The Blue Bird

The Blue Bird Business & Investment

"Defensive....> Offensive...> & Margin Of Safety....ခံစစ်လား...တိုက်စစ်လား...လုံခြုံစိတ်ချရတဲ့......အဆင့်လား...."-------...
16/03/2026

"Defensive....> Offensive...> & Margin Of Safety....ခံစစ်လား...တိုက်စစ်လား...လုံခြုံစိတ်ချရတဲ့......အဆင့်လား...."
-----------------------------------------------------------------

နားလည်လွယ်အောင်....
ပြောရရင်.....

ဘောလုံးမှာ...

"[ တိုက်စစ်က.... ပွဲကိုအနိုင်ရစေပြီး....
ခံစစ်က.... ဖလားကိုရစေတယ်...] "...တဲ့...

ဒီလိုဘဲ...
လုပ်ငန်းတွေမှာ...
Externalကို..
ဖွင့်တိုက်ဖို့....

Internal...
ခံစစ်လုံမလုံ....
အရင်စစ်ကြရတယ်...
တည်ဆောက်ကြရတယ်....

အဲ့ဒါ....
အရင်းကြေ....
အမြတ်လို့ခေါ်တဲ့...
(**အမှတ်မဟုတ်...)
BEP ပွိုင့်ဘဲ...

BEPလုံပြီဟေ့...
ဆိုရင်...

Net Profit လို့ခေါ်တဲ့...
အသားတင်အမြတ်အတွက်...
တိုက်စစ်ဖွင့်သာ...
တိုက်ပေတော့....
(**Marketing...သဘောအရ...အခက်အခဲဆုံး...
အချိန်တွေက...စျေးကွက်ကိုသိမ်းရတာ...
အလွယ်ဆုံးဆိုဘဲ....)

BEPနဲ့မှ....
စိတ်မချသေးရင်...
Margin Of Safety .....
ဆိုတာထိသွားထားရတယ်....

တနည်းဆိုရင်....

တိုက်စစ်....
ပိုအားပြင်းအောင်....
ထောက်ကူပေးဖို့....

Defense Line ကို...
Middle Field....
အစပ်နားထိ...
တက်ဖိထားတဲ့...
သဘောဘဲ.....

XP

Mon / 2026 March 16

**[ သာမာန်ချိန်တွေမှာတောင်.... လုပ်ငန်းတွေအနေနဲ့.....BEP တို့ .......MOS တို့က...မသိမဖြစ်...Counter ပြန်မမိအောင်တော့လဲ....သတိထား....ဖိကြရတာပေါ့ဗျာ....]

**[ ဒါတွေက...ဘယ်ရိုက်စားတွေကမှ.......မသင်ပေးချင်တဲ့....ဖော်နိုင်သူမှရမယ့်...ရတနာမြေပုံအညွှန်း...Strategics....တွေပါ....]

" ရတယ်....ရတယ်...🖐 😝"------------------------`တစ်ခါတစ်လေ...High Way လမ်းပေါ်...မောင်းနေရသလိုပါဘဲ....နေအရမ်းပြင်းလာရင်......
16/03/2026

" ရတယ်....ရတယ်...🖐 😝"
------------------------`
တစ်ခါတစ်လေ...
High Way လမ်းပေါ်...
မောင်းနေရသလိုပါဘဲ....

နေအရမ်းပြင်းလာရင်....
အရိပ်လေးရှာ...
စက်သပ်...
နားပြီးမှ....
ခရီးဆက်ရတဲ့...
အချိန်တွေလဲရှိတာပါဘဲ...

ပြီးတော့လည်း...
ခရီးဆက်ပေါ့....

ခဏမဟုတ်တဲ့...
ခရီးက...

လူဖြစ်ဖြစ်....
လုပ်ငန်းဖြစ်ဖြစ်....
ဘယ်နေရာဆုံးမယ်မသိတဲ့...
High Wayလမ်းပေါ်မှာ...
Runနေကြရတာကိုး....

ဒါပေမယ့်....
ခဏနားချိန်...

ကိုယ့်ယာဥ်...
ကြံ့ခိုင်မူရှိမရှိ...

အင်ဂျင်ကောင်းမကောင်း...
ဆီအခြေအနေစသဖြင့်တော့...
စစ်ပေါ့.....

ဒါမှ...
နေပြန်အေးချိန်...
အရှိန်တင်....
မောင်းလို့ရမှာမလား...

XP

Mon/ 2026 Mar 16

***(လူတစ်ယောက်... မိသားစုတစ်ခု...ရပ်ကွက်​တစ်ခု... လုပ်ငန်းတစ်ခု..etc....အခြေခံအားဖြင့်....တူ...)

13/03/2026

" ASSETS > GREATER THAN OPERATION "
----------------------------------------------------------------

ဘယ်ခေတ်ရောက်ရောက်...

" ASSETSတွေကဘဲ...
ငွေရှာပေးပါတယ်..."

" ငွေရှာချင်ရင်...
ASSETS နဲ့ OPERATIONပေါင်းမှ..
ရှာလို့ရတယ် "

" မလွှဲသာလို့...
ဆုံးရှုံးရမယ်ဆို...
OPERATIONကိုဘဲ...
လက်လွှတ်ပါ..."

"OPERATIONက...
COMPETENCY..
ကျွမ်းကျင်မူ့ကို...
အခြေခံတာဖြစ်လို့....

အချိန်မရွေးးးး
ပြန်တည်ဆောက်လို့ရပါတယ်..."

" ကိုယ်ပိုင်ဆိုင်တဲ့....
ASSETS ( Or) RESOURCES တွေကိုတော့...
ကာကွယ်ပါ...."

XP

Fri/ 2026 March 13

26/02/2026

" " Fail-Safe"
------------------
Risk တွေသိပ်များလာလို့...လုပ်ရကိုင်ရ....သိပ်ကြပ်လာတဲ့အခါမျိုးမှာ....

ကျနော်တို့ Investment & Financeမှာ....
fail -safe ဆိုတဲ့ အသုံးတစ်ခုရှိတယ် ....

ဆုံးရှုံးခဲ့ရင်တောင်....ပရမ်းပတာဆုံးရှုံးတာမျိုးမဟုတ်ဘဲ....အန္တရာယ်ကင်းကင်း....safe ဖြစ်ဖြစ်....ဆုံးရှုံးရမယ်ဆိုတဲ့သဘောပါဘဲ...

ဆုံးရှုံးခဲ့ရင်တောင်...စည်းကိုက်၀ါးကိုက်...Rhythm မိမှ
ရမယ်...

စည်းနဲ့စံနစ်နဲ့ ....ဆုံးရှုံးအောင်...လုပ်ရကိုင်ရမယ်....ဆိုပါတော့.....

XP
Thu/ 2026 Feb 26

*** " အောင်မြင်စွာ... ဆုတ်ခွာခြင်း " ဆိုတဲ့.
စကားလိုပေါ့...Finance ဆိုတာ...ဆုံးရှုံးခဲ့မယ်ဆိုရင်တောင်...." အောင်မြင်စွာ...ဆုံးရှုံးအောင်"...
စီမံရတယ်။

"မှားသွားခဲ့ရင်တောင် လုံခြုံစိတ်ချရတဲ့ အနေအထားမှာ ရှိနေစေရမယ်" ဆိုတဲ့ သဘော ဖြစ်တယ်။

22/02/2026

: Structure မရှိဘဲ.... System & Tools တွေ....
ထည့်လို့ရမရ။

: အဖြေကတော့ ...ထည့်လို့ရပါတယ်၊ .....ဒါပေမဲ့ ရေရှည်မှာ..... "ရှုပ်ထွေးပြီး ပြိုလဲသွားဖို့" .....ရာခိုင်နှုန်း တော်တော်များပါတယ်။

(***ကိုယ် Advise လုပ်ခွင့်ရတဲ့ ....လုပ်ငန်းအများစုမှာ...စံနစ် System မချခင် ....သက်ဆိုင်ရာ Structure ...ကိုအရင်စစ်တယ်....7s တွေထဲက....ဘာStructureမှ.....မရှိဘဲ...ဘာSystem စံနစ်မှ...မချလေနဲ့လို့...လေ့လာမူအ​ရရော...အတွေ့အကြုံအရရော...ယုံကြည်လို့ပါဘဲ...)

(***သက်ဆိုင်ရာ...ဌာနအလိုက်...Structure ...မတည်ဘဲ....System စံနစ်ချလို့ရတယ်...ပြောလာရင်...သေချာမဖြတ်သန်းခဲ့ဖူးသူတွေလို့....မှတ်ရင်မမှားဖူးဆိုတာ....100% ပါဘဲ။)

(***အခု Data - Driven Era လိုခေတ်မျိုးမှာ....ရေရည်...ယှဥ်ပြိုင်နိုင်စွမ်းအတွက်....Dataတွေကောင်းကောင်း Drive လုပ်တာကို...ခံနိုင်မယ့်....အားကောင်းပြီးသန်မာတဲ့....Structure & System တွေ ပိုလိုအပ်လာပါတယ်...)

XOeP

Sun/ 2026 Feb 22

(****Structure မတည်ဘဲ....ဘာSystem စံနစ်ချလို့ရတယ်....ဘာညာဆိုရင်....လာရိုက်စား....လုပ်နေပြီလို့သာမှတ်ပေတော့.....)

19/02/2026

လုပ်ငန်းတိုင်းမှာ .....
အင်ဂျင်လို့တင်စားရတဲ့....
Profit Making Engine .....
ဆိုတာရှိတယ်...

ဒီ Engine ကို....
တည်ဆောက်တတ်....
မြင်တတ်....
ကြည့်တတ်....
စီမံတတ်ရင်ကို....
အတော်ဟုတ်နေပြီ...

Warren Buffett ကတော့...
အင်ဂျင်မကောင်းတဲ့...
လုပ်ငန်းဆိုရင်....
အစကတည်းက...
လက်ရှောင်လေ့ရှိတယ်.....

လုပ်ငန်းမှာ...
အင်ဂျင်ရှိသလို....
အင်ဂျင်ကို....
လည်ပါတ်စေမယ့်....
လောင်စာတွေလဲ....
ရှိတယ်.....

အင်ဂျင်နဲ့လောင်စာရှိနေရုံနဲ့....
မရသေးဖူး.....

ထိမ်းကျောင်း....
မောင်းနှင်တတ်ဖို့လဲ....
လိုသေးတယ်.....

တစ်ချို့.....
အမွေဆက်ခံရလို့ဘဲဖြစ်ဖြစ်...

အင်ဂျင်ကောင်းတဲ့...
လုပ်ငန်းဆက်ခံရပေမယ့်....

မောင်းနှင်မစီမံတတ်တော့....
ရောက်သင့်သလောက်...
ခရီးမရောက်ကြဖူး....

ရသင့်သလောက်...
Value Growth...
မဖြစ်ကြဖူး......

XP
Thu/ 2026 Feb 19

01/02/2026

" Structure မရှိရင်
System စံနစ်ချလိုမရ..."

XP

14/01/2026

Suppliers တွေကိုရော...
Customers တွေကိုပါ....

ကိုယ့်လုပ်ငန်းရဲ့....
ပါတနာလို့ သဘောထားနိုင်လာပြီ...
ဖြစ်လာပြီဆိုရင်....

လုပ်ငန်းဟာ....
Level တဆင့်တက်ပါတယ်...

နောက်တဆင့်.....
ထပ်တက်ချင်ပြီဆိုရင်တော့...
Internal Customers လိုခေါ်တဲ့...

ကိုယ့်၀န်ထမ်းတွေအပေါ်.....
ပါတနာလို့ သဘောထားနိုင်လာရင်.....

နောက်ထပ်.....
Next Level .....
ထပ်တက်တော့တာ.....
ပါဘဲ.....

XP

2026 JAN 14/ Wed

03/01/2026

စျေးကွက်နဲ့.....
Product ကလဲ.....
ငြိမ်တယ်....

အရင်လိုဘဲ...
မြတ်နေတယ်...
ဆိုတာနဲ့....
ကျေနပ်နေလို့ရလား....

သာမာန်​ကြည့်ရင်တော့...
တိမ်တွေလို....
တည်ငြိမ်နေတာပါဘဲ...

တရွေ့ရွေ့နဲ့ ရွေ့နေတာ....
မမြင်သာဖူးဆိုပါတော့....

အဲ့ဒီမြတ်နေတဲ့...
အမြတ်ကို....
Inflationနဲ့...
ချိန်လိုက်တော့မှ....

အရင်နှစ်ကမြတ်ခဲ့တဲ့...
အမြတ်နှုန်းနဲ့သာလုပ်ငန်းဟာ....
ဆက်သွားရင်.....

လုပ်ငန်းရဲ့....
Capital Employedဟာ...
တိမ်တွေလိုဘဲ....

​တရွေ့ရွေ့နဲ့တိုက်စားခံနေရတာကို...
တွေ့လာရမှာပါ....

သတိပြုစရာပါ....

XP

Sat / 2025 Dec 3

" " Capital Stuck "------------------------" [ Short term ကရတဲ့...Financing ကို....Long -term ကြမှ....ပြန်ပေါ်မယ့်....အရ...
02/01/2026

" " Capital Stuck "
------------------------
" [ Short term ကရတဲ့...
Financing ကို....

Long -term ကြမှ....
ပြန်ပေါ်မယ့်....
အရာတွေထဲမှာ...

Invest သွားလုပ်မိရင်...
အရင်းအနှီးတွေ....
သွားပိတ်မိနေတတ်တယ်....] "

ဒါကို....

Capital Stuck ဖြစ်တယ်လို့....
ခေါ်တယ်.....
(**Liquidity Issue တစ်မျိုးပေါ့)

ဒီကာလလို...
RESOURCES....
တွေရှာရခက်တဲ့...
အချိန်မှာ....

လုပ်ငန်းတွေအနေနဲ့ရော...
လူတစ်ဦးခြင်းစီမှာရော....

ဒီအချက်ကို...
အထူးသတိထားရတယ်....

XP
Fri/2026 Jan 2

12/12/2025

ခုခေတ်ခလေးတွေ ...တော်တဲ့သူကြတော့လဲ
သိပ်အားရစရာကောင်းတယ်။

ရှော်တဲ့သူကြတော့လဲ....တော်တော်လေးရှော်တယ်။

ပိုဆိုးတာက ရာထူးကြီးပေမယ့် အခြေခံတောင် မပိုင်တဲ့သူတွေ တွေ့လာရတာမျိုးပါ။

#စာရင်းမှာ အလွယ်မှတ်ရင်...
" ကြို ၂ကြို" " ရန် ၂ရန် " လို့ခေါ်တဲ့...

အခြေခံအဆင့် Prepaid နဲ့ Accrued လေါက်ကတော့...ဒီရာထူး Level အဆင့်မှ လက်တွေ့ကျကျ...ပိုင်နိုင် နားလည်ထားမှ Quality Report တွေ...ထွက်မယ်...

#ဒါမှ Quality Decision ရမယ် ...ဖြစ်မယ်။........။.......

" ကြို ၂ကြို "... " ရန် ၂ရန်" ဆိုတာ....

Prepaid ဆိုတာ " ကြိုတင် "လို့ အဓိပ္ပါယ်ရတယ်။ (1).Prepaid Incomes ကြိုတင်ရ၀င်ငွေ (2). Prepaid Expenses ကြိုတင်ပေးစရိတ်....ဆိုပြီး ၂မျိုးရှိတယ်။

Accrued ဆိုတာ "ရန်ရှိ " လို့ အဓိပ္ပါယ်ရတယ်။
(1). Accrued Incomes ရရန်ရှိ၀င်ငွေ (2). Accrued Expenses ပေးရန်ရှိစရိတ် ဆိုပြီး သူလဲ ၂ မျိုးရှိတယ်။

#အရှုံးအမြတ်စာရင်းကို
(1) Cash နဲ့ထွက်အောင်အရင်လုပ်ရတယ်။ အဲ့ဒါ CashTrial လို့ခေါ်တယ်။ ဒီအထိက နဲ့ ဆွဲတဲ့ &L ဘဲ ရတယ်။

Trial ထွက်ပြီဆိုမှ
(2) Transfer / Adjustment တွေကို Journal ရိုက်ပေးရတယ်။

အဲ့ဒီကြမှ နဲ့ ထွက်တဲ့ &L အရှုံးအမြတ်စာရင်းကိုရတယ်။

အဲ့ဒီ ဲ့အရှုံးအမြတ်စာရင်းကို ကြည့်မှ
Decision Making နဲ့ Management တွေ Quality ကောင်းတယ်။

ဒါတွေကို နားမလည်ဘဲဆွဲနေတဲ့
အရှုံးအမြတ်စာရင်းတွေကို ဘယ်လိုအားကိုးပြီး Decision Making လုပ်ကြမလဲ။

ဒါလေးသိပြီး ၊ နားလည်ပြီး ၊ Journal ပိုင်ရင်/ ကောင်းကောင်းရိုက်နိုင်ရင် Quality ကောင်းတဲ့၊ စာရင်းကောင်းထွက်ပါတယ်။

လုပ်ငန်းအတွက်လဲ ရေရှည် ကောင်းတာပေါ့။

စာရင်းရဲ့ Double Entry စံနစ်မှာ
အားလုံး အဖြေရှိပြီးသားပါ။
.........။.........

( စာရင်းသမားအချို့ရဲ့ အခြေခံ မပိုင်မူတွေဟာ
လုပ်ငန်းအတွက် အန္တရာယ် အလွန်များတာကို
စိတ်မကောင်းစွာနဲ့အတွေ့ရများလာ.....လို့ပါ။)

XP
Fri/ 2025 Dec 12

09/12/2025

ဦးဆောင်သူတွေမှာ
သန်ရာသန်ရာ....
တစ်ဖက်စောင်း...
ဖြစ်တတ်လေ့ရှိတယ်...

e.g Marketing & Sales သန်သူက
Maketing & Sales...etc.

ဒါပေမယ့်....
လုပ်ငန်းတစ်ခုလုံးကို...
ဦးဆောင်ရပြီဆိုရင်တော့....

360° ကြည့်တတ်...
မြင်တတ်....
စီမံတတ်လေမှ

XP

2025 Dec 9

Address

Kandaw Street
Thingangyun

Telephone

+959421034196

Website

Alerts

Be the first to know and let us send you an email when The Blue Bird posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Blue Bird:

Share