ကောင်းမွန်စေပါတယ်။
ဆွတ်ခူးခြင်းနှင့် အထွက်နှုန်း
---------------------------------
သီးကင်းဝင်စအချိန်ကနေ နောက် (၁၀-၁၂)ရက် ကျော်လွန်ရင် အတောင့်ရင် စားမကောင်းတော့ပါ။ သီးကင်းဝင်ပြီး (၄-၆)ရက်အတွင်းဟာ စားဖို့အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ပန်းပွင့်ပြီး တစ်ပတ်ကြာရင် စတင်ခူးဆွတ်ရမှာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ (၂)ရက်ခြားတစ်ကြိမ်စီခူးဆွတ်ပေးပါ။ ရာသီဥတုပူပြင်းရင် အရင့်မြန်တဲ့အတွက် နေ့တိုင်းခူးဆွတ်ပေးရမှာဖြစ်ပါတယ်။
ရုံးပတီတစ်ဧကစိုက်ခင်းကနေ (၁၀၀၀-၃၀၀၀)ပိဿာအထိ ထွက်ရှိနိုင်ပါတယ်။
မျိုးစေ့ထုတ်လုပ်ခြင်း
-------------------------
ရုံးပတီမျိုးစေ့ကောင်းရဖို့အတွက် အပင်သန်စွမ်းပြီးရောဂါကင်းတဲ့အပင်က ရင့်မှည့်တဲ့ သီးတောင့်တွေကို ရွေးယူပါ။ ပိုးထိုးတဲ့သီးတောင့်တွေကို ပယ်ပါ။ အစေ့တွေမှာ ပိုးတွေပါလာရင် သိုလှောင်တဲ့အခါ ကျန်တဲ့အစေ့တွေကို ဖျက်ဆီးတတ်တဲ့အတွက် မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးနဲ့ ရောမွှေပြီး လေလုံအောင် ထုတ်ပိုးသိမ်းဆည်းပါ။
အသုံးပြုနည်း
-----------------
ရုံးပတီသီးကို အဓိကအားဖြင့် ဟင်းချက်စားသလို အတို့အမြှုပ်အဖြစ် အစိမ်းစားကြပါတယ်။ အချို့ကရုံးပတီသီး အနုကို အခြောက်လှမ်းပြီး ဟင်းချိုမွှေးစေဖို့ထည့်သွင်းအသုံးပြုကြပါတယ်။ ရုံးပတီပင်စည်ကနေ လျှော်မျှင်တွေလည်း ထုတ်လုပ်ကြပါတယ်။ အစေ့အရင့်ကို အခြောက်လှမ်းပြီးလှော်ကြပါတယ်။ ပြီးရင် ကော်ဖီစေ့နဲ့ရောကြိတ်ပြီးရင် ကော်ဖီမှုန့်လည်း လုပ်ပြီးရောင်းကြပါတယ်။ အချို့နိုင်ငံတွေမှ ရုံးပတီကို ဆားရည်စိမ်ပြီး စားသုံးကြပါတယ်။
Source; စိုက်ပျိုးသုတပစ္စယ
သင်ဟာ သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့တောင်သူဖြစ်ပြီး စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အခက်အခဲများကြုံတွေ့နေရပါသလား။
----------------------------------------------------------------------
စိုက်ပျိုးရေးနှင့် ပတ်သက်၍ကြုံတွေ့နေရသော ပြဿနာများ၊
နည်းပညာအခက်အခဲများကိုဖြေရှင်းနိုင်ရန် ရွှေသီးနှံ စိုက်ပျိုးရေးအကျိုးပြု
မိုဘိုင်းအပ်ပလီကေးရှင်းကို အခုပဲ အခမဲ့ဒေါင်းလုဒ်ဆွဲ အသုံးပြုလိုက်ပါ။
တိုက်ရိုက်အခမဲ့ ဒေါင်းလုဒ်ရယူရန်လင့်ခ်;
👉 https://tinyurl.com/LP200106
အဆင်မပြေပါက ထပ်မံဒေါင်းလုဒ်ရယူရန်လင့်ခ်;
👉 http://bit.ly/2FdIMu6
ရွှေသီးနှံအွန်လိုင်းဝက်ဘ်ဆိုဒ်ကိုလည်း အခမဲ့ဝင်ရောက်လေ့လာနိုင်ပါပြီ။
🌏 www.shwetheenhan.com
================================================================
[Unicode]

• ရာသီဥတုအရမ်းပူပြင်းနေရင် ရေသွင်းပေးဖို့ လိုအပ်ပါတယ်။ ရုံးပတီဟာ ရေငတ်ဒဏ်ကို အတော်အသင့် ခံနိုင်ရည်ရှိပေမယ့် အစိုဓာတ်ထိန်းနိုင်တဲ့မြေမှာ စိုက်ပျိုးရင် အထွက်နှုန်း ပိုပြီးတော့ကောင်းမွန်စေပါတယ်။
ဆွတ်ခူးခြင်းနှင့် အထွက်နှုန်း
---------------------------------
သီးကင်းဝင်စအချိန်ကနေ နောက် (၁၀-၁၂)ရက် ကျော်လွန်ရင် အတောင့်ရင် စားမကောင်းတော့ပါ။ သီးကင်းဝင်ပြီး (၄-၆)ရက်အတွင်းဟာ စားဖို့အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ပန်းပွင့်ပြီး တစ်ပတ်ကြာရင် စတင်ခူးဆွတ်ရမှာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ (၂)ရက်ခြားတစ်ကြိမ်စီခူးဆွတ်ပေးပါ။ ရာသီဥတုပူပြင်းရင် အရင့်မြန်တဲ့အတွက် နေ့တိုင်းခူးဆွတ်ပေးရမှာဖြစ်ပါတယ်။
ရုံးပတီတစ်ဧကစိုက်ခင်းကနေ (၁၀၀၀-၃၀၀၀)ပိဿာအထိ ထွက်ရှိနိုင်ပါတယ်။
မျိုးစေ့ထုတ်လုပ်ခြင်း
-------------------------
ရုံးပတီမျိုးစေ့ကောင်းရဖို့အတွက် အပင်သန်စွမ်းပြီးရောဂါကင်းတဲ့အပင်က ရင့်မှည့်တဲ့ သီးတောင့်တွေကို ရွေးယူပါ။ ပိုးထိုးတဲ့သီးတောင့်တွေကို ပယ်ပါ။ အစေ့တွေမှာ ပိုးတွေပါလာရင် သိုလှောင်တဲ့အခါ ကျန်တဲ့အစေ့တွေကို ဖျက်ဆီးတတ်တဲ့အတွက် မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးနဲ့ ရောမွှေပြီး လေလုံအောင် ထုတ်ပိုးသိမ်းဆည်းပါ။
အသုံးပြုနည်း
-----------------
ရုံးပတီသီးကို အဓိကအားဖြင့် ဟင်းချက်စားသလို အတို့အမြှုပ်အဖြစ် အစိမ်းစားကြပါတယ်။ အချို့ကရုံးပတီသီး အနုကို အခြောက်လှမ်းပြီး ဟင်းချိုမွှေးစေဖို့ထည့်သွင်းအသုံးပြုကြပါတယ်။ ရုံးပတီပင်စည်ကနေ လျှော်မျှင်တွေလည်း ထုတ်လုပ်ကြပါတယ်။ အစေ့အရင့်ကို အခြောက်လှမ်းပြီးလှော်ကြပါတယ်။ ပြီးရင် ကော်ဖီစေ့နဲ့ရောကြိတ်ပြီးရင် ကော်ဖီမှုန့်လည်း လုပ်ပြီးရောင်းကြပါတယ်။ အချို့နိုင်ငံတွေမှ ရုံးပတီကို ဆားရည်စိမ်ပြီး စားသုံးကြပါတယ်။
Source; စိုက်ပျိုးသုတပစ္စယ
သင်ဟာ သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့တောင်သူဖြစ်ပြီး စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အခက်အခဲများကြုံတွေ့နေရပါသလား။
----------------------------------------------------------------------
စိုက်ပျိုးရေးနှင့် ပတ်သက်၍ကြုံတွေ့နေရသော ပြဿနာများ၊
နည်းပညာအခက်အခဲများကိုဖြေရှင်းနိုင်ရန် ရွှေသီးနှံ စိုက်ပျိုးရေးအကျိုးပြု
မိုဘိုင်းအပ်ပလီကေးရှင်းကို အခုပဲ အခမဲ့ဒေါင်းလုဒ်ဆွဲ အသုံးပြုလိုက်ပါ။
တိုက်ရိုက်အခမဲ့ ဒေါင်းလုဒ်ရယူရန်လင့်ခ်;
👉 https://tinyurl.com/LP200106
အဆင်မပြေပါက ထပ်မံဒေါင်းလုဒ်ရယူရန်လင့်ခ်;
👉 http://bit.ly/2FdIMu6
ရွှေသီးနှံအွန်လိုင်းဝက်ဘ်ဆိုဒ်ကိုလည်း အခမဲ့ဝင်ရောက်လေ့လာနိုင်ပါပြီ။
🌏 www.shwetheenhan.com
သင့်ရဲ့သီးနှံအထွက်နှုန်းနဲ့ အမြတ်တိုးဖို့အတွက် အကောင်းဆုံး စိုက်ပျိုးရေးမိုဘိုင်းလ်အပ်ပလီကေးရှင်း