28/03/2023
Reminder - upcoming Myanmar end of financial year
သတိပေးချက် - ကုန်ဆုံးတော့မည့်မြန်မာနိုင်ငံဘဏ္ဍာရေးနှစ်
The end of Myanmar’s current financial year – on 31 March 2023 – is almost upon us. Annual tax filings in relation to the current financial year will be due to be submitted to the Internal Revenue Department by 30 June 2023. As the end of the financial year approaches, it is important to take stock of the accounting and tax compliance affairs or your business to ensure that everything is up to date. This will enable you to plan for the coming year and avoid any unnecessary complications or penalties.
မြန်မာနိုင်ငံ၏ လက်ရှိဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်သည် ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ ဖြစ်ပြီး ကျွန်ုပ်တို့ဆီ နီးကပ်လာပြီဖြစ်သည်။ လက်ရှိဘဏ္ဍာရေးနှစ်နှင့်စပ်လျဉ်းသည့် နှစ်စဉ်အခွန်အကောက်များကို ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင်ပြည်တွင်းအခွန်များဦးစီးဌာနသို့တင်ပြရမည်ဖြစ်ပါသည်။ ဘဏ္ဍာရေးနှစ်ကုန်ဆုံးရန်နီးကပ်လာသည်နှင့်အမျှ၊ လုပ်ငန်းအားလုံးသည် သတင်းအချက်အလက်ပြည့်စုံကြောင်း သေချာစေရန် သို့မဟုတ် စာရင်းအင်းနှင့် အခွန် စည်းကြပ်မှုဆိုင်ရာကိစ္စရပ်များကို စုဆောင်းထားရန် အရေးကြီးပါသည်။ ၎င်းသည် သင့်အား လာမည့်နှစ်အတွက် ကြိုတင်စီစဉ်နိုင်ပြီး မလိုအပ်သော ရှုပ်ထွေးမှုများ သို့မဟုတ် ပြစ်ဒဏ်များကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
At Calibre Corporate Services, we understand that staying on top of your financial reporting and tax compliance obligations can be challenging, particularly when you are focused on growing your business – or, in current challenging circumstances, even just maintaining your business. However, failing to stay up to date with your accounting and tax compliance can have serious consequences. To avoid any problems, we recommend that you take the time to review your financial records, including your income and expenses, assets and liabilities, and any tax liabilities. This will enable you to identify any areas where you may be falling short, and take corrective action before it is too late.
Calibre Corporate Services တွင်၊ သင်၏ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံချက်နှင့် အခွန်လိုက်နာမှုတာဝန်ဝတ္တရားများကို အမြဲလိုက်မှီနေအောက်ပြုလုပ်ရခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်၊ အထူးသဖြင့် သင့်လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရန် အာရုံစိုက်နေချိန် သို့မဟုတ် သင့်လုပ်ငန်းကို ထိန်းသိမ်းထားရုံမျှဖြင့် လက်ရှိအခြေအနေတွင် စိန်ခေါ်မှုဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ပါသည်။ သို့သော်၊ သင်၏စာရင်းအင်းများနှင့် အခွန်စည်းကြပ်မှုတို့ကို သတင်းအချက်အလက်များ ပြည့်စုံလိုက်မှီရန် ပျက်ကွက်ပါက ဆိုးရွားသောအကျိုးဆက်များ ဖြစ်နိုင်သည်။ ပြဿနာတစ်စုံတစ်ရာကို ရှောင်ရှားရန်၊ ကျွန်ုပ်တို့အကြံပြုလိုသည်မှာ သင်၏ဝင်ငွေနှင့် အသုံးစရိတ်များ၊ ပိုင်ဆိုင်မှုနှင့် တာဝန်ဝတ္တရားများ၊ နှင့် အခွန်ဆိုင်ရာတာဝန်များအပါအဝင် သင်၏ဘဏ္ဍာရေးမှတ်တမ်းများကို ပြန်လည်သုံးသပ်ရန် အချိန်ယူသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်လိုအပ်ချက်ရှိနေသည့် မည်သည့်နယ်ပယ်ကိုမဆို ခွဲခြားသိရှိနိုင်ပြီး အချိန်မနှောင်းမီ မှန်ကန်သော ဆောင်ရွက်မှုများကို ပြုလုပ်နိုင်မည်ဖြစ်သည်။
If you have any questions or concerns about your accounting and tax compliance affairs, our experienced accounting and tax team are available to help. We are well-versed in providing outsourced book-keeping and financial reporting services to support new or existing businesses, and in helping our clients to navigate the sometimes opaque tax compliance practices in Myanmar. If you would like to discuss how Calibre can support the accounting and tax compliance processes of your business, please feel free to reach out to our Managing Director and head of our accounting and tax practice, Gracy Sui Len Tial, at [email protected].
စာရင်းအင်းများနှင့် အခွန်စည်းကြပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သင့်တွင် မေးခွန်းများ သို့မဟုတ် စိုးရိမ်စရာကိစ္စရပ်များရှိပါက၊ ကျွန်ုပ်တို့၏ အတွေ့အကြုံရှိ စာရင်းကိုင်နှင့် အခွန်အဖွဲ့မှ အကူအညီများ ရယူနိုင်ပါသည်။ လုပ်ငန်းအသစ်များ သို့မဟုတ် ရှိပြီးသားလုပ်ငန်းများကို ပံ့ပိုးပေးနိုင်ရန်အတွက် ပြင်ပမှ စာရင်းအင်းပြုစုခြင်းနှင့် ငွေကြေးအစီရင်ခံခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပြုလုပ်ပေးခြင်း နှင့် တစ်ခါတစ်ရံတွင်မရှင်းမလင်းဖြစ်စေနိုင်သည့် မြန်မာနိုင်ငံတွင်ကျင့်သုံးနေသော အခွန်ဆိုင်ရာ လိုက်နာမှုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ဖောက်သည်များကို အကူအညီများပေးရာတွင် ကျွန်ုပ်တို့သည် ကျွမ်းကျင်ပါးနပ်ပါသည်။ Calibre သည် သင့်လုပ်ငန်း၏ စာရင်းအင်းများနှင့် အခွန်လိုက်နာမှုဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မည်ကဲ့သို့ကူညီပံ့ပိုးပေးနိုင်သည်ကို ဆွေးနွေးလိုပါက၊ ကျွန်ုပ်တို့၏ မန်နေးဂျင်းဒါရိုက်တာနှင့် ကျွန်ုပ်တို့၏စာရင်းကိုင်နှင့် အခွန်အကောက်ဆိုင်ရာ ခေါင်းဆောင် Gracy Sui Len Tial [email protected] ထံသို့ ကျေးဇူးပြု၍ ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။
Please feel free to join our Myanmar legal, regulatory and investment news channel via the following links:
Telegram:
https://t.me/+mL6NJuOHGXU1OGZl
Viber
https://invite.viber.com/?g2=AQAhsfKKeyRFp1CSk%2F4map2ukgqGcDUJjDApuv2qWV1RecRoD54Z4gt4PiJv0SGj