Excellent Business Institute

Excellent Business Institute Management Training School

" ခွေးလိုမနေနဲ့ သိုးတွေလိုနေ " ( ပုံပြင် )  -------------------------------------တစ်နေ့တွင် တောကစားထွက်လာသော ဘုရင်က ရွာအ...
11/04/2024

" ခွေးလိုမနေနဲ့ သိုးတွေလိုနေ " ( ပုံပြင် )
-------------------------------------

တစ်နေ့တွင် တောကစားထွက်လာသော ဘုရင်က
ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို တွေ့လိုက်ရ သဖြင့်
သူနှင့်အတူ မြင်းစီးကာ ဘေးချင်းယှဉ်လိုက်လာသော
ပညာရှိ အမတ်ကြီးကို မေးလိုက်လေသည်.....

အမတ်ကြီး ဘယ်မှာကြည့်လိုက် ကြည့်လိုက်
သိုးတွေက အုပ်စုလိုက်တွေ့ရတယ်နော် "
" ခွေးတွေ ကိုတော့ ဘာဖြစ်လို့
အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ ?.

မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို
မနက်ဖြန်မှ ဖြေပါရစေဘုရား 🙏"

ကောင်းပြီလေ

ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင်
အမတ်ကြီးက အခန်းနှစ်ခန်းကို ပြင်ဆင်စေသည်......

အခန်းတစ်ခန်းထဲတွင်
အသားပုံကြီးတစ်ပုံကို ချထားပြီး
ခွေး အကောင် ၂၀ ကိုထည့်ကာ
သော့ပိတ်ထား လိုက်သည်.....

အခြားအခန်းထဲတွင်
မြက်ထုံးများကို ချကာ
သိုးအကောင် ၂၀ ကို အခန်းအတွင်း
မောင်းသွင်းပြီး တံခါးပိတ်ထားလိုက်လေသည်.....

နောက်တစ်နေ့ နံနက်တွင်
အမတ်ကြီးက
သူစီမံထားသည့် အကြောင်းအရာကို
မင်းကြီးအား လျှောက်တင်ကာ
အခန်းများဆီသို့ ခေါ်လာလေသည်......

ပထမ ခွေးတွေထည့်ထားသည့်
အခန်းကို ဖွင့်လိုက်သည်
ဘုရင်ကြီးက အံ့အားသင့်သွားသည်
ခွေးတွေ အားလုံး အသက်ပျောက်နေသည်
အခန်းအလယ်တွင် ချထားသည့်
အသားပုံကြီးကား နေရာမပျက် ရှိနေသည်
ခွေးတစ်ကောင်မျှ အသားပုံကို
စားသွားသည့်ပုံမပေါ်.....

နောက်တစ်ခန်းကို
ဘုရင်အားခေါ်ပြီး ဖွင့်ကြည့်ကြသည်
သိုးတွေအားလုံး လှဲလျောင်းကာ
အိပ်စက်နေ ကြသည်
အခန်းအလယ်တွင် ချပေးထားသည့်
မြက်တွေလည်း မရှိတော့ပေ.....

ထိုအဖြစ်အပျက်များကို
ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက်....

ခွေးတွေဟာ သူတို့ကို ကျွေးထားတဲ့
အသားတွေကို တစ်စက်မျှ မစားရဘဲ
သေကုန်ကြရခြင်းမှာ
တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ကာ
တစ်ကိုယ်ကောင်းဆန်ခြင်းကြောင့်ပါဘုရား 🙏

သိုးတွေကတော့ အေးချမ်းစွာ
မျှဝေစားသောက်တတ်သည့်
အလေ့အထကြောင့် အသက်ရှင်ကာ
နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား
ဟု လျှောက်တင်လေသည်....

ခွေးများသည် အုပ်စုလိုက်ဖွဲ့ကာ
နေထိုင်တတ်သော အလေ့အထနည်းလေသည်
အကောင်နည်းနည်း စုမိလျှင်ပင်
ပြဿနာရှာကာ မာန်ဖီတတ်သည်
အစားအစာ နှင့် ကာမ အတွက်ဆိုလျှင်
ခွေးများသည် တစ်ကောင်နှင့်တစ်ကောင်
မညှာမတာ ကိုက်ကြ မာန်ဖီတတ်ကြသည်.....

ရှေးလူကြီးများက
ခွေးလို မနေနှင့် သိုးတွေလိုနေဟု
ဆုံးမကြခြင်းမှာ
တစ်ကောင်နှင့်တစ်ကောင်
မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့်
အတူတကွ မျှဝေတတ်သောစိတ်ရှိသည့်
လူ့ဘောင်အဖွဲ့အစည်းသည်သာ
တိုးတက်စည်ပင် ဖွံ့ဖြိုးမည်ဖြစ်ကြောင်းကို
ပြဆိုခြင်းဖြစ်သည်....

ခွေးတွေလို ငါ့တွက် ငါ့ဟာ
ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည်......။
အတ္တ လောဘ နဲ့ တကိုယ်ကောင်းစိတ်
မွေးသူများသည် ခွေးသဏ္ဍန် နှင့် တူပေသည် ...။

သိုးတွေလို မျှဝေစိတ်ထားလျှင် ရှင်ကြမည်.....။
သူ့ဖက် ကိုယ့်ဖက် သူ့အတွက် ကိုယ်အတွက်
မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည် ....

credit to original writer

ဘဝမှာ ဘာပဲလုပ်လုပ် အောင်မြင်ချင်ရင် အဓိက (၄) ချက် လိုပါတယ်အောင်မြင်မှုမှာ ဖော်မြူလာရှိပါတယ်။ငယ်ငယ်က ကျွန်တော်တို့အိမ်နား...
23/03/2024

ဘဝမှာ ဘာပဲလုပ်လုပ် အောင်မြင်ချင်ရင် အဓိက (၄) ချက် လိုပါတယ်

အောင်မြင်မှုမှာ ဖော်မြူလာရှိပါတယ်။

ငယ်ငယ်က ကျွန်တော်တို့အိမ်နားမှာ စာအုပ်ငှားဆိုင်လေး တစ်ဆိုင်ရှိတယ်။ ဆိုင်နာမည်ကို အခုထိ မှတ်မိပါသေးတယ်၊ "စိန်ရွှေဖြိုး" တဲ့။ နွေရာသီ ကျောင်းပိတ်ရက်တွေဆို စာအုပ်တွေ ပုံမှန် ငှားဖတ်ဖြစ်တယ်။ သမိန်ပေါသွပ်၊ မြိုင်ရာဇာတွတ်ပီကစလို့ မင်းသိင်္ခစာအုပ်တွေ၊ တရုတ် သိုင်းဝတ္ထုတွေ အစုံပဲပေါ့။ အဲ့တုန်းက အခုခေတ်လို ဖုန်းတွေ၊ အင်တာနက်တွေလည်း မပေါ်သေးဘူးကိုး။

အဲ့လို စာအုပ်ငှားဆိုင်သွားရင်းနဲ့ ရွယ်တူကလေးတွေ စက်ဘီးစီးနေတာကို တွေ့ရပါများတော့ ကလေးတို့ ဘာသာဘာဝ ကျွန်တော်လည်း အားကျတာပေါ့လေ။ ငါလည်း စက်ဘီးလေးစီးပြီး စာအုပ်သွားငှားရင် တော်တော် အထာကျမှာပဲပေါ့ စိတ်ကူးယဉ်တာ။ အဲ့တာနဲ့ အိမ်ကို စက်ဘီးစီးသင်ပေးဖို့ ပူဆာပါတယ်။ ကံကောင်းချင်တော့ အိမ်မှာ ခေတ်ဟောင်း စက်ဘီးလေးတစ်စီးကလည်း အသင့်ရှိနေတယ်ဗျ။

ဒီလိုနဲ့ ကျွန်တော့်ကို အဖေက စက်ဘီးစီး စသင်ပေးပါတယ်။ ညနေဖက်တွေဆို အိမ်ရှေ့လမ်းပေါ်မှာ သားအဖနှစ်ယောက် စက်ဘီးတစ်စီးနဲ့ အလုပ်ရှုပ်ကြပြီ။ စစချင်းတော့ ဟန်ချက်ညီအောင်ကို မနည်းထိန်းရတယ်။ နင်းတာနဲ့ကို မှောက်တာပဲ။ လဲတာများလာတော့ အထာနပ်သွားတယ်။ နောက် မသင်ခင် တံတောင်ဆစ်ကာတို့ ဒူးခေါင်းကာတို့ ဝတ်ပြီးမှ စက်ဘီးပေါ်တက်တော့တယ်။

ဒါတွေ ဝတ်ထားလည်း လဲရင်တော့ နာသေးတာပဲနော်။ တချို့ အမာရွတ်တွေဆို အခုထိတောင် ရှိပါသေးတယ်၊ သေရာပါပဲ။ ဒါပေမဲ့ ကျွန်တော်ကလည်း အရမ်း စီးတတ်ချင်နေတာကိုး။ အဲ့တာနဲ့ မှောက်ရင်မှောက်ပါစေ၊ နင်းတာပဲ။ ဒီလိုကနေ စက်ဘီးစီးတတ်သွားခဲ့ပါတယ်။

ဆိုတော့ အောင်မြင်မှုကလည်း ဒီသဘောတရားနဲ့ ဆင်တယ်ဗျ။ ဘဝမှာ ဘာပဲလုပ်လုပ် အောင်မြင်ချင်ရင် အဓိက (၄) ချက် လိုပါတယ်။ အဲ့တာဘာတွေလဲဆိုတော့ ...

1 Purpose လို့ခေါ်တဲ့ ရည်ရွယ်ချက်ပါ။ ပန်းတိုင်တစ်ခုတော့ တိတိကျကျ ရှိဖို့ လိုတယ်။ ပြီးတော့ သူများ ချမှတ်ပေးတာ မဖြစ်ရဘူး၊ ကိုယ်တိုင် လိုလိုချင်ချင်ရှိတာမျိုး ဖြစ်ရမယ်။ စာအုပ်ငှားဆိုင်ကို စက်ဘီးနဲ့သွားချင်တာက ကျွန်တော့် ရည်ရွယ်ချက်ပေါ့။

2 Motivation လို့ခေါ်တဲ့ ထက်သန်မှုပါ။ ကိုယ့်ကိုယ်ကိုယ် ပေးဖို့လိုသလို၊ ပြင်ပကလည်း ရနိုင်ပါတယ်။ စက်ဘီးစီးသင်တဲ့ ဥပမာကိုပဲ ကြည့်ပါ။ ကျွန်တော် စက်ဘီးစီးတတ်သွားတာ ကိုယ်တိုင် စိတ်အားထက်သန်သလို ဘေးကနေ လိုက်ထိန်းကျောင်းပေးတဲ့ အဖေ့ရဲ့ အားပေးမှုလည်း ပါတာပေါ့။

3 Preparation လို့ခေါ်တဲ့ ပြင်ဆင်မှုပါ။ ဘာပဲလုပ်လုပ် အကောင်းဆုံး ပြင်ဆင်ထားတဲ့ အလေ့အကျင့်ရှိဖို့ လိုပါတယ်။ စက်ဘီးစီးသင်တုန်းက အကာအကွယ်တွေ ဝတ်တာနဲ့ တူတူပဲ။ မှောက်မကျတော့အောင် မဟုတ်ဘူး၊ မှောက်တယ်။ ဒါပေမဲ့ လဲကျရင် အရမ်းအထိ မနာဖို့၊ ပြန်ထနိုင်ဖို့ပါ။

4 Tenacity လို့ခေါ်တဲ့ ဇွဲရှိဖို့ပါ။ ဘယ်အရာမဆို ချက်ချင်းလုပ်၊ ချက်ချင်း အောင်မြင်တယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ 99.99% လောက်က အချိန်လိုပါတယ်။ ကျွန်တော်သာ မှောက်မှာ၊ အသားနာမှာ ကြောက်နေခဲ့ရင် စက်ဘီးစီးတတ်သွားမှာ မဟုတ်ပါဘူး။ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတာ သဘာဝပါပဲ။

ဒါတွေအပြင် လက်တွေ့ဘဝမှာ အောင်မြင်မှုက Luck (ကံတရား) နဲ့ External Factors (ပြင်ပအကြောင်းတရား) တွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။ ဒါပေမဲ့ အဲ့တာတွေက ကိုယ်ထိန်းချုပ်လို့ရတာ မဟုတ်ဘူးလေ။

ကိုယ်လုပ်နိုင်တာက ရည်ရွယ်ချက်ရှိဖို့၊ ထက်သန်မှုရှိဖို့၊ ပြင်ဆင်မှုရှိဖို့၊ ဇွဲရှိဖို့ ဆိုတဲ့ အချက်တွေနဲ့ ကိုယ့်မှာ ပြည့်စုံနေအောင် ကြိုးစားဖို့ပါပဲ။

ကျွန်တော်ကတော့ ဒီဖော်မြူလာကို PMPT လို့ အလွယ်မှတ်ထားပါတယ်။ စာဖတ်ပရိတ်သတ်တွေအတွက်လည်း အသုံးဝင် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

 #အလုပ်ပြီးချိန်ညခင်းတွေမှာ မင်းဘာလုပ်လဲဆိုတာက မင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်။ တစ်နေ့ကို တစ်နာရီလောက် ဒါတွေလုပ်ဖိ...
19/03/2024

#အလုပ်ပြီးချိန်ညခင်းတွေမှာ

မင်းဘာလုပ်လဲဆိုတာက
မင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်
ပေးလိမ့်မယ်။

တစ်နေ့ကို တစ်နာရီလောက်
ဒါတွေလုပ်ဖို့အချိန်ပေးလိုက်
ပါ။

မင်းဘဝပြောင်းလဲပါလိမ့်မယ်။

မင်းရဲ့
အလုပ်ချိန် ညနေ 6 နာရီမှာ
ပြီးပြီးတော့
မင်းက ည သန်းခေါင် 12 နာရီမှ
အိပ်ရာဝင်တယ်ဆိုပါစို့။

ဒီကြားထဲက 6 နာရီကို
မင်းဘယ်လို အသုံးချပါသလဲ?

TV ကြည့်တာလား?

တကယ်တော့ ဒီအချိန်ကို
မင်းဘယ်လိုအသုံးချတယ်
ဆိုတာက

မင်းထင်တာထက်
ပိုအရေးကြီးပါတယ်။

လူတော်တော်များများ
ထင်နေတာက
ကျွန်တော်တို့ career ကို
တိုးတတ်ဖို့ အလုပ်ချိန်
အတွင်းမှာ

ကျွန်တော်တို့ ကြိုးစား
အားထုတ်ရမယ်လို့ပဲ
ထင်နေကြတယ်။

ကျွန်တော်တို့ အနာဂတ်နဲ့
အလုပ်အကိုင်တွေဟာ

ကျွန်တော်တို့
အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့
ခေါင်းဆောင်အပေါ်ပဲ
မူတည်နေတယ်လို့
ထင်နေကြတယ်။

တကယ်လို့ မင်း ကိုယ့်ကိုယ်ကို
ဘဝမှာ တိုးတတ်မှုမတွေ့ဘူး
ဆိုရင်တော့ မင်းရဲ့ အလုပ်နဲ့
မင်းရဲ့ အလုပ်ရှင်တွေကို

မင်းအပေါ်
မြေတောင်မြှောက်မပေးလို့
ဆိုပြီး
အပြစ်တင်လို့မရပါဘူး။

ကိုယ့်ကိုယ်ကို တိုးတတ်အောင်
ပျိုးထောင်ဖို့ဆိုတာ မင်းရဲ့
တာဝန်ပါ။

မင်းဟာ မင်းရဲ့
ညခင်းအချိန်တွေကို
ဘယ်လို
အသုံးချလဲဆိုတာဟာ
အလွန်အရေးကြီးပါတယ်။

စာဖတ်ပါ။

ဘဝမှာ မင်းလိုချင်တာရဖို့
knowledge က အရေးကြီး
ပါတယ်။

ဗဟုသုတတွေ စုဆောင်း
ရပါမယ်။

ဒီလို ဗဟုသုတတွေကို
မင်းရဲ့ အလုပ်မှာ မင်းရဲ့
ဘဝမှာ
ပြန်လည်အသုံးချရပါမယ်။

တကယ်လို့
မင်းက
စာဖတ်သန်တယ်ဆိုရင်
မင်းဗဟုသုတတွေ ပြည့်ပြီး

မင်းရဲ့
စကားပြောတဲ့ ခေါင်းစဉ်တွေ
အကြောင်းအရာတွေ

ပိုပြီးစိတ်ဝင်စားစရာကောင်း
လာပါလိမ့်မယ်။

Anthony Robbins က
ပြောပါတယ်။

တကယ်လို့ မင်းဟာ
တစ်နေ့ကို
တစ်နာရီအချိန်ပေးပြီး

အကြောင်းအရာတစ်ခုကို
လေ့လာမယ်ဆိုရင်
တစ်နှစ်ကြာတဲ့အခါမှာ

မင်းရမဲ့
knowledge တွေက
ကမ္ဘာ့လူတွေရဲ့
99.999 % လောက်ထိ
ဖြစ်ပါလိမ့်မယ်တဲ့။

တစ်နေ့ကို အချိန်
သုံးဆယ်မိနစ်လောက်ပဲ
စာဖတ်ချိန်ပေးနိုင်ရင်တောင်

တစ်နေ့တစ်နေ့ knowledge
တွေ
အများကြီးရမှာပါ။

မင်း expert
မဖြစ်ဘူးဆိုရင်တောင်
မင်းရဲ့
လုပ်ဖော်ကိုင်ဖက်တွေထက်
ပိုပြီး
ဗဟုသုတများလာမယ်ဆိုတာ
အာမခံနိုင်ပါတယ်။

တကယ်လို့
မင်းရဲ့ လက်ရှိအလုပ်က
မင်းတကယ်စိတ်ဝင်စားတဲ့
အလုပ်မဟုတ်ဘူးဆိုရင်

မင်းဟာ ဒီအချိန်တွေမှာ
မင်းတကယ်စိတ်ဝင်စားတဲ့
အရာတွေ
လေ့လာလို့ရပါတယ်။

ဒီလို ရတဲ့အချိန်မှာ
စိတ်ဝင်စားတဲ့အရာတွေ
လေ့လာပြီး အချိန်တစ်ခု
ရောက်တဲ့အခါမှာ

မင်းရဲ့
career ကို ပြောင်းလိုက်
လို့ရပါလိမ့်မယ်။

start up တစ်ခု စလိုက်လို့
ရပါတယ်။

project တွေ လုပ်ဆောင်ပါ။

မင်းရဲ့ ဗဟုသုတတွေ
စိတ်ကူးတွေကို ပုံဖော်ဖို့
မင်းအလုပ်က အခွင့်အရေး
မပေးရင် မင်းကိုယ်တိုင်
ရှာဖွေလုပ်ဆောင်ပါ။

volunteer project တွေ
လုပ်နိုင်ပါတယ်။

ကိုယ်နဲ့ ဝါသနာတူတွေနဲ့
ပေါင်းပြီး အဖွဲ့လိုက်
ပူးပေါင်း
လုပ်ဆောင်ကြည့်ပါ။

စမ်းသပ်ကြည့်ပါ။
ကိုယ်စိတ်ဝင်စားတဲ့
အရာတွေ လေ့လာပါ။

လက်တွေ့ လုပ်ဆောင်
ကြည့်ပါ။

Network တည်ဆောက်ပါ။

မင်းရဲ့
အလုပ်လမ်းကြောင်းမှာ
ဖြောင့်ဖြူးဖို့
strong connection
network
တစ်ခု ရှိနေဖို့ လိုပါတယ်။

ဒီလိုမျိုးမရှိဘူးဆိုရင်တော့
မင်းရဲ့ အချိန်ထဲက ဖဲ့ပြီး
လုပ်ဆောင်ရပါလိမ့်မယ်။

အတော်ဆုံး မိတ်ဆွေ
တွေကို
ဆက်သွယ်ပြီး သူတို့ရဲ့
အကြံဥာဏ်တွေ ရယူ
တာတွေ

သတင်းတွေ
အချက်အလက်တွေ
ဗဟုသုတတွေ ရအောင်
လုပ်ပါ။

professional life ထဲက
ဆရာကြီးတွေဆီက
လေ့လာသင်ယူပါ။

အလုပ်က
အိမ်ပြန်ရောက်လို့
ဒီလို ညချမ်းတွေမှာ
အနားယူတယ်ဆိုပြီး
movie
ကြည့်တာ tv ကြည့်တာ
game ကစားတာ

social media ပေါ်မှာ
သူများတွေ အကြောင်း
လိုက်စပ်စုနေတာ
အတင်းပြောနေတာ

ဒါတွေနဲ့
အချိန်ကုန်ဆုံးရတာ
အရမ်းပျော်စရာကောင်း
မှာပါ။

ဒါပေမဲ့ ဒါတွေက မင်းရဲ့
အနာဂတ်ကို
ကောင်းမွန်အောင်
လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

မင်းဘဝရဲ့ အပြောင်းအလဲက
ဒီနေ့ညက စပါပြီ။

6 နာရီကနေ ည ၁၂ နာရီထိပါ။

အလုပ်ပြီးလို့ မင်းအိမ်ပြန်
တယ်။

မင်းဟာ တစ်ခြားသူတွေ
ခိုင်းတဲ့အရာတွေကို
လုပ်စရာမလိုတဲ့အချိန်ပါ။

မင်းရဲ့ အားလပ်ချိန်ပါ။

ဒါကို
မင်းဘယ်လို အသုံးချမလဲ?

resource : Jack Ma "
Interview with business
magnate on Voices of China".




“အကောင်းမြင်စိတ်ရဲ့ အဓိပ္ပါယ်”~~~~~~~~~~~~~~~~~~🔳 အကောင်းမြင်စိတ်၊ အဆိုးမြင်စိတ်နဲ့ ပတ်သက်ရင် ပေးလေ့ရှိတဲ့ ဥပမာက ရေတစ်ဝက...
22/01/2024

“အကောင်းမြင်စိတ်ရဲ့ အဓိပ္ပါယ်”
~~~~~~~~~~~~~~~~~~
🔳 အကောင်းမြင်စိတ်၊ အဆိုးမြင်စိတ်နဲ့ ပတ်သက်ရင် ပေးလေ့ရှိတဲ့ ဥပမာက ရေတစ်ဝက် ထည့်ထားတဲ့ ဖန်ခွက်ပေါ့။

အကောင်းမြင်သူက တစ်ဝက်တောင် ရှိသေးတာပဲလို့ မြင်တယ်။ အဆိုးမြင်သူကတော့ တစ်ဝက်ပဲ ကျန်တော့တယ်လို့ ပြောမယ်။

ဒါကြောင့်လည်း တချို့က နေရာတကာ အကောင်းမြင်နေလို့ မဖြစ်ဘူးလို့ ပြောကြတာ။ တစ်ဝက်တောင် ကျန်သေးတာပဲ ဆိုပြီး ခပ်အေးအေး နေလိုက်ရင် အဲ့ဒီတစ်ဝက်လည်း ကုန်ရော၊ ခွေးဖြစ်ရောလေ။

သို့သော် တစ်ဝက်ပဲ ကျန်တော့တယ်၊ ဒုက္ခပဲဆိုပြီး တစ်နေ့ တစ်နေ့ တွေးပူနေပြန်ရင်လည်း စိတ်ဆင်းရဲရတာပေါ့။

🔳 ဒါဖြင့် ဘယ်လိုမြင်သင့်တာလဲ။ ဘယ်ဟာက ကောင်းတာလဲ။

တစ်ဝက်တောင် ကျန်သေးတာပဲ လို့တွေးရင် ကျေနပ်စရာတော့ ကောင်းတယ်။ သို့သော် တိုးတက်ဖို့ မလွယ်ဘူး။

တစ်ဝက်ပဲ ကျန်တော့တယ် ဆိုသူကတော့ နေ့နေ့ညည ကြိုးစားနေမယ်။ သို့သော် သူ့ကြည့်လိုက်ရင် အမြဲပူလောင်နေရမယ်။

🔳 ကျွန်တော် လက်ခံထားတဲ့ အကောင်းမြင်စိတ် ဆိုတာကတော့ အဲ့ဒီလို မဟုတ်ဘူး။

လူဟာ အမှန်ကို အမှန်အတိုင်းပဲ မြင်ရမယ်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက် ရှိနေတယ်။ တစ်ဝက်ပဲ ကျန်တယ် မဟုတ်သလို၊ တစ်ဝက်တောင် ကျန်သေးတာပဲလည်း မဟုတ်ဘူး။ “တစ်ဝက် ရှိနေတယ်”

အကောင်းမြင်စိတ် ဆိုတာက ဘယ်တော့မှစလဲ ဆိုရင်တော့ အဲ့ဒီဖန်ခွက် ကျကွဲသွားမှ၊ ဒါမှမဟုတ်လည်း တစ်ယောက် ယောက်‌သောသူက တိုက်ချလိုက်လို့ ရေတွေ မှောက်ကျသွားတဲ့အချိန်မှ စပါတယ်။

သွားပါပြီ၊ ဖန်ခွက်တော့ ကွဲသွားပြီ၊ ဒုက္ခပဲ၊ ရေတွေကုန်ပါပြီ စသဖြင့် ညည်းမနေဘဲ ဒီရေတွေ ပြန်ပြည့်အောင် ငါ ဘာဆက်လုပ်ရမလဲလို့ စဉ်းစားတာ၊ ဒီရေတွေ ပြန်ပြည့်လာအောင် ငါလုပ်နိုင်တယ်လို့ ယုံကြည်ထားတာကို အကောင်းမြင်စိတ်လို့ ခေါ်တယ်။

🔳 ပြောရရင် “အခက်အခဲတစ်ခု၊ ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခု၊ ဘေးဒုက္ခတစ်ခုကို ကိုယ် ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ” ဆိုတာပါပဲ။

တစ်ခါလည်း ရေးဖူးပါတယ်။ အဆိုးမြင်စိတ် ရှိသူမှာ P ၃ လုံး ရှိတယ်။

• Personalization - ငါ့ကြောင့်လို့ တွေးပစ်တာ။ ဒီလိုဖြစ်တာ ငါ့ကြောင့်၊ ငါ အသုံးမကျလို့ စသဖြင့်ပေါ့။

• Pervasiveness - တခြားသော ဘဝအစိတ်အပိုင်းတွေမှာပါ ထိခိုက်ကုန်တော့မယ်လို့ တွေးတာ။

• Permanence - ဒီအခက်အခဲ၊ ဒီဒုက္ခဟာ ထာဝရ တည်မြဲနေတော့မယ်လို့ ထင်တာ။

🔳 အကောင်းမြင်သမားကတော့ အဲဒီ ၃ ခုနဲ့ လွတ်တယ်။ ကိုယ့်အမှားကို သင်ခန်းစာယူတယ်။ ဒါပေမဲ့ ငါ ညံ့လို့ လို့တော့ Negative label မကပ်ဘူး။

စီးပွားရေး ထိခိုက်ရင် စီးပွားရေးပဲ။ ကျန်တဲ့ လူမှုရေး၊ ကျန်းမာရေးဘက်တွေပါ လာမထိအောင် လုပ်နိုင်တယ်။ အကန့်ခွဲ မြင်နိုင်တယ်။

ဒါ အခိုက်အတန့် ကြုံရတာပဲ၊ ဖြေရှင်းလို့ရတယ်လို့ မြင်ထားတယ်။ ဒါကိုမှ Positive attitude လို့ ခေါ်ပါတယ်။

မိုးတွင်းကြီး အပြင်ထွက်တာကို မိုးမရွာလောက်ပါဘူးကွာ ဆိုပြီး ထီးထားခဲ့တာ အကောင်းမြင်တာ မဟုတ်ဘူး။ ပေါ့တာ။ ကြိုတင်ပြင်ဆင်မှု မရှိတာ။

သေရင်လည်း ထားခဲ့ရတာပဲ ဆိုပြီး ဘာမှ မကြိုးစားတာကလည်း အကောင်းမြင်တာ မဟုတ်ဘူး။ ပျင်းတာ။ ဖြစ်ချင်စိတ် မရှိတာ။

ဒါတွေကို ရောထွေးမပစ်ဖို့ လိုတယ်။

🔳 ထီးယူသွားပါလျက်နဲ့ မိုးတအားသဲလို့ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေတဲ့အခါ ပြစ်တင်ဆဲဆိုမနေဘဲ ဘယ်လိုဆက်သွားမလဲ စဉ်းစားတာ။

အကောင်းဆုံး ကြိုးစားပါလျက်နဲ့ ထင်မှတ်မထားတာတွေကြောင့် ရှုံးနိမ့်မှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုကျော်ဖြတ်မလဲ အဖြေရှာတာ၊ ဒါတွေကသာ အကောင်းမြင်စိတ် ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် အကောင်းမြင်စိတ်ရဲ့ အစဟာ အခြေအနေကို အမှန်မြင်ခြင်းကနေ စပါတယ်။

ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေနဲ့ ပတ်သက်ရင် အမှန်ကို မြင်ရမယ်။ ငွေကြေးမပြည့်စုံရင် မပြည့်စုံဘူး။ ရုပ်မလှရင် ရုပ်မလှဘူး။

လေ့လာအား နည်းနေသေးရင် နည်းနေသေးတယ်။ ကိုယ်မှားသွားတယ်ဆို မှားသွားတယ် စသဖြင့် သိနေရမယ်။ လက်ခံရမယ်။ ဖြေသိမ့်ပြီးလည်း တွေးနေလို့ မရသလို၊ ပူလောင်နေလို့လည်း မဖြစ်ဘူး။

အခြေအနေကို အမှန်အတိုင်းမြင်၊ လက်သင့်ခံနိုင်အောင် ကြိုးစား၊ ပြီးမှ ရှေ့ဆက်ဖို့ အဖြေရှာကြရမှာ ဖြစ်ပါတယ်။

🔳 ကျွန်တော်ကတော့ ဒီကာလမှာ “မျှော်လင့်ချက်” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ပိုပိုပြီး နားလည်လာပါတယ်။

ပိန်းပိတ်အောင် မှောင်မိုက်နေတဲ့အချိန်၊ ဘယ်ဆက်သွားလို့ သွားရမယ်မသိတဲ့အချိန်မှာ ကိုယ့်ကို လမ်းပြခေါ်ဆောင်ပေးနိုင်တာ၊ စိတ်ဓါတ်ကျ လက်လျှော့မနေစေတာ “မျှော်လင့်ချက်” ဆိုတဲ့ အလင်းရောင်ပဲ ဖြစ်ပါတယ်။

မနက်ဖြန်ကျ ဒီနေ့ထက် ပိုကောင်းလာလိမ့်မယ် ဆိုပြီး တစ်ယောက်ယောက်က ဖန်ဆင်းပေးမှာ၊ လုပ်ပေးလိုက်မှာမျိုးကို မျှော်လင့်နေတာတော့ မဟုတ်ပါဘူး။

မနက်ဖြန်ကျ ဒီနေ့ထက် ငါပိုကောင်းအောင် လုပ်မယ်၊ ပိုကြိုးစားမယ်၊ ဒါဆို ကောင်းတဲ့အရာတွေ တစ်ချိန်ကျ ဖြစ်လာလိမ့်မယ်၊ ကြိုးစားသမျှ အရာထင်လာလိမ့်မယ်လို့ ယုံကြည်ထားခြင်းကို ဆိုလိုတာပါ။

🔳 ဒါကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကိုယ့်လက်ထဲက ရေဖန်ခွက် ကျကွဲသွားတဲ့အခါ ကိုယ် ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ ဆိုတဲ့အချက်က သိပ်စကားပြောပါတယ်။

အဲဒီဖွင့်ဆိုချက်ပေါ် မူတည်ပြီး မျှော်လင့်ချက် အားကောင်းခြင်း၊ အားမကောင်းခြင်းက ကွာခြားလာမယ်။ အဲဒီမျှော်လင့်ချက် အားကောင်းခြင်း၊ မကောင်းခြင်းပေါ် မူတည်ပြီး လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှု (Resilience) ချင်းက ကွဲပြားလာမယ်။ အားထုတ်မှုချင်းလည်း မတူတော့ဘူး။

တစ်ခါ ကျော်ဖြတ်ဖူးတဲ့သူက နောက်တစ်ကြိမ် ထပ်ကြုံရတဲ့အခါ ထပ်ကျော်ဖြတ်နိုင်ဖို့ လွယ်သွားတယ်။ ဦးနှောက်ကိုက အလေ့အကျင့် ရသွားတာ။

အဲဒီလိုပဲ တစ်ကြိမ်လက်လျှော့ဖူးသူကလည်း နောက်တစ်ကြိမ် ထပ်ကြုံရင် လက်ထပ်လျှော့မိဖို့ များပါတယ်။ သူ့ဦးနှောက်ကမှ အလေ့အကျင့် ရမထားတာ။

🔳 အခက်အခဲ ကြုံနေရတဲ့ လူတစ်ယောက်ဆီ သွားပြီး “မင်း ဒါကို ကျော်ဖြတ်နိုင်တယ် ယုံကြည်ထားစမ်းပါ” အားပေးနေရုံနဲ့တော့ မရပါဘူး။

သူကိုယ်တိုင်က ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုကို ကျော်လွှားဖူးတော့မှသာ ယုံကြည်စိတ်က ရလာနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် "အကောင်းမြင်စိတ်"ကို သေချာနားလည်ထားဖို့၊ ပျိုးထောင်ထားဖို့ သိပ်အရေးကြီးလှပါတယ်။


copy

ဖား(၆)ကောင် ပုံပြင်********************တစ်ခါတုန်းက နံနက်စောစောအချိန်မှာ ဖား(၆)ကောင် အစာရှာထွက်လာကြတယ်။အစာရှာကြရင်း မထင်မ...
18/01/2024

ဖား(၆)ကောင် ပုံပြင်
********************
တစ်ခါတုန်းက
နံနက်စောစောအချိန်မှာ ဖား(၆)ကောင်
အစာရှာထွက်လာကြတယ်။

အစာရှာကြရင်း မထင်မှတ်ဘဲ ရေတွင်းပျက်တစ်ခုထဲကို ဖား(၆)ကောင်စလုံး ပြုတ်ကျသွားတယ်။

ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ရေတွင်းထဲမှာ ရေတွေရှိနေသေးတော့ ဖားတွေ သေကံ မရောက် အသက် မပျောက်ကြရဘူး။

ဖား(၆)ကောင်လည်း
အကူအညီရလို ရငြား “ ကယ်ပါ ယူပါ ”
တစ်စာစာအော်နေကြတော့ ရေတွင်းထဲမှာ ဖားသံတွေနဲ့ ဆူညံ့နေတာပေါ့။

ဒီလိုနဲ့ အော်ရတာ
မောတဲ့အခါ အော်သံတွေ ရပ်ရင်း တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။

ဘာသံမှ မကြားဘဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အချိန်မှာ ပထမဖားဆီက အသံထွက်လာတယ်။

“ ငါတို့တော့ ဒီတွင်းထဲက
လွတ်မှာ မဟုတ်ပါဘူး ကယ်မယ့်သူလည်း မရှိဘ၀ကတော့ ဆုံးပါပြီ ” ညည်းတွားရင်း စိတ်ပျက်လက်ပျက် ငိုကြွေးနေတယ်။

ဒုတိယဖားကတော့ ငိုနေတဲ့ ပထမဖားကို
“ ငိုမနေပါနဲ့ကွာ ဘ၀ဆိုတာ နေတတ်ရင်
ကျေနပ်စရာကွ၊ ငိုမနေနဲ့ ရောက်ရာအရပ်မှာ ပျော်ပျော်နေ အချိန်တန်ရင် ဒီနေရာက လွတ်မှာပါကွ ငိုမနေနဲ့ ” ဟု နှစ်သိမ့်ရင်း သီချင်းတွေကို ပျော်ရွှင်စွာဆိုနေတယ်။

တတိယဖားကတော့ မိုးနတ်မင်းကို
တိုင်တည်ရင်းဆုတောင်းနေတယ်။

“ မိုးနတ်မင်းကြီး
ကယ်ပါ မိုးရွာချပေးပါ မိုးရွာမှ ရေတွင်းထဲရေတွေပြည့်ပြီး ကျွန်တော်မျိုးတို့လွတ်မြောက်ခွင့်ရမှာဖြစ်ပါတယ်ကျွန်တော်မျိုးတို့ လွတ်မြောက်တဲ့အခါ မိုးနတ်မင်းကြီးကို အရင်ကထက် တိုးပြီး ပူဇော်ပသပါမယ် ဟု" တတွက်တွက်နဲ့ တိုင်တယ်ဆုတောင်းနေတယ်။

စတုတ္ထဖားကတော့ အပြစ်တွေပဲ တင်နေတယ်။

“ ဒီနေ့ အစာရှာ ထွက်မလာခဲ့ရင်
ကောင်းသား၊ ဒီကောင်တွေနဲ့ လိုက်လာမိတာ ငါ့အမှား၊ ဘုရားသခင်ကလည်း ငါတို့ဖားတွေကို အတောင်ပံတွေ ဖန်ဆင်းပေးထားရမှာ ဒါမှ ငါတို့ဖားတွေ ဘယ်နေရာသွားသွား အဆင်ပြေမှာပေါ့ ” တလောကလုံးကို အပြစ်တွေချည်း တင်နေတယ်။

ပဉ္စမဖားကတော့ ငြိမ်သက်စွာ စဉ်းစားနေတယ်။

“ အပေါ်ကို တွယ်တတ်ရင်ကောင်း
မလား၊ တွယ်တက်လို့လည်း ငါ့အစွမ်းနဲ့
ရောက်နိုင်မလား၊ တွယ်တက်လို့ ပြုတ်ကျရင် ဟိုဖားတွေ ငါ့ကို လှောင်ရီကြမှာပဲ၊ တွယ်တက်လို့ မအောင်မြင်ဘဲ နံရံနဲ့ရိုက်မိရင် သေသွားနိုင်တယ်၊ ဒီအတိုင်း ကယ်မယ့်သူကို စောင့်မျှော်နေရင်ကောင်းမလား ” စဉ်းစားနေတယ်။

ဒီလိုနဲ့ ဖား(၅)ကောင်ဟာ ငိုတဲ့ဖားကငို
သီချင်းဆိုတဲ့ဖားကဆို ဆုတောင်းတဲ့ဖားကတောင်း စဉ်းစားတဲ့ဖားကစဉ်းစာရင်း သူတို့အားလုံးရဲ့အဖော် ဆဌမမြောက်ဖားကို သတိရလို့ ကြည့်တဲ့အခါ ရေတွင်းထဲမှာ မရှိဘဲ ပျောက်နေတာကို သတိထားမိကြတယ်။

ဘယ်ရောက်သွားပါလိမ့် အားလုံးဝိုင်းရှာကြတဲ့အခါ မက်ဆောက်လှတဲ့ ရေတွင်းပျက်နံရံရဲ့ ခပ်မြင့်မြင့်တစ်နေရာမှာ ရှိတဲ့ ကျောက်စွန်း တစ်ခုပေါ်ကို ကြိုးစာတက်ရင်း အပေါ်ကိုလည်း မရောက် အောက်ကိုလည်း မကျဘဲ တန်းလန်းဖြစ်နေတဲ့ ဆဌမမြောက်ဖားကို တွေ့လိုက်ရတယ်။

“ ဟာ ဒီကောင်တော့ ပြုတ်ကျ သေတော့မှာပဲ ”

“ ဟေ့ ပြန်ဆင်းခဲ့ကွ မင်း မတက်နိုင်ဘူး
မဖြစ်နိုင်တာတွေ မလုပ်နဲ့ ”

“ ဒီကောင် ကိုယ့်ကိုကိုယ် အထင်ကြီးနေတယ် သူ့ကိုယ်သူ သူရဲကောင်းများ ထင်နေလားမသိဘူး ”

“ အရူးကောင် ပြုတ်ကျတော့မယ် ဟား ဟား ဟား ”

“ သူ့ဘာသာ ပြုတ်ကျတာ အရေးမကြီးဘူး ငါ့ အပေါ် ပြုတ်ကျရင် ငါပါ သေနေဦးမယ်လွတ်ရာ ရှောင်နေမှ ”

ဝေဖန်သံတွေ အမျိုးမျိုးပေးနေပေမယ့်
ဆဌမမြောက်ဖားကတော့ တွယ်တက်ဆဲ ကျောက်စွန်းပေါ်ကို ရှိသမျှ အားတွေကိုသုံးရင်း အမိအရတက်လိုက်ပြီး ကျောက်စွန်းပေါ်မှာ အမောဖြေနေလိုက်တယ်။

အောက်က ဖား(၅)ကောင်လည်း
ပါးစပ်ညောင်းတဲ့အခါ ပြစ်တင်ဝေဖန်သံတွေ တိတ်ဆိတ်သွားသလို ဆဌမမြောက်ဖားကိုလည်း ဂရုတစိုက်နဲ့ မကြည့်ဖြစ်တော့ပဲ သူတို့လုပ်နေကြပုံစံတွေအတိုင်း ငိုတဲ့ဖားကငို သီချင်းဆိုတဲ့ဖားကဆို ဆုတောင်းတဲ့ဖားကတောင်းစဉ်းစားတဲ့ ဖားကစဉ်းစား ပြန်လုပ်ရင်း ဆဌမမြောက်ဖား ဆက်တက်နေလား အပေါ်ရောက်လား ပြုတ်ကျလာမလား သတိမထားမိကြတော့ဘူး။

ဒီလိုနဲ့ အချိန်တွေ ကုန်လာရင်း
ညနေ့ နေ၀င်ချိန်ရောက်လာပါတော့တယ်။

ရေတွင်းထဲမှာ
အလင်းရောင် နည်းလာသလို ကယ်မယ့်သူများ ပေါ်လာလေမလား မျှော်လင့်ချက်နဲ့ ရေတွင်း အ၀ဆီ မှန်းမျှော်ကြည့်ရင်း “ ကယ်ပါ ယူပါ ” ဖားတွေ အော်ဟစ် အကူအညီတောင်းကြပြန်တယ်။

အဲဒီလို အော်သံတွေနဲ့ရေတွင်းထဲမှာ
ဆူညံနေတုန်း ရေတွင်းထဲကို မြွေကြီးတစ်ကောင် ဆင်းလာပါတော့တယ်။

အော်နေတဲ့ ဖားတွေလည်း
အသံတိတ်သွားသလို ဒီတစ်ခါတော့ သူတို့ဘ၀လမ်းဆုံးသွားပြီ ဖြစ်ကြောင်း မျှော်လင့်ချက်မဲ့စွာ ဆောက်တည်ရာမရ ဖြစ်သွားပါတော့တယ်။

မြွေကြီးလည်း တစ်ဖြည်းဖြည်းနီးကပ်လာသလို ဖားတွေလည်း သေခြင်းတရားကို မငြင်းဆန်လိုတော့ဘဲ မျက်လုံးတွေကို မှိတ်ချလိုက်ပါတော့တယ်။

“ ဟေ့ သူငယ်ချင်းတို့ ငါချလိုက်တဲ့
နွယ်ကြိုးမှီရဲ့လား မှီရင် မြန်မြန်တက်လာကြ ဟေ့ မှောင်တော့မယ် ”

အထက်ပါ အသံကို ကြားတော့
ရေတွင်းထဲက ဖားတွေလည်း အံသြ၀မ်းသာမှုတွေနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူတို့ထင်ထားတဲ့ မြွေက သူတို့ရဲ့သူငယ်ချင်း ဆဌမမြောက်ဖား ချပေးတဲ့ နွယ်ကြိုးဖြစ်နေတာကို တွေ့လိုက်ရပါတော့တယ်။

ဖားတွေလည်း ၀မ်းသာ ပျော်ရွှင်သွားကြရင်း နွယ်ကြိုးကို တွယ်တက်ကာရေတွင်းထဲမှလွတ်မြောက် သွားကြတယ်။

သူတို့အားလုံးကို ကယ်တဲ့ ဆဌမမြောက်ဖားကို ကျေးဇူးတင်စကားတွေ ပြောလို့ မ၀သလို ဆဌမမြောက်ဖားရဲ့ ဇွဲ လုံ့လ ဝီရိယနဲ့ ကြိုးစား အားထုတ်မှုတွေကိုလည်း ချီးကျူး ဂုဏ်ပြုစကား ပြောဆိုကြရင်း သီချင်းများ သံပြိုင်သီဆိုကာ ပျော်ရွှင်စွာအိမ်သို့ ပြန်သွားကြပါတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။

သင့်ရဲ့ဘ၀မှာ အခက်အခဲပြသနာတွေနဲ့
ကြုံတွေ့ရတဲ့အခါ ... ပထမ ဖားလို ...
စိတ်ဓာတ်ကျလွယ် ဘ၀ကို အရှုံးပေးလွယ်တဲ့သူ မဖြစ်ပါစေနဲ့။

ဒုတိယ ဖားလို ...
ဘ၀ကို ရေစုန်မျောသလို ဘ၀ကို
အလေးအနက်မရှိ မဖြစ်ပါစေနဲ့။

တတိယ ဖားလို ...
ကိုယ်ရဲ့အစွမ်းအစကို မထုတ်ဖော်ဘဲ
သူတစ်ပါးအပေါ် မှီခိုသူ မဖြစ်ပါစေနဲ့။

စတုတ်ထ ဖားလို ...
ကြိုးစားလိုစိတ်မရှိ အဆိုးမြင်စိတ်တွေနဲ့
အပြစ်မြင်သူ မဖြစ်ပါစေနဲ့။

ပဉ္စမ ဖားလို ...
မိမိကိုယ်ကို ယုံကြည်မှုမရှိဘဲ
တွေဝေသူ မဖြစ်ပါစေနဲ့။

ဘ၀မှာ အောင်မြင်ချင်ရင် ...
ဆဌမ ဖားလို ...
ကျောက်စွန်းမှ ပြုတ်ကျတော့မယ့်
အနေအထားလို ကြိုးစားရမယ်။

အောက်ပြုတ်ကျရင် သေမယ်၊ အသေခံမလား အောင်မြင်သူ အဖြစ်ရပ်တည်မလား။

အင်္ကျီမှာ မီးဆွဲလောင်တဲ့အခါ ချက်ခြင်းငြိမ်းသတ်ဖို့ အားသွန် ခွန်စိုက် ကြိုးစားသလိုမျိုး နေ့ရက်တိုင်းမှာ ကြိုးစားမှုတိုင်းမှာ ဇွဲ လုံ့လ ဝီရိယအပြည့်နဲ့ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်မှု ရှိရမယ်။

ဘယ်သူတွေ ဘာပဲပြောနေနေ ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်မှုတွေဘယ်လောက်ပဲရှိနေနေ ယုံကြည်ရာ လမ်းကို စိတ်ဓာတ်ခိုင်မာစွာ အောင်မြင်အောင် အရောက်လှမ်းရမယ်။

မိမိကိုယ်ကိုမြင် အားနည်းချက်တွေပြင်ရင်း ဘ၀မှာ အောင်မြင်သူတွေ ဖြစ်နိုင်ကြပါစေ။

ပြန်လည်မျှဝေပါသည် 😍

ဆရာကြီးအောင်သင်းရဲ့ စကားလေး=======================လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး ပျော်ပျေ...
17/01/2024

ဆရာကြီးအောင်သင်းရဲ့ စကားလေး
=======================

လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး

တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ

ကျနော်အကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး

"ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့

ဆရာပြောမှ ရှင်းသွားတယ်
ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်
ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်

ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ်
ကြီးလာတော့ ဒါတွေနည်းသွားတယ်
ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ

အလုပ်မှာလည်း ဒီလိုပဲ
မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး
ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘာလို့ လက်မခံနိုင်ကြတာလဲ
တခါတလေ ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ်
ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်မပေးရကောင်းလား ဆုံးဖြတ်တာကလည်း နှေးလိုက်တာ မပြတ်သားလိုက်တာ ပျော့လိုက်တာ စသဖြင့် အပြစ်တင်မိတတ်တယ်

အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့်

ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့
အဲ့လိုမဟုတ်ဘဲ အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ် ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ

ကိုယ်ချင်းစာတယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ်

ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ

ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲဆိုတာက မယုံမရှိပါနဲ့ တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။

"ဒါတွေ ဖြစ်လာပြီ ဆိုရင် အတော်အသင့် ရင့်ကျက်လာပြီ"
*******************
#အချစ် ဆိုတာ
ဘဝရဲ့ အစိတ်အပိုင်း
တစ်ခုလောက် ပါပဲ ဆိုတာ
တစ်ဖြည်းဖြည်း နားလည် လာခဲ့ရပါပြီ။

ဘဝ နဲ့ အချစ် မှာ
ပိုင်ဆိုင်ရမယ့် အရာတွေ၊
လက်လွှတ်ရမယ့် အရာတွေ ရဲ့
အကြောင်း တွေကိုပါ သိလာပြီ ဆိုခဲ့ပါရင်
ဒါဆို သင် ရင့်ကျက်လာပြီ။

#ငယ်ငယ်တုန်း ကတော့
ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့
ယုံကြည် ခဲ့ ဖူးပါတယ်

လက်တွေ့ ဘဝ မှာတော့
ဘာတွေကို ကြိုးစား ရမယ်၊
ဘာတွေကို လျစ်လျှူ ရှု တတ်ရမယ်
ဆိုတာ သဘောပေါက် သွားခဲ့ပြီ

ဒါဆို သင် ရင့်ကျက်လာပြီ။

#အရှုံး ဆိုတာ
နာကျင် စရာ မဟုတ်သလို၊
အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ

အရှုံးတွေနဲ့ မကြာခဏ ဆိုသလို
ရင်းနှီး လာရ ပေမယ့် အရှုံးသမားဆိုတဲ့
တံဆိပ်ကပ် မခံရအောင်
သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ

ဒါဆို သင် ရင့်ကျက်လာပါပြီ။

#ဟိုးတုန်းက
သင်ယူတယ် ဆိုတာ
ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ်

နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာ
အသုံးချဖို့၊
မျှဝေဖို့၊
စတဲ့ တိကျတဲ့
အကြောင်းအရင်းတွေနဲ့
သင်ယူ လာတယ်။

ဒါဆို သင် ရင့်ကျက်လာပြီ။

#ဝမ်းနည်း နေပေမယ့် ပြုံးနေမိတယ်

ရင်ထဲ ဝမ်းသာပေမယ့်
တည်ငြိမ်အောင် နေနေ လာနိုင် တယ်

ဒါဆို သင် ရင့်ကျက်လာပါပြီ။

#လူဆိုတာ
အကောင်းနဲ့အဆိုး ရောနေတဲ့
သူတွေ မှန်း သိလာရတယ်

ဒါပေမယ့်
ကောင်းတဲ့အချက်တွေကိုပဲ
မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို
လျစ်လျူ ရှု တတ်လာ ပါမယ်

ဒါဆို သင် ရင့်ကျက်လာပြီ။

#အစပိုင်းမှာ
လူတွေ သတ်မှတ် ထားတဲ့
အောင်မြင်မှုကို ရှာတယ်

နောက်ပိုင်း မှာတော့
ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့
အောင်မြင်မှုကိုပဲ ရှာတော့တယ်

ဒါဆို ရင့်ကျက်လာပြီ။

#ဘယ်အချိန်မှာ ပြောရမယ်၊

ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊
သင်ကောင်းကောင်း သိလာပြီ

ဒါဆို သင် ရင့်ကျက်လာပြီ။

#လူတွေရဲ့ စကားကို
ဂရု မစိုက်တတ်ဘူး

ဒါပေမယ့်
ကိုယ့်ရဲ့ သိက္ခာ တရားကိုတော့
ဂရုစိုက် တတ်လာပြီ

ဒါဆို ရင့်ကျက်လာပြီ။

#အဆိုးတွေ နဲ့ ကြုံရတိုင်း
ဝမ်းမနည်း တတ်တော့ဘူး

ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာ
သိ သွားပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။

မူရင်းလေးသားတင်ပြသူအား
လေးစားစွာဖြင့် Credit. ပေးပါတယ်။

 #ပန်းကမ်းသောလက် #တခါတုန်းက ...ပန်းသည်မလေးတစ်ဦးဟာပန်းအများစုကို ရောင်းချပြီးနောက်မိုးချုပ်လာတာကို သတိပြုမိပါတယ်။ဒီတစ်နေ့...
16/12/2023

#ပန်းကမ်းသောလက်

#တခါတုန်းက ...
ပန်းသည်မလေးတစ်ဦးဟာ
ပန်းအများစုကို ရောင်းချပြီးနောက်
မိုးချုပ်လာတာကို သတိပြုမိပါတယ်။

ဒီတစ်နေ့တော့ ...
စောစောပြန်မယ်လို့ ဆုံးဖြတ်
လိုက်ပါတယ်။

ရောင်းလို့ကျန်နေတဲ့
နှင်းဆီပန်းတစ်ပွင့်ကို
လမ်းဘေးမှာရှိတဲ့
တောင်းစားနေတဲ့
သူတောင်းစားတစ်ယောက်ကို
ပေးလိုက်ပြီး
ပျော်ပျော်ရွှင်ရွှင်နဲ့
ပြန်သွားပါတော့တယ်။

သူတောင်းစားလေးဟာ
ဒီလောက်ကောင်းမွန်တဲ့ အဖြစ်အပျက်
မိမိအပေါ်မှာ ကျရောက်လာခဲ့လိမ့်မယ်ဆိုတာ
ဘယ်တော့မှ မျှော်လင့်မထားခဲ့ပါဘူး။

အဲဒီနေ့
တောင်းစားဖို့ စိတ်ဆန္ဒမရှိတော့ပါဘူး။

သူအိမ်ပြန်ဖို့ ဆုံးဖြတ်ပြီး
အိမ်ပြန်သွားပါတယ်။

အိမ်လို့သာခေါ်တာပါ...

ရှုပ်ပွနေပါတယ်။ တဲစုပ်သာသာရှိတဲ့
အဆောက်အဦးငယ်တစ်ခုမှာပါ။

မြို့ပြင်မှာတည်ရှိပါတယ်..

အိမ်ရောက်တာနဲ့
သူတောင်းစားလေးဟာ

ဖန်ပုလင်းတစ်ခုကို ရှာဖွေလိုက်တယ်။

ရေဖြည့်လိုက်တယ်။

ပြီးရင် နှင်းဆီပန်းကို ထိုးလိုက်ပါတယ်။

ပြီးရင်စားပွဲခုံမှာ တင်လိုက်ပါတယ်။

ကြည့်ရင်းကြည့်ရင်း သူတစုံတခုကို
ချက်ချင်းသတိရလိုက်သလိုပဲ
နှင်းဆီပန်းကို ပုလင်းထဲက ပြန်ထုတ်တယ်။

ပုလင်းကို သေသေချာချာ
ဆေးကျောတယ်၊ ရေပြန်ဖြည့်တယ်။
ပြီးရင် ပန်းပြန်ထိုးတယ်။

ပြီးရင် သေသေချာချာထိုင်ပြီး
ပန်းကိုပြန်ကြည့်တယ်။

ချက်ချင်းဆိုသလိုပါပဲ
သူတစ်ခုခုသိလိုက်တယ်။

ပန်းနဲ့ပုလင်းတော့
ကြည့်ကောင်းလာပေမဲ့
တင်ထားတဲ့ စားပွဲနဲ့မလိုက်ဘူး။

စားပွဲက ညစ်ပတ်လွန်းတယ်၊
သူစားပွဲကို သန့်ရှင်းအောင်
ရှင်းလင်းပြန်တယ်။

နောက်တစ်ဆင့် စားပွဲဘေးကို ရှင်းတယ်။
ရှင်းရင်းရှင်းရင်း အခန်းတစ်ခုလုံးကိုရှင်းတယ်၊
နံရံကို ဆေးကြောပြီး ရှင်းတဲ့ အထိဖြစ်သွားတယ်။

ပစ္စည်းအားလုံးကိုလည်း သူ့နေရာနဲ့သူ
အစီအစဉ်ကျအောင် ရှင်းလိုက်ပါတယ်။

အားလုံးရှင်းပြီးလို့ သူပြန်ထိုင်တယ်။
နှင်းဆီပွင့်ကို သေသေချာချာပြန်ကြည့်ပါတယ်။

နှင်းဆီပွင့်မှ ထွက်ရှိလာတဲ့
ပန်းရနံ့လေးကို သူရှုရှိုက်မိတယ်။

နှင်းဆီပွင့်ကို ယစ်မူးနေတဲ့အချိန်မှာပဲ
အခန်းထောင့်မှာ ခုနက ထားထားတဲ့
ကြည့်မှန်တစ်ချပ်ကို သူတွေ့လိုက်တယ်။

သူကြည့်မှန်ကို ကောက်ကိုင်ပြီး
ကြည့်လိုက်တယ်။

မှန်အထဲကလူ

ဆံပင်က ဖရိုဖရဲ

အ၀တ်အစားကလည်း
စုတ်ပျက်ပျက်၊

မျက်နှာကလည်း မဲတူးတူး

သူဒီလို ရုပ်မျိုးဖြစ်တယ်ဆိုတာ
သတိမထားမိတာ ကြာလှပါပြီ။

အဲဒီတော့ ဘာလုပ်မလဲ၊
အနီးအနားမှာရှိတဲ့ ချောင်းတစ်ခုကို
ပြေးပြီး ရေချိုးတယ်။

နည်းနည်းဟောင်းနွမ်းနေပေမဲ့
ကြည့်လို့ကောင်းတဲ့ အ၀တ်တစ်ထည်ကို
ရွေး၀တ်လိုက်ပါတယ်။

မုတ်ဆိတ်ရိတ်လိုက်တယ်။

ဆံပင်ကို သပ်ရပ်အောင်
သေသေချာချာ ပြင်ဆင်ဖီးလိုက်ပါတယ်
မှန်ထဲကိုပြန်ကြည့်လိုက်တယ်။

ရုပ်သန့်သန့်လူငယ်တစ်ယောက်
သူမြင်လိုက်တယ်။

စားပွဲမှာတင်ထားတဲ့ နှင်းဆီပွင့်နဲ့
တော်တော်လိုက်ဖက်လာပြီလို့
သူခံစားလိုက်ရတယ်။

အသိတစ်ခုထပ်၀င်သွားတယ်၊

ငါဒီလောက်တောင်
ခြေလက်အင်္ဂါကောင်းပြီး ရုပ်သန့်တာ
ဘာဖြစ်လို့ တောင်းစားနေရပါလိမ့်

တစ်သက်နဲ့တကိုယ်
ဒီလိုမေးခွန်းမျိုး
ကိုယ့်ကိုယ်ကို
တစ်ခါမှ မမေးခဲ့ပါဘူး။

သူတစ်ကိုယ်လုံး
ကြက်သီး ထသွားတယ်။

သူ့ရဲ့ လိပ်ပြာနိူးထလိုက်သလိုပါပဲ။

သူနှင်းဆီပွင့်ကို စူးစူးကြည့်လိုက်တယ်။

ဘ၀အတွက်
အရေးကြီးဆုံးဖြစ်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို
သူခိုင်ခိုင်မာမာ ချလိုက်ပါတယ်။

သူတောင်းစားလေး
နောက်တစ်နေ့ မတောင်းစားတော့ပါဘူး။

သူအလုပ်သွားရှာပါတော့တယ်၊

ညစ်ပတ်တာကို
မကြောက်တာရယ်၊

မောပန်းတာကို မစိုးရိမ်တာရယ်ကြောင့်
သူ အဲဒီနေ့မှာပဲ အလုပ်ရသွားပါတယ်။

သူကြိုးကြိုးစားစားလုပ်ပါတယ်။

သူစိတ်ထဲမှာ
နှင်းဆီတွန်းအားရှိနေတာကိုး၊

ဒီလိုကြိုးစားရင်းကြိုးစားရင်းနဲ့
ကိုယ်ပိုင်အလုပ်
သူတည်ထောင်နိုင်သွားပါတယ်။

နောက်ပိုင်းအောင်မြင်တဲ့
လုပ်ငန်းရှင်ဖြစ်သွားပါတယ်။

နှစ်ပေါင်းတော်တော်ကြာသွားပါတယ်။

သူ နှင်းဆီပေးတဲ့ကောင်မလေးကို
ပြန်တွေ့အောင်ရှာပါတယ်။

သူပိုင်တဲ့ စည်းစိမ်တစ်၀က်
ပေးလိုက်တယ်လို့ဆိုပါတယ်။

နှင်းဆီတစ်ပွင့်ထဲ
အဲ့လောက်ဖြစ်နိုင်လားလို့
အမျိုးသမီး ကမေးပါတယ်။

ကောင်မလေးက
အမျိုးသမီးကြီးတောင်ဖြစ်နေပါပြီ။

#အဲဒါနှင်းဆီမဟုတ်ဘူး။

#အဲဒါမျှော်လင့်ချက်၊

#ဘ၀အတွက်အရေးပါဆုံးမျှော်လင့်ချက်၊

#လှပတဲ့အနာဂတ်တည်ဆောက်ဖို့
မျှော်လင့်ချက် လို့ သူကပြန်ဖြေပါတယ်။

ပန်းကမ်းသောလက်ဟာ
မွေးရနံ့တော့
လက်မှာ ကျန်ခဲ့တတ်ပါတယ်။
ဆိုတဲ့စကားပုံ အဲဒီပုံပြင်က
လာတယ်လို့ဆိုပါတယ်။

လူတိုင်းမှာ
အရည်အသွေးကိုယ်စီ ရှိပါတယ်။

လူတိုင်းဟာ ထူးချွန်ပါတယ်။
ကိုယ့်ကိုယ်ကို
ယုံကြည်မူအပြည့်ရှိဖို့သာလိုအပ်ပါတယ်။

ဘယ်သောအခါမှ ကိုယ့်ကိုယ်ကိုယ်
မစွန့်လွှတ်ဖို့၊
ဘ၀ကို အရှုံးမပေးဖို့
တိုက်တွန်းလိုပါတယ်။

#ဘဝအားမာန်
crd



01/12/2023

တရားတဲ့အလုပ်ရယ် မတရားတဲ့အလုပ်ရယ် နှစ်မျိုးရှိတယ်
မိတ်ဆွေ ဘာတွေလုပ်နေလဲ

" အရူးနှစ်ယောက်အကြောင်း "ဒီတစ်ရပ်ကွက်လုံးက အရူးဟု သတ်မှတ်ခံထားရသူကို ကျနော်တွေ့ တော့ အံ့အားသင့်မိသည်....ဘေးမှာပါလာသော ကျ...
20/11/2023

" အရူးနှစ်ယောက်အကြောင်း "

ဒီတစ်ရပ်ကွက်လုံးက အရူးဟု သတ်မှတ်ခံထားရသူကို ကျနော်တွေ့ တော့ အံ့အားသင့်မိသည်....

ဘေးမှာပါလာသော ကျနော့် မိတ်ဆွေကိုထပ်မေးမိသည်

''ဒီလူအရူးဆိုတာ သေချာလို့လား''

မိတ်ဆွေက ရွံရှာသာအကြည့်ဖြင့် ထိုသူကို ကြည့်၍

''ဒီလူကိုမှ အရူးလို့ မခေါ်ရင် ကမ္ဘာပေါ်မှာ အရူးမရှိတော့ဘူး
သွက်သွက်ခါအောင်ရူးနေတာ''

''ခင်ဗျားကသာ သွက်သွက်ခါအောင် ရူးနေတယ်ပြောတာ
သူ့ကြည့်တော့လည်း အေးအေးဆေးဆေးပါလား''

''ခင်ဗျားမယုံရင် စကားသွားပြောကြည့်ပေါ့
ဂြိုလ်သားစကားတွေပြောလိမ့်မယ်''

''အင်း စကားသွားပြောဖို့ စိတ်ဝင်စားတယ်
ခင်ဗျားလိုက်ဦးမလား''

''အာ... အရူးနဲ့စကားပြောစရာလား
ကိုယ်ပါရူးသွားမှာပေါ့''

ကျနော်တစ်ယောက်တည်း အရူးဆိုသူထံထွက်လာခဲ့သည်...
ကျနော်သူ့နားမရောက်ခင်မှာ
''မောင်ရင်က စာဖတ်လား''

''ဖတ်ပါတယ်ခင်ဗျ''

''စာဖတ်ဖို့တိုက်တွန်းရင်ရော စိတ်ဆိုးတတ်လား''

''ဟာ စိတ်ဆိုးစရာလားဗျာ
ဘာလို့အဲ့လိုမေးတာလဲ''

''စာဖတ်ဖို့တိုက်တွန်းတာ အရူးတွေရဲ့ အလုပ်လေ... ဒီလိုစာဖတ်ဖို့ တိုက်တွန်းတာကို ဒီရပ်ကွက်ကလူတွေက စိတ်ဆိုးပြီကျုပ်ကိုအရူးလို့ သတ်မှတ်ထားကြတာ''

''စာဆိုတာ ဖတ်သင့်တာပဲလေ
ဘာလို့များ စာဖတ်ဖို့ တိုက်တွန်းတာကို သူတို့က စိတ်ဆိုးရတာလဲ''

''ဒီရပ်ကွက်ကလူတွေဟာ စာအုပ်ကြောက်ရောဂါသည်တွေ ချည်းပဲ...
သူတို့ကို သူတို့တော့ ဒီရောဂါရှိမှန်းမသိဘူး...
ဒါကြောင့်လည်း စာဖတ်တဲ့သူတွေကို ''စာအုပ်ကြိုက်ရောဂါသည်''လို့သူတို့ ကပြန်စွပ်စွဲတယ်

ကျုပ်အိမ်က စာအုပ်စင်ကိုမြင်ပြီး
သွက်သွက်ခါအောင် ရူးနေရှာပြီလို့ သူတို့က ထင်ကြတယ်လေ''

''ဗျာ ဒီရပ်ကွက်က အထူးအဆန်းပါလား''

''ဒါမောင်ရင့်ရပ်ကွက်မဟုတ်ဘူးလား''

''ကျနော်မနေဖြစ်တာကြာပြီ
အခုမှ ပြန်လာလည်တာ
ခင်ဗျားရဲ့ စာအုပ်စင်ကြီးကို ကျနော် မြင်ဖူးချင်တယ်''

သူ့အိမ်ရှိရာကို ကျနော်လိုက်သွားမိသည်
အတော်အတန်ကျယ်ဝန်းသည့်ခြံ...

သီးပင်စားပင်ခြံရံလို့ မြို့ပြစော်မနံတဲ့ ခြံ....

သင့်တင့်လှပတဲ့ တိုက်အိမ်ငယ်လေးထဲမှာ ခမ်းနားတဲ့ စာအုပ်စင်ကြီးတစ်ခု....

သူက စာအုပ်စင်ကို လက်အုပ်လေးချီပြီးကြည့်သည်
သူ့မျက်ဝန်းထဲတွင် မြတ်နိုးလေးစားရိပ်များ သန်းနေသည်

''ထိုင်ဦးမောင်ရင်
သစ်ပင်တစ်ပင်ကို ရေလောင်းတဲ့အခါ
ကျုပ်ရင်ထဲမှာ သိပ်ချမ်းမြေ့ရတယ်
ကမ္ဘာကြီးအတွက် လူသားတွေအတွက်
ကျုပ်သစ်ပင်စိုက်ပျိုးရတာကို သိပ်ကျေနပ်တယ်

အဲ့ဒိထက်ပိုပြီး လူသားသစ်ပင်တွေကို
စိုက်ပျိုးပေးတဲ့အခါ ပိုစိတ်ချမ်းမြေ့ရတယ်''

''ဗျာ ဘာအဓိပ္ပာယ်လဲ''

''အခုကစပြီး မောင်ရင့်နှလုံးသားကို ရေလောင်းပေါင်းသင်လုပ်ရတော့မယ်...
စာဖတ်ဖို့ တိုက်တွန်းရတော့မယ်လေ'

''တိုက်တွန်းစရာမလိုပါဘူး ကျနော်လည်း စာဖတ်ချင်စိတ်ရှိပါတယ်''

''ဟုတ်လား ဘယ်လိုဖတ်ချင်တာလဲ ဘယ်လောက်ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ဖတ်ချင်တာလဲ''

ဒီမေးခွန်းကြောင့် ကိုယ့်ရင်ထဲ ကိုယ်ပြန်ငုံ့ကြည့်မိသည်
ဟုတ်ပါရဲ့ ... ပြင်းအားနည်းတဲ့ ခပ်ပျော့ပျော့ ဆန္ဒတွေနဲ့
အပျင်းပြေဖတ်မယ်ဆိုတဲ့ အတွေးတွေနဲ့....

''စာကို အသက်နဲ့ရင်းပြီး နာကျင်မှုနဲ့ ရင်းပြီး ဖတ်သွားတဲ့သူတွေအကြောင်း ပြောပြမယ်

အေဗရာဟင်လင်ကွန်း လက်ထက်မတိုင်ခင်မှာ လူဖြူ တွေဟာ လူမဲတွေကို ကျွန်အဖြစ်ဖိနှိပ်ထားတယ်... လူမည်းတွေကို စာမတတ်အောင်ထားတယ်
စာဖတ်တဲ့ လူမည်းတွေကိုဆို နှိပ်စက်တယ်...
လူဖြူ သခင်တွေဟာ လူမည်းကျေးကျွန်တွေ စာတတ်သွား မှာကို သိပ်စိုးရိမ်ကြတယ်လေ

ဒေါ့ခ်ဒေါင်ဒီဆိုတဲ့ လူမည်းတစ်ယောက်က ရင်ဖွင့်တယ်
''ခင်ဗျားစာရေးနေတာ စာဖတ်နေတာကို ခင်ဗျားသခင် တွေ့ သွားရင် ပထမအကြိမ် နွားသားရေပြားနဲ့ အရိုက်ခံရမယ်
ဒုတိယအကြိမ် ကျာပွတ်နဲ့ အရိုက်ခံရမယ်
တတိယအကြိမ် လက်ညှိုးအဖြတ်ခံရမယ်''တဲ့

စာဖတ်တယ်ဆိုတာ ကျွန်တွေအလုပ်မဟုတ်ဘူး
လို့ လူဖြူ သခင်တွေက သတ်မှတ်တယ်
အေး... စာအုပ်တွေဖတ်ရင်လည်း ကျွန်စိတ်ပျောက်သွားမယ်ဆိုတာ သူတို့က တွေးကြောက်တယ်

ကျွန်အချင်းချင်းစာပြန်သင်ပေးတာ မြင်လို့ကတော့ အမေရိကန်တောင်ပိုင်းမှာ သေဒဏ်ပါပေးပစ်တာ

ကျွန်စနစ်တိုက်ဖျက်ရေးမှာပါခဲ့တဲ့ လူမည်းကျွန်အကြောင်း ပြောပြမယ်
သူ့နာမည်က ဖရက်ဒရစ် ဒေါက်ဂလပ်(စ်) (Frederick Douglass)

သူကဘယ်လိုစာတတ်လာလဲဆိုတော့ သဘောကောင်းတဲ့ သူ့ သခင်မကို
အရဲစွန့်တောင်းဆိုပြီး စာတတ်အောင်သင်ခဲ့ရတာ..

သူ့သခင်ကတော့ ကျွန်တစ်ယောက်စာတတ်သွားမှာ မလိုလားလို့ တားမြစ်တယ်

ဒီလို အခက်အခဲတွေ ကြားထဲက စာတွေဖတ်ရင်း နဲ့ ကျွန်စိတ်ပျောက်လာတယ်
ကျွန်အဖြစ်ကနေ သူ့ကိုယ်သူ ရွေးနှုတ်နိုင်လောက်တဲ့အထိ သူကြိုးစားတယ်

ကျွန်ဘဝကိုလွတ်တော့
ကျွန်စနစ်ဆန့်ကျင်ရေး သတင်းစာကို ၁၃နှစ်ကြာရေးတယ်

သမ္မတ လင်ကွန်းလက်ထက္မှာ လူမဲရေးရာ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာတယ်...

အဲ့ဒီခေတ်က
လူမည်းထဲမှာ အမြင့်ဆုံးရာထူးပေ့ါ

အဖိအနှိပ်ခံ ဘဝမှာ ကတည်းက စာတတ်လိုစိတ်ရှိခဲ့တယ်
စာတတ်သွားတော့ စာဖတ်လိုစိတ်ရှိခဲ့တယ်...

ဒီရပ်ကွက်ကလူတွေက စာတော့တတ်ကြပါရဲ့
စာဖတ်လိုစိတ် မရှိကြတော့ဘူး'''

အရူးဆိုသူရဲ့စကားတွေမှာ ကျနော်မျောပါနေမိတယ်

''ဒီမှာကြည့်''

စာအုပ်စင်ထဲမှ စာအုပ်လေးတစ်အုပ်ကို ဆွဲထုတ်၍ပြသည်
စာအုပ်နာမည်က
''Uncle Tom's Cabin''တဲ့

''အမေရိကန် ပြည်တွင်းစစ်ကို ဖြစ်စေတဲ့စာအုပ်ပေါ့... စာရေးဆရာမ ဟဲရိယက္ဘီးခ်ာစတိုး(Harriet Beecher Stowe 1811-1896)
ရေးခဲ့တဲ့စာအုပ်

ဒါကျွန်စနစ်ကို တိုက်ဖျက်ခဲ့တဲ့စာအုပ်ပဲ....
၁၈၅၂ခုနှစ်မှာရေးခဲ့တာ...

ဒီစာအုပ်ကိုဖတ်ပြီး အမေရိကန်ပြည်သူတွေရဲ့ရင်မှာ ကျွန်စနစ်ကို မုန်းတီးလာတာ...
ဒါရသပြင်းအားပဲ... စာအုပ်ကပေးတဲ့ ရသပြင်းအား...

အမေရိကန်ပြည်တွင်းစစ်ဆိုတာ
ထက် ကျေးကျွန်တွေဘက်က ရပ်တည်ပြီး ကျွန်စနစ်တိုက်ဖျက်လိုသူ မြောက်ပိုင်းသားတွေနဲ့ ကျွန်စနစ်ကို မစွန့်လွှတ်လိုသူ တောင်ပိုင်းသားတွေရဲ့ စစ်ပွဲ...

မတရားမှုကို တော်လှန်တဲ့ပွဲ... အေဗရာဟင်လင်ကွန်းရယ်လို့ နာမည်ကျော်စေခဲ့တဲ့ မတရားမှု တိုက်ပွဲကြောင့်ပဲ..

စာအုပ်ဖတ်ပြီး အမေရိကန် တစ်ပြည်လုံး ပွက်လောထခဲ့တယ်

၁၈၅၂ခုနှစ်မှာ စာအုပ်ထုတ်သူတွေနဲ့ စာဖတ်သူတွေနဲ့
အမေရိကန်စာပေလောကဟာ ခေတ်ကောင်းနေပြီ... ၁၇၇၆ခုနှစ်မှ အမေရိကန်ရယ်လို့ဖြစ်လာတဲ့နိုင်ငံဟာ စာပေကို တန်ဖိုးထားတတ်နေပြီ

တွေးကြည့်စမ်းကွာ...

၁၈၅၂ဆို ဒီဘက်ရပ်ကွက္မှာ ပုဂံမင်းခေတ်
ဒုတိယကျူးကျော်စစ်ကို ခံနေရတဲ့အချိန်.....

တို့နိုင်ငံမှာ စာအုပ်တစ်အုပ်ကြောင့် တစ်တိုင်းပြည်လုံး နိုးကြားထကြွလာတာ
ရှိလို့လား......?😎


Address

Thingangyun

Telephone

+959442631004

Website

Alerts

Be the first to know and let us send you an email when Excellent Business Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Excellent Business Institute:

Share