05/09/2024
https://www.facebook.com/share/p/1CjFZRw6KP/?mibextid=qi2Omg
မှတ်ပုံတင်နိုင်ပြီဖြစ်သောမူပိုင်ခွင့်(၃)မျိုး
မိမိတို့ မြန်မာနိုင်ငံအနေဖြင့် မူပိုင်ခွင့်ဟုဆိုရာတွင်
👉(၁)ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
👉(၂)စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ
👉(၃)စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ
👉(၄)တီထွင်မှုမူပိုင်ခွင့်ဥပဒေဆိုပြီး
၂၀၁၉ မှစ၍ ဥပဒေအသီးသီးထွက်ရှိပြီးဖြစ်သလို
ယခုအခါ ဥပဒေ (၄)ရပ်မှ ကုန်အမှတ်တံဆိပ်၊စက်မှုဒီဇိုင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့မှာ နည်းဥပဒေ အသီးသီးထွက်ရှိလာပြီးဖြစ်သလို တရားဝင်မှတ်ပုံတင်ခွင့်များရရှိလာပြီဖြစ်ပါသည်။
(၁)ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအနေဖြင့် ၂၀၂၀ အောက်တိုဘာလ (၁)ရက်မှစ၍ soft opening စတင်ဖွင့်လှစ်ခဲ့ပြီး (၁၀-၃-၂၀၃)တွင်စတင်အာဏာတည်ကာ ၃၀-၃-၂၀၂၃တွင်နည်းဥပဒေထွက်ရှိလာ၍(၂၆-၄-၂၀၂၃)တွင် Grand opening အဖြစ်တရားဝင်စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအောက်တွင်…..ကုန်ပစ္စည်းအမှတ်တံဆိပ်/ဝန်ဆောင်မှုအမှတ်တံဆိပ် အစရှိသည်တို့ကို မှတ်ပုံတင်နိုင်ပြီး မူပိုင်ခွင့်ရရှိသူအနေဖြင့် တရားမကြောင်းနှင့်ဖြစ်စေ၊ပြစ်မှုကြောင်းနှင့်ဖြစ်စေ အကာအကွယ်ရရှိနိုင်မည်ဖြစ်ပါသည်။
(၂)စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ
စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအနေဖြင့် (၂၉-၉-၂၀၂၃)တွင်နည်းဥပဒေထွက်ရှိလာပြီး(၁၈-၁၀-၂၀၂၃)တွင်အာဏာတည်ကာ(၃၁-၁-၂၀၂၄)တွင် တရားဝင်စတင်လက်ခံကာမှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။
စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအောက်တွင်…လက်ဝတ်ရတနာဒီဇိုင်း၊အဝတ်အထည်အဆင်ဒီဇိုင်း၊ပရိဘောဂဒီဇိုင်း၊ထုတ်ပိုးမှုဒီဇိုင်း အစရှိသည်တို့ကို မှတ်ပုံတင်နိုင်ပြီး မူပိုင်ခွင့်ရရှိသူအနေဖြင့် တရားမကြောင်းအရအကာအကွယ်ရရှိနိုင်မည်ဖြစ်ပါသည်။
(၃)စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ
စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအနေဖြင့်
(၁၈-၁၀-၂၀၂၃)တွင်စက်မှုဒီဇိုင်းနှင့်အတူအာဏာတည်ကာ
(၂၃-၁၀-၂၀၂၃)တွင်နည်းဥပဒေထွက်ရှိလာ၍
ယခု(၉-၂-၂၀၂၄)မှစတင်ကာတရားဝင်စတင်လက်ခံဆောင်ရွက်သည့်နေ့အဖြစ်သတ်မှတ်ပြီး မှတ်ပုံတင်နိုင်ပြီဖြစ်ပါသည်။
စာပေနှင့်အနုပညာမူပိုင်ခွင့်တွင် စာပေနှင့်အနုပညာလက်ရာများ၊ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များ အဖြစ် သီချင်း၊ဝတ္ထု၊ပန်းချီ၊ပန်းပု၊ကွန်ပျူတာပရိုဂရမ်များနှင့်ဆော့ဝဲလ်များ အစရှိသည်တို့ကို မှတ်ပုံတင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် မူပိုင်ခွင့်ဖောက်ဖျက်သူအား ပြစ်မှု/တရားမမှုများဖြင့် တရားစွဲဆိုခွင့်ရရှိနိုင်မှာဖြစ်ပါတယ်
သက်ဆိုင်ရာ မူပိုင်ခွင့်ဥပဒေများအတွက် သွင်းကြေးအသီးသီးရှိမှာဖြစ်ပြီး မူပိုင်ခွင့်ဥပဒေတစ်ခုနှင့်တစ်ခု ရရှိမည့်သက်တမ်းခြင်းလည်းကွဲပြားမည်ဖြစ်ပါသည်။
👥 မူပိုင်ခွင့်ကိစ္စရပ်များဆောင်ရွက်ခြင်းအတွက်
The Solution Power Legal Groupနှင့်ဆက်သွယ်ဆောင်ရွက်လိုပါက ..👇👇👇
☎ 09-50 98 942
☎️ 09-51 04 912
☎️ 09-20 39 041
☎️ 09-79 59 219 32
☎️ 09-44 03 701 16
📧[email protected]
🌐office -legalinvestment.com
🏢 ရန်ကုန်ရုံး
အမှတ်(၁၉)၊ရွှေကမ္ဘာအိမ်ရာ(၉)လမ်း၊မင်းဓမ္မလမ်း၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
🏢 မန္တလေးရုံး
မိဘအရိပ်ခြံ ၊(၅)လမ်း ၊ ၇၈×၇၉ လမ်းကြား ၊ အောင်မြေသာဇံမြို့နယ် ၊မန္တလေးမြို့။
⛳ 𝐓𝐡𝐞 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐏𝐨𝐰𝐞𝐫 ⛳
( Legal Consultant & Investment Co., Ltd )
✅ 𝐘𝐨𝐮𝐫 𝐓𝐫𝐮𝐬𝐭𝐞𝐝 – 𝐀𝐥𝐥 𝐢𝐧 𝐎𝐧𝐞 𝐋𝐞𝐠𝐚𝐥 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐯𝐢𝐝𝐞𝐫 ✅
#မူပိုင်ခွင့်
ူပိုင်ခွင့်
#စက်မှုဒီဇိုင်းမူပိုင်ခွင့်
#𝐋𝐨𝐠𝐨𝐓𝐫𝐚𝐝𝐞𝐦𝐚𝐫𝐤𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧
#𝐈𝐏𝐋𝐀𝐖
#𝐋𝐚𝐰𝐅𝐢𝐫𝐦
#𝐋𝐞𝐠𝐚𝐥𝐒𝐞𝐫𝐯𝐢𝐜𝐞
#သတင်းစာကြော်ငြာထည့်သွင်းခြင်း
#ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကြော်ငြာခြင်း
#စာပေနှင့်အနုပညာမူပိုင်ခွင့်