16/05/2026
🎉ထိုင်းထီ ဝါသနာရှင်တွေအတွက် သတင်းကောင်းလေး လာပါပြီရှင်🎉
👉ထိုင်းနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မတီကနေ လက်ရှိ ထီဆုကြေးငွေတွေကို အခုထက် ပိုတိုးမြှင့်ပေးဖို့ အဆိုပြုသွားမယ်လို့ သိရပါတယ်
🏆 #ပထမဆု - အရင် ဘတ် ၆ သန်း ကနေ ဘတ် ၁၀ သန်း အထိ
🏆🏆 နောက်ဆုံးနှစ်လုံးတိုက်ဆု - အရင် ဘတ် ၂,၀၀၀ ကနေ ဘတ် ၅,၀၀၀ အထိ
🏆🏆🏆 နောက်ဆုံးသုံးလုံးတိုက်ဆု - အရင် ဘတ် ၄,၀၀၀ ကနေ ဘတ် ၁၀,၀၀၀ အထိ တိုးမြှင့်ဖို့တင်ပြထားတယ်လို့ သိရပါတယ်ရှင်
⛔တရားဝင်အတည်ပြုချက်တော့ မသိရသေးပါဘူးရှင် ⛔
ဒီအစီအစဉ်ကို ဦးဆောင်မယ့် လွှတ်တော်အမတ် မစ္စတာ ဘွန်းရဝီ ကတော့ အစိုးရထီရုံးအနေနဲ့ နှစ်စဉ် အမြတ်ငွေတွေ အများကြီး ရနေပေမယ့် ထီဆုကြေးတွေကို မတိုးပေးတာ ၁၀ နှစ်လောက် ရှိနေပြီဖြစ်လို့ ဝယ်ယူအားပေးတဲ့ ပြည်သူတွေအတွက် တရားမျှတမှုရှိအောင် အခုလို ပြင်ဆင်ဖို့ ကြိုးစားရတာပါလို့ ဆိုပါတယ်။
လာမယ့် မေလ ၂၁ ရက်နေ့မှာ ကျင်းပမယ့် ကော်မတီအစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် အစိုးရထီရုံးရဲ့ အမြတ်ငွေတွေနဲ့ ပြည်သူတွေ လာမထုတ်ဘဲ ကျန်နေတဲ့ ဆုကြေးငွေတွေကို ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေအတွက် ပညာသင်ဆုတွေ ပေးဖို့၊ ကျောင်းသားတွေရဲ့ နေ့လည်စာစရိတ် (လက်ရှိ တစ်ဦးကို ၂၀ ဘတ်) ကို တိုးမြှင့်ပေးဖို့ စတဲ့ လူမှုသက်သာချောင်ချိရေး ကိစ္စတွေမှာ သုံးစွဲသွားဖို့လည်း တိုက်တွန်းထားပါသေးတယ်။
ဒီလို ဆုကြေးတွေ တိုးပေးလိုက်တာဟာ လောင်းကစားကို အားပေးရာရောက်ဖို့မဟုတ်ဘဲ၊ တရားမဝင် ချဲထီ ပြဿနာကို ဖြေရှင်းဖို့နဲ့ ပြည်သူတွေကို အကျိုးခံစားခွင့် ပြန်ပေးချင်တဲ့ ရည်ရွယ်ချက်လို့ သူက ရှင်းပြထားပါတယ် ။
ဒီအဆိုပြုချက်သာ တကယ် အတည်ဖြစ်လာရင်တော့ ထီဝါသနာရှင်တွေအတွက် ဝမ်းသာစရာပါပဲ။
source: khaosod
#ချင်းမိုင်နေ့စဉ်