Data package selling by Yukino II

Data package selling by Yukino II Netflix,Spotify, Disney, Prime, Crunchyroll,youtube premium,နဲ့ vpnတွေရဲ့official subscriptions​​ေတွကို စျေးသက်သက်သာနဲ့ဝယ်ယူနိုင်ပါတယ်

28/07/2023
သင်္ကြန်ပိတ်ရက်မှာ အိမ်တွင်းအောင်းမယ့်ကာကာတွေအတွက် Nt_ဖလခ်မှာကြည့်လို့ရမယ့်ဇာတ်ကားကောင်းလေးအချို့ကိုဖော်ပြပေးလိုက်ပါတယ်🍿...
13/04/2023

သင်္ကြန်ပိတ်ရက်မှာ အိမ်တွင်းအောင်းမယ့်ကာကာတွေအတွက် Nt_ဖလခ်မှာကြည့်လို့ရမယ့်ဇာတ်ကားကောင်းလေးအချို့ကိုဖော်ပြပေးလိုက်ပါတယ်🍿🎬

updated prices^^admin tu tu pr pl naw✨and most importantly,regular/old customer tway twt lal discount layy twy shi pr tl
01/04/2023

updated prices^^
admin tu tu pr pl naw✨
and most importantly,regular/old customer tway twt lal discount layy twy shi pr tl

OMG! OH MY GIRL (Thai Movie)လူနှစ်ယောက်ရဲ့ပထမဆုံးတွေ့ဆုံမှုတွေမှာအရေးအကြီးဆုံးက နေရာမှန် အချိန်မှန် Timing ကိုက်ဖို့ကအရေ...
25/03/2023

OMG! OH MY GIRL (Thai Movie)

လူနှစ်ယောက်ရဲ့ပထမဆုံးတွေ့ဆုံမှုတွေမှာအရေးအကြီးဆုံးက နေရာမှန် အချိန်မှန် Timing ကိုက်ဖို့ကအရေးအကြီးဆုံးပဲတဲ့။
မှားယွင်းတဲ့တွေ့ဆုံမှုကြောင့်
ကံကြမ္မာကကျီစားလိုက်ရင်တော့ ဘဝတစ်လျှောက်လုံးအလွဲလွဲအချော်ချော်ဖြစ်နေတော့မှာပါဘဲ

ဒီmovieလေးမှာတော့
Guy ဆိုတဲ့ကောင်လေးက June ဆိုတဲ့ကောင်မလေးကို အမှတ်မထင်မတော်တဆတွေ့ဆုံမှုမှာတင် သဘောကျသွားခဲ့ပါတယ်
June မှာကရုပ်ချောတဲ့ကောင်မလေးမို့ သဘောကျနေကြတဲ့ကောင်လေးတွေအများကြီးရှိတယ်။
Guy ကတော့ June တစ်ယောက်တည်းအပေါ်မှာပဲသူ့ခံစားချက်တွေကိုမြုပ်နှံရင်းဖွင့်ပြောဖို့တွန့်ဆုတ်နေတဲ့အချိန်မှာ
Guy ရဲ့သူငယ်ချင်းဖြစ်သူPhing က လက်ဦးမှုရယူသွားလို့ June နဲ့ရည်းစားတွေဖြစ်သွားခဲ့ကြပါရော ။

Guy နဲ့ June ကတော့ သူငယ်ချင်းဆိုတဲ့စက်ကွင်းထဲကိုအော်တိုရောကိရှိသွားတာပေါ့လေ
အချိန်တွေကြာလာတော့ Guy မှာလည်း Petty ဆိုတဲ့ရည်းစားလေးရှိလာခဲ့သလို
အချိန်ကြာမြင့်လာတဲ့Phing နဲ့ June တို့ရဲ့သမီးရည်းစားသက်တမ်းကလည်းအဖုအထစ်တွေနဲ့ဖြစ်လာခဲ့ပါတော့တယ်။

Guy က သူ့ကောင်မလေးနဲ့ပြတ်ပြီး June ကိုဖွင့်ပြောဖို့ဆုံးဖြတ်ပေမယ့် သူရဲကောင်းဟာ သူငယ်ချင်းဆိုတဲ့စကားနဲ့ယုံကြည်မှုကိုအလွဲသုံးစားဖြစ်မှာစိုးတံ့စိတ်နဲ့ ဖွင့်မပြောလိုက်ရပြန်ပါဘူး။
အဲ့ဒါနဲ့ပဲ June ဟာနောက်တစ်ယောက်
လက်ထဲပါသွားပြန်ရော။

စက်ဝိုင်းလိုလည်နေတဲ့သူရဲကောင်းGuy ရဲ့အချစ်ရေးဟာ ကြည့်နေရတဲ့ကျနော်တို့ကိုပါအားမလိုအားမရဖြစ်စေပါတယ်
ကံကြမ္မာကသူ့ကိုလှည့်စားနေတယ် မျက်နှာသာမပေးဆိုတဲ့စိတ်နဲ့Guy တစ်ယောက်သူ့ရဲ့အချစ်ဦးကိုလက်လျော့လိုက်ရမလားတွေဝေနေခဲ့တာပေါ့
နောက်ဆုံးမှာသူရဲကောင်းဟာJune ကိုပိုင်ဆိုင်လိုက်ရလား သူ့အတွေးနဲ့သူပဲကျန်ရစ်ဖြစ်နေမလားကတော့ Oh My Girl ဆိုတဲ့ Thai Movie လေးက်ုနတ်_ပလစ် profileလေးadminတို့ဆီဝယ်ပီးကြည့်ရှုလို့ရပါတယ်

Rom-Com movie ဆိုတဲ့အတိုင်းဟာသလေးတွေလည်းရောနှောထားသလို အဓိကpoint out ချင်တာတော့ Thai ရုပ်ရှင်တွေရဲ့ အများကြီးတိုးတက်လာတဲ့ cinematography တွေပါ။
ဒီကား​လေးဟာ
တော်တော်လေးကို aesthetically pleasing ဖြစ်စေတဲ့ ရုပ်ရှင်တစ်ကားလေးမို့မကြည့်ရသေးရင်ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါဘဲလို့✨

''The Pale Blue Eye''မင်းသားကြီးChristian Bale ရဲ့ The Pale Blue Eye ရုပ်ရှင်ဇာတ်ကားကြီးဟာ နတ်_ဖ”လစ်ကို January 6 ရက်​ေန...
27/02/2023

''The Pale Blue Eye''

မင်းသားကြီးChristian Bale ရဲ့ The Pale Blue Eye ရုပ်ရှင်ဇာတ်ကားကြီးဟာ
နတ်_ဖ”လစ်ကို January 6 ရက်​ေနေ့မှာရောက်ရှိခဲ့ပါတယ်
Platform ပေါ်ရောက်ရောက်ချင်းမှာပဲ Movie Rating မှာ Glass Onion :A Knives Out Mystery ကိုကျော်တက်ပြီး Top 1 နေရာကိုရောက်ရှိခဲ့တဲ့ထိအောင်မြင်ခဲ့ပါတယ်

ဒီဇာတ်လမ်းမှာဆိုရင်
Christian Bale ဟာ Augustus Landor လို့ခေါ်တဲ့ အငြိမ်းစားစုံထောက်တစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇနီးကိုဆုံးရူံးထားရသလို
သမီးကိုလည်းပျောက်ဆုံးထားရတဲ့သူ့အတွက် နာကျင်မှုတွေကိုအရက်နဲ့​ဖျောက်ဖျက်ဖို့ကြိုးစားပီးရှင်သန်နေရတာပါ

movieရဲ့ဇာတ်အိမ်​ကိုတော့
1830 ခုနှစ်ရဲ့ နယူးယောက်ခ့် အမေရိကန်စစ်တပ်အတွင်းက လူသတ်မှုတစ်ခုကို အခြေခံထားပါတယ်

ဖြတ်ထိုးဉာဏ်​ကောင်းမွန်ပီးစုံထောက်ပညာမှာထူးချွန်တဲ့Augustus Landorတစ်​ယောက်ဒီ
လူသတ်မှုကြီးရဲနောက်ကွယ်ကရူပ်ထွေးမှုတွေကိုဘယ်လိုထုတ်ဖော်စုံစမ်းသွားမလဲ ဆိုတာကိုThe pale blue eyeမှာ ဇာတ်လမ်းအသွားအလာအေးအေးလေးနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်

ဒီဇာတ်ကားဟာ 2006 တုန်းက ထုတ်ဝေခဲ့တဲ့ စာရေးဆရာ Louis Bayard ရဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပီး​ေတာ့Period drama ဖြစ်တဲ့အလျှောက် dark ဖြစ်တဲ့ cinematography တွေက်ိုလည်းမြင်တွေ့ကြရမှာဖြစ်ပါတယ်
Character တွေများတဲ့အလျှောက် ဇာတ်ကောင်တစ်ခုနဲ့တစ်ခုကြားက ဆက်နွယ်မှုကလည်း ဇာတ်လမ်းကိုအများကြီးပံ့ပိုးပေးထားတယ်လို့မြင်ပါတယ်။
Twists and Turns တွေနဲ့ Thriller,Mystery ဇာတ်ကားကောင်းတစ်ကောင်းကို တကယ်လိုက်ဖက်တဲ့Cast တွေနဲ့ရိုက်ကူးထားတာမလို့
နှစ်နာရီအချိန်ပေးရတာ တန်ပါတယ်

​ဒီလိုနောက်ဆုံးထွက်ရုပ်ရှင်ကားကောင်းတွေကို
UltraHD resolutionနဲ့ကြည့်ဖို့နတ်_ပလစ်accountလေးတွေဝယ်ယူချင်တယ်ဆိုရင်တော့adminတို့ရဲ့Yukino page/telegramလေးမှာစျေးသက်သက်သာသာနဲ့လာရောက်ဝယ်ယူလို့ရပါတယ်^^
telegram:
https://t.me/Yukino_Premium

"ဒီလက်စားချေတုံ့ပြန်မှုကြီးပြီးသွားရင် မင်းဘဝလည်း အဆုံးစွန်ထိ စုတ်ပြတ်ပျက်စီးသွားမှာဘဲ”Dec 30တုန်းကထွက်ခဲ့တဲ့ဒီ''The glo...
25/02/2023

"ဒီလက်စားချေတုံ့ပြန်မှုကြီးပြီးသွားရင် မင်းဘဝလည်း အဆုံးစွန်ထိ စုတ်ပြတ်ပျက်စီးသွားမှာဘဲ”

Dec 30တုန်းကထွက်ခဲ့တဲ့ဒီ''The glory'' seriesလေးကတော့
မင်းသမီးကြီးSong HyeKyoရဲ့ comeback drama seriesလေးပါ။
ပုံမှန်ကြည့်ဖူးနေကြ Korea typical revenge theme drama တွေထဲကနေ ခွဲထွက်ပြီး တစ်မူထူးခြားတဲ့ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ ပရိသတ်ကိုဆွဲဆောင်နိုင်မယ့်ဇာတ်ကားမျိုးဖြစ်ပါမယ်ဆိုပြီး ဒါရိုက်တာနဲ့စာရေးဆရာမတို့ကတော့ညွှန်းဆိုထားပါတယ်။

ဇာတ်လမ်းအကျဉ်းပြောရရင်တော့ အထက်တန်းကျောင်းသူဘဝမှာ ကျောင်းတွင်းအကြမ်းဖက်နှိပ်စက်ခံခဲ့ရတဲ့ကျောင်းသူလေးရဲ့ 16နှစ်ကြာရေးဆွဲခဲ့တဲ့လက်စားချေမှုကြီးအကြောင်းကိုကြည့်ရှုကြရမှာပါ

သူ့ကိုနှိပ်စက်ခဲ့တဲ့သူရဲ့သားသမီးကို ဆရာမပြန်လုပ်ပေးဖို့အကြောင်းဖန်လာတဲ့အခါ သူမဘယ်လိုနည်းလမ်းတွေသုံးပြီးလက်စားချေတုံပြန်မှာလဲ။
ဆင်းရဲ ချမ်းသာ ကွာဟမှုကြီးလွန်းလှတဲ့
ကိုရီးယားလူနေမှုပတ်ဝန်းကျင်ရဲ့စည်းမျဉ်းတွေကြားမှာ သူမလက်စားချေမှုကရော အထမြောက်ပါ့မလား။
စတဲ့မေးခွန်းပေါင်းများစွာနဲ့ ရင်ခုန်စွာကြည့်ရမယ့်ဇာတ်လမ်းတွဲတစ်ခုဖြစ်မှာပါ။
တွဲဖက်မင်းသားအနေနဲ့ကတော့ Sweet Home,Youth Of May တို့နဲ့ အရမ်းနာမည်ကြီးခဲ့တဲ့ မင်းသားLee Do Hyun ပဲဖြစ်ပါတယ်။

Premium Show ကြည့်ပြီးသွားတဲ့ ပရိသတ်တွေကတော့ “ဇာတ်လမ်းတွဲကြည့်နေရတာနဲ့မတူပဲ ရုပ်ရှင်ကြည့်နေရသလိုပါပဲ”လို့ပြောကြပါတယ်
ဒီလိုfeedbackကောင်းတွေရရှိခဲ့တဲ့ The Glory ကို
Netflix မှာ အပိုင်း8 ပိုင်းပါဝင်တဲ့season 1
အနေနဲ့dec 30တုန်းကထုတ်လွှင့်ခဲ့ပါတယ်
Season 2 ကိုတော့2023March မှာ ထုတ်လွှင့်သွားမယ်လို့ပြောပါတယ်

ဒီလိုရုပ်ရှင်ကားကောင်းတွေကိုကြည့်ဖို့
နက်_ဖ’လစ် profile accountလေးတွေဝယ်ယူချင်တယ်ဆိုရင်တော့adminတို့ရဲ့Yukino page/telegramလေးမှာစျေးသက်သက်သာသာနဲ့လာရောက်ဝယ်ယူလို့ရပါတယ်^^

Telegram-
https://t.me/Yukino_Premium

Happy new year guysEnjoy yr candy🍀check first cmt for pww
31/12/2022

Happy new year guys
Enjoy yr candy🍀
check first cmt for pww

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

Merry christmass guyss🌲Christmas ပိတ်ရက်ညမှာ အိမ်မှာပဲနေပြီးအနားယူမယ့်သူတွေအတွက်  နက်'ဖလစ် ရဲ့ လောလောလတ်လတ်ထွက်ရှိထားတဲ့...
25/12/2022

Merry christmass guyss🌲
Christmas ပိတ်ရက်ညမှာ အိမ်မှာပဲနေပြီးအနားယူမယ့်သူတွေအတွက် နက်'ဖလစ် ရဲ့ လောလောလတ်လတ်ထွက်ရှိထားတဲ့ Christmas Criteria Romantic Comedy Movie လေးတွေကို ညွှန်းပေးလိုက်ပါတယ်။

1.Falling For Christmas
- ဒီmovieအတွက် ရင်ခုန်စရာအကောင်းဆုံးကတော့ LindsayLohanရဲ့ Jingle Bell သီချင်းဆိုလိုက်တဲ့အချိန်လို့ပြောရမှာပါ
Mean Girls ကိုပြန်ပီးအမှတ်ရသွားမယ့်အချိန်လေးပေါ့
အရမ်းချမ်းသာတဲ့ uptown lady တစ်ယောက်က မတော်တဆမှုကြောင့်ရေခဲတောင်ပေါ်ကချော်ကျ အတ်ိတ်မေ့သွားပြီး old lounge ပိုင်ရှင် single father တစ်ယောက်နဲ့ တွေ့ဆုံကြတဲ့ခါ
ဘာတွေဆက်​​ပြီးဖြစ်လာလဲကိုဒီဇာတ်ကား​လေးမှာ
ကြည့်ရှုကြရမှာပါ
Plot line က နည်းနည်းရိုးပေမယ့် တစ်ကားလုံးမှာ Christmas Vibeအပြည့်ပါပီးတော့ cinematography အတွက်တော့ လုံးဝက်ိုကြည့်သင့်တဲ့ Christmasဇာတ်ကား​ကောင်းလေးပါ

2.The Noel’s Diary
- မိသားစုပြဿနာကြောင့်တစ်ယောက်တည်း အထီးကျန်စွာနေထိုင်ကြီးပြင်းလာတဲ့ Best-seller စာရေးဆရာတစ်ယောက်နဲ့ မိခင်အရင်းက်ိုလိုက်လံရှာဖွေဖို့အတွက် စုံစမ်းနေတဲ့ ကောင်မလေးတို့ဟာ မထင်မှတ်ပဲတွေ့ဆုံကြဖို့အကြောင်းဖန်လာပါတော့တယ်
စာရေးဆရာလေးဆီမှာကောင်မလေးမိခင်ရဲ့Diaryစာအုပ်လေးရှိနေတဲ့အခါ ဘာတွေဆက်ဖြစ်ကြမှာလဲ ၊
သူတို့နှစ်ယောက်ကရောဘယ်လိုနီးစပ်သွားမလဲဆိုတာကို
ရင်ခုန်စရာscene လေးတွေအနေနဲ့
နဲ့ခံစားကြည့်ရူရမှာပါ။

3.Christmas With You
- ဒီဇာတ်ကားကတော့ screenကနေနှစ်အကြာကြီးပျောက်နေတဲ့ Scooby-Doo မင်းသားကြီး Freddie Prinze Jr ရဲ့ lead role အဖြစ် rom-com movie comeback ဆိုလည်းမမှားပါဘူး
Pop star တစ်ယောက်ဖြစ်တဲ့ Angelinaဟာ သူမရဲ့ career ကိုdevelopဖြစ်ဖို့အတွက်လမ်းစပျောက်နေတဲ့အခါ ခဏတာအနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်
အဲ့အချိန်မှာ social mediaကနေ သူမရဲ့သီချင်းကိုcover​ပြန်​ဆိုထားတဲ့ ပရိသတ်လေးက သူမကိုတွေ့ဖို့ကသူ့အိမ်မက်ပါပဲလို့ပြောလာကိုတွေ့သွားတဲ့အခါ သူမရဲ့ပရိသတ်ကို surprise လုပ်ဖို့ဆိုပြီး မြို့ငယ်လေးစီကိုရောက်လာခဲ့တယ်
ဒါပေမယ့် မြို့ငယ်လေးမှာAngelinaဟာ သူမရဲ့အနုပညာလမ်းကြောင်းကိုပြန်လည်သုံးသပ်ဖို့အတွက်လမ်းစလေးတွေ့ခဲ့တဲ့အပြင် အချစ်စစ်နဲ့တွေ့ဆုံဖို့​ရော ကံတရားကမျက်နှာသာပေးခဲ့တဲ့အခါ Angelina ဘယ်လိုဆုံးဖြတ်မလဲ။
movieလေးမှာ Christmas decor တွေအပြင် soundtrack တွေအမျာကြီးကိုလည်းနားထောင်ရမှာပါ

ဒီကားလေးတွေဟာChristmasညမှာ
တစ်ယောက်တည်းပဲကြည့်ကြည့်၊မိသားစုနဲ့ပဲကြည့်ကြည့်၊ရည်းစားလေးနဲ့ပဲကြည့်ကြည့် အဆင်ပြေမယ့် Rom-Com Movie လေးတွေမို့ Christmas Holiday အတွက် to be watching listထဲထည့်ထားလိုက်လို့ရပါပြီ။🎄

Profile Accountလေးတွေဝယ်ယူချင်တယ်ဆိုရင်​ေတာAdminတို့pageလေးမှာစျေးသက်သက်သာသာနဲ့ဝယ်ယူလိူ့ရပါတယ်^^

2နှစ်ကျော် အချိန်ယူခဲ့တဲ့Alice In Borderland Season 2 ကDecember 22မှာ ထွက်ရှိလို့လာခဲ့ပါပြီSeason 1 မှာမပြီးဆုံးခဲ့တဲ့ S...
24/12/2022

2နှစ်ကျော် အချိန်ယူခဲ့တဲ့Alice In Borderland Season 2 ကDecember 22မှာ ထွက်ရှိလို့လာခဲ့ပါပြီ

Season 1 မှာမပြီးဆုံးခဲ့တဲ့ Survival Game တွေကိုဒီseason2မှာArisuနဲ့Usagiတို့ဘယ်လိုဆက်ပြီးsurviveဖြစ်အောင်ကစားကြမလဲဆိုတာဆက်လက်ကြည့်ရှုကြရမှာပါ
ကစားရမှာတွေကတော့
Survival, The King of Spades ၊
Osmosis, The King of Clubs ၊
Solitary Confinement, The Jack of Hearts၊
Boiling Death, The Seven of Spades၊
Checkmate, The Queen of Spades၊
Balance Scale, The King of Diamonds၊
Target, The Queen of Clubs၊
Croquet, The Queen of Hearts ဆိုပြီး ဖဲချပ်အကြီးတွေပေါ်မူတည်ပြီးအမည်ရှိတဲ့
Game 8 မျိုးပါ။

အခုseasonမှာဇာတ်ကောင်အသစ်တွေ
လည်းအများကြီးပါလာတဲ့အပြင်
ကြည့်ရတာလည်းပိုပြီးမြိုင်လာပါတယ်။
Female character တွေရဲ့ season လို့တောင်ပြောလို့ရအောင်ဘဲactress တွေရဲ့chemistry, teamwork တွေကတကယ်ကိုကြည့်လို့ကောင်းပါတယ်

Season 1 လောက်တော့ climax ရောက်တာအရမ်းမမြန်ဘူးလို့ထင်ရပေမယ့် S1 ထက်မလျှော့တဲ့ cinematography နဲ့CGI ကောင်းကောင်းတွေကိုကြည့်လိုက်ရတယ်လို့ထင်ပါတယ်။

အသက်မသေအောင်ဆော့ရတဲ့ဂိမ်းတွေ အတွက်ရင်ခုန်စရာကောင်းတဲ့အပြင် emotional scene တွေကိုလည်းမပါ မဖြစ်ထည့်ထားသေးတာမို့ ကြည့်နေရင်းမျက်ရည်လည်ရဦးမှာပါ
ဘယ်သူတွေက ဘယ်လိုအသက်ပေးကြဦးလဲ။နောက်ဆုံးမှာဘယ်သူတွေကရှင်ကျန်ရစ်မလဲ။Game ထဲကနေရော ဘယ်သူက အန္တရာယ်ကင်းကင်းထွက်သွားနိုင်မလဲ။ တကယ့်ကမ္ဘာကိုရောပြန်ရောက်နိုင်ကြမလား ဆိုတာ သိချင်ရင်တော့total episode 8ခုအနေနဲ့နကဖလစ်မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်

ကြည့်ဖို့Profile Accountလေးတွေဝယ်ချင်တယ်ဆိုရင်လည်း a dminတို့ pageလေးမှာစျေးသက်သက်သာသာနဲ့ဝယ်ယူလို့ရပါတယ်^^

Stranger Things ကို စံချိန်ချိုးခဲ့တဲ့ Wednesday က တကယ်ရော Worth To Watch ဖြစ်ရဲ့လား?November 23ရက်နေ့ကထွက်ရှိခဲ့တဲ့Wedn...
18/12/2022

Stranger Things ကို စံချိန်ချိုးခဲ့တဲ့ Wednesday က တကယ်ရော Worth To Watch ဖြစ်ရဲ့လား?

November 23ရက်နေ့ကထွက်ရှိခဲ့တဲ့
Wednesday Series ဟာ တစ်ပတ်အတွင်းကြည့်ရူသူနှုန်း 341.2 Millions ရှိခဲ့ပြီး
Stranger Things Series ရဲ့ စံချိန်ကိုကျော်ခဲ့ပါတယ်။
နာမည်ကျော်The Addams Family ရဲ့ ရုပ်ရှင်တွေ ဇာတ်ကားတွေကြည့်ဖူးကြတဲ့သူရှိမှာပါ။Wednesday Series ဟာ Addams Family Franchise Animation/Movie/Film တွေရဲ့ ပရိသတ်တွေအတွက် anticipated အဖြစ်ဆုံးseriesဆိုရင်လည်းမမှားပါဘူး။
ဒီSeriesမှာဆိုရင်တော့Addams Familyရဲ့ သမီးဖြစ်သူWednesday Addams ရဲ့အကြောင်းကို အဓိက ဇာတ်ကောင်အဖြစ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

Synopsis ပြောရမယ်ဆိုရင် wednesdayအနေနဲ့သာမန်လူတွေနဲ့အတူတက်တဲ့ကျောင်းမှာ မောင်ဖြစ်သူအတွက်လက်စားချေရာမှ ပြစ်မှုကျူးလွန်မိလို့ ကျောင်းထုတ်ခံလိုက်ရပီးoutcastဖြစ်နေတဲ့ကလေးတွေချည်းစုနေတဲ့ Nevermoreဆိုတဲ့ကျောင်းတော်ကြီးကိုရောက်ရှိလာပါတော့တယ်
nevermoreမှာတွေ့ကြုံရတဲ့ပြဿနာတွေက်ုwednesdayအနေနဲ့ဘလိုကျော်ဖြတ်မလဲ။
လွန်ခဲ့တဲ့25နှစ် ကတည်းက သူမတို့မိသားစုအပေါ်မှာရှိနေတဲ့ supernatural mysteryတွေရယ်ကိုကော သူမအနေနဲ့ psychic abilityတွေသံုးပီးဘယ်လိုဖြေရှင်းသွားမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရူရမှာပဲဖြစ်ပါတယ်။

ဒီseriesမှာဆိုရင်အသက်၂၀အရွယ် မင်းသမီးလေး Henna Ortega က Wednesday Addams အဖြစ်သရုပ်ဆောင်ထားပါတယ်။Wednesday ရဲ့ အပြုံးအရယ်မရှိတဲ့မျက်နှာကို Jenna က nailed it ဖြစ်နေအောင်သရုပ်ဆောင်နိုင်တာမို့ အများကြီးဇာတ်ကိုဆွဲခေါ်သွားနိုင်ပါတယ်။Wednesday ရဲ့သူငယ်ချင်းသမန်းဝံပုလွေမလေးဖြစ်တဲ့ Enid Einclair အဖြစ် Emma Myers က သရုပ်ဆောင်ထားပါတယ်။Wednesday နဲ့ Enid ရဲ့ chemistry ဟာလည်း တကယ်ကိုသဘောကျစရာကောင်းပါတယ်။ဒါ့အပြင် Wednesday ရဲ့ Dark,Gothic dress တွေဟာလည်း ပရိသတ်ကို eye catching ဖြစ်စေခဲ့တဲ့တစ်ချက်ဆိုရင်လည်းမမှားပါဘူး။

Addams Family ရဲ့ old character တွေ AF fan တွေနဲ့ familiar ဖြစ်တဲ့ character တွေဖြစ်တဲ့Morticia, Gomez, Pugsly, Lurch and Uncle Fester တို့ကိုလည်းပြန်လည်မြင်တွေ့ရဦးမှာပါ။ 21 century ရဲ့ mystery ,fantasy,supernatural teenage drama တစ်ခုကို supporting casts တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရူရတာဟာ အရသာပါ။
Addams Family Franchise တွေရဲ့ ပုံစံ
အတိုင်းcomedy -horror genre အဖြစ်ဖန်တီးထားတဲ့ supernatural mystery ဆန်ဆန်seriesတစ်ခုက်ို အချိန်ပေးကြည့်ရူရတာတန်တယ်လို့တော့ထင်ပါတယ်။

Total အပိုင်း8ခုအနေနဲ့ completed seriesအဖြစ် ထွက်ရှိထားပြီးနတ်_ဖလစ်မှာကြည့်လို့ရနိုင်ပီးတော့
ကြည့်ရှုဖို့Profile Accountလေးတွေဝယ်ချင်တယ်ဆိုရင်လည်း adminတို့ pageလေးမှာစျေးသက်သက်သာသာနဲ့ဝယ်ယူလို့ရပါတယ်^^

Helloo guyss!!adminဒီကြားထဲနယ်ဘက်ရောက်ပီးmessageပို့ရတာမပြေတာနဲတော်တော်activeမဖြစ်ဘူးဖြစ်သွားတယ်။adminဘာမှမတင်တာတောင်အမြ...
17/12/2022

Helloo guyss!!
adminဒီကြားထဲနယ်ဘက်ရောက်ပီးmessageပို့ရတာမပြေတာနဲတော်တော်activeမဖြစ်ဘူးဖြစ်သွားတယ်။

adminဘာမှမတင်တာတောင်အမြဲလာအားပေးနေတဲ့ကာကာတွေလည်းတကယ်ကျေးဇူးများကြီးတင်ရသလို အားလည်းတကယ်နာပါတယ်
တချို့ရက်တွေဆိုမနက်ပိုင်းမေးထားကိုညဘက်လောက်မှဖြေနိင်တာမျိုးတွေ၊အရမ်းကြာလည်းစောင့်ပီးဝယ်ပေးကြတဲ့တွက်လည်းကျေးဇူးတကယ်တင်ပါတယ်
ဒါကြောင့်မို့လည်းဒေါ်လာစျေးတွေတက်တာတောင်လုံးဝစျေးမပြောင်းဘဲရောင်းပေးထားတာပါ

အရင်ဒီကြားထဲadminဆီဝယ်ဖူးတဲ့customerတွေကိုလည်းသေသေချာချာmsgပို့ပီးတစ်ဦးချင်းဆီစျေးလေးတွေရယ်
ကျေးဇူးတင်တဲ့နေနဲ့discountလေးတွေရယ်လိုက်ပို့ဖို့လည်းကြိုးစားနေပါတယ်

အရင်လိုဘဲနm်ဖ’လစ်နဲ့စပေါ်တီ’ဖို£: (asia region)official
planတွေကိုစျေးအသက်သာဆုံးဖြစ်အောင်ရောင်းပေးမှာမလို့ယုံယုံကြည်ကြည်ဝယ်လို့ရပါတယ်လို့^^

Hello November gw winner list လေးပါနည်းနည်းနောက်ကျသွားတာsryပါနော်Cbမှာလာပြောပေးကြပါဦး💕
06/12/2021

Hello November gw winner list လေးပါ
နည်းနည်းနောက်ကျသွားတာsryပါနော်
Cbမှာလာပြောပေးကြပါဦး💕

Address

Yangon

Telephone

+959979634387

Website

Alerts

Be the first to know and let us send you an email when Data package selling by Yukino II posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share