19/09/2022
“ရင်ခုန်ကံစမ်းဆုတွေလန်း” အစီအစဉ်ရဲ့ ပထမအပတ်ကို ရောက်ရှိလို့လာပါပြီ!!!
ဒီပထမအပတ်အတွက် ရင်ခုန်ကံစမ်းနိုင်မယ့် ဆုကတော့ အလန်းစား iPad Mini 6 ပဲဖြစ်ပါတယ်!!!
“ရင်ခုန်ကံစမ်း ဆုတွေလန်း “ အစီအစဉ် နဲ့အတူ ဖုန်းငွေဖြည့်ရင်း အလန်းစား iPad Mini 6 ကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးက သင့်ရဲ့လက်တစ်ကမ်းမှာရှိနေပြီနော်။
MPT4U App ဒါမှမဟုတ် ခဲခြစ် Top-up ကဒ်တို့နဲ့ ဖုန်းငွေ အနည်းဆုံး (၁,၀၀၀) ကျပ်ဖြည့်တိုင်းမှာ ကံစမ်းခွင့် Ticket တစ်စောင် ရရှိမှာဖြစ်ပြီး ဖုန်းငွေများများဖြည့်လေလေ iPad Mini 6 ကို ကံထူးဖို့ အခွင့်အရေးပိုများလေပဲဖြစ်ပါတယ်။
iPad Mini 6 စုစုပေါင်း (၆)လုံးကို ကံစမ်းနိုင်မယ့်ကာလကတော့ စက်တင်ဘာ (၁၉)ရက်နေ့ကနေ စက်တင်ဘာလ(၂၅)ရက်နေ့အထိဖြစ်ပြီး ကံထူးရှင်များကို စက်တင်ဘာလ (၃၀) ရက်နေ့မှာ ကြေညာပေးသွားမှာပဲဖြစ်ပါတယ်။ ကံထူးရှင်ဖြစ်နိုင်မယ့် အခွင့်အရေးပိုရအောင် လက်မနှေးဘဲ အခုပဲဖုန်းငွေများများဖြည့်လိုက်တော့နော်…
ဘယ်လိုပါဝင်ဆောင်ရွက်နိုင်မလဲ
၅.၁။ ဤအစီအစဥ်တွင် ပါဝင်နိုင်ရန်အတွက် MPT4U မှတဆင့် (သို့မဟုတ်) ခဲခြစ်ငွေဖြည့်ကဒ်မှတဆင့် ဖုန်းဘေလ် ကျပ် ၁,၀၀၀/၃,၀၀၀/၅,၀၀၀/၁၀,၀၀၀/၃၀,၀၀၀ တို့အား ဖြည့်သွင်းကာ ပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။
၅.၂။ ဖုန်းဘေလ် ၁,၀၀၀ ကျပ် အနည်းဆုံးဖြည့်သွင်းမှုအတွက် ဆုများအား ကံထူးနိုင်ရန် လက်မှတ်တစ်စောင်ကို ရရှိမည် ဖြစ်ပါသည်။ ဖုန်းဘေလ်များများဖြည့်သွင်းလေလေ ကံထူးနိုင်နိုင်မည့်လက်မှတ်များ ပိုရနိုင်လေလေမည်ဖြစ်ပါမည်။ ဥပမာအားဖြင့် - ဖုန်းဘေလ် ၅,၀၀၀ ကျပ်ဖြည့်သွင်းခဲ့ပါက ဆုများအား ကံထူးနိုင်မည့် လက်မှတ် (၅) စောင်ရရှိမည် ဖြစ်သည်။
၆။ ရရှိမည့်ဆုများ
၆.၁။ ပါဝင်သူများအနေဖြင့် အောက်ဖော်ပြပါဆုများအား အပတ်စဥ် ကံထူးရရှိနိုင်မည်ဖြစ်ပါသည်။
ကံထူးရှင်များအား ရွေးချယ်ခြင်း
၇.၁။ ဖုန်းဘေလ်များများပိုဖြည့်သော ပါဝင်သူများအနေဖြင့် ဆုများအား ကံထူးနိုင်သည့် လက်မှတ်များ ပိုရလေလေ ဖြစ်ပါမည်။
၇.၂။ သက်ဆိုင်ရာရက်သတ္တပတ်တစ်ခုခုတွင် ဆုများအား ကံထူးခဲ့ပြီးသူဖြစ်ပါကလည်း အခြားသောရက်သတ္တပတ်များ၌ ဆုများအား ထပ်မံကံထူးနိုင်မည့် လက်မှတ်များရရှိရန် ဖုန်းဘေလ်များဆက်လက်ဖြည့်သွင်းခြင်းကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
၇.၃။ ကံထူးရှင်များအား MPT မှ ရွေးချယ်ပြီး ဆုတစ်ဆုချင်းစီအတွက် ကံထူးရှင်တစ်ဦးချင်းစီအား ဖုန်းခေါ်ဆိုသွားမည် ဖြစ်ပါသည်။
၈။ ကံထူးရှင်များအား အကြောင်းကြားခြင်း
၈.၁။ MPT အနေဖြင့် ကံထူးရှင်တစ်ဦးချင်းစီထံသို့ ဖုန်းခေါ်ဆိုမှု (၃) ကြိမ် ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဖုန်းခေါ်ဆိုခြင်းခံရသူကံထူးရှင်မှ အဆိုပါဖုန်းခေါ်ဆိုမှု (၃) ကြိမ်ပြုလုပ်ခြင်းအား လက်ခံဖြေကြားခြင်းမရှိပါက MPT မှ အခြားသောကံထူးရှင်တစ်ဦးအား ရွေးချယ်ခေါ်ယူသွားမည်ဖြစ်သည်။
၈.၂။ ကံထူးရှင်များအားရွေးချယ်ပြီးနောက် အပတ်စဥ်သောကြာနေ့တိုင်း၌ Facebook, Telegram, Viber နှင့် Website တိုမှတဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။