24/07/2026
🇯🇵 Kaigo Tokuteiginou အလုပ်ခေါ်စာ(99)
နယ်မှာအးအေးဆေးဆေးနေပြီး ပိုက်ဆံစုချင်သူတွေအတွက် အရမ်းသင့်တော်တဲ့ အလုပ်လေးပါ။
Online Interview တစ်ကြိမ်ပဲရှိတာမလို့ အရမ်းမြန်။
စိတ်ဝင်စားရင် cbမှာ 履歴書ပို့ထားပေးပါရှင်။
📍 အလုပ်နေရာ
Shimane ပြည်နယ်၊ Matsue မြို့ (Tsunomori ဘူတာမှ လမ်းလျှောက် ၁၀ မိနစ်)
💰 လစာ ¥221,000 မှ ~
အခြေခံလစာ ¥174,000
စောင့်ရှောက်ရေးထောက်ပံ့ကြေး ¥22,000
ညဆိုင်းကြေးတစ်ကြိမ် ¥5,000 (တစ်လ ၅ ကြိမ်ခန့်)
သွားလာစရိတ် ထောက်ပံ့ပေးသည်
🎁 ခံစားခွင့်
Bonus တစ်နှစ် ၂ ကြိမ် (စုစုပေါင်း ၃.၄ လစာ)
Bonus အပြင် ထောက်ပံ့ကြေး ¥40,000 (ယခင်နှစ်အရ)
နှစ်စဉ် လစာတိုးအခွင့်အရေးရှိသည်
🏠 အဆောင်ရှိ
One-room (တစ်ယောက်ခန်း)
အိမ်လခ ¥20,000 – ¥40,000
အိမ်စပေါ်ကို ကုမ္ပဏီမှ ကျခံပေးသည်။
(ပရိဘောဂနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းမပါဝင်ပါ)
📅 တစ်နှစ်ပိတ်ရက် – ၁၁၄ ရက်
🕒 အလုပ်ချိန်
07:00 – 16:00
10:00 – 19:00
17:00 – နောက်နေ့ 09:00 (ညဆိုင်း)
📌 လျှောက်ထားနိုင်သူ
介護 (ဘိုးဘွားစောင့်ရှောက်ရေး) အတွေ့အကြုံရှိသူ
ကျား / မ
Online Interview ပြုလုပ်နိုင်ပါသည်။
#လစာကောင်း
#အဆောင်ရှိ