Myanmar Network - Twantay

Myanmar Network - Twantay The Best Internet Service Provider

20/06/2026


#ဝန်ဆောင်မှုအကောင်းဆုံး #အင်တာနက်

19/06/2026

မနေ့က လမ်းထိပ်ထွက်ပြီး
အမေနဲ့ မုန့်ထွက်စားရင်း
အဆင်လေးတွေ့လို့ လှမ်းငေးမိပါတယ်.......
ဘေးမှာပါလာတဲ့
မာတာမိခင်ကျေးဇူးရှင်ကြီးက ဘာပြောတယ်မှတ်လဲ
" သမီး သမီး အဲ့တာသမီးဆိုဒ် မဟုတ်ဘူး သမီးက အိုဗာဆိုဒ်တဲ့..... "
ငါ့အမေပြောမှပဲ ငါလည်း ဘိုးဘွားရိပ်သာရောပ်တော့တယ်

#ဟာသစာတို #ဟာသ #ဟာသစာပေ #အင်တာနက် #မြန်မာ

Myanmar Network အင်တာနက်ကိုအသုံးပြုနေကျသော တွံတေးမြို့မှ မိဘပြည်သူများရှင်......       ယနေ့ (၁၇.၆.၂၀၂၆)ရက်နေ့ တွင် ခလုတ်...
17/06/2026

Myanmar Network အင်တာနက်ကိုအသုံးပြုနေကျသော တွံတေးမြို့မှ မိဘပြည်သူများရှင်......
ယနေ့ (၁၇.၆.၂၀၂၆)ရက်နေ့ တွင် ခလုတ်လမ်းသစ် တစ်လျှောက်သွယ်တန်းထားသော အင်တာနက်ကြိုးမှာ သဘာဝဘေးအန္ဓာရာယ်ကြောင့် ပြတ်တောက်သွားပါသဖြင့် အသေးစိတ်ပြန်လည်ပြုပြင်ဆောင်ရွက်နေရပါသောကြောင့် ခလုတ်လမ်းသစ်ဘက်ခြမ်း အင်တာနက်လိုင်းများ ခေတ္တခဏပြတ်တောက်မည်ဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် ကြိုတင်အသိပေးအပ်ပါတယ်ရှင်........
အကယ်၍ အင်တာနက်လိုင်းများ ပြန်လည်ရရှိခဲ့ပါက အချိန်နှင့်တပြေးညီ အသိပေးသွားမည်ဖြစ်ပါတယ်ရှင်...........

🌧️ အခုလို မိုးသည်းထန်တဲ့နေ့တွေမှာ အိမ်ထဲမှာပဲ ကော်ဖီပူပူလေးသောက်ရင်း၊ စောင်ခြုံပြီး Netflix ကြည့်မလား၊ Gaming ဆော့မလား၊ ...
17/06/2026

🌧️ အခုလို မိုးသည်းထန်တဲ့နေ့တွေမှာ အိမ်ထဲမှာပဲ ကော်ဖီပူပူလေးသောက်ရင်း၊ စောင်ခြုံပြီး Netflix ကြည့်မလား၊ Gaming ဆော့မလား၊ အလုပ်တွေပဲ အေးဆေးလုပ်မလား... လိုင်းကျသွားမှာကို လုံးဝပူစရာမလိုတော့ဘူးနော်။ 😍
အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ Myanmar Network ရဲ့ အကြမ်းဆုံး Fiber Internet က မိုးဘယ်လောက်ရွာရွာ၊ လေဘယ်လောက်တိုက်တိုက် လိုင်းဆွဲအားကတော့ အကောင်းဆုံးဖြစ်သလို လစဉ်ကြေးတွေကလည်း အတန်ဆုံးဈေးနှုန်းဖြစ်တဲ့အပြင် 🛜စက်ဖိုး၊ကြိုးဖိုးအပြင် တပ်ဆင်ခပါ အခမဲ့ဆိုတော့ ဘာလိုသေးလို့လဲ ......?
အသေးစိတ်သိရှိလိုပါက Chat Box (သို့) ရုံးဖုန်းသို့ ဆက်သွယ်၍ သော်လည်းကောင်း၊ ရုံးသို့ လာရောက် ၍သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်.........

Contact Number ☎️- 09 94 399 3995 ၊ 09 94 399 3996 ၊ 09 42 888 7770
Address - ရှမ်းစုထိပ်၊ဘုရားပတ်လမ်း၊ရွှေပြည်ဧဖူဆယ်ကွင်းဘေး၊ တွံတေးမြို့။


#ဝန်ဆောင်မှုအကောင်းဆုံး #အင်တာနက်

🌧️🦠 မိုးတွင်းမှာ အဝတ်အစားတွေ မှိုမတက်အောင်နဲ့ အနံ့အသက်ဆိုး (အနံ့အောင်းတာ) မထွက်အောင် ဘယ်လိုလျှော်ဖွတ်ထိန်းသိမ်းမလဲ?     ...
15/06/2026

🌧️🦠 မိုးတွင်းမှာ အဝတ်အစားတွေ မှိုမတက်အောင်နဲ့ အနံ့အသက်ဆိုး (အနံ့အောင်းတာ) မထွက်အောင် ဘယ်လိုလျှော်ဖွတ်ထိန်းသိမ်းမလဲ?
မိုးရာသီမှာ နေရောင်ခြည် ကောင်းကောင်းမရတဲ့အပြင် လေထုထဲမှာ စိုထိုင်းဆဟာ အလွန်မြင့်မားနေတတ်ပါတယ်။ အဝတ်အစားတွေ အချိန်အကြာကြီး မခြောက်ဘဲ စိုစွတ်နေတဲ့အခါ ကျွန်တော်တို့ မျက်စိနဲ့မမြင်နိုင်တဲ့ ဗက်တီးရီးယားနဲ့ မှိုပိုး (Mildew) တွေ စတင်ပေါက်ပွားလာပြီး ဖတ်ဖတ်စုတ်စုတ် အနံ့အောင်းတာ၊ အထူးသဖြင့် အဖြူရောင်အင်္ကျီတွေမှာ မှိုစက်အမည်းကွက်လေးတွေ စွဲထင်ကျန်ရစ်တာမျိုး ဖြစ်လာရတာပါပဲ။ ဒီလိုအဝတ်တွေကို ဝတ်ဆင်ရင် အရေပြားယားယံတာနဲ့ ဝဲနာ၊ ယားနာတွေပါ ဖြစ်လာနိုင်ပါတယ်။
မိုးတွင်းမှာ အဝတ်တွေကို ပုံမှန်အတိုင်း လျှော်ဖွတ်တာထက် ပိုးမွှားနဲ့ အနံ့သက်သာစေမယ့် နည်းလမ်းလေးတွေ သုံးဖို့လိုပါတယ်။ သင်တို့အနေနဲ့ မိုးရေစိုလာတဲ့အဝတ် ဒါမှမဟုတ် ချွေးစိုအဝတ်တွေကို အဝတ်ခြင်းထဲ ပုံထည့်ထားရင် မှိုအမြန်ဆုံးတက်ပါတယ်။ အကယ်၍ ချက်ချင်းမလျှော်နိုင်ရင်တော့ အရင်ဆုံး လေပြင်းပြင်းနဲ့ အခြောက်ခံထားပါ။
အဝတ်လျှော်တဲ့အခါ ပုံမှန်ဆပ်ပြာအပြင် ရှာလကာရည် (Vinegar) အနည်းငယ် သို့မဟုတ် မုန့်ဖုတ်ဆိုဒါ (Baking Soda) စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ထည့်လျှော်ပေးရင် အဝတ်မှာစွဲနေတဲ့ အနံ့ဆိုးတွေကို အမြစ်ပြတ်ပျောက်ကွယ်စေပါတယ်။
အကယ်၍ အဝတ်လျှော်စက်နဲ့ အဝတ်လျှော်တယ်ဆိုရင် အဝတ်လျှော်စက်ထဲမှာ လျှော်ပြီးသား အဝတ်တွေကို မိနစ် ၃၀ ထက်ပိုပြီး ပစ်ထားလိုက်မယ်ဆိုရင် အနံ့ဆိုးထွက်ဖို့ ရာခိုင်နှုန်း တော်တော်များသွားပါပြီ။ ဒါကြောင့် အဝတ်လျှော်စက်နဲ့ အဝတ်လျှော်ပြီးတာနဲ့ ချက်ချင်းထုတ်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ဖြန့်လှန်းပါ။ အဝတ်တစ်ခုနဲ့ တစ်ခုကြားကို ကပ်မထားဘဲ လက်နှစ်ဆစ်စာခန့် အကွာအဝေး ထားလှန်းပေးရင် လေဝင်လေထွက်ကောင်းပြီး ပိုမိုခြောက်သွေ့လွယ်ပါတယ်။
အကယ်၍ နေမထွက်လို့ အိမ်ထဲမှာပဲ အဝတ်လှန်းရတဲ့အခါ မှိုနံ့မထွက်အောင် အဝတ်လှန်းထားတဲ့ အခန်းထဲမှာ ပန်ကာကို ဖွင့်ထားပေးခြင်းက လေထုကို လည်ပတ်စေပြီး အဝတ်တွေကို အနံ့မအောင်းစေဘဲ မြန်မြန်ခြောက်စေပါတယ်။ နောက်ပြီး မဖြစ်မနေ ဝတ်ရတော့မယ့် အဝတ်တွေက မခြောက်တခြောက် ဖြစ်နေခဲ့ရင် ဝတ်ခါနီးမှာ မီးပူသေချာတိုက်ပေးပါ။ ဒီလိုမီးပူတိုက်ပေးတာက အစိုဓာတ်ကို ကုန်ခမ်းစေရုံတင်မကဘဲ ကျန်ရှိနေတဲ့ ဗက်တီးရီးယားတွေကိုပါ အပူရှိန်နဲ့ သတ်ပစ်ရာရောက်တာကြောင့်ပဲဖြစ်ပါတယ်။
ဒါအပြင် မခြောက်တခြောက်အဝတ်တွေကို ဘီဒိုထဲထည့်လိုက်ရင် ဘီဒိုတစ်ခုလုံးပါ မှိုနံ့စွဲသွားတတ်ပါတယ်။ ဒါကြောင့် ဘီဒိုထဲ ထည့်မယ်ဆိုရင် သေသေချာချာခြောက်သွေ့နေတဲ့အဝတ်တွေကိုသာ ထည့်ဖို့လိုပါတယ်။ ဒါအပြင် အဝတ်ဘီဒိုထောင့်တွေမှာ အစိုဓာတ်စုပ်ယူတဲ့ ကန့်ကူရံခဲ (Silica Gel) အိတ်လေးတွေ ဒါမှမဟုတ် မွှေးပျံ့တဲ့ ကပ္ပုရ်ခဲလေးတွေ ထားရှိပေးခြင်းဖြင့် မှိုပိုးမွှားတွေ မကပ်ငြိအောင် ကာကွယ်နိုင်ပါတယ်။
"မိုးရွာလို့ နေမထွက်တဲ့ရက်တွေမှာ အဝတ်လှန်းရတာ အိမ်ရှင်မတွေအတွက် တကယ့် ခေါင်းခဲစရာပါပဲ။ လျှော်ပြီးသား အဝတ်တွေက ညှော်နံ့လိုလို၊ မှိုနံ့လိုလိုနဲ့ အနံ့အောင်းနေရင် ဝတ်ရတာလည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်နော်။ 🌧️ဒါကြောင့် မိုးတွင်းမှာလည်း အဝတ်အစားတွေ မှိုမတက်ဘဲ အမြဲသန့်ရှင်းမွှေးပျံ့နေစေဖို့ လိုက်နာရမယ့် အိမ်တွင်း Tips လေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးတွေကို သုံးပြီး အနံ့အသက်ဆိုးတွေကို အတူတူမောင်းထုတ်လိုက်ကြရအောင်။ ✨

မိုးရာသီရက်စွဲတွေကို သန့်ရှင်းလတ်ဆတ်တဲ့ အဝတ်အစားလေးတွေနဲ့အတူ ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်ပါစေ။"

#မိုးတွင်းအဝတ်လျှော်နည်း #အနံ့အောင်းခြင်းကာကွယ်နည်း

အခုတလောထွက်လိုက်တဲ့ သီချင်းတွေကလည်း အသဲကွဲသီချင်းတွေကြီးပဲ......တော်သေးတယ်........ရီးဆားမထားဘဲ တစ်ယောက်တည်းနေလို့....မဟု...
12/06/2026

အခုတလောထွက်လိုက်တဲ့ သီချင်းတွေကလည်း
အသဲကွဲသီချင်းတွေကြီးပဲ......
တော်သေးတယ်........
ရီးဆားမထားဘဲ တစ်ယောက်တည်းနေလို့....
မဟုတ်လို့ကတော့ ကိုယ်ပါရောပြီး
အဲ့သီချင်းတွေနားထောင်ပြီး
တစ်ယောက်တည်း feel နေရမှာ.......

#ဟာသစာတို #ဟာသ #ဟာသစာပေ #အင်တာနက် #မြန်မာ

🌧️ မိုးအေးအေးလေးမှာ 🏡 အိမ်ထဲကအိမ်ပြင်မထွက်ဘဲ မိသားစုနဲ့အတူတူရုပ်ရှင်တွေ Buffering မရှိဘဲကြည့်မလား၊ ဒါမှမဟုတ် တစ်ယောက်တည်...
10/06/2026

🌧️ မိုးအေးအေးလေးမှာ 🏡 အိမ်ထဲကအိမ်ပြင်မထွက်ဘဲ မိသားစုနဲ့အတူတူရုပ်ရှင်တွေ Buffering မရှိဘဲကြည့်မလား၊ ဒါမှမဟုတ် တစ်ယောက်တည်း Ping ကောင်းကောင်းနဲ့ Game တွေ ဆော့မလား?
ဒီလိုအသုံးပြုဖို့ဆိုရင် ဝန်ဆောင်မှုကောင်းပြီး မြန်နှုန်းမြင့်အင်တာနက်လိုင်းတစ်ခုမရှိမဖြစ်လိုအပ်ပါတယ်.....
ကျွန်မတို့ Myanmar Network ဟာဆိုရင် စက်ဖိုး ၊ကြိုးဖိုး ၊အင်တာနက်တပ်ဆင်ကြေး လုံးဝ (အခမဲ့) ဖြင့် အမြန်နှုန်းမြင့်တဲ့ FTTH Fiber အင်တာနက်ကို အိမ်တိုင်ရာရောက် တပ်ဆင်ပေးနေပါပြီ........
ဒါကြောင့် ဒီလိုဝန်ဆောင်မှုကောင်းပြီး မြန်နှုန်းမြင့်အင်တာနက်ကို တပ်ဆင်အသုံးပြုချင်တယ်ဆိုရင် ကျွန်မတို့ Myanmar Network ကို အမြန်ဆုံးဆက်သွယ်လိုက်ပါနော်......
အသေးစိတ်သိရှိလိုပါက Chat Box (သို့) ရုံးဖုန်းသို့ ဆက်သွယ်၍ သော်လည်းကောင်း၊ ရုံးသို့ လာရောက် ၍သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်.........

Contact Number ☎️- 09 94 399 3995 ၊ 09 94 399 3996 ၊ 09 42 888 7770
Address - ရှမ်းစုထိပ်၊ဘုရားပတ်လမ်း၊ရွှေပြည်ဧဖူဆယ်ကွင်းဘေး၊ တွံတေးမြို့။


#ဝန်ဆောင်မှုအကောင်းဆုံး #အင်တာနက်

ဒီနေ့မှာတော့ မိုးဦးကျအချိန်မှာ လူတိုင်းမဖြစ်မနေ သိထားရမယ့် မိုးကြိုးဘေးအန္တရာယ်ကို  ဘယ်လိုတွေကာကွယ်ရမလဲဆိုတာကို ဗဟုသုတအန...
08/06/2026

ဒီနေ့မှာတော့ မိုးဦးကျအချိန်မှာ လူတိုင်းမဖြစ်မနေ သိထားရမယ့် မိုးကြိုးဘေးအန္တရာယ်ကို ဘယ်လိုတွေကာကွယ်ရမလဲဆိုတာကို ဗဟုသုတအနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။
မိုးဦးကျကာလတွေဟာ မုန်တိုင်းထန်လေ့ရှိပြီး လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာတွေ အဖြစ်များဆုံး အချိန်ဖြစ်ပါတယ်။ မိုးကြိုးပစ်ခံရရင် ပြင်းထန်တဲ့ လျှပ်စစ်စီးကြောင်းကြောင့် နှလုံးရပ်တာ၊ ပြင်းထန်စွာ မီးလောင်တာနဲ့ အသက်အန္တရာယ် ဆုံးရှုံးရသည်အထိ ဖြစ်ပွားနိုင်ပါတယ်။
မိမိအနေနဲ့ မိုးကြိုးပစ်တဲ့အချိန်မှာ အိမ်ထဲမှာရှိနေလို့ လုံးဝဘေးကင်းပြီလို့ ထင်ရပေမယ့် မိုးကြိုးလျှပ်စစ်စီးကြောင်းဟာ အိမ်တွင်းက ပစ္စည်းတွေဆီ ဖြတ်စီးနိုင်တာမို့ အောက်ပါအချက်တွေကို ရှောင်ကြဉ်ရပါမယ်။
အကယ်၍ မိုးကြိုးပစ်တဲ့အချိန်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ တီဗီ၊ ကွန်ပျူတာ၊ ရေခဲသေတ္တာ စတာတွေကို အသုံးပြုနေတယ်ဆိုရင် ပလပ်ဖြုတ်ထားပါ။ ကြိုးဖုန်း (Landline phone) များကို လုံးဝမကိုင်ပါနဲ့။ မိုဘိုင်းလ်ဖုန်းကို အားသွင်းထားလျက် အသုံးပြုနေခြင်းကိုလည်းအထူးရှောင်ရှားရပါမယ်။
နောက်ပြီး မိုးကြိုးပစ်တဲ့အချိန်မှာ ရေချိုးတာတွေ ၊ ပန်းကန်ဆေးတာတွေလည်း ရှောင်ကြဉ်ရပါမယ်။ ဘာကြောင့်လဲဆိုရင် မိုးကြိုးလျှပ်စစ်ဟာ ရေပိုက်လိုင်းတွေကတစ်ဆင့် စီးဆင်းနိုင်တာမို့ မိုးကြိုးပစ်နေချိန်မှာ ရေချိုးတာ၊ လက်ဆေးတာ၊ ပန်းကန်ဆေးတာတွေ မလုပ်သင့်ပါဘူး။ နောက်ပြီး သံပန်း၊ သံတံခါးတွေနဲ့ ကွန်ကရစ်နံရံတွေကို မှီထားခြင်း၊ ကပ်ရပ် ရပ်နေခြင်းဟာ လျှပ်စစ်စီးကူးနိုင်ခြေ မြင့်မားစေတာကြောင့် ၎င်းတို့နဲ့ အဝေးဆုံးမှာ နေသင့်ပါတယ်။
အကယ်၍ မိုးကြိုးပစ်နေတဲ့အချိန် အိမ်အပြင်ဘက်မှာရောက်နေတယ်ဆိုရင် သစ်ပင်ကြီးတွေအောက်မှာ လုံးဝခိုမနားပါနဲ့၊ ဘာကြောင့်လဲဆိုရင် မိုးကြိုးဟာ အမြင့်ဆုံးအရာဝတ္ထုတွေကို အရင်ဆုံး ပစ်တတ်တာမို့ သစ်ပင်ကြီးတွေအောက် ခိုနားခြင်းဟာ အလွန်အန္တရာယ်များပါတယ်။ နောက်ပြီး ကိုယ်က လယ်ကွင်း၊ ဘောလုံးကွင်း သို့မဟုတ် ကုန်းမြင့်တွေပေါ်မှာ ရှိနေမယ်ဆိုရင် မိမိကိုယ်တိုင်က အမြင့်ဆုံးအရာ ဖြစ်သွားနိုင်လို့ ချက်ချင်း ဘေးကင်းရာအဆောက်အဦးထဲသို့ ဝင်ပြီး မိမိကိုယ်ကိုကာကွယ်ပါ။
အကယ်၍ သင်က မိုးကြိုးပစ်နေတဲ့အချိန် ထီးဆောင်းထားတာ၊ဒါမှမဟုတ် သတ္တုပစ္စည်း ကိုင်ဆောင်ထားမယ်ဆိုရင် ထီးအဖျားက သတ္တုချွန် ဒါမှမဟုတ် လက်ထဲက သတ္တုပစ္စည်းတွေက မိုးကြိုးကို ဆွဲဆောင်သလို ဖြစ်စေနိုင်ပြီး မိုးကြိုးပစ်ခံရနိုင်တာကြောင့် မိုးကြိုးပစ်နေချိန်အတွင်း ထီးဆောင်းတာတို့၊ သတ္ထုပစ္စည်းကိုင်ဆောင်တာတို့ကို ရှောင်ကြဉ်ပါ။ နောက်ပြီး ရေကူးကန်၊ မြစ်၊ ချောင်းတွေနဲ့ ဝေးဝေးမှာနေတာအကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုရင် ရေဟာ လျှပ်ကူးပစ္စည်းဖြစ်တာကြောင့် ကိုယ်က မိုးကြိုးပစ်ချိန်မှာ ရေထဲမှာ ရှိနေမယ်ဆိုရင် လျှပ်ကူးပြီး ဒုက္ခရောက်နိုင်ပါတယ်။
ကိုယ်က အပြင်မှာ ရောက်နေတဲ့အချိန် ခိုင်ခံ့တဲ့ အဆောက်အဦမရှိဘူးဆိုရင် အမိုးအကာအပြည့်ပါတဲ့ ကားထဲမှာ ခိုလှုံခြင်းက ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကားရဲ့ သတ္တုကိုယ်ထည်က မိုးကြိုးလျှပ်စစ်ကို မြေကြီးထဲ စီးဆင်းသွားအောင် ကာကွယ်ပေးနိုင်လို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကားအတွင်းက သတ္တုအစိတ်အပိုင်းတွေကိုတော့ မကိုင်မိအောင်သတိထားရပါမယ်။ အကယ်၍ ကားမောင်းရင်လည်း ရေကြီးရေလျှံနေတဲ့ လမ်းတွေ၊ ဓာတ်တိုင်လဲနိုင်တဲ့ နေရာတွေနဲ့ ဝေးဝေးက မောင်းတာအကောင်းဆုံးပါပဲ။
အကယ်၍ မိမိပတ်ဝန်းကျင်မှာ မိုးကြိုးပစ်ခံရသူရှိလာရင် မိုးကြိုးပစ်ခံရသူရဲ့ ကိုယ်ခန္ဓာမှာ လျှပ်စစ်ဓာတ် ကျန်ရှိမနေတတ်တာမို့ ချက်ချင်း ထိတွေ့ကိုင်တွယ်ပြီး ကူညီနိုင်ပါတယ်။ ဒါကြောင့် အသက်ရှူမရှူ၊နှလုံးခုန်မခုန်ကို စစ်ဆေးပါ။ အကယ်၍ နှလုံးရပ်နေရင် ရင်ဘတ်ဖိ အသက်ကယ်နည်း (CPR) ကို ချက်ချင်း စနစ်တကျ ပြုလုပ်ပေးပါ။ နောက်ပြီး အရေးပေါ်ကားခေါ်ပါ။ လူနာကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းဆီ အမြန်ဆုံး ပို့ဆောင်ပေးပါ။
မိုးဦးကျကာလ မိုးသက်မုန်တိုင်းတွေနဲ့အတူ ပါလာတတ်တဲ့ 'မိုးကြိုးဘေးအန္တရာယ်' ဟာ စက္ကန့်ပိုင်းအတွင်း အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ ကြောက်ဖို့ကောင်းပါတယ်။ ⛈️⚡ ဒါကြောင့် မိမိနဲ့ မိသားစုဝင်တွေ ဘေးကင်းစေဖို့ ဘာတွေကို အထူးရှောင်ကြဉ်ရမလဲဆိုတာ ကြိုတင်သတိပြုနိုင်အောင် မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်နော်။ ဒါကြောင့် လူတိုင်း သိထားသင့်တဲ့ အရေးပေါ်ဗဟုသုတဖြစ်တာကြောင့် သင့်ချစ်ခင်ရသူတွေဆီလည်း မျှဝေပေးလိုက်ဦးနော်။ ✨

အားလုံးပဲ မိုးရာသီမှာ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။

#မိုးကြိုးအန္တရာယ် #မိုးတွင်းကျန်းမာရေး #ဘေးအန္တရာယ်ကင်းရှင်းရေး

Myanmar Network အင်တာနက်ကိုအသုံးပြုနေကျသော တွံတေးမြို့မှ မိဘပြည်သူများရှင်......       ယနေ့ (၅.၆.၂၀၂၆)ရက်နေ့ တွင် ကံဘဲ့၊...
05/06/2026

Myanmar Network အင်တာနက်ကိုအသုံးပြုနေကျသော တွံတေးမြို့မှ မိဘပြည်သူများရှင်......
ယနေ့ (၅.၆.၂၀၂၆)ရက်နေ့ တွင် ကံဘဲ့၊,လာကပုံ ၊စမ်းရွာ၊ပေါက်တော၊ဗောင်းတော်ချုပ် သို့ အင်တာနက်ရရှိအောင် အင်တာနက်ကြိုးသွယ်တန်းထားသော အင်တာနက်တိုင်မှာ သဘာဝဘေးအန္ဓာရာယ်ကြောင့် ပြိုလဲသွားပါသဖြင့် အသေးစိတ်ပြန်လည်ပြုပြင်ဆောင်ရွက်နေရပါသောကြောင့် အင်တာနက်လိုင်းများ ခေတ္တခဏအနည်းငယ်နှေးကွေးမည်ဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် ကြိုတင်အသိပေးအပ်ပါတယ်ရှင်........
အကယ်၍ အင်တာနက်လိုင်းများ ပြန်လည်ရရှိခဲ့ပါက အချိန်နှင့်တပြေးညီ အသိပေးသွားမည်ဖြစ်ပါတယ်ရှင်...........

Address

ရှမ်းစုထိပ်၊ ဘုရားပတ်လမ်း၊ ရွှေပြည်ဧ ဖူဆယ်ကွင်းဘေး၊ တွံတေးမြို့။
Twante
11331

Alerts

Be the first to know and let us send you an email when Myanmar Network - Twantay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share