21/05/2024
လောကမှာ
အမြတ်မထုတ်သင့်ဘူးဆိုတဲ့လူသပ်သပ်ရှိတယ်
ဒီလူ့ကိုငါကူညီပေးရမယ်
မဖြစ်မနေလုပ်ပေးရမယ် (လုပ်ကိုလုပ်ပေးရမယ်)
ဒါမျိုးလူဆိုတာသပ်သပ်ရှိတယ်
လူအပေါ်မှာလည်းမူတည်တယ်
ခင်မင်ခဲ့တဲ့သက်တမ်းအပေါ်မှာလည်းမူတည်သလို
သူကိုယ့်အပေါ်ပြုခဲ့ဖူးတဲ့ကျေးဇူးအပေါ်မှာလည်းမူတည်တယ်
တခြားသောပတ်သတ်ဆက်နွယ်မှုတွေနဲ့လည်း
သက်ဆိုင်သေးတယ်
အဲဒါတွေအပေါ်မူတည်ပြီး
အလကားကူညီသင့်ရင်ကူညီရတယ်
အချိန်ပေးသင့်ပေးရတယ်
အကြံပေးသင့်ရင်ပေးရတယ်
လူအင်အားစိုက်သင့်ရင် စိုက်ရတယ်
အဲလိုမှမဟုတ်ဘဲ
ဘယ်လိုလူမျိုးကိုမဆို
ပိုက်ဆံမရရင် မလုပ်ပေးနိုင်ဘူး
ကိုယ့်အိတ်ထဲကမစိုက်နိုင်ဘူး အချိန်မပေးနိုင်ဘူး
ဘာအကျိုးအမြတ်မှမရဘဲ မလုပ်ပေးနိုင်ဘူးဆိုတဲ့
လူတန်းစားတစ်မျိုးလည်း ရှိသေးတယ်။
ချိန်ခွင်ကိုင်ထားသလိုပေါ့
"ငါ့ဘက်ကိုသာမှ ငါလုပ်ပေးနိုင်မယ်"ဆိုတဲ့အတွေးနဲ့
အသက်ရှင်နေတဲ့သူတွေလည်း ရှိတယ်။
ဒီလိုလူမျိုးအတွက်
အပေါင်းအသင်းမိတ်ဆွေကောင်း ပတ်ဝန်းကျင်ကောင်း နဲ့ ရင်းနှီးရတဲ့လူရင်းဆိုတာ ဘယ်တော့မှရှိလာမှာမဟုတ်ဘူး
ဘာဖြစ်လို့လဲဆိုတော့
တစ်ခုခုရမှလုပ်တတ်တဲ့ "ကြေးစား" မို့လို့ပဲ။
🄲🅁🄳 : Min Yel Kyaw Swar