05/05/2020
Page အသစ်ကတော့ လူတိုင်း ဖွင့်တတ်မယ်ထင်တယ်
ဒါကြောင့် Page ဖွင့်ပြီးတာနဲ့ Page ထဲမှာ ရှိတဲ့ Setting များအကြောင်း ရှင်းပြပေးပါ့မယ်
General Setting အကြောင်း ကို သိချင်ရင်
https://m.facebook.com/story.php?story_fbid=115591766805381&id=115255730172318
အခုတစ်ခါ Page Info များအကြောင်း ဆက်ပြောပါမယ်
Page Info မှာ
1. About
2. Contact
3. Location
4. Hours
5. More
တို့ပါဝင်ပါတယ်
1. About (Page ရဲ့ အကြောင်း)
Name အမည်တွေပါမယ် (Name ပြောင်းချင်ရင် web browser ကနေ ပြောင်းတာ ပိုအဆင်ပြေတယ်)
1.1 Category ( Page ရဲ့ အမျိုးအစားခွဲခြားခြင်း)
Category ထဲမှာ မိမိ Page နဲ့သက်ဆိုင်တဲ့ အမျိုးအစားတွေ ရွေးလို့ရပါတယ်
အများကြီး ရွေးလို့တော့မရပါဘူး 3 ခုအများဆုံးပဲ ရွေးခွင့်ရှိပါတယ်
မိမိ Page က အလှအပနဲ့ဆိုင်ရင် Category မှာ Beauty cosmetic & personal care,
Beauty Shop, Health/Beauty အစရှိသဖြင့်
Page က Online Shop ဆိုရင် Category မှာ Product/Service, Advertising/Marketing အစရှိသဖြင့်
မိမိ Page name နဲ့ သက်ဆိုင်တဲ့ Category တော့ရွေးဖို့လိုပါတယ်
ဒါမှ မိမိ Page ကို ဝင်ကြည့်တဲ့အခါ အဓိက Category ကိုကြည့်ပြီး Customer တို့ရဲ့ စိတ်ဝင်စားခြင်း ခံရမှာပါ
1.2 Profile and Cover Photo
ဒါကတော့ အပြင်မှာလည်း လွယ်လွယ်နဲ့ Change လို့ရတဲ့ အတွက် ပြောပြဖို့ မလိုတော့ပါဘူး
1.3 Website
ဒါကတော့ Company တွေ
ကိုယ်ပိုင် Personal Blog တွေ အစရှိသဖြင့် website ပိုင်ဆိုင်ထားသူတွေ အတွက် မိမိ Website ကို ထည့်ပေးခြင်းဖြင့် Facebook ကနေ မိမိ Web,Blog ကို အလွယ်တကူ ဝင်ကြည့်လို့ရတာပေါ့
1.4 Description (ဖော်ပြချက်)
မိမိ Page အကြောင်းကို တိုတိုနဲ့ ထိထိရောက်ရောက် ဖော်ပြတာပါ
Customer အနေနဲ့ မိမိ ဝင်ကြည့်တဲ့ Page မှာရှိတဲ့ Service တွေကို Description ကိုကြည့်ပြီး ဆုံးဖြတ်လို့ရတာပေါ့
2. Contact (ဆက်သွယ်ချက်)
2.1 Phone (ဖုန်းနံပါတ်)
Online Shopping တွေ Business Service တွေ အစရှိသဖြင့် လုပ်ငန်းလုပ်ကိုင်သူတွေ အတွက် မရှိမဖြစ်ထည့်ပေးဖို့လိုပါတယ်
မိမိက Online ပေါ်မှာ မရှိတဲ့အခါ Ph no ထည့်ပေးထားခြင်းဖြင့် Customer က အလွယ်တကူ မိမိဆီ ဆက်သွယ်လို့ရမှာပါ
2.2 Email
ဒါကတော့ စာအိပ်ကနေတစ်ဆင့် ဆက်သွယ်တာပါ
လူသုံးတော့နည်းပါသေးတယ်
Company တွေ မှာပဲ သုံးလေ့ရှိတာများပါတယ်
တစ်ချို့ Page တွေမှာလဲ သုံးပါတယ်
သူကတော့ Email တစ်ခုရှိရုံနဲ့ ဆက်သွယ်လို့ရပါတယ်
3. Location (တည်နေရာ)
web browser ကနေပဲ Loaction ထည့်လို့ရသေးပါတယ်
သူက မိမိ Online Shop ကို အပြင်မှာလဲ ရောင်းကြောင်း Map မှာထည့်တဲ့ သဘောပါ
တစ်ချို့ Customer တွေက အပြင်မှာ ကိုယ်တိုင်လာဝယ်ချင်တဲ့အခါ အထောက်အကူပြုပါတယ်
Location ကို Map မှာ တိတိကျကျထည့်ပေးဖို့လိုပါတယ်
Google Map ကနေ ရှာရင် Get direction ကိုနှိပ်ပြီး မိမိ ဆိုင်လိပ်စာကို ရှာတဲ့ အခါ အဆင်ပြေအောင်လို့
Company တွေတော်တော်များများသုံးပါတယ်
4. Hours (အချိန်တွေ)
မိမိ Product ရောင်းတဲ့ အချိန်ကို ဖော်ပြပေးတာပါ ဘယ်အချိန်မှာ ဖွင့်ပြီး ဘယ်အချိန်မှာ ပိတ်မယ်ဆိုတာ တိတိ ကျကျလုပ်ဆောင်လို့ရတဲ့ အတွက်
Customer တွေကို ဆက်သွယ်လို့ရမည့်အချိန် အသိပေးသလိုမျိုးပါ
5. More (နောက်ထပ်)
လက်ရှိ More မှာ Price ပဲ တွေ့ရပါသေးတယ်
မိမိ Page ကဈေးနှုန်းသတ်မှတ်ချက်က £ ပေါင် နှင့်လား $ ဒေါလာနဲ့ လား ဆိုတာဖော်ပြတာပါ
www.facebook.com/ShyknowledgeandserviceShy