Cosmos Solution & Services

Cosmos Solution & Services Professional ERP Training for Coporate Organizations and Individuals

လုပ်ငန်းတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ အရောင်းပိုင်းကို ပိုမိုစနစ်ကျပြီး ထိရောက်အောင်မြင်အောင် ဘယ်လိုလုပ်ဆောင်မလဲ? 🤔လုပ်ငန်း...
28/08/2025

လုပ်ငန်းတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ အရောင်းပိုင်းကို ပိုမိုစနစ်ကျပြီး ထိရောက်အောင်မြင်အောင် ဘယ်လိုလုပ်ဆောင်မလဲ? 🤔

လုပ်ငန်းတော်တော်များများမှာ အရောင်းပိုင်းဟာ အရေးကြီးဆုံးဖြစ်ပေမယ့်၊ စာရွက်စာတမ်းတွေနဲ့ Manual လုပ်ဆောင်ရတဲ့ အလုပ်တွေကြောင့် အချိန်ကုန်၊ လူပင်ပန်းပြီး အမှားအယွင်းတွေ ဖြစ်နိုင်ခြေများပါတယ်။

ဒါတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်တာကတော့ Odoo Sales Management Module ပါပဲ။ ✨

Odoo Sales Module က သင့်လုပ်ငန်းကို ဘယ်လိုကူညီပေးနိုင်မလဲ?

✅ Quotation တွေကို လွယ်ကူမြန်ဆန်စွာရေးဆွဲနိုင်ခြင်း Professional ကျတဲ့ Quotation တွေကို မိနစ်ပိုင်းအတွင်း အလွယ်တကူရေးဆွဲနိုင်ပြီး Customer ဆီကို တိုက်ရိုက် Email ပို့ပေးနိုင်ပါတယ်။

✅ ကလစ်တစ်ချက်နဲ့ Sales Order ပြောင်းလဲခြင်း Customer က Quotation ကို လက်ခံလိုက်တာနဲ့ ကလစ်တစ်ချက်နှိပ်ရုံဖြင့် Sales Order အဖြစ် အလိုအလျောက်ပြောင်းလဲပေးနိုင်လို့ Data တွေကို နှစ်ခါပြန်ရိုက်ထည့်စရာမလိုတော့ပါဘူး။

✅ Inventory, Accounting နဲ့ ချိတ်ဆက်မှု Sales Order တစ်ခုပြုလုပ်လိုက်တာနဲ့ ကုန်ပစ္စည်းအရေအတွက်ကို Inventory Module ထဲမှာ အလိုအလျောက်ချိန်ညှိပေးပြီး၊ ငွေစာရင်းကို Accounting Module ထဲမှာ ချောမွေ့စွာချိတ်ဆက်ပေးပါတယ်။

✅ အရောင်း Report များကို Real-time ကြည့်နိုင်ခြင်း ဘယ် Product က အရောင်းရဆုံးလဲ? ဘယ် Salesperson က Target ပြည့်မီသလဲ? စတဲ့ အချက်အလက်တွေကို Dashboard မှာ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်လို့ လုပ်ငန်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်စေပါတယ်။

✅ Customer အချက်အလက်များကို တစ်နေရာတည်းမှာ စုစည်းပေးခြင်း Customer တွေရဲ့ ဆက်သွယ်ရန်အချက်အလက်၊ ဝယ်ယူမှုမှတ်တမ်းစတာတွေကို တစ်နေရာတည်းမှာ စနစ်တကျသိမ်းဆည်းပေးထားလို့ Customer Relationship ကို ပိုမိုကောင်းမွန်စေပါတယ်။

Odoo Sales Module ကို အသုံးပြုခြင်းအားဖြင့် ကိုယ့်လုပ်ငန်းရဲ့ အရောင်းဝန်ထမ်းတွေဟာ Manual အလုပ်တွေကနေ သက်သာပြီး Customer နဲ့ ဆက်ဆံရေးကောင်းတွေတည်ဆောက်ဖိုနဲ့ အရောင်းမြှင့်တင်ဖို့ကိုပဲ အချိန်အပြည့်အဝပေးနိုင်မှာဖြစ်ပါတယ်။

Odoo နဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုတာများရှိရင် Page Messenger ဒါမှမဟုတ် Comment မှာ မေးမြန်းနိုင်ပါတယ်ရှင်။

SME လုပ်ငန်းတွေအတွက် Customer တွေကို ဘယ်လို စနစ်တကျ စီမံခန့်ခွဲမလဲ? 🤔Online Shop, အလှကုန်ဆိုင် ဒါမှမဟုတ် Marketing Agenc...
12/08/2025

SME လုပ်ငန်းတွေအတွက် Customer တွေကို ဘယ်လို စနစ်တကျ စီမံခန့်ခွဲမလဲ? 🤔

Online Shop, အလှကုန်ဆိုင် ဒါမှမဟုတ် Marketing Agency လုပ်ငန်းလေးတစ်ခုခု ပိုင်ဆိုင်ထားပါသလား? ကိုယ့်ရဲ့ Customer စာရင်းတွေ၊ သူတို့နဲ့ ပြောထားတဲ့စကားတွေ၊ မှာယူထားတဲ့ Order တွေ... အားလုံးကို စာအုပ်ထဲမှာလိုက်မှတ်၊ Excel ဖိုင်တွေထဲမှာ ရှုပ်ယှက်ခတ်အောင် သိမ်းထားရလို့ ခေါင်းကိုက်နေပြီလား? 🤯

ဒီပြဿနာတွေကို ဖြေရှင်းပေးမယ့် နည်းလမ်းကောင်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ 𝐂𝐑𝐌 (𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧𝐬𝐡𝐢𝐩 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭) စနစ်ကို အသုံးပြုတာပါပဲ။

💡 𝐂𝐑𝐌 ဆိုတာဘာလဲ? 𝐂𝐑𝐌 ဆိုတာက ကိုယ့်ရဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ပြောဆိုဆက်ဆံမှုတွေ၊ အရောင်းအဝယ်မှတ်တမ်းတွေကို တစ်နေရာတည်းမှာ စနစ်တကျ စုစည်းပေးထားတဲ့ 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐒𝐲𝐬𝐭𝐞𝐦 တစ်ခုပါ။ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ လုပ်ငန်းရဲ့ အရောင်းပိုင်းကို တိုးတက်လာစေဖို့ အဓိကကူညီပေးပါတယ်။

🌟 ဘာကြောင့် Odoo CRM ကို သုံးသင့်လဲ? Odoo ဆိုတာ စီးပွားရေး လုပ်ငန်းတွေအတွက် Application မျိုးစုံကို တစ်နေရာတည်းမှာ ပေါင်းစည်းပေးထားတဲ့ Software ဖြစ်ပြီး သူ့ရဲ့ CRM Module က SME လုပ်ငန်းတွေအတွက် အလွန်အသုံးဝင်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ငွေကုန်ကြေးကျနည်းစွာနဲ့ စတင်အသုံးပြုနိုင်တာပါပဲ။

Odoo CRM က သင့်လုပ်ငန်းကို ဘယ်လိုကူညီပေးနိုင်မလဲ?

𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 အချက်အလက်တွေကို တစ်နေရာတည်းမှာသိမ်းမယ်:
Customer ရဲ့ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာကစလို့ သူတို့ဘာတွေဝယ်ဖူးတယ်၊ ဘာကိုစိတ်ဝင်စားတယ်ဆိုတာအထိ မှတ်ထားနိုင်ပါတယ်။

အရောင်းအဆင့်ဆင့်ကို ရှင်းရှင်းလင်းလင်းမြင်ရမယ်:
စုံစမ်းမေးမြန်းတဲ့အဆင့် (New) ကနေ၊ စျေးနှုန်းပြောထားတဲ့အဆင့် (Quotation Sent)၊ အော်ဒါအတည်ပြုတဲ့အဆင့် (Won) အထိ Pipeline နဲ့ စနစ်တကျ ကြည့်နိုင်ပါတယ်။

𝐅𝐨𝐥𝐥𝐨𝐰-𝐮𝐩 တွေ မမေ့တော့ဘူး:
Customer တစ်ယောက်ကို ဘယ်နေ့ပြန်ဆက်သွယ်ရမယ်ဆိုတာမျိုးကို Task တွေအနေနဲ့ မှတ်ထားပြီး Reminder တွေလုပ်ထားနိုင်ပါတယ်။

𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 အတွက် အထောက်အကူဖြစ်စေတယ်:
Customer တွေရဲ့ မွေးနေ့မှာ Promotion Message ပို့တာ၊ ပစ္စည်းအသစ်ထွက်ရင် အရင်ဝယ်ဖူးသူတွေကို အရင်အသိပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။

𝐋𝐞𝐚𝐝 တွေကို စနစ်တကျ စီမံခန့်ခွဲနိုင်မယ်:
Client အသစ်ဖြစ်လာနိုင်တဲ့သူတွေ (Leads) ကို ဘယ်ကရတယ်၊ ဘာတွေဆွေးနွေးထားတယ်ဆိုတာ မှတ်တမ်းတင်နိုင်ပါတယ်။

𝐂𝐥𝐢𝐞𝐧𝐭 နဲ့ ဆက်သွယ်မှုတွေကို မှတ်တမ်းတင်နိုင်တယ်:
Client တစ်ယောက်ချင်းစီနဲ့ ဘယ်အချိန်က ဖုန်းပြောထားတယ်၊ Email ပို့ထားတယ်၊ Meeting လုပ်ထားတယ်ဆိုတာတွေ အလွယ်တကူပြန်ကြည့်နိုင်ပါတယ်။

လုပ်ငန်းဆောင်ရွက်မှုတွေကို အချိန်နဲ့တပြေးညီသိနိုင်တယ်:
ကိုယ့် Team က Client တွေရဲ့ Project တွေကို ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ အလွယ်တကူ ခြေရာခံနိုင် (Track) နိုင်ပါတယ်။

စာအုပ်တွေ၊ Excel ဖိုင်တွေနဲ့ အချိန်ကုန်နေမယ့်အစား၊ ကိုယ့်ရဲ့ Customer တွေကို Odoo CRM လို ကောင်းမွန်တဲ့ စနစ်တစ်ခုနဲ့ စီမံခန့်ခွဲပြီး လုပ်ငန်းကို နောက်တစ်ဆင့်တက်လှမ်းလိုက်ပါ။ 💪

💬 Odoo CRM နဲ့ပတ်သက်ပြီး ဘာတွေထပ်သိချင်လဲ? Comment မှာ မေးမြန်းနိုင်သလို၊ ကိုယ့်လိုပဲ လုပ်ငန်းလုပ်ကိုင်နေတဲ့ မိတ်ဆွေတွေကိုလည်း ဒီ Post လေးကို Share လုပ်ပေးဖို့ မမေ့နဲ့နော်။

Hello Hello!မတွေ့ရတာကြာပြီနော်။ 👋Cosmos Solution & Services page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ စီးပွားရ...
10/08/2025

Hello Hello!

မတွေ့ရတာကြာပြီနော်။ 👋

Cosmos Solution & Services page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတစ်ခေါက်မှာတော့ စီးပွားရေး လုပ်ငန်းငယ်တွေအတွက် အသုံးဝင်မယ့် Odoo ERP modules တွေအကြောင်း၊ လုပ်ငန်းအတွက် အသုံးဝင်မယ့် Tips လေးတွေနဲ့ တခြားစိတ်ဝင်စားစရာ အကြောင်းအရာတွေကို ပုံမှန်မျှဝေပေးသွားတော့မှာပါ။ 🚀

မကြာခင်မှာ ပထမဆုံး sharing post ကိုတင်တော့မှာမို့ Page လေးကို Like & Follow လုပ်ပြီး စောင့်ကြည့်ဖို့မမေ့နဲ့နော်။ 😉

𝐎𝐝𝐨𝐨 𝐄𝐑𝐏 သင်တန်းလေး ဘယ်တော့ပြန်ဖွင့်မလဲ မေးမေးနေကြတဲ့ သူတွေအတွက် 𝐎𝐝𝐨𝐨 𝐄𝐑𝐏 𝐁𝐚𝐬𝐢𝐜 𝐂𝐨𝐮𝐫𝐬𝐞 လေးပြန်ဖွင့်ပါပြီနော် 🥳🥳𝐎𝐝𝐨𝐨 𝐄𝐑𝐏 ...
16/06/2024

𝐎𝐝𝐨𝐨 𝐄𝐑𝐏 သင်တန်းလေး ဘယ်တော့ပြန်ဖွင့်မလဲ မေးမေးနေကြတဲ့ သူတွေအတွက် 𝐎𝐝𝐨𝐨 𝐄𝐑𝐏 𝐁𝐚𝐬𝐢𝐜 𝐂𝐨𝐮𝐫𝐬𝐞 လေးပြန်ဖွင့်ပါပြီနော် 🥳🥳

𝐎𝐝𝐨𝐨 𝐄𝐑𝐏 နဲ့ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေသူတွေ နဲ့ လုပ်ငန်းခွင်ထဲမှာ 𝐎𝐝𝐨𝐨 𝐄𝐑𝐏 ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုလိုတတ်သူတွေ အတွက် 𝐎𝐝𝐨𝐨 𝐄𝐑𝐏 𝐁𝐚𝐬𝐢𝐜 𝐂𝐨𝐮𝐫𝐬𝐞 လေးကို ပြန်ဖွင့်ပေးမယ်နော်။

အခုလို နည်းပညာတွေတိုးတက်လာတဲ့ ခေတ်ထဲမှာ လုပ်ငန်းတော်တော်များများမှာလဲ ERP Software တွေကို အသုံးပြုလာကြပြီ ဖြစ်လို့ ERP Software ကို ကျွမ်းကျင်စွာအသုံးပြုတတ်ခြင်းက လုပ်ငန်းခွင်ဝင်ဖို့ လိုအပ်တဲ့ အရည်အချင်းတစ်ခုဖြစ်လာပါပြီ။

ဒါကြောင့်မလို့ 𝐎𝐝𝐨𝐨 𝐄𝐑𝐏 နဲ့ ပတ်သတ်ပြီး လုပ်ငန်းအတွေ့အကြုံ အများအပြား ရှိတဲ့ ERP Expert ကနေ စနစ်တကျ လေ့ကျင့်သင်ကြားပေးမှာဖြစ်လို့ 𝐎𝐝𝐨𝐨 𝐄𝐑𝐏 ကို အခုမှ စတင်လေ့လာနေသူများနဲ့ လုပ်ငန်းခွင်မှာ ERP အသုံးပြုရာမှာ အခက်အခဲရှိနေသူတွေအတွက် အထူးသင့်လျော်တဲ့ သင်တန်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်နော်။

ဒီသင်တန်းလေးမှာ ဆိုရင် 𝐎𝐝𝐨𝐨 𝐄𝐑𝐏 ကို စတင်အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ အခြေခံ Configuration တွေကနေစပြီး လုပ်ငန်းခွင်မှာလိုအပ်တဲ့ Transactions တွေကို ကျွမ်းကျင်ပိုင်နိုင်စွာသွင်းနိုင်အောင်အထိ သင်ကြားပေးမှာပဲဖြစ်ပါတယ်။ ဒီသင်တန်းလေးကို ဘယ်သူတွေတတ်ရောက်သင့်လဲဆိုရင်

👉 𝐄𝐑𝐏 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭 / 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐧𝐚𝐥𝐲𝐬𝐭 အနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေသူတွေ

👉 လုပ်ငန်းခွင်မှာ ERP software အသုံးပြုထားပြီး ERP ကို ပိုမိုသိရှိအောင် လေ့လာချင်သူတွေ

👉 လုပ်ငန်းခွင်မှာ ERP software အသုံးပြုထားပြီး Report ပိုင်းတွေမှာ အခက်အခဲ ရှိလို့ အသေးစိတ် Transactions တွေကို ပိုင်ပိုင်နိုင်နိုင် စစ်ဆေးလိုသူတွေ

👉 Accounting အပိုင်းနဲ့ လုပ်ငန်းခွင်ဝင်ပြီး ကိုယ့်ရဲ့ Skill ကိုနောက်တစ်ဆင့်ထပ်မံ မြှင့်ချင်တဲ့သူတွေ

👉 ERP ကို စိတ်ဝင်စားပြီး လေ့လာနေသူတွေ

👉 ကိုယ်ပိုင်လုပ်ငန်းအတွက် ERP Software အသုံးပြုဖို့ ရည်ရွယ်ထားပြီး ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ကိုက်ညီနိုင်မလား သိလိုသူတွေအတွက် အထူးပဲသင့်လျှော်တဲ့ သင်တန်းလေးပဲဖြစ်ပါတယ်။

𝐁𝐚𝐬𝐢𝐜 𝐎𝐝𝐨𝐨 𝐄𝐑𝐏 𝐜𝐨𝐮𝐫𝐬𝐞 လေးကို 𝟐𝟎𝐭𝐡 𝐉𝐮𝐥 𝟐𝟎𝟐𝟒 ကနေစပြီးဖွင့်ပေးမှာ ဖြစ်ပေးပါတယ်။ အတန်းချိန်ကတော့အပတ်စဉ် 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 & 𝐒𝐮𝐧𝐝𝐚𝐲 (𝟔 𝐏𝐌 - 𝟕:𝟑𝟎 𝐏𝐌) ဖြစ်ပြီး သင်တန်းကြာချိန်ကတော့ 1 လ ကြာမြင့်မှာဖြစ်ပါတယ်။ Zoom ကနေ သင်ကြားပေးမှာဖြစ်တဲ့ အတွက် သင်တန်းတက်ဖို့ အချိန်အများကြီး မပေးနိုင်တဲ့ သူတွေအတွက်အဆင်ပြေစေပါတယ်။ ဒီ Course လေးကဆိုရင်တော့ 𝐎𝐝𝐨𝐨 𝐄𝐑𝐏 ရဲ့ အခြေခံကနေစပြီး လုပ်ငန်း Process တွေ အားလုံး တတ်ကျွမ်းပြီး Report ပိုင်ပိုင်နိုင်နိုင် ကြည့်တတ်တဲ့ အထိသင်ကြားပေးမှာပဲဖြစ်ပါတယ် ။ သင်တန်းကြေးကတော့ ၂၀၀,၀၀၀ ကျပ်ပဲဖြစ်ပါတယ်။

သင်တန်းရဲ့ အသေးစိတ်သိချင်ရင်တော့ မင်မင်တို့ Chat Box ကိုလာခဲ့နော်။ ပထမဆုံး သင်တန်းအပ်တဲ့ 2 ယောက်ကတော့ 𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 အနေနဲ့ သင်တန်းကြေး ၁၇၀,၀၀၀ နဲ့ တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ ကဲ ဒီ course လေးကို တက်ချင်တယ်ဆိုရင်တော့ လူဦးရေ ကန့်သတ်ထားတာမလို့ Promotion လေးလဲ လက်မလွတ်လိုက်ရအောင် အောက်က 👇 Form လေးမှာဖြည့်ပြီး အမြန်ဆုံး သင်တန်းအပ်လိုက်ကြရအောင်နော် ❤

https://shorturl.at/UeNt4



အားလုံးပဲ မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ 𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐎𝐝𝐨𝐨 𝐄𝐑𝐏 𝐅𝐫𝐞𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 လေးကို တက်ရောက်ခွင့်ရတဲ့ လူစာရင်းလေးကိုကြေင...
06/04/2024

အားလုံးပဲ မင်္ဂလာပါရှင်။

ဒီနေ့မှာတော့ 𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐎𝐝𝐨𝐨 𝐄𝐑𝐏 𝐅𝐫𝐞𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 လေးကို တက်ရောက်ခွင့်ရတဲ့ လူစာရင်းလေးကိုကြေငြာပေးမှာပဲ ဖြစ်ပါတယ်။ Free Training Registration ကိုလဲ အခုအချိန်ကစပြီး ပိတ်လိုက်ပါပြီ။ တက်ရောက်ခွင့်ရတဲ့ သူတွေကိုတော့ Training Info လေးကို email ကနေ တဆင့်ပို့ပေးပြီးပြီပဲဖြစ်ပါတယ်။

1. Ark
2. Ruth
3. Khin Moe Thu
4. Hnin Hnin
5. Saw Wai Lin
6. Si Thu Heinn

အားလုံးစောင့်မျှော်နေတဲ့ 𝐎𝐝𝐨𝐨 𝐄𝐑𝐏 𝐁𝐚𝐬𝐢𝐜 𝐂𝐨𝐮𝐫𝐬𝐞 လေး လာပါပြီ...ကိုယ့်လုပ်ငန်းခွင်မှာ Odoo ERP ကို လက်ရှိအသုံးပြုနေသူများနဲ...
01/04/2024

အားလုံးစောင့်မျှော်နေတဲ့ 𝐎𝐝𝐨𝐨 𝐄𝐑𝐏 𝐁𝐚𝐬𝐢𝐜 𝐂𝐨𝐮𝐫𝐬𝐞 လေး လာပါပြီ...

ကိုယ့်လုပ်ငန်းခွင်မှာ Odoo ERP ကို လက်ရှိအသုံးပြုနေသူများနဲ့ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေသူများအတွက် 𝐎𝐝𝐨𝐨 𝐄𝐑𝐏 𝐁𝐚𝐬𝐢𝐜 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 လေးကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါပြီနော်

သင်တန်းပိတ်ထားတဲ့ကာလအတွင်းမှာ စိတ်ဝင်တစား သတိတရနဲ့ ခဏ ခဏ လာရောက်မေးမြန်းပေးကြလို့လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်

အခုလို နည်းပညာတွေတိုးတက်လာတဲ့ ခေတ်ထဲမှာ 𝐒𝐌𝐄 လုပ်ငန်းတော်တော်များများမှာလဲ 𝐄𝐑𝐏 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 တွေကို အသုံးပြုလာကြပြီ ဖြစ်လို့ 𝐄𝐑𝐏 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 ကို ကျွမ်းကျင်စွာအသုံးပြုတတ်ခြင်းက လုပ်ငန်းခွင်ဝင်ဖို့ လိုအပ်တဲ့ အရည်အချင်းတစ်ခုဖြစ်လာနေပါပြီ။

ဒါကြောင့်မလို့ 𝐎𝐝𝐨𝐨 𝐄𝐑𝐏 နဲ့ ပတ်သတ်ပြီး လုပ်ငန်းအတွေ့အကြုံ အများအပြား ရှိတဲ့ 𝐄𝐑𝐏 𝐄𝐱𝐩𝐞𝐫𝐭 ကနေ စနစ်တကျ လေ့ကျင့်သင်ကြားပေးမှာဖြစ်လို့ Odoo ERP ကို အခုမှ စတင်လေ့လာနေသူများနဲ့ လုပ်ငန်းခွင်မှာ ERP အသုံးပြုရာမှာ အခက်အခဲရှိနေသူတွေအတွက် အထူးသင့်လျော်တဲ့ သင်တန်းပဲ ဖြစ်ပါတယ်။

ဒီသင်တန်းလေးမှာ ဆိုရင် Odoo ERP ကို စတင်အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ အခြေခံ Configuration တွေကနေစပြီး လုပ်ငန်းခွင်မှာလိုအပ်တဲ့ Transactions တွေကို ကျွမ်းကျင်ပိုင်နိုင်စွာသွင်းနိုင်အောင်အထိ သင်ကြားပေးမှာပဲဖြစ်ပါတယ်။ ဒီသင်တန်းလေးကို ဘယ်သူတွေတတ်ရောက်သင့်လဲဆိုရင်

👉 ERP Consultant အနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေသူတွေ
👉 လုပ်ငန်းခွင်မှာ ERP software အသုံးပြုထားပြီး ERP ကို ပိုမိုသိရှိအောင် လေ့လာချင်သူတွေ
👉 လုပ်ငန်းခွင်မှာ ERP software အသုံးပြုထားပြီး Report ပိုင်းတွေမှာ အခက်အခဲ ရှိလို့ အသေးစိတ် Transactions တွေကို ပိုင်ပိုင်နိုင်နိုင် စစ်ဆေးလိုသူတွေ
👉 Accounting အပိုင်းနဲ့ လုပ်ငန်းခွင်ဝင်ပြီး ကိုယ့်ရဲ့ Skill ကိုနောက်တစ်ဆင့်ထပ်မံ မြှင့်ချင်တဲ့သူတွေ
👉 ERP ကို စိတ်ဝင်စားပြီး လေ့လာနေသူတွေ
👉 ကိုယ်ပိုင်လုပ်ငန်းအတွက် ERP Software အသုံးပြုဖို့ ရည်ရွယ်ထားပြီး ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ကိုက်ညီနိုင်မလား သိလိုသူတွေ ဆိုရင် တွေဝေမနေဘဲ အခုပဲ စာရင်းပေးသွင်းလိုက်ပါတော့နော်

SME လုပ်ငန်းတွေမှာ အသုံးများတဲ့ Odoo ERP ရဲ့ 𝐈𝐧𝐯𝐞𝐧𝐭𝐨𝐫𝐲, 𝐏𝐮𝐫𝐜𝐡𝐚𝐬𝐞, 𝐒𝐚𝐥𝐞𝐬, 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 တို့ကို အခြေခံကနေစပြီး လုပ်ငန်း Process တွေ အားလုံး တတ်ကျွမ်းပြီး Report ပိုင်ပိုင်နိုင်နိုင် ကြည့်တတ်တဲ့ အထိသင်ကြားပေးမယ့်အပြင် အပိုထပ်ဆောင်းအနေနဲ့ အခုနောက်ပိုင်း အရမ်းအသုံးများလာတဲ့ 𝐏𝐨𝐢𝐧𝐭 𝐨𝐟 𝐒𝐚𝐥𝐞 (𝐏𝐎𝐒) ကိုလည်း 𝐎𝐯𝐞𝐫𝐯𝐢𝐞𝐰 ရှင်းပြပေးဦးမှာပဲ ဖြစ်ပါတယ်။ Cosmos ရဲ့သင်တန်းတက်ဖူးသူများဆို စေတနာနဲ့ သေသေချာချာလေး ရှင်းပြပေးပြီး မေးခွန်းများကိုလည်း သေချာဖြေဆိုပေးလေ့ရှိတယ်ဆိုတာ သိကြမှာပါနော်...

Odoo ERP Basic Course လေးကို 𝟐𝟕𝐭𝐡 𝐀𝐩𝐫𝐢𝐥 ကနေ စပြီး ဖွင့်လှစ်သွားမှာပဲ ဖြစ်ပါတယ်။အတန်းချိန်ကတော့ အပတ်စဉ် Saturday and Sunday ကို 𝟔:𝟑𝟎 𝐏𝐌 to 𝟖:𝟎𝟎 𝐏𝐌 ဖြစ်ပြီး (၁) လ ကြာမြင့်မှာပဲ ဖြစ်ပါတယ်။ သင်တန်းကြေးကတော့ ၂၀၀,၀၀၀ ကျပ်ပဲဖြစ်ပါတယ်။

အသေးစိတ် စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ မင်မင်တို့ Chat Box ကို အချိန်မရွေး လာခဲ့နော်...

သင်တန်းအပ်တဲ့ ပထမဆုံး (၃) ယောက်ကိုတော့ Early Bird အနေနဲ့ သင်တန်းကြေး ၁၇၀,၀၀၀ ကျပ် တည်း နဲ့တက်ရောက်နိုင်မယ့် Promotion လေးလည်း ရှိသေးတာမို့ လက်မလွတ်လိုက်ရအောင် အောက်က 👇 Form လေးမှာဖြည့်ပြီး အမြန်ဆုံး သင်တန်းအပ်လိုက်ကြရအောင်နော် ♥️
𝐡𝐭𝐭𝐩𝐬://𝐬𝐡𝐨𝐫𝐭𝐮𝐫𝐥.𝐚𝐭/𝐚𝐞𝐫𝐄𝟎




Edit - Training Registration လေး ပိတ်လိုက်ပါပြီနော် ==================================ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလ...
30/03/2024

Edit - Training Registration လေး ပိတ်လိုက်ပါပြီနော်

==================================

ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုကောင်းမွန်စေဖို့အတွက် ရည်ရွယ်ပြီး 𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐎𝐝𝐨𝐨 𝐄𝐑𝐏 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐅𝐑𝐄𝐄) သင်တန်းလေး ပြန်လည်ဖွင့်လှစ်လိုက်ပါပြီနော် 🥳🥳

ပြည်တွင်းပြည်ပ ဘယ်မှာပဲဖြစ်ဖြစ် အလုပ်အကိုင်ရှာဖွေတဲ့အခါ 𝐄𝐑𝐏 ဟာဘာလဲ ဘယ်လိုမျိုးလဲဆိုတာကို သိထားမယ်ဆိုရင် လုပ်ငန်းခွင်ဝင်ဖို့ အခွင့်အလမ်း အများကြီး ပိုမိုကောင်းမွန်လာစေမှာဖြစ်လို့ 𝐎𝐝𝐨𝐨 𝐄𝐑𝐏 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ကို အခမဲ့တက်ကြမယ်...

𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐎𝐝𝐨𝐨 𝐄𝐑𝐏 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐅𝐑𝐄𝐄) လေးမှာ ပါမယ့်အကြောင်းအရာတွေကတော့
👉 ERP ဆိုတာဘာလဲ
👉 Odoo ဆိုတာဘာလဲ (Overview of Odoo ERP)
👉 ERP or Odoo ကို ဘယ်လို လုပ်ငန်း နေရာတွေမှာ အသုံးပြုတာလဲ
👉 Odoo ERP ဘယ်လိုမျိုး အလုပ်လုပ်လဲ အခြား ERP တွေနဲ့ ဘာကွာခြားလဲ
👉 Odoo ERP ကို စတင်အသုံးပြုဖို့ ဘာတွေလိုအပ်လဲ

Training လေးကိုတော့ အားလုံးတက်လို့ အဆင်ပြေအောင် ပိတ်ရက်ဖြစ်တဲ့ 𝐒𝐮𝐧𝐝𝐚𝐲 လေးရွေးထားပါတယ်။ 𝟎𝟕𝐭𝐡 𝐀𝐩𝐫𝐢𝐥 𝟐𝟎𝟐𝟒 (𝐒𝐮𝐧𝐝𝐚𝐲) နေ့လည် 2 နာရီကနေ 3 နာရီအထိဖြစ်ပါတယ်
Free Training ဆိုပေမယ့် တက်ရောက်မယ့်သူတွေကို သေသေချာချာလေး ပို့ချပေးချင်တာမို့ လူဦးရေ ကန့်သတ်ထားပါတယ်နော်။ သင်တန်းတက်ရောက်ချင်တယ်ဆိုရင်တော့

1. Cosmos Solution and Services Page နဲ့ ဒီ Post လေးကို Like လေးလုပ်ထားပေးရမယ်။
2. ဒီ Post လေးကို သူငယ်ချင်းတွေလဲ သိသွားအောင် Public လေးနဲ့ Share ပေးထားရမယ်။
3. ပြီးရင်‎တော့ Share ထားတာလေးကို SS ရိုက်ပြီး comment လေးမှာ မန့်ပေးနော်။
4. အားလုံးပြီးရင်တော့ ဒီအောက်က form လေးမှာ ဖြည့်ပေးပြီး သင်တန်းတက်ခွင့်လေးကို ရယူလိုက်ကြအောင်နော်။

https://shorturl.at/alpDN

အပေါ်က အချက်အလက်လေးတွေ အားလုံးပြည့်စုံတဲ့ သူတွေထဲကမှ အယောက် (၅၀) ကတော့ free training လေးကို တက်ရောက်ခွင့် ရမှာပဲဖြစ်ပါတယ်။

မင်မင်တို့ဘက်က တကယ်ကို စေတနာအပြည့်နဲ့ သေချာလေး training လုပ်ပေးမှာမလို့ အမှန်တကယ်တက်ရောက်နိုင်မှသာ Form လေးကိုဖြည့်ပေးစေချင်ပါတယ်။ ကိုယ်တက်ခွင့်ရသွားပြီး တကယ် မတက်ဖြစ်လိုက်တဲ့အခါ အခြားတကယ်တက်ချင်တဲ့ လူတွေအတွက် နစ်နာစေနိုင်လို့ပါနော်

ကဲ ဒါဆို free training လေး တက်ခွင့်ရဖို့ အခုပဲ Post လေးကို Share ပြီး Form လေး ဖြည့်လိုက်ကြရအောင်နော်




Hello again! အားလုံးပဲ မင်္ဂလာပါရှင့် 🤩Cosmos ရဲ့ POS software (၇) ရက်တာစမ်းသပ်အသုံးပြုခွင့်လေး program လေး ပြန်လာပြီနော...
23/03/2024

Hello again!

အားလုံးပဲ မင်္ဂလာပါရှင့် 🤩

Cosmos ရဲ့ POS software (၇) ရက်တာစမ်းသပ်အသုံးပြုခွင့်လေး program လေး ပြန်လာပြီနော်

February လတုန်းက မိတ်ဆက်ပေးခဲ့တဲ့ ဒီ program လေးကို POS Software ရှာဖွေနေသူတွေနဲ့ စမ်းသပ်အသုံးပြုချင်သူတွေ အများအပြား ဆက်သွယ်စုံစမ်းပေးခဲ့ကြပြီး အသုံးပြုခွင့် မရလိုက်ကြသူများအတွက် Cosmos Solution Services ကနေ ထပ်မံစီစဉ်ပေးလိုက်ပါပြီရှင့်...

POS software ဆိုတာ ဘာလဲ သိချင်သူများနဲ့ 𝐅𝐑𝐄𝐄 စမ်းသပ်အသုံးပြုချင်သူများအတွက် Post အဆုံးထိ ဖတ်ကြည့်သွားပါဦးနော်

=================================

POS ဆိုတာကတော့ Point of Sale System ပဲဖြစ်ပါတယ်။ POS ကို Retail အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ Convenience Store တွေနဲ့ Super Market တွေမှာ customer တွေ ပစ္စည်းဝယ်ယူပြီး ငွေပေးချေတဲ့ အခါမှာ ဝယ်ယူတဲ့ ပစ္စည်းတွေကိုမှတ်တမ်းတင်ပြီး ပြေစာထုတ်ပေးဖို့အတွက် အသုံးပြုကြပါတယ်။

POS တွေဟာ ဘယ်လိုအလုပ်လုပ်လဲဆိုရင် System ထဲမှာ ကိုယ့်ရဲ့ လုပ်ငန်းမှာရောင်းချမယ့် ပစ္စည်းတွေရဲ့ information တွေကို Barcode နဲ့တကွသိမ်းမှတ်ထားပါတယ်။ customer ငွေပေးချေတဲ့အခါ လွယ်ကူလျင်မြန်စွာနဲ့ ပစ္စည်းတွေကို Barcode နဲ့ scan ဖတ်နိုင်ပြီး ပြေစာကိုလည်း လျင်လျင်မြန်မြန် ထုတ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဆိုင်မှာ ဝယ်နေကြ customer များအတွက် point တွေစုပေးပြီး ရလာတဲ့ point တွေနဲ့ ပစ္စည်းတွေ ပြန်ဝယ် (သို့) ပစ္စည်းပြန်လဲပေးလို့ရတဲ့ Loyalty Program တွေလည်းပါရှိပါတယ်။ ဒါ့အပြင် customer တွေက ဆိုင်မှာ ပစ္စည်းလာဝယ်တဲ့အခါ ငွေသားမကိုင်ဆောင်ပဲ ကိုယ့်ရဲ့ဆိုင်က Member card လေးနဲ့ ပစ္စည်းဝယ်လို့ရသလို ကိုယ့်ရဲ့ အသိမိတ်ဆွေတွေကို စျေးဝယ်လို့ရအောင် Gift Card လေးတွေ လက်ဆောင်ပေးလို့ရတဲ့ function များကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

နောက်ထူးခြားတဲ့လုပ်ဆောင်ချက်တစ်ခုကတော့ Promotion အပိုင်းပဲဖြစ်ပါတယ်။ Promotion တွေကို ရက်သတ်မှတ်ပြီး ပြုလုပ်ပေးလို့ရသလို၊ Happy Hour လိုမျိုး သတ်မှတ်ထားတဲ့ နာရီ အပိုင်းအခြားအလိုက် promotion တွေပြုလုပ်နိုင်ပါသေးတယ်။ ကိုယ့်ရဲ့လုပ်ငန်းမှာ ဆိုင်ခွဲများစွာရှိရင် (သို့) ဆိုင်မှာ ငွေရှင်း ကောင်တာ တစ်လုံးထက်ပိုတာမျိုးဆိုရင်လဲ အရောင်းစာရင်းတွေကို တစ်နေရာထဲကနေ ထိန်းချုပ်နိုင်ပြီး reporting ပိုင်းမှာလဲ စုံစုံလင်လင် ကြည့်နိုင်မှာဖြစ်ပါတယ်။

ERP Software ထဲကမှ module တစ်ခုဖြစ်တဲ့အတွက် Inventory, Purchasing, Accounting အစရှိတဲ့ modules တွေနဲ့ ချိတ်ဆက်အလုပ်လုပ်နိုင်တာမလို့ ပစ္စည်းပြတ်လပ်တဲ့ ပြသနာတွေမတွေ့ကြုံနိုင်တော့သလို ၊ financial report တွေထွက်တဲ့အထိအသုံးပြုနိုင်တဲ့အတွက်ကြောင့် System တစ်ခုထဲနဲ့ ကိုယ့်ရဲ့ လုပ်ငန်းကို စနစ်တကျနဲ့ ထိန်းချုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဒါ့အပြင့် Online ရော Offline ရော အသုံးပြုလို့ရတဲ့အတွက်ကြောင့် internet လိုင်းပြတ်တောက်သွားတဲ့အချိန်တွေအတွက်တောင်စိုးရိမ်စရာမလိုတော့ပါဘူးနော်။

==================================

အခုပြောပြသွားတဲ့ POS ကို ကိုယ်တိုင်စမ်းသပ်အသုံးပြုခွင့် (၇)ရက်စာအတွက် ပေးအပ်သွားမှာပဲဖြစ်ပါတယ်။ လုံးဝကို 𝐅𝐑𝐄𝐄 အသုံးပြုနိုင်မှာပါနော်!!

အရင်တစ်ခေါက်မှာ စမ်းသပ်အသုံးပြုချင်သူများပြားခဲ့တဲ့အတွက် ဒီတစ်ခါ Cosmos ကနေ အသုံးပြုခွင့်ကို (၇) ဦးအထိတိုးမြှင့် ပေးအပ်သွားမှာဖြစ်လို့ 𝟓𝐭𝐡 𝐀𝐩𝐫𝐢𝐥 မတိုင်ခင် အမြန်လေး ဆက်သွယ်စုံစမ်းလိုက်တော့နော်

==================================
Call now to 09 254 716 591 (or) send message from Chat box!!
==================================



Fleet Management System 🛺🛺🛺အချိန်နဲ့တစ်ပြေးညီတိုးတက်လာတဲ့ခေတ်ကြီးမှာ မိမိတို့လုပ်ငန်းရှိ ကား Rental Service ပိုင်းနဲ့ပတ်...
11/02/2024

Fleet Management System 🛺🛺🛺

အချိန်နဲ့တစ်ပြေးညီတိုးတက်လာတဲ့ခေတ်ကြီးမှာ မိမိတို့လုပ်ငန်းရှိ ကား Rental Service ပိုင်းနဲ့ပတ်သက်ပီးအကောင်းဆုံး စီမံခန့်ခွဲနိုင်ရန် ERP System ကို Cosmos Solution and Services မှယုံကြည်စွာဝယ်ယူအသုံးပြုခဲ့သော Heaven Mall ကို ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။ 🙏

✅ Cosmos Solution and Services တွင် လူကြီးမင်းတို့လုပ်ငန်းအတွက်လိုအပ်သော ERP Solution and Services များကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေပြီဖြစ်လို့ အခုပဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

☎️ 09 753 789 071



လုပ်ငန်းတော်တော်များများမှာ အသုံးပြုလာကြတဲ့ ERP ဆိုတာက 𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 ပဲဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုကို စနစ်တက...
07/02/2024

လုပ်ငန်းတော်တော်များများမှာ အသုံးပြုလာကြတဲ့ ERP ဆိုတာက 𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 ပဲဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုကို စနစ်တကျ အချိန်နဲ့တပြေးညီသိရှိပီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့အတွက် System တစ်ခုကိုကောင်းကောင်းမွန် အသုံးချတက်ဖို့လိုအပ်ပါတယ်။

အတိုချုပ်ပြောရမယ်ဆိုရင်တော့ စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ Application/Module တွေကို တစ်နေရာထဲမှာ ချိတ်ဆက်ပြီး အသုံးပြုလို့ရတဲ့ စနစ်ကြီးတစ်ခုပဲဖြစ်ပါတယ်။

💥ကိုယ့်ရဲ့ လုပ်ငန်းအတွက် လိုအပ်မယ့် software တွေကို သီးခြားစီသုံးနေစရာမလိုပဲ ERP software တစ်မျိုးထဲနဲ့ လုပ်ငန်းရဲ့ process တွေအားလုံးကို တစ်နေရာထဲကနေ ချိတ်ဆက်ပြီး ထိန်းချုပ်နိုင်မယ့် software တွေပဲ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ပြောရမယ်ဆိုရင် အရောင်းဆိုင်တစ်ဆိုင်ဖွင့်တဲ့ အခါ ERP Software ကိုအသုံးပြုထားမယ်ဆိုရင်
✅ Customer တွေ ပစ္စည်းလာဝယ်တဲ့အခါ ပြေစာထုတ်ပေးဖို့နဲ့ အရောင်းစာရင်းတွေမှတ်ဖို့အတွက် POS System
✅ ပစ္စည်းတွေသိုလှောင်ဖို့နဲ့ အဝယ်တော်အပိုင်းတွေအတွက် Inventory Management နဲ့ Purchase System
✅ အရှုံးအမြတ်စာရင်းတွေအတွက် ဝင်ငွေထွက်ငွေနဲ့ ငွေကြေးပိုင်းဆိုင်ရာတွေမှတ်ဖို့အတွက် Accounting System
✅ ကိုယ့်ရဲ့ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေ၊ လစာပိုင်းတွေနဲ့ ခွင့်ရက်အစရှိတာတွေအတွက် Human Resource Management System အစရှိတဲ့ system တွေ အားလုံးကို တစ်နေရာထဲကနေ ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။

📌လုပ်ငန်းအသေးလေးကနေ စပီး လုပ်ငန်းအကြီးတွေအထိ service ပေးနေတဲ့ 𝐂𝐨𝐬𝐦𝐨𝐬 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 မှာဆိုရင်လည်း ERP system ကိုအကောင်းဆုံး service ပေးနေတာဖြစ်တဲ့အတွက်ကြောင့် အခုပဲဆက်သွယ်စုံစမ်းလိုက်ပါနော်🤝

☎️ 09 963 929 497


အားလုံးပဲ မင်္ဂလာပါရှင့် 🤩Cosmos Business and Solution Services Page လေးကနေ POS software ( ၇) ရက်တာစမ်းသပ်အသုံးပြုခွင့်လ...
01/02/2024

အားလုံးပဲ မင်္ဂလာပါရှင့် 🤩
Cosmos Business and Solution Services Page လေးကနေ POS software ( ၇) ရက်တာစမ်းသပ်အသုံးပြုခွင့်လေးနဲ့အတူပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်။
POS software ဆိုတာဘာလဲ ?
=======
POS ဆိုတာကတော့ Point Of Sale System ပဲဖြစ်ပါတယ်။ POS ကို Retail ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ Convenience Store တွေနဲ့ Super Market တွေမှာ customer တွေ ဝယ်ယူတဲ့ ပစ္စည်းတွေကို ငွေပေးချေတဲ့ အခါမှာ ဝယ်ယူတဲ့ ပစ္စည်းတွေကိုမှတ်တမ်းတင်ပြီး ပြေစာထုတ်ပေးဖို့အတွက် အသုံးပြုကြပါတယ်။ POS တွေဟာ ဘယ်လိုအလုပ်လုပ်လဲဆိုရင် System ထဲမှာ ကိုယ့်ရဲ့ လုပ်ငန်းမှာရောင်းချမယ့် ပစ္စည်းတွေရဲ့ information တွေကို Barcode နဲ့တကွသိမ်းမှတ်ထားပါတယ်။ customer ငွေပေးချေတဲ့အခါ လွယ်ကူလျင်မြန်အောင် ပစ္စည်းတွေကို Barcode နဲ့ scan ဖတ်နိုင်အောင် လုပ်ဆောင်ထားပြီး customer ကို လည်း ပြေစာ လျင်လျင်မြန်မြန် ထုတ်ပေးနိုင်အောင် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဆိုင်မှာ ဝယ်နေကြ customer များအတွက် point တွေစုပေးပြီး ရလာတဲ့ point တွေနဲ့ ပစ္စည်းတွေ ပြန်ဝယ် (သို့) ပစ္စည်းပြန်လဲပေးလို့ရတဲ့ Loyalty Program တွေပါရှိပါတယ်။ ဒါ့အပြင် customer တွေက ဆိုင်မှာ ပစ္စည်းလာဝယ်တဲ့အခါ ငွေသားမကိုင်ဆောင်ပဲ ကိုယ့်ရဲ့ဆိုင်က Member card လေးနဲ့ ပစ္စည်းဝယ်လို့ရသလို ကိုယ့်ရဲ့ အသိမိတ်ဆွေတွေကို စျေးဝယ်လို့ရအောင် Gift Card လေးတွေ လက်ဆောင်ပေးလို့ရတဲ့ System မျိုးတွေပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
နောက်ထူးခြားတဲ့လုပ်ဆောင်ချက်တစ်ခုကဆိုရင် Promotion အပိုင်းပဲဖြစ်ပါတယ်။ Promotion တွေကို ရက်သတ်မှတ်ပြီး ပြုလုပ်ပေးလို့ရသလို၊ Happy Hour လိုမျိုး သတ်မှတ်ထားတဲ့ နာရီ အပိုင်းအခြားလေးနဲ့လဲ promotion တွေပြုလုပ်ပေးလို့ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းမှာ ဆိုင်ခွဲများစွာရှိရင် (သို့) ဆိုင်မှာ ငွေရှင်း ကောင်တာ တစ်လုံးထက်ပိုတာမျိုးဆိုရင်လဲ အရောင်းစာရင်းတွေကို တစ်နေရာထဲကနေ ထိန်းချုပ်နိုင်ပြီး reporting ပိုင်းမှာလဲ စုံစုံလင်လင် ကြည့်နိုင်မှာဖြစ်ပါတယ်။
ERP Software ထဲကမှ module တစ်ခုဖြစ်တဲ့အတွက် Inventory, Purchasing , Accounting အစရှိတဲ့ modules တွေနဲ့ ချိတ်ဆက်အလုပ်လုပ်နိုင်တာမလို့ ပစ္စည်းပြတ်လပ်တဲ့ ပြသနာတွေမတွေ့ကြုံနိုင်တော့သလို ၊ financial report တွေထွက်တဲ့အထိအသုံးပြုနိုင်တဲ့အတွက်ကြောင့် System တစ်ခုထဲနဲ့ ကိုယ့်ရဲ့ လုပ်ငန်းကို စနစ်တကျနဲ့ ထိန်းချုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဒါ့အပြင့် Online ရော Offline ရော အသုံးပြုလို့ရတဲ့အတွက်ကြောင့် internet လိုင်းပြတ်တောက်သွားတဲ့အချိန်တွေအတွက်တောင်စိုးရိမ်စရာမလိုတော့ပါဘူးနော်။🤗
📌အခုပြောပြသွားတဲ့ POS functions တွေကို ကိုယ်တိုင်စမ်းသပ်အသုံးပြုခွင့်(၇)ရက်စာ ဆိုင်ရှင် (၅)ဦးကိုသာ ပေးထားတာဖြစ်တဲ့အတွက်ကြောင့် အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါနော်။

Call Now
☎️ 09 254 716 591



Address

Yangon

Telephone

+959254716591

Website

Alerts

Be the first to know and let us send you an email when Cosmos Solution & Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cosmos Solution & Services:

Share