Tha ba wa

Tha ba wa ရာသီဉတုသုံးပါးမရွေး ဈေးမဝယ်ချင်ဘူးဆို ဖုန်းလေးသာဆက်လိုက်ပါ။

ကုန်ပစ္စည်းအမှတ်တံဆိပ် အသိပေးကြော်ငြာခြင်း
11/12/2020

ကုန်ပစ္စည်းအမှတ်တံဆိပ် အသိပေးကြော်ငြာခြင်း

သီတင်းကျွတ်လပြည့်နေ့မှာ အစစအရာရာအဆင်ပြေပြေ ဖြတ်သန်းနိုင်ကြပါစေလို့ Tha Ba Wa မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
31/10/2020

သီတင်းကျွတ်လပြည့်နေ့မှာ အစစအရာရာအဆင်ပြေပြေ ဖြတ်သန်းနိုင်ကြပါစေလို့ Tha Ba Wa မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။



အမဲသားလုံးချက်ဒီနေ့မှာတော့ အရင်ရက်ကလုပ်ပြခဲ့တဲ့ အမဲသားလုံးလေးကို ခရမ်းချဉ်သီးအနှစ်နဲ့ ချဉ်ချဉ်စပ်စပ်လေးချက်ရအောင်။ အနှစ်...
31/10/2020

အမဲသားလုံးချက်
ဒီနေ့မှာတော့ အရင်ရက်ကလုပ်ပြခဲ့တဲ့ အမဲသားလုံးလေးကို ခရမ်းချဉ်သီးအနှစ်နဲ့ ချဉ်ချဉ်စပ်စပ်လေးချက်ရအောင်။ အနှစ်များများလေးနဲ့ စားချင်ရင် ခရမ်းချဉ်သီး၊ ကြက်သွန်နီပိုထည့်ပါ။ စပ်စပ်လေးပိုချက်ချင်ရင် ငရုတ်သီးလေး ထောင်းထည့်ပါ။ ပိုပြီးချဉ်ချဉ်လေးဖြစ်ချင်ရင်တော့ မန်ကျည်းသီးအနှစ် ပိုထည့်ပါနော်။ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
အမဲသားလုံး
ခရမ်းချဉ်သီး ၃လုံး
ကြက်သွန်နီ အသေး၃လုံး
ကြက်သွန်ဖြူ၊ဂျင်း ထမင်းစားဇွန်း၂ဇွန်း
ဆား အနည်းငယ်
Dashiရေညှိမှုန့် အနည်းငယ်
ပဲငံပြာရည်အကြည် စားပွဲဇွန်း၁ဇွန်း
ဆီ စားပွဲဇွန်း၃၊ ၄ဇွန်း
ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်
ရေ အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကို ကြိတ်ထားပါ။ မီးဖိုပေါ်မှာချက်မယ့်အိုးတင်ပြီး ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူ၊ နီ၊ ဂျင်းဆီသတ်ပါ။ မွှေးလာရင် ခရမ်းချဉ်သီးကြိတ်ထားတာ ထည့်ချက်ပါ။ အရသာတွေအကုန်ထည့်ပြီး ချက်ပါ။
၂။ အမဲသားလုံးတွေထည့်ပြီး ရေအနည်းငယ်လောက်ထည့်ချက်ပါ။ အရသာလိုချင်တဲ့အနေအထားရပြီဆိုရင် မီးပိတ်ပြီး သုံးဆောင်နိုင်ပါပြီ။



Beef Ballဒီနေ့မှာတာ့ ဟင်းချက်ဝါသနာရှင်ဆုမြတ်သူငယ်ချင်တွေအတွက် အမဲသားလုံးလေးကိုချက်ပြပါမယ်။ ဂျုံတွေ၊ ကော်မှုန့်တွေထပ်ထည့်...
29/10/2020

Beef Ball

ဒီနေ့မှာတာ့ ဟင်းချက်ဝါသနာရှင်ဆုမြတ်သူငယ်ချင်တွေအတွက် အမဲသားလုံးလေးကိုချက်ပြပါမယ်။ ဂျုံတွေ၊ ကော်မှုန့်တွေထပ်ထည့်ထားတာမဟုတ်လို့ စားတာကချောမှာမဟုတ်ပါဘူး။ တကယ်လို့ဆိုင်တွေမှာ ရောင်းသလိုအမဲသားလုံးစားချင်ရင်တော့ ကော်မှုန့်၊ ဂျုံမှုန့်ထပ်ထည့်ပါ။ အသားလုံးလေးတွေ မွှေးနေစေချင်ရင်တော့ နှမ်းဆီထည့်ပြီးလုံးပါ။ ဆုမြတ်လုပ်ပြမယ့်နည်းကတော့ ငယ်ငယ်တည်းကအိမ်ကချက်ကျွေးတဲ့နည်းပါ။ အသားချည်းလုံးထားတာမို့ စားရတာနည်းနည်းမာပါတယ်။ အလုံးလေးတွေကလည်း ချောမနေပါဘူး။ ဒီနည်းလေးကိုကြိုက်တတ်ရင်တော့ လိုက်ချက်ကြည့်ပါနော်…

ပါဝင်ပစ္စည်းများ

အမဲသား ၅ဝကျပ်သား
နနွင်း အနည်းငယ်
Dashiရေညှိမှုန့် ထမင်းစားဇွန်း၁ဇွန်း
ဆား ထမင်းစားဇွန်း၁/၂ဇွန်း
ဂျင်း ထမင်းစားဇွန်း၂ဇွန်း
ကြက်သွန်ဖြူ ၃ဥ
ငရုတ်ကောင်းမှုန့် လက်ဖက်ဇွန်း၁ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းတွေ အားလုံးကိုကြိတ်စက်ထဲထည့်ပြီး ကြိတ်ပါ။ ကြိတ်ထားတဲ့အသားတွေကိုတော့ ငရုတ်ဆုံထဲမှာအသားတွေစီးသွားတောင် ထောင်းပါ။ အိုးတစ်လုံးထဲမှာ အသားတွေ မြုပ်လောက်တဲ့ပမာဏလောက်ထည့်ပြီး ဆူအောင်တည်ထားပါ။ ရေဆူလာပြီဆိုရင် ကြိတ်ထားတဲ့အသားတွေ လုံးပြီးရေထဲထည့်ပြုတ်ပါ။
၂။ အရင်ဆုံးတစ်လုံးလောက် အရင်ပြုတ်ကြည့်ပါ။ ကျက်သွားရင်တော့ အရင်ဆုံးစားပြီး အရသာမြည်းကြည့်ပါ။ အရသာလိုနေသေးတယ်ထင်ရင် ကြိတ်ထားတဲ့အသားကို အရသာပြင်ပါ။ ကြိုက်ပြီဆိုရင်တော့ အသားတွေအကုန်ကို လုံးပြီးထည့်ပြုတ်ပါ။ အသားတွေကျက်ရင်တော့ နည်းနည်းပေါလောလေးတွေ ပေါ်တတ်ပါတယ်။ မပေါ်ရင်လည်း မိနစ်၂ဝလောက်ဆိုကျက်ပါတယ်။
၃။ ဒီအမဲသားလုံးကို ခေါက်ဆွဲပြုတ်ထဲထည့်စားစား၊ ကြော်ပြီးစားစား၊ ခရမ်းချဉ်သီးအနှစ်နဲ့ချက်စားစား၊ အသီးအရွက်တွေနဲ့ ကြော်ကြော်စားလို့ကောင်းပါတယ်။



ဒီလိုအသုံးပြုတယ်
25/10/2020

ဒီလိုအသုံးပြုတယ်

ဆောစ့်လုပ်ရင်သုံးတယ်နော်
24/10/2020

ဆောစ့်လုပ်ရင်သုံးတယ်နော်

ဟင်းခတ်အမွှေးအကြိုင်
23/10/2020

ဟင်းခတ်အမွှေးအကြိုင်

ဒီအတိုင်းသာလုပ် မျက်ရည်ကျရင်တောင် အနည်းဆုံးတော့ မမှောင်တော့ဘူး🤣🤣🤣
22/10/2020

ဒီအတိုင်းသာလုပ် မျက်ရည်ကျရင်တောင်
အနည်းဆုံးတော့ မမှောင်တော့ဘူး🤣🤣🤣


သင့်ကျန်းမာရေးအခုထက်ပိုကောင်းလာချင်တယ်ဆိုရင်တော့ ဒါတွေဖတ်ထားပါ.......🧘‍♀️🧘🧘‍♂️🧘‍♀️🧘🧘🧘‍♂️📖📖📖📚📚📚📚📚📖📖 #   #   #   # -intake...
20/10/2020

သင့်ကျန်းမာရေးအခုထက်ပိုကောင်းလာချင်တယ်ဆိုရင်တော့ ဒါတွေဖတ်ထားပါ.......

🧘‍♀️🧘🧘‍♂️🧘‍♀️🧘🧘🧘‍♂️📖📖📖📚📚📚📚📚📖📖

# # # # -intake # # -C # -of-vitaminC

#

ဝက်သုံးထပ်သားဇီးဖြူသီးချက်........................................................ဒီနေ့တော့ ဝက်သုံးထပ်သားလေးချက်စားပါမယ့...
18/10/2020

ဝက်သုံးထပ်သားဇီးဖြူသီးချက်........................................................

ဒီနေ့တော့ ဝက်သုံးထပ်သားလေးချက်စားပါမယ့်။ ဒီချက်နည်းလေးကတော့ ဆုမြတ်အဖိုးအမြဲချက်တဲ့နည်းလေးပါ။ အိမ်မှာငယ်ငယ်တည်းက အိမ်ကထမင်း၊ ဟင်းတွေကို အဖိုးကအများဆုံးချက်ပါတယ်။ ပြီးတော့ အဘိုးငယ်ငယ်တည်းက အိုးသူကြီးဆိုတော့ လက်ရာကတော့ ပြောစရာဘာလိုလဲနော်။

အဘိုးချက်တဲ့ဟင်းတွေထဲမှာ ဒီဝက်သုံးထပ်သားဇီးဖြူသီးချက်၊ ဝက်သားသရက်သီးခြောက်ချက်၊ ဝက်သားပဲပင်ပေါက်ချဉ်ရည်ဟင်းတွေလို အအီပြေစေတဲ့ဟင်းတွေကို အကြိုက်ဆုံးပဲ။ ဒီဟင်းတွေချက်တဲ့ရက်ဆိုရင် တအိမ်သားလုံး တခြားဟင်းတောင်မလိုပဲ ထမင်းနဲ့နယ်စားကြတာ တခြားနေ့တွေထက် ထမင်းပိုချက်ရသလို ထမင်းစားချိန်နောက်ကျလို့ကတော့ နောက်ကျတဲ့သူစားစရာပျောက်ပြီသာမှတ်ပဲ။ ကဲ ဆုမြတ်အဘိုးရဲ့ ဝက်သုံးထပ်သားဇီးဖြူသီးချက်လေး ချက်ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

ဝက်သုံးထပ်သား ၃ဝကျပ်သား
ဇီးဖြူသီးခြောက် ထမင်းစားဇွန်း၃ဇွန်း
ဂျင်း လက်တစ်ဆစ်
ကြက်သွန်နီ အသေး၂လုံး
ကြက်သွန်ဖြူ ဗမာဥ ၂ဥ
ခရမ်းချဉ်သီး ၃လုံး
Dashiရေညှိမှုန့် ထမင်းစားဇွန်း၂ဇွန်း
ဆား စားပွဲဇွန်း၂ဇွန်း
ဆီ ထမင်းစားဇွန်း၃ဇွန်း
ရေနွေး ၁လီတာ

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ဇီးဖြူသီးခြောက်ကို ရေစိမ်ထားပါ။ ရေစိမ်ထားတဲ့ဇီးသီးခြောက်၊ ဆား၊ Dashiရေညှိမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ရောပြီးငရုတ်ဆုံမှာထည့်ထောင်းထားပါ။
၂။ ဝက်သားတွေကို အနေတော်အတုံးလေးတွေတုံးပြီး ရေသေချာဆေးပြီး ထောင်းထားတဲ့အဆာပလာ၊ ဆီ၊ ရေနည်းနည်းထည်နဲ့ နယ်ပါ။ မီးဖိုပေါ်မှာ အိုးတင်ပြီးလုံးနယ်ထားတဲ့ဝက်သားတွေကို လုံးချက်ချက်ပါ။ အိုးကပ်တတ်တာကြောင့် ခနခနတော့မွှေပေးပါ။ နီညိုရောင်သမ်းလာပြီ၊ ဆီပေါက်လာပြီဆိုရင်တော့ ရေနွေး၁လီတာထည့်ပြီး ရေခမ်းတဲ့ထိ မိနစ်(၃၀)လောက်ကြာအောင် တည်ထားပါ။ ဆီပြနလာပြီ၊ ရေခမ်းသွားပြီဆိုရင်တော့ အိုးကနေချလိုက်လို့ရပါပြီ။

#ဝက်သုံးထပ်သားဇီးဖြူသီးချက်

Chicken and Vegetable stir fry မဂ်လာပါ သဘာဝဟင်းချက်ပရိတ်သတ်ကြီးရှင့်။ ဒီနေ့မှာတော့ ကြက်သားကို အပြားလေးတွေလုပ်ပြီး မုန့်န...
15/10/2020

Chicken and Vegetable stir fry

မဂ်လာပါ သဘာဝဟင်းချက်ပရိတ်သတ်ကြီးရှင့်။ ဒီနေ့မှာတော့ ကြက်သားကို အပြားလေးတွေလုပ်ပြီး မုန့်နှစ်နဲ့ကြော်ပါမယ်။ အဲ့တာကိုမှStir fryလုပ်ထားတဲ့ ဟင်းသီးဟင်းရွက်လေးနဲ့ရောစားလို့ရအောင် ကြော်ကြရအောင်နော်။ ဒီဟင်းလေးကကြော်ပြီးချက်ချင်းစားတာ ပိုအရသာရှိပါတယ်။ ကြာသွားရင်ပျော့ပြဲပြဲကြီးဖြစ်သွားရင် စားလို့မကောင်းပါဘူးနော်။ ခဲထားတဲ့ကြက်သားကို အလွှာလေးတွေ လှီးမယ်ဆိုရင်လဲ ဓားထက်ထက်နဲ့လှီးပါ။ အရင်ကဆုမြတ်တို့ ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး Pageမှာတင်ခဲ့ဖူးပါတယ်နော်။ ဘာပဲလှီးလှီး ဓားထက်ထက်ကိုသုံးပါ။ တုံးနေတဲ့ဓားတွေက ပိုအန္တရာယ်များပါတယ်နော်။ ဟင်းသီးဟင်းရွက်ကြော်ထဲမှာ ကြက်သွန်ဖြူ၊ ဂျင်းထည့်ရတာ ကြိုက်တတ်ရင်လဲ ထောင်းထားတဲ့ လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းလောက်ထည့်လို့ရပါတယ်။ ကဲ ချက်နည်းလေး ကြည့်လိုက်ရအောင်……………….

ပါဝင်ပစ္စည်းများ

ကြက်သား ရင်ပုံတခြမ်း
ကြက်သွန်နီ အသေး၂လုံး
မုန်ညင်းထုပ် ၁ဝဂရမ်
မုန်လာဥ ၁ဝဂရမ်
ပန်းငရုတ်ပွ ၁လုံး
ပဲသီးတောင့် ၂တောင့်
ခဝဲသီး ၁ဝဂရမ်
အကြော်မှုန့် မုန့်နှစ်လုပ်ရန်
ဆား လက်ဖက်ဇွန်း၁ဇွန်း
Dashiရေညှိမှုန့် လက်ဖက်ဇွန်း၁ဇွန်း
ခရုဆီ ထမင်းစားဇွန်း၁ဇွန်း
ငရုတ်ကောင်းမှုန့် လက်ဖက်ဇွန်း၁ဇွန်း
ကော်ရည် စားပွဲဇွန်း၃ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ကြက်ရင်ပုံကို ရေသေချာဆေးပါ။ အပြားလေးတွေလှီးမှာဖြစ်တဲ့အတွက်ကြောင့် ဝယ်ဝယ်လာချင်းပုံစံဆိုရင် အပြားလှီးလို့ မရပါဘူး။ ဒါ့ကြောင့် ရေခဲသေတ္တာထဲမှာ ခနခဲသွားအောင်ထားပါမယ်။ အရမ်းခဲသွားရင်လဲ လှီးလို့မရပါဘူးနော်။ လှီးလိုရလောက်တဲ့အနေအထားရောက်ပြီဆိုရင် ကြက်သားကို ဓားထက်ထက်နဲ့ အပြားလေးတွေဖြစ်အောင် လှီးပါမယ်။
၂။ အပြားလိုက်လေးတွေ လှီးထားတဲ့ကြက်သားတွေကို ဆားလက်ဖက်ဇွန်း၁/၂ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ဇွန်း၁/၂ဇွန်း၊ Dashiဟင်းခတ်မှုန့် လက်ဖက်ဇွန်း၁/၂ဇွန်း နဲ့ အကြော်မှုန့်ထည့်ပြီး နာရီဝက်လောက်နှပ်ပါမယ်။ နှပ်ထားတဲ့ ကြက်သားတွေကို အိုးတစ်လုံးမှာ ဆီများများထည့်ပြီး နီညိုရောင်သန်းလာတဲ့ထိ ကြော်ပါမယ်။ ကြော်ထားတဲ့ ကြက်သားပြားတွေကို စားမယ့်ပန်းကန်ထဲမှာ တန်းထည့်ထားပါ။
၃။ ဟင်းသီးဟင်းရွက်တွေအားလုံးကို ရေစင်အောင်ဆေးထားပြီး အနေတော်အရွယ်လေးတွေ လှီးထားပါ။ ကြက်သွန်နီကိုတော့ လေးစိတ်ထိုးပြီးအဖတ်လေးတွေခွာထားပါ။ အိုးထဲကိုဆီထည့်ပြီး ဆီပူလာရင်ဆိုရင် မာတဲ့အသီးအရွက်တွေအရင်ထည့်ပါ။ နည်းနည်းပျော့လာပြီဆိုမှ တခြားဟင်းသီးဟင်းရွက်တွေထည့်ပါ။ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ခရုဆီထည့်ပါ။ အရသာအတော်ဖြစ်သွားပြီဆိုရင်တော့ ကော်ရည်ထည့်ပြီး မီးပိတ်ပါ။ ကြော်ထားတဲ့အသီးအရွက်တွေအားလုံးကို ကြက်ကြော်အပြားလေးတွေပေါ်ကို လောင်းထည့်လိုက်ပါ။
၄။ ထမင်းပူပူလေးနဲ့ ချက်ချင်းသုံးဆောင်ပေးတာ ပိုကောင်းပါတယ်။ ကြော်ထားတာကြာသွားရင် ကြက်သားကြော်ထားတဲ့အရေခွံတွေက ပျော့ပြီးစားမကောင်းပါဘူး။




ရှမ်းခေါက်ဆွဲ……………….အားလုံးပဲမင်္ဂလာပါရှင့်။ မြန်မာခေါက်ဆွဲတွေထဲက ဆုမြတ်အကြိုက်ဆုံးခေါက်ဆွဲတစ်မျိုးပါ။ ဆုမြတ်ကတော့ အိမ်မ...
11/10/2020

ရှမ်းခေါက်ဆွဲ
……………….
အားလုံးပဲမင်္ဂလာပါရှင့်။ မြန်မာခေါက်ဆွဲတွေထဲက ဆုမြတ်အကြိုက်ဆုံးခေါက်ဆွဲတစ်မျိုးပါ။ ဆုမြတ်ကတော့ အိမ်မှာဝက်သားပဲရှိတာမို့ ဝက်သားနဲ့ချက်လိုက်ပေမယ့် စာဖတ်ပရိတ်သတ်ကြီးက ကြက်သားပဲကြိုက်တယ်ဆိုရင် ပြောင်းသုံးပါနော်။ဆုမြတ်ကတော့ အသားကိုအတုံးသေးသေးတုံးတာတွေ၊ ကြိတ်တာတွေထက် နုပ်နုပ်စင်းတာကို ပိုကြိုက်ပါတယ်။ အတုံးလေးတွေတုံးရင် စားတဲ့လူများသွားရင်မမျှတာဖြစ်နိုင်ပြီးတော့ ကြိတ်လိုက်ရင် ထွေးသွားလို့မကြိုက်ပါဘူး။ ခုချက်ထားတဲ့ပမာဏက အနည်းဆုံးလူ ၆ယောက်လောက်တော့ စားလို့ရပါတယ်။
ကဲဒါဆို ဘယ်လိုပြင်ဆင်ရမလဲ ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
……………………
ဝက်သားပဲငပိအနှစ်ချက်ရန်
ဝက်သား(သို့)ကြက်သား စားပွဲဇွန်း၃၊ ၄ဇွန်း(နုပ်နုပ်စင်းထားပါ။)
တရုတ်ပဲငပိအနှစ် စားပွဲဇွန်း၅၊ ၆ဇွန်း
ကြက်သွန်နီ ၃လုံး (ကြိတ်ပြီးသား)
ကြက်သွန်ဖြူ၊ ဂျင်း စားပွဲဇွန်း၄ဇွန်း (ထောင်းပြီးသား)
ခရမ်းချဉ်သီး ၆၊ ရလုံး (ကြိတ်ပြီးသား)
ဆား အနည်းငယ်
Dashi ရေညှိမှုန့် လက်ဖက်ဇွန်း၁ဇွန်း
ငရုတ်သီးအရောင်တင်မှုန့် စားပွဲဇွန်း၁ဇွန်း
နနွင်း လက်ဖက်ဇွန်း၁ဇွန်း
ပဲငံပြာရည်အကြည် စားပွဲဇွန်း၁ဇွန်း
ပဲငံပြာရည်အနှောက် လက်ဖက်ဇွန်း၂ဇွန်း
ငရုတ်ကောင်းမှုန့် အနည်းငယ်
ဆီ ချက်ရန်
ပြုလုပ်နည်းအဆင့်ဆင့်
………………………….
၁။ ဝက်သားကို ဆား၊ ငရုတ်ကောင်း၊ ပဲငံပြာရည်အကြည်နည်းနည်းလောက်နဲ့ နယ်ထားပါ။ ဒယ်အိုးထဲကို ဆီထည့်ပြီး ထောင်းတားတဲ့ကြက်သွန်ဖြူ၊ ဂျင်းထည့်ပြီးဆီသတ်ပါ။ မွှေးလာရင်ကြိတ်ထားတဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီးထည့်ပြီး ချက်ပါ။ နုပ်နုပ်စင်းထားတဲ့ ဝက်သား၊ အရသာတွေထည့်ချက်ပါ။ ရေတစ်ခွက်လောက်ထည့်ပြီး ဆီပြန်ရေကျန်ဖြစ်တဲ့ထိချက်ပါ။
ကြက်သွန်ဖြူဆီချက်ချက်ရန်
…………………………………………
ကြက်သွန်ဖြူ ကြိုက်သလောက်ထောင်းထားပါ။
နနွင်း လက်ဖက်ဇွန်း၁ဇွန်း
ဆီ များများ (ကြော်ရန်)
၁။ အိုးထဲကို ဆီထည့်ပြီး ဆီပူလာရင် ထောင်ထားတဲ့ကြက်သွန်ဖြူတွေ၊ နနွင်းထည့်ပြီး ကြက်သွန်ဖြူကျက်သွားတဲ့ထိချက်ပါ။
၂။ ကြက်သွန်ဖြူဆီချက်က ထမင်းပဲသုပ်စားစား၊ ကြက်ဥခေါက်ဆွဲတွေကို သုပ်သုပ်စားစား အဆင်ပြေတာကြောင့် များများချက်ထားလေ ကောင်းလေပါပဲ။ ဆုမြတ်တို့အိမ်မှာတော့ ဟင်းအနှစ်၊ ဟင်းရည်တွေချက်ရင်တောင် ထည့်သုံးပါတယ်။
ကြက်သွန်နီဆီချက်
………………………….
ဆီ များများ (ကြော်ရန်)
ငရုတ်သီးအရောင်တင်မှုန့် စားပွဲဇွန်း၃၊ ၄ဇွန်း
၁။ ပန်းကန်တစ်လုံးထဲမှာ ငရုတ်သီးအရောင်တင်မှုန့် ထည့်ထားပါ။ အိုးထဲမှာဆီထည့်ပြီး ဆီကျက်ပြီဆိုရင် ပန်ကန်ထဲကို ဆီလောင်းထည့်လိုက်ပါ။
၂။ ကြက်သွန်ဖြူဆီချက်တုန်းက ပြောထားသလိုပဲ ခေါက်ဆွဲသုပ်တွေ၊ ထမင်းသုပ်တွေမှာလည်း ထည့်သုံးလို့ရတာမို့ များများချက်ထားလဲ မပစ်ရပါဘူးနော်။
ရှမ်းခေါက်ဆွဲပြင်ရအောင်
၁။ ရှမ်းခေါက်ဆွဲဖတ်အခြောက်တွေကို ပြုတ်ထားပါ။ စားမယ့်အချိန်ရောက်ရင်တော့ ရှမ်းခေါက်ဆွဲဖတ်၊ ဝက်သား(သို့)ကြက်သားပဲငပိအနှစ်၊ ကြက်သွန်ဖြူဆီချက် (ဆီဝါ)၊ ငရုတ်သီးဆီချက် (ဆီနီ)၊မြေပဲ၊ ဟင်းခတ်မှုန့်နည်းငယ်ထည့်နယ်ပြီး သုံးဆောင်နိုင်ပါပြီ။


#ရှမ်းခေါက်ဆွဲ

Address


11221

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959777771536

Website

Alerts

Be the first to know and let us send you an email when Tha ba wa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Business?

Share