Aung Soe Moe Enterprise

Aung Soe Moe Enterprise Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Soe Moe Enterprise, Business service, Yangon-Mawlamyine Highway, Waw.

မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်တွင်ကျရောက်သော (၉၉)နှစ်မြောက် "အမျိုးသားနေ့" ကို Aung Soe Moe...
20/11/2019

မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်တွင်ကျရောက်သော (၉၉)နှစ်မြောက် "အမျိုးသားနေ့" ကို Aung Soe Moe Enterprise မိသားစုမှ လှိုက်လှိုက်လှဲလှဲဂုဏ်ပြုကြိုဆိုပါသည်။

ဆီးမီးမြိုင်မြိုင် လတန်ဆောင်တိုင်မှာ မိတ်ဟောင်းမိတ်သစ်များအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍စီးပွားလာဘ်လာဘများဒီထက်မ...
09/11/2019

ဆီးမီးမြိုင်မြိုင် လတန်ဆောင်တိုင်မှာ
မိတ်ဟောင်းမိတ်သစ်များအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍စီးပွားလာဘ်လာဘများဒီထက်မကတိုးပွားကြပါစေကြောင်း
Aung Soe Moe မိသားစုမှဆုတောင်းမေတ္တာများပို့သအပ်ပါသည်

🔷အောင်စိုးမိုး စက်သုံးဆီအရောင်းဆိုင်၏ ရောင်းရငွေများထဲမှ အောက်တိုဘာလအတွင်း ၁၁၁၆၆၄၀ (တစ်ဆယ့်တစ်သိန်း တစ်သောင်းခြောက်ထောင်...
05/11/2019

🔷အောင်စိုးမိုး စက်သုံးဆီအရောင်းဆိုင်၏ ရောင်းရငွေများထဲမှ
အောက်တိုဘာလအတွင်း ၁၁၁၆၆၄၀ (တစ်ဆယ့်တစ်သိန်း တစ်သောင်းခြောက်ထောင် ခြောက်ရာလေးဆယ်)တိတိကို လှူဒါန်းခဲ့ပါသည်။

🔷ထိုလှူဒါန်းမှုအစုစုသည် ဆီလာဖြည့်ကြသော မိတ်ဆွေများ၏အလှူဒါန ဖြစ်သောကြောင့် ထပ်တူ သာဓုခေါ်ဆိုနိုင်ရန်ပြန်လည်ဝေမျှပေးလိုက်ပါသည်။


၉ ကြိမ်မြောက် ထီပေါက်စဉ် ရွှေ နှင့် မြ မိသားစုထီဆိုင်မှထီဆုကြီးများ ဆွတ်ခူးပိုင်ဆိုင်နိုင်ကြပါစေ
01/11/2019

၉ ကြိမ်မြောက် ထီပေါက်စဉ်
ရွှေ နှင့် မြ မိသားစုထီဆိုင်မှထီဆုကြီးများ ဆွတ်ခူးပိုင်ဆိုင်နိုင်ကြပါစေ

🌾တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည်ဖြစ်စေ၊ ပျိုးထောင်စိုက်ပျိုးသည် ဖြစ်စေ၊ အပင်ပေါက်နှုန်း ကောင်းပြီး မျိုးစေ့ ဆောင်ပိုး...
31/10/2019

🌾တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည်ဖြစ်စေ၊ ပျိုးထောင်စိုက်ပျိုးသည် ဖြစ်စေ၊ အပင်ပေါက်နှုန်း ကောင်းပြီး မျိုးစေ့ ဆောင်ပိုးမွှားနှင့် ရောဂါကင်းရှင်းသော မျိုးစပါးရရှိနိုင်ရန် မျိုးစပါးကို အညှောင့်မဖေါက်မီ ဆားရည်စိမ်ပါ။

ဆားရည်စိမ်နည်း အဆင့်ဆင့်

🔰- ဆားရည်စိမ်ရန် စည်ပိုင်းပြတ် တစ်ခုထဲသို့ ရေ (၁၀) ဂါလံ ထည့်ပြီး အိမ်သုံးဆား (၅) ပိဿာနှုန်း ထည့်ပြီး သမ အောင် မွှေပေးပါ။ ဆားဖျော်ရည် အလောတော် ဖြစ်မဖြစ်သိရှိနိုင်ရန် ထမင်းလုံးစေ့ (သို့မဟုတ်) ကြက်ဥကို ၎င်း ဖျော်ရည်တွင် ထည့်ပါက ထမင်းလုံးစေ့(သို့) ကြက်ဥသည် ဆားရည်မျက်နှာပြင်ပေါ်တွင် ပေါလောပေါ်လာသည်။ ၎င်းအနေအထားရှိသော ဆားဖျော်ရည်သည် မျိုးစပါးဆားရည်စိမ်ရန် အကောင်းဆုံးဖြစ်သည်။

🔰- အထက်ပါဆားရည်တွင် မျိုးစပါးထည့်၍ နှံ့စပ်အောင် မွှေပေးပါ။ အဖျင်းအမှော် စပါးစေ့ စသည်များ ဆားရည်မျက်နှာပြင်ပေါ်တွင် တက်လာလိမ့်မည်။ ၎င်းအဖျင်းအမှော်များကို ဆန်ကာဖြင့် ဆယ်၍ ဖယ်ထုတ်ပါ။

🔰- အထက်ပါနည်းအတိုင်း တစ်ဧက စိုက်ပျိုးရန် မျိုးစပါး တစ်တင်းခွဲကို တစ်ကြိမ်လျှင်(၈) ပြီနှုန်းဖြင့် (၃) ကြိမ် ခွဲ ၍ စိမ်နိုင်ပါသည်။

🔰- ဆားဖျော်ရည်အောက် နစ်မြုပ်နေသော အောင်မြင်သည့် မျိုးစပါးစေ့များကို ဆားရည်စင်ကြယ်သည့် တိုင်အောင် ရေသန့်ဖြင့် (၃) ကြိမ် ရေဆေးပါ။ ရေဆေးပြီး မျိုးစပါးများကို ရေကောင်းရေသန့်တွင် တစ်ရက်ခွဲ(၃၆)နာရီ ရေစိမ်ပါ။ (၁၂)နာရီလျှင် တစ်ကြိမ် ရေဟောင်းကိုသွန်၍ ရေသန့်ဖြင့် လဲလှယ်ပေးပါ။

🔰- အထက်ပါ တစ်ရက်ခွဲကြာ ရေစိမ်ပြီး မျိုးစပါးများကို ဆယ်ယူ၍ ကွပ်ပျစ်ခုံပေါ်တွင် အညှောင့်ဖေါက်ပါ။ အညှောင့်ဖေါက်ရာတွင် ရေဆွတ်ထားသော ဂုန်နီအိတ်(သို့မဟုတ်) ငှက်ပျောရွက်ကို ကွပ်ပျစ်ခုံပေါ်တွင် အစိုဓာတ် ရရန် အောက်ခံအဖြစ် ခင်းပေးပါ။ ၎င်းနောက် ဆယ်ထားသော မျိုးစပါးများအား တစ်မိုက်(သို့မဟုတ်) ၆ လက်မ ခန့် အထူထား၍ ဖြန့်ခင်းပါ။ စပါးစေ့များပေါ်မှ ဂုန်နီအိတ်(သို့မဟုတ်) ငှက်ပျောဖက် ရရာဖြင့် လုံအောင်ဖုံးအုပ်ပါ။ အစိုဓာတ် မပြတ်စေရန် (၁၂) နာရီလျှင် တစ်ကြိမ်ခန့် ရေဖျန်းပေးပါ။

🔰- ပြင်ပအပူချိန်နှင့် စပါးစေ့အတွင်း အစိုဓာတ်ရှိမှု အပေါ်မူတည်၍ တစ်ရက်ခွဲ (၃၆) နာရီအတွင်း စာပါးစပ်ကဲ့သို့ အညှောင့်များ ပြူထွက်လာပါမည်။ ထိုအခြေအနေသည် ပျိုးထောင်ရန်ဖြစ်စေ တိုက်ရိုက်မျိုးစေ့ချရန်ဖြစ်စေ အသင့်တော်ဆုံး အချိန်ဖြစ်ပါသည်။

🌾 အကျိုးကျေးဇူးများ 🌾

- စပါးစေ့တိုင်းမှ စပါးပင်ပေါက်၍ အပင်ပေါက်နှုန်း ကောင်းသောကြောင့် အပင်ပေါက်စုံသည်။

- အပင်ပေါက် ညီညာသည်။

- စပါးစေ့တွင် ကပ်ပါလာသော မျိုးစေ့ဆောင် ရောဂါပိုးမွှားများကို သန့်စင်ပြီးဖြစ်စေ၍ ပိုးမွှားရောဂါ ကင်းစေ သည်။

- ပေါက်လာသည့် စပါးပင်ကို စပါးပင်ဖျက်တီပိုး(နီမတုတ်) လွယ်ကူစွာ မဖျက်ဆီးနိုင်ပါ။

Address

Yangon-Mawlamyine Highway
Waw

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Aung Soe Moe Enterprise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share