Clean and Fresh Myanmar

Clean and Fresh Myanmar Safe food Wholesale and distributor (GAP & Natural Vegetables, fruits and Goods).

Clean & Fresh Myanmar မှ စပြီးထုတ်လုပ်ရောင်းချပေးမယ့် ဆီသန့်အာလူးကြော် ကျွတ်တယ် ရွတယ် လတ်ဆတ်တယ်
16/07/2024

Clean & Fresh Myanmar မှ စပြီးထုတ်လုပ်ရောင်းချပေးမယ့် ဆီသန့်အာလူးကြော် ကျွတ်တယ် ရွတယ် လတ်ဆတ်တယ်

13/04/2023
အစာအိမ်အူလမ်းကြောင်းတွင် E Coli ရောဂါပိုးကူးစက်ခြင်း====== E Coli ဟာ လူနဲ့ တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ ရှင်သန်ပေါက်...
18/10/2022

အစာအိမ်အူလမ်းကြောင်းတွင် E Coli ရောဂါပိုးကူးစက်ခြင်း
======

E Coli ဟာ လူနဲ့ တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ ရှင်သန်ပေါက်ပွားတတ်တဲ့ ဘက်တီးရီးယား ဖြစ်ပါတယ်။ ဒါပေမယ့် E Coli မျိုးကွဲတချို့ကသာ အူလမ်းကြောင်းကို ရောဂါဖြစ်စေပြီး ဒုက္ခပေးပါတယ်။ အထူးသဖြင့် E. coli O157:H7 ဆိုတဲ့ အမျိုးအစား ဖြစ်ပါတယ်။ STE Coli ဆိုတဲ့ အမျိုးအစားဟာလည်း အူလမ်းကြောင်းထဲမှာ အဆိပ်ဓာတ်အချို့ထွက်လာစေပြီး ရောဂါဖြစ်စေပါတယ်။
E Coli ရောဂါပိုးကူးစက်ချိန်မှာ များသောအားဖြင့် အိမ်မှာပဲ ကုသနိုင်ပါတယ်။ ရက်အနည်းငယ်လောက်နေရင် သက်သာသွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ မသက်သာဘဲ ပိုဆိုးလာရင်တော့ ဆေးရုံဆေးခန်း ပြသသင့်ပါတယ်။
E Coli ဟာ လူနဲ့ တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ ရှင်သန်ပေါက်ပွားတတ်တဲ့ ဘက်တီးရီးယား ဖြစ်ပါတယ်။ ဒါပေမယ့် E Coli မျိုးကွဲတချို့ကသာ အူလမ်းကြောင်းကို ရောဂါဖြစ်စေပြီး ဒုက္ခပေးပါတယ်။ အထူးသဖြင့် E. coli O157:H7 ဆိုတဲ့ အမျိုးအစား ဖြစ်ပါတယ်။ STE Coli ဆိုတဲ့ အမျိုးအစားဟာလည်း အူလမ်းကြောင်းထဲမှာ အဆိပ်ဓာတ်အချို့ထွက်လာစေပြီး ရောဂါဖြစ်စေပါတယ်။
E Coli ရောဂါပိုးကူးစက်ချိန်မှာ များသောအားဖြင့် အိမ်မှာပဲ ကုသနိုင်ပါတယ်။ ရက်အနည်းငယ်လောက်နေရင် သက်သာသွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ မသက်သာဘဲ ပိုဆိုးလာရင်တော့ ဆေးရုံဆေးခန်း ပြသသင့်ပါတယ်။
အူလမ်းကြောင်းတွင် E Coli ရောဂါပိုးဝင်ခြင်း၏ လက္ခဏာများ
E Coli ရောဂါပိုးဟာ အူလမ်းကြောင်းထဲ ဝင်ရောက်အပြီး တရက်ကနေ ဆယ်ရက်အတွင်း လက္ခဏာတွေ ပြလာနိုင်ပါတယ်။

တွေ့ရများတဲ့ လက္ခဏာတွေကတော့
- ဗိုက်အောင့်ခြင်း - အရည်ဝမ်းများသွားခြင်း - လေပွလေထခြင်း
- ပျို့အန်ခြင်း - မောပန်းနွမ်းနယ်ခြင်း - ဖျားနာခြင်း စတာတွေ ဖြစ်ပါတယ်။

ပိုပြီး ဆိုးရွားတဲ့ အခြေအနေတွေမှာတော့
– ဆီးအတွင်းသွေးပါခြင်း – ဆီးနည်းခြင်း – အသားအရေဖျော့တော့ခြင်း
– သွေးခြည်ဥခြင်း – ရေဓာတ်ခန်းခြောက်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဝမ်းအသွားလွန်ပြီး ရေဓာတ်ဆုံးရှုံးမှုများလွန်းရင် ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ အထက်ပါရောဂါလက္ခဏာတွေ ကြုံနေရရင်တော့ ဆေးရုံဆေးခန်းကို အမြန်ဆုံးပြသသင့်ပါတယ်။

E Coli ရောဂါပိုးဝင်ခြင်း၏ အကြောင်းအရင်းများ
====
ရောဂါပိုးဝင်ရောက်ကူးစက်နိုင်တဲ့ အဓိကအကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အစားအစာများကို ကိုင်တွယ်ရာတွင် သန့်ရှင်းမှုအားနည်းခြင်း
မိမိအိမ်မှာဖြစ်စေ၊ စားသောက်ဆိုင်မှာဖြစ်စေ အစားအသောက်ပြင်ဆင်ရာမှာ သန့်ရှင်းမှုအားနည်းရင် ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ အဓိကအားဖြင့်
– အစားအစာများမကိုင်တွယ်မီ လက်ကို သေချာစွာ မဆေးကြောခြင်း
– ချက်ပြုတ်ပြင်ဆင်ရာမှာ အသုံးပြုသည့် စဉ့်တီတုံးများ၊ အိုးခွက်ပန်းကန်များကို သေချာစွာ မဆေးကြောခြင်း
– သက်တမ်းလွန်နေသည့် နို့ထွက်ပစ္စည်းများ စားသုံးခြင်း
– သင့်တော်သည့် မီးအပူချိန်တွင် ချက်ပြုတ်မှုမပြုခြင်း
– အသားငါးများ အစိမ်းစားခြင်း၊ မကျက်တကျက်စားခြင်း စတာတွေ ဖြစ်ပါတယ်။

မသန့်ရှင်းသည့်ရေများကို သုံးစွဲမိခြင်း
===
ရောဂါပိုးကူးစက်ထားတဲ့ရေကို သောက်သုံးမိရင်၊ အစားအသောက်ပြင်ဆင်ရာမှာ သုံးစွဲမိရင် အူလမ်းကြောင်းထဲကို ရောဂါပိုးကူးစက်နိုင်ပါတယ်။ ဒါကြောင့်မို့ မြစ်ရေကန်ရေများကို ကျိုချက်ပြီးမှ သောက်သုံးသင့်ပါတယ်။ တခါတရံ ရေကူးရာကနေလည်း ပိုးဝင်နိုင်ပါတယ်။

လူအချင်းချင်းဖြစ်စေ၊ တိရစ္ဆာန်များနှင့်ဖြစ်စေ ထိတွေ့ရာမှ ကူးစက်ခြင်း
=====
ရောဂါပိုးရှိသူတယောက်ဟာ အိမ်သာဝင်ပြီးချိန် လက်ကိုမဆေးကြောဘဲ တခြားတစုံတယောက်နဲ့ ထိတွေ့မိရင်ဖြစ်စေ၊ အရာဝတ္တုတခုခုကို ကိုင်တွယ်မိရာက ဖြစ်စေ ရောဂါပိုးကူးစက်နိုင်ပါတယ်။ နေ့ကလေးထိန်းကျောင်း၊ ဘိုးဘွားရိပ်သာ စတဲ့နေရာမျိုးတွေဟာ တဦးနဲ့တဦး ထိတွေ့ကူးစက်မိနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ ကျွဲနွား၊ ဆိတ်၊ သိုး စတဲ့ တိရစ္ဆာန်များနဲ့ ထိတွေ့လုပ်ကိုင်နေရသူများဟာလည်း ရောဂါပိုးကူးစက်နိုင်ပါတယ်။ တိရစ္ဆာန်များကို ထိတွေ့ကိုင်တွယ်ပြီးရင် လက်ကိုသေချဆေးသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ
==
ဆရာဝန်ပြသင့်တဲ့ အခြေအနေတွေကတော့
– နှစ်ရက်သုံးရက်လောက် ဝမ်းဆက်တိုက်သွားနေခြင်း
– ဖျားပြီး ဝမ်းသွားခြင်း
– ဝမ်းသွားရာတွင် အမြှုပ်များ သွေးများ ပါခြင်း
– အစာ အရည် ကောင်းကောင်းမဝင်ခြင်း
– ဆက်တိုက်ပျို့အန်နေခြင်း
– ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ (ရေအလွန်ငတ်ခြင်း၊ မူးဝေခြင်း၊ ဆီးနည်းခြင်း)
စတာတွေ ဖြစ်ပါတယ်။ ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုတွေမှာဆိုရင် ပိုပြီးဂရုစိုက်ရပါမယ်။

E Coli မကူးစက်အောင် ဘယ်လိုကာကွယ်မလဲ
=====
အစာအိမ်အူလမ်းကြောင်းကို E Coli ပိုးမဝင်နိုင်အောင် အစားအသောက်များကို ချက်ပြုတ်စားသုံးရာမှာ အထူးဂရုပြုရပါမယ်။ လိုက်နာသင့်တဲ့ အချက်တွေကတော့
– အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို ရေနဲ့သေချာဆေးပါ
– အိုးခွက်များ၊ စဉ့်တီတုံးများကို အသုံးပြုပြီးတိုင်း သေချာဆေးကြောပါ
– အသားစိမ်းငါးစိမ်းများကို စနစ်တကျသိမ်းဆည်းပါ
– ပိုးသတ်ပြီး နို့များကိုသာ သောက်သုံးပါ
– သန့်ရှင်းသော ရေကို သုံးစွဲပါ။ မြစ်ရေကန်ရေကို ကြိုချက်ပြီးမှ သောက်သုံးပါ။
– အိမ်သာဝင်ပြီးချိန်နှင့် အစားအစာများကို မကိုင်တွယ်မီ လက်ကို စင်ကြယ်အောင်ဆေးပါ
– အစားအစာများကို အထူးသဖြင့် သားငါးများကို ကျက်အောင်ချက်ပါစတာတွေပဲ ဖြစ်ပါတယ်။

Crd- hellosayarwon

ကူးစက်တတ်တဲ့ ရောဂါများ အကြောင်း=======• ကူးစက်ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ• ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်သလဲ။ကမ္ဘာပေါ်မ...
18/10/2022

ကူးစက်တတ်တဲ့ ရောဂါများ အကြောင်း
=======
• ကူးစက်ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ
• ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်သလဲ။
ကမ္ဘာပေါ်မှာ ရောဂါတွေကို အမျိုးအစားခွဲကြည့်လိုက်မယ်ဆိုရင် ကူးစက်နိုင်တဲ့ရောဂါရယ် မကူးစက်နိုင်တဲ့ရောဂါရယ်ဆိုပြီး ရှိပါတယ်။ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတာတွေကတော့ မကူးစက်နိုင်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ တီဘီတို့၊ ကိုဗစ်တို့၊ HIVတို့ကတော့ ကူးစက်တတ်တဲ့ ရောဂါများ ပေါ့။
ကူးစက်တတ်တဲ့ ရောဂါများ က လူနေမှုအဆင့်အတန်း မြင့်မားပြီး စားကောင်းသောက်ကောင်းတွေ စားရတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ပိုဖြစ်တယ်။ သန့်ရှင်းရေး အားနည်းတဲ့ ဖွံ့ဖြိုးမှု နောက်ကျတဲ့နိုင်ငံမှာတော့ ကူးစက်နိုင်တဲ့ ရောဂါတွေ အဖြစ်ပိုများတယ်လို့ ပြောကြပါတယ်။ ဒီနှစ်ခုကြားက မြန်မာနိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကတော့ နှစ်မျိုးလုံး အဖြစ်များပါတယ်။ ဒါကို double burdenလို့ ခေါ်ပါတယ်။
ကူးစက်တဲ့ရောဂါတွေက ပိုးမွှားတွေကြောင့် ဖြစ်တာမို့လို့ ဒီပိုးမွှားတွေကို သုတ်သင်နိုင်ရင် ရောဂါပျောက်ပါတယ်။ သူတို့ရဲ့ ကူးစက်ပုံကလည်း တစ်ခုနဲ့ တစ်ခုပါဘူး။ ဒီအကြောင်းကို လေ့လာကြည့်ရအောင်။
ကူးစက်ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ
• ဘက်တီးရီးယား
ဘက်တီးရီးယားတွေက ဆဲလ်တစ်လုံးတည်းရှိတဲ့ အကောင်လေးတွေပါ။ အများစုက အန္တရာယ်မရှိတဲ့အပြင် လူကို ကောင်းကျိုးတောင် ပြုနိုင်ပါသေးတယ်။ ဥပမာ အစာခြေလမ်းကြောင်းနဲ့ မိန်းမကိုယ်လမ်းကြောင်းက ကောင်းကျိုးပြု ဘက်တီးရီးယားတွေပါ။ ဘက်တီးရီးယားတွေရဲ့ ၁ရာခိုင်နှုန်းအောက်ကပဲ လူကို အန္တရာယ်ဖြစ်စေပါတယ်။ ဘက်တီးရီးယားတွေက ကိုယ်ထဲမှာ ပွားပြီး ပျံ့နှံ့နိုင်ပါတယ်။ တချို့ဘက်တီးရီးယားတွေကျတော့ အဆိပ်တွေ ထုတ်ပြီး လူကို ဒုက္ခပေးပါတယ်။
ဘက်တီးရီးယားကြောင့် ဖြစ်စေတဲ့ ရောဂါတွေကတော့ ဆီးလမ်းကြောင်းပိုးဝင်တာ၊ တီဘီရောဂါ၊ နမိုးနီးယား စတာတွေပဲ ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေကို ပိုးသတ်ဆေးပေးပြီး နှိမ်နင်းနိုင်ပါတယ်။ ဒါပေမယ့် ခုအခါမှာ ပိုးသတ်ဆေးကို စနစ်တကျ မသုံးစွဲတာကြောင့် ဆေးယဉ်ပါးပြဿနာ ကြုံနေရပါတယ်။
• ဗိုင်းရပ်စ်
ဗိုင်းရပ်စ်တွေမှာ အကောင်အထည်ရယ်လို့ မရှိဘဲ အတွင်းက မျိုးဗီဇ (DNA/RNA)ကို အပြင်က ပရိုတိန်းအလွှာနဲ့ အုပ်ထားတာမျိုးပါ။ ဗိုင်းရပ်စ်တွေက လူအပါအဝင် တခြားသော သက်ရှိတွေ ဖြစ်တဲ့ အပင်တွေ၊ တိရစ္ဆာန်တွေ၊ အမီးဘားပိုးနဲ့ ဘတ်တီးရီးယားတွေထိ ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်တွေကိုကျ ကာကွယ်ဆေးနဲ့ ကာကွယ်တာများပါတယ်။ ကုသဆေးက ရှားပါးပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါတွေကို ဥပမာ ပေးရရင် ရာသီတုပ်ကွေးတို့၊ HIVတို့ပဲ ဖြစ်ပါတယ်။
• မှို
မှိုအများစုက အန္တရာယ်မရှိတဲ့အပြင် စားလို့လည်း ရပါတယ်။ တချို့မျိုးစိတ်တွေကတော့ ကူးစက်ရောဂါကို ဖြစ်စေပြီး လူကို အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ မှိုပိုးအဝင်များတာကတော့ အဆုတ်၊ လက်သည်းခြေသည်းနဲ့ အရေပြားပါ။ တစ်ခါတလေ တခြားနေရာကို ပျံ့နှံ့ပြီး ပြင်းထန်တဲ့ ရောဂါတွေကို ဖြစ်စေပါတယ်။ ဥပမာပြောရရင် သဲဝဲစားတာ၊ ပွေး၊ မှက္ခရု စတာတွေက မှိုရောဂါတွေပဲ ဖြစ်ပါတယ်။
• ကပ်ပါးပိုး
ကပ်ပါးပိုးကတော့ သက်ရှိတစ်ကောင်ကောင်ပေါ် မှီတွယ်နေထိုင်ပြီး အာဟာရတွေ ရယူတာပဲ ဖြစ်ပါတယ်။ ဒီကပ်ပါးပိုးတွေကို သွေး၊ အသည်း၊ အစာခြေစနစ်၊ ဦးနှောက်နဲ့ မျက်လုံး စတဲ့ ခန္ဓာကိုယ် နေရာ အနှံ့အပြားမှာ တွေ့နိုင်ပါတယ်။ ကပ်ပါးပိုးတွေက အများကြီး ရှိပါတယ်။ ဥပမာ ပြောရရင် သန်ကောင်၊ တုတ်ကောင်၊ ငှက်ဖျားပိုး စတာတွေက ကပ်ပါးကောင်တွေပါပဲ။
ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်သလဲ။
• တိုက်ရိုက်ထိတွေ့တာ
ကူးစက်ရောဂါတစ်ခု အလွယ်ဆုံး ကူးစက်နိုင်တဲ့ နည်းလမ်းကတော့ ပိုးရှိနေတဲ့ လူ ဒါမှမဟုတ် တိရစ္ဆာန်နဲ့ တိုက်ရိုက် ထိတွေ့မိတာပဲ ဖြစ်ပါတယ်။ ကူးနိုင်တဲ့ နည်းတွေကတော့
-လူအချင်းချင်း
ရောဂါပိုးရှိတဲ့ လူကနေ နောက်တစ်ယောက်စီကို အသားချင်းထိတွေ့တာ၊ နမ်းရှုံ့တာ၊ နှာချေ၊ ချောင်းဆိုးရာကနေတဆင့် ကူးစက်နိုင်ပါတယ်။ နောက်တစ်ခုက လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။
-တိရစ္ဆာန်မှ လူ
ပိုးရှိတဲ့ တိရစ္ဆာန်က ကိုက်လိုက်တယ်၊ ကုတ်လိုက်တယ်ဆိုရင် ကူးစက်နိုင်ပါတယ်။ သာမန်နာမကျန်း ဖြစ်ရုံကနေ အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။ တိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေကို ကိုင်တွယ်ရာကနေလည်း ကူးစက်နိုင်ပါတယ်။ ဥပမာ ကြောင်ချေးကနေ toxoplasmosisလို့ ခေါ်တဲ့ ကပ်ပါးရောဂါ ဖြစ်နိုင်ပါတယ်။
-ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသား
ကိုယ်ဝန်ဆောင်အမေဆီက ရောဂါပိုးတွေကလည်း မမွေးသေးတဲ့ ကလေးလေးဆီကို ကူးနိုင်ပါသေးတယ်။ တချို့ပိုးတွေက အချင်း ဒါမှမဟုတ် မိခင်နို့ရည်ကနေတဆင့် ကူးစက်နိုင်ပါတယ်။ အမေ့ရဲ့ မိန်းမကိုယ်က ပိုးတွေကလည်း မွေးလမ်းကြောင်းကနေတဆင့် ကလေးကို ကူးနိုင်ပါသေးတယ်။
• တဆင့်ထိတွေ့တာ
ပိုးမွှားတွေကို တိုက်ရိုက်ထိတွေ့တာ မဟုတ်ဘဲ ပစ္စည်းတွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဥပမာ တံခါးလက်ကိုင်ကို တုပ်ကွေးဖြစ်နေတဲ့သူတစ်ယောက်က ကိုင်လိုက်မယ်။ ပြီးရင် ကိုယ်က လိုက်ကိုင်မယ်ဆိုရင် ပိုးတွေက လက်မှာ ကပ်ပါလာနိုင်ပါတယ်။ ဒီလက်ကို မဆေးဘဲ မျက်နှာကို ပွတ်သပ်မိမယ်ဆိုရင် ပိုးကူးစက်ခံရနိုင်ပါတယ်။
• အင်းစက်ကိုက်ခံရတာ
တချို့ပိုးတွေက အင်းဆက်တွေရဲ့ ခန္ဓာကိုယ်မှာ ခိုအောင်းနေတတ်ပါတယ်။ ဥပမာ ခြင်တို့ ယင်ကောင်တို့မှာ ပိုးတွေ သယ်ဆောင်ထားပြီး လူတစ်ယောက်က တစ်ယောက်ကို ကူးစက်စေပါတယ်။ ဒီလိုအင်းစက်တွေကို ဗက်တာ (vectors)လို့ ခေါ်ပါတယ်။ ဥပမာပြောရရင် ခြင်ကနေ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်တို့၊ ငှက်ဖျားပိုးတို့ ကူးစက်တတ်ပါတယ်။
• အစားအသောက်ကနေကူးစက်တာ
ကိုယ်စားတဲ့ အစားအစာတွေ၊ ရေတွေမှာ ပိုးပါနေရင်လည်း ကူးစက်ခံရနိုင်ပါတယ်။ ဒီနည်းလမ်းက တစ်ခါတည်းနဲ့ လူအများကြီးကို ကူးစက်စေနိုင်ပါတယ်။ ဥပမာ အလှူ ဒါမှမဟုတ် စားသောက်ဆိုင်မှာ စားသောက်ပြီး အစာအဆိပ်သင့်တာမျိုးပေါ့။ အီကိုလိုင်ပိုးဆိုရင် မသန့်ရှင်းတဲ့ အစားအစာတော်တော်များများမှာ ပါတတ်ပါတယ်။
Takeaways
ကူးစက်ရောဂါတွေက ကိုယ်တစ်ယောက်တည်းနဲ့ မပြီးပါဘူး။ ကိုယ်ကနေ သူများကို ဒါမှမဟုတ် သူများကနေ ကိုယ့်ကို ကူးစက်လာနိုင်တဲ့အတွက် ကူးစက်နိုင်တဲ့နည်းလမ်းတွေကို နားလည်ထားမယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်ပါတယ်။

Crd- hellosayarwon

ပျော်ရွှင်ဖွာ်ရာ သီတင််းကျွတ်ကာလလေးဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်။CFM မိသားစု
08/10/2022

ပျော်ရွှင်ဖွာ်ရာ သီတင််းကျွတ်ကာလလေးဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်။

CFM မိသားစု

သန့်ရှင်းလတ်ဆတ်ပြီးအကောင်းမှကြိုက်တဲ့ ချစ်မိတ်ဆွေကြီးများအတွက် ရှမ်းတောင်ထွက် သဘာဝမျှစ်နီအချို ကယန်းဆီးဘူးငရုတ် မုံညင်းခ...
05/06/2022

သန့်ရှင်းလတ်ဆတ်ပြီးအကောင်းမှကြိုက်တဲ့ ချစ်မိတ်ဆွေကြီးများအတွက် ရှမ်းတောင်ထွက် သဘာဝမျှစ်နီအချို ကယန်းဆီးဘူးငရုတ် မုံညင်းခြောက်အသင့်သောက်ချဥ်စပ်ဟင်းရည် တွေကို လက်လီလက်ကား ရောင်းပေးပါတယ် ခင်ဗျား တမူထူးခြားပြီး စားလို့ကောင်းတဲ့ ကယားလက်ဖက်ဝက်အူချောင်းလဲအော်ဒါတင်ပြီးမှာလို့ရပါတယ် လက်ကားအတွက် အသေးစိတ်သိချင်ရင် 09799906005 ကိုဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျား

Address

Yangon

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Clean and Fresh Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Clean and Fresh Myanmar:

Share