29/07/2026
📶 WiFi Password ကို ဘာကြောင့် အချိန်အခါလိုက်ပြောင်းသင့်တာလဲ?
အိမ်မှာဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် WiFi သုံးနေတဲ့သူများအတွက် Password လုံခြုံရေးက အရေးကြီးပါတယ်။ Password မပြောင်းဘဲ ကြာရှည်အသုံးပြုနေမယ်ဆိုရင် မသိတဲ့သူတွေ ချိတ်ဆက်အသုံးပြုနေနိုင်ပြီး Internet နှေးသွားတာ၊ Security ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
🔐 WiFi Password ပြောင်းနည်း (အခြေခံ)
1️⃣ WiFi Router နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်း (သို့) Computer ကို အသုံးပြုပါ။
2️⃣ Browser ဖွင့်ပြီး Router Address ကို ရိုက်ထည့်ပါ။
(အများအားဖြင့် 192.168.1.1 သို့မဟုတ် 192.168.0.1)
3️⃣ Router Username နှင့် Password ဖြင့် Login ဝင်ပါ။
(Router အောက်ဘက် Sticker မှာ ရေးထားတတ်ပါတယ်)
4️⃣ Wireless, WiFi Settings သို့မဟုတ် WLAN Settings ကို ရှာပါ။
5️⃣ WiFi Password (Wireless Password / WPA Key) နေရာတွင် Password အသစ်ထည့်ပါ။
6️⃣ Save / Apply ကို နှိပ်ပြီး Router Restart ကျသွားရင် စောင့်ပါ။
7️⃣ Password အသစ်ဖြင့် Device များကို ပြန်ချိတ်ဆက်ပါ။
💡 Password သတ်မှတ်ရာတွင်
✅ အနည်းဆုံး 8 လုံးအထက်ထားပါ
✅ စာလုံးအကြီး၊ အသေး၊ ဂဏန်းများ ပေါင်းစပ်အသုံးပြုပါ
✅ မွေးနေ့၊ ဖုန်းနံပါတ်လို ခန့်မှန်းလွယ်တာတွေ မသုံးပါနဲ့
⚠️ WiFi နှေးနေတယ်၊ မသိတဲ့ Device တွေ ချိတ်ထားတယ်လို့ သံသယရှိရင် Password ပြောင်းခြင်းက အလွယ်ဆုံးနှင့် အထိရောက်ဆုံး လုံခြုံရေးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။