Hmaw 9

Hmaw 9 All is well. 😉😉😉😉😉

08/11/2025

အိမ်မှာ အလုပ်လာလုပ်ပေးတဲ့မိန်းကလေးကို ကျွန်မက လစဥ် ဆန်တစ်အိတ် ဆီတစ်ပုံးပါ ပေးပါတယ်။ ဆန်တွေ ဆီတွေနဲ့ သူအိမ်ပြန်သွားတဲ့နေ့ဆိုရင် သူ့အိမ်နားဝန်းကျင်က လူတချို့ လာပြီး ဆန်လေးတွေ ဆီလေးတွေ ချေးကြတယ်လို့ ဆိုပါတယ်။ ဘေးအိမ်က အဒေါ်ကြီးက ဆန်နှစ်လုံး ချေးသေးတယ်။ သူ့သမီးဆီက လခရရင် ပြန်ဝယ်ပေးမယ်တဲ့။ အိမ်ရှေ့က အစ်မကြီးက ဆီလေး နှစ်ဇွန်းလောက် ချေးသေးတယ် စသည်ဖြင့် ကျွန်မကို ပြောပြတတ်တယ်။ ဒါပေမဲ့ သူကတော့ ပြန်တောင်းမနေပါဘူး။ ပြန်ပေးမနေနဲ့ဒေါ်ကြီးဆိုပြီး လှူလိုက်တယ် ပေးလိုက်တယ်လို့ ပြောပါတယ်။ ကောင်းလိုက်တာ.. မရှိတဲ့ကြားက လှူဖြစ်နေတာပေါ့လို့ သာဓုခေါ်လိုက်ရပါတယ်။

သူလည်း အဆင်ပြေတယ်မဟုတ်ဘဲ ရုန်းကန်နေရသူပါပဲ။ သူ့အမျိုးသားလည်း အလုပ်မရှိရှာဘူး။ ကလေးနှစ်ယောက်နဲ့ အိမ်ဌားခနဲ့ ရွာက မိဘတွေတစ်ခါတလေ ထောက်ပံ့ရတာနဲ့ တစ်ယောက်တည်း ပတ်ချာလည်ရိုက်နေတယ်။ ဒီထဲကမှ သူရတာလေးတွေကို လျော့သွားမှာ ကုန်သွားမှာ မစိုးဘဲ ပေးတယ်၊ ဝေတယ်ဆိုတာ စိတ်ဓာတ်အားဖြင့် ပြည့်စုံကြွယ်ဝတဲ့ Abundance Mentality ရှိလို့ပဲ ဖြစ်ပါတယ်။

မြန်မာစကားမှာတော့ မရှိလို့မလှူ၊ မလှူလို့မရှိ ဆိုပြီး ပြောကြတယ်။ အင်္ဂလိပ်စကားမှာတော့ Giving is the secret source of Abundance လို့ ဆိုကြတယ်။ Giving ဆိုတာ ပေးကမ်းခြင်းဖြစ်ပြီး Abundance ဆိုတာ ကြွယ်ဝပြည့်စုံခြင်းကို ဆိုလိုပါတယ်။ ပြည့်စုံကြွယ်ဝခြင်းရဲ့ လျှို့ဝှက်ချက်အရင်းအမြစ်ဟာ ပေးကမ်းလှူဒါန်းခြင်းပဲ ဖြစ်ပါသတဲ့။ ပေးလေ ရလေပါပဲ။ Abundance Mentality ဆိုတာက ပြည့်စုံကြွယ်ဝတဲ့ စိတ်ဖြစ်ပါတယ်။ တချို့ဆင်းရဲပေမဲ့ ပေးချင်ကမ်းချင်တဲ့စိတ်ရှိတယ်။ တချို့ချမ်းသာပေမဲ့ ကပ်စေးနဲနေတဲ့သူရှိတယ်။

Abundance Mentality ရဲ့ ဆန့်ကျင်ဘက် Lack Mentality ဆိုတာကိုတော့ တိုရေရှားရေစိတ်ဓာတ်လို့ ပြောရမယ်ထင်ပါတယ်။ Lack Mentality ကို Scarcity Mentality လို့လည်း ပြောကြတယ်။ ပါးရှားတဲ့ စိတ်မျိုးပေါ့။ တစ်ခုခုကို မပေးချင်ဘူး။ ကုန်သွားမှာစိုးတယ်။ ငါ့အတွက်မလောက်ငှဘူး။ မကျန်တော့မှာ စိုးတယ် စသည်ဖြင့် တွေးတောတတ်တဲ့စိတ်ဟာ Lack Mentality ပဲ ဖြစ်ပါတယ်။ Fear Based ကြောက်ရွံ့ခြင်းမှာ အခြေခံတယ်။

ကြောက်နေတော့ Energy တွေ ကျတယ်။ လှူဒါန်းပေးကမ်းခြင်းနဲ့ ပတ်သက်ရင် ငါတော့ သိပ်မလှူတော့ဘူး။ လှူတာများသွားပြီ စုထားတာထဲက လျော့သွားလို့မဖြစ်ဘူး။ တော်ပါပြီလေ။ တစ်ထောင်မလှူတော့ဘူး။ တစ်ရာပဲ လှူတော့မယ်စသည်ဖြင့် ရည်မှန်းထားတဲ့အတိုင်းမဟုတ်ဘဲ လျှော့လှူတာ ကန့်သတ်ချက်တွေနဲ့လှူတာ သံသယတွေနဲ့လှူတာဟာ Lack Mentality ပါပဲ။

တစ်ခါတလေကျတော့လည်း လူတွေမှာ Lack Mentality ကပိတ်ဆို့ကာဆီးနေတတ်ပါတယ်။ ကျွန်မကိုယ်တိုင် ပေးတာ
နဲ့ ပတ်သက်ပြီး စိတ်ထဲကပါသလောက် မလုပ်ဖြစ်ဘဲ လုပ်ခါနီးမှ လျှော့လိုက်တာမျိုးတွေရှိတယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်မကျေနပ်ဘူး။ Limitation အကန့်အသတ်တွေနဲ့ ပေးလိုက်တယ်။ အဲဒီအချိန်တုန်းက ကျွန်မရတဲ့ လာဘ်လာဘတွေဟာလည်း အကန့်အသတ်တွေနဲ့ပဲလာတယ်။

ပိုက်ဆံဆိုတာ မသေသရွေ့ပြန်ရှာလို့ရပါတယ်။ သေသွားရင် ရှာထားသမျှ မလှူလိုက်ရဘူးဖြစ်နေမယ်ဆိုတဲ့ စိတ်နဲ့လှူလာတဲ့အခါ ခုတော့ စိတ်ကပါသလောက် လက်ကရောက်တဲ့ Abundance Mentality ကို ရလာတယ်။ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်စသည်ဖြင့် အထုပ်လေးတွေထည့်ထားပြီး သွားလေရာမှာ လိုအပ်တဲ့သူတွေ ပေး
ပါတယ်။ ဒါကိုသိတဲ့လူတစ်ယောက်က ကျွန်မကို ဆီလေးတစ်ပုလင်းလောက်ပေးပါလို့ တစ်ရက်က ပြောလာတယ်။ သူ့ကို ဆီတစ်ပုလင်းသာမက ဆီတစ်ပုံး၊ ဆန်တစ်အိတ်ပါ ယူသွားပါလို့ ပြည့်စုံအောင်ပေးကမ်းနိုင်တဲ့အတွက် ဝမ်းသာမိတယ်။
စိန်တွေရွှေတွေမပေးနိုင်ပေမဲ့ ဆန်ဆီစားစရာလောက်တော့ပေး
နိုင်တယ်။ အမြဲအသင့်ရှိနေတယ်။ အားရပါးရပဲ ပေးချင်တယ်။ သူများတွေ အားရပါးရ ပေးတာတွေ့ရင်လည်း ဝမ်းသာမိတယ်။

ပိုင်းလော့ဆရာတော်ကြီးကလည်း ပေး
တဲ့အခါ စလယ်ဆုံး ဖြူဖြူစင်စင် ပျော်ပျော်ရွှင်ရွှင် ဖြစ်ရမယ်လို့ဆိုတာ နာဖူးတယ်။ ဒီလိုပေးခွင့်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း အားရှိလာတယ်။ Energy တွေရလာတယ်။ မကုန်သွားဘူး။ ထပ်ရလာဦးမယ်။ ပေးလို့ရသေးတယ်ဆိုတဲ့ ယုံကြည်မှုလည်းပေါ်လာတယ်။ Turst Based ဖြစ်လာပါတယ်။ အများကြီး မချမ်းသာပေမဲ့ မခက်ခဲတော့ဘူး။ လိုချင်တယ်လို့ စိတ်ကဖြစ်ရင် ပေးတဲ့သူပေါ်လာတာတွေလည်း မကြာခဏကြုံရတာ အမှန်ပါပဲ။

Lack Mentality က Negative Energy ဖြစ်တယ်။ Abundance Mentality ကတော့ Positive Energy ဖြစ်တယ်။ Abundance Mentality နဲ့ Lack Mentality ရဲ့ ကွဲပြားခြားနားချက်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Abundance Mentality
(ပြည့်စုံ ကြွယ်ဝသောစိတ်)

🐞ကိုယ့်ဘဝကို ကျေးဇူးတင်တတ်သလို သူများအပေါ်လည်း ကျေးဇူးတင်တတ်တယ်။
🐞အားလုံးအတွက် လုံလောက်ပါတယ်လို့တွေးတယ်။
🐞တခြားသူတွေကို အသိအမှတ်ပြုတယ်။ ဝမ်းသာပေးတယ်။
🐞အခုလက်ရှိဘဝမှာ ရနေတဲ့အရာတွေကို သတိထားမိ မြင်မိတယ်။
🐞Trust Basedယုံကြည်မှုကို အခြေခံထားတယ်။ကောင်းသော စွမ်းအင်တွေကို ပွားလာစေတယ်။
🐞ကိုယ် ဘယ်လိုပေးရမလဲ စဉ်းစားနေတယ်။

Lack Mentality
(တိုတောင်းရှားပါးတဲ့စိတ်)

🐞ကိုယ့်ဘဝကိုရော သူများတွေကိုပါ ကျေးဇူးမတင်တတ်ဘူး။
🐞ဘယ်သူ့အတွက်မှ လုံလုံလောက်လောက်မရှိဘူးလို့ တွေးတယ်။
🐞မနာလိုစိတ်ရှိတယ်။
🐞အခုလက်ရှိဘဝမှာ ရနေတာတွေကို မမြင်တတ်ဘူး။
🐞Feared basedကြောက်ရွံစိတ်ကိုအခြေခံတယ်။
🐞energyကောင်းသောစွမ်းအင်တွေ လျော့ကျသွားစေတယ်။
🐞ကိုယ့်အတွက်ဘာရှိလဲပဲ စဉ်းစားတယ်။

ဒါနပါရမီဖြည့်ဆည်းတဲ့နေရာမှာ ဒီစိတ်နှစ်မျိုးကြောင့် ဘယ်လိုအကျိုးရလဒ်တွေရနိုင်သလဲဆိုတာ သိစေချင်လို့ Lack Mentalityနဲ့ Abundance Mentality အကြောင်းလေးကို ရေးတင်ပေးလိုက်ပါတယ်။

မွန်ဟော်စီ
၂၀၂၁




#မနက်စာအာဟာရ

Peace Be Upon You Peach and blessings of Allah be upon you! 🌷🌷Eid Mubarak to you all! 🌸🌸Eid-ul-Adha 2025!Pray & Wish For...
07/06/2025

Peace Be Upon You
Peach and blessings of Allah be upon you! 🌷🌷
Eid Mubarak to you all! 🌸🌸
Eid-ul-Adha 2025!
Pray & Wish For All 🤲🤲🤲🤲🤲, Many With Love 🤍🤍🤍🤍🤍.
9 🔮🔮🔮🔮🔮

 (တော်မလင်းအရေပြားပြန်လည်ရှင်သန်ရေးဆပ်ပြာ)• အရေးအကြောင်းများလျော့ပါးစေပြီး ချွေးပေါက်များကျဥ်းစေကာ အသားအရေကိုချောမွေ့နူး...
21/01/2025


(တော်မလင်းအရေပြားပြန်လည်ရှင်သန်ရေးဆပ်ပြာ)
• အရေးအကြောင်းများလျော့ပါးစေပြီး ချွေးပေါက်များကျဥ်းစေကာ အသားအရေကိုချောမွေ့နူးညံ့စိုပြေစေ
• အမဲစက်၊ အမာရွတ်များနှင့် ၀က်ခြံများကိုသိသာစွာသက်သာစေပြီး တင်းတိပ်ဖြစ်ခြင်းကိုကာကွယ်ပေး
• အရေပြားဆဲလ်များကိုရှင်သန်စေပြီး သွေးကြောလေးများ၏ လည်ပတ်စီးဆင်းမှုအားကောင်းစေကာ အန္တရာယ်ဖြစ်စေသောဘက်တီးရီးယားများကိုသေစေပြီး ခန္ဓကိုယ်မှချွေးနံ့၊ အနံ့ဆိုးများထွက်ခြင်းကိုသက်သာစေ
• ခေါင်းအစ ​ခြေအဆုံးအသုံးပြုနိုင်၍ ဆံပင်ကျွတ်ခြင်းကင်းဝေးစေ
• အသားပတ်/ခြောက်/ယား/မိတ်ပေါက်ခြင်းသက်သာစေ
💰 ၆-၅-၀-၀ိ/-ကျပ် (တစ်ခဲ 100g)
• ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက်ပို့ခသီးသန့် (အိမ်ရောက်ငွေရှင်း / Cash On Deli-COD) နယ်ငွေကြိုလွှဲပြီး ကားဂိတ်အရောက် ၇ရက်အတွင်းပို့ပေးသည်
• ကိုယ်စားလှယ်ယူလိုသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချလိုသူများ ဆက်သွယ်နိုင်ပါတယ်.....။
🔮🔮🔮🔮🔮 (Online Shop & Business Services)
📱 09981531951
📲 0943198513 (K-Pay)

01/01/2025

Peace Be Upon You


Peace Be Upon You
လုံးစုံများစွာသတ္တဝါအားလုံး ၂၀၂၅နှစ်သစ် ယနေ့မှစ၍ အစစအရာရာ အသစ်များစွာနဲ့ သာယာပျော်ရွှင်ကြပါစေ..... ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်ဟူသော ကပ်ဘေးဆိုးကြီးသုံးပါး၊ ရန်သူမျိုးငါးပါးတို့၏ ဘေးရန်ဆိုးများမှလည်း ကင်းဝေးကြပါစေ..... ဒုက္ခရောက်နေသူအားလုံး ဘေးအပေါင်းမှ လွတ်မြောက်ကြပါစေ..... ကျော်လွှားနိုင်ကြပါစေ..... ငြိမ်းချမ်းတဲ့ဘဝကိုအမြန်ဆုံးရရှိကြပါစေသောဝ်.....။

https://www.facebook.com/profile.php?id=100084619609815&mibextid=ZbWKwL

25/12/2024

Peace Be Upon You
Merry Christmas To You All
Pray & Wish For All 🤲🤲🤲🤲🤲, Many With Love 🤍🤍🤍🤍🤍.

What you feel, you attractသင်ခံစားရတဲ့အရာတွေအတိုင်း..သင်ဆွဲငင်ပါတယ်မိတ်ဆွေမောင်လေးတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက အလွမ်...
20/11/2024

What you feel, you attract
သင်ခံစားရတဲ့အရာတွေအတိုင်း..
သင်ဆွဲငင်ပါတယ်

မိတ်ဆွေမောင်လေးတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက အလွမ်းအဆွေးခံစားချက်ကလေးတွေနဲ့ Feel လို့ကောင်းတဲ့ Feel ပို့စ်လေးတွေ..
ဘာရယ်မဟုတ် Facebook မှာတင်မိတယ်။

ဒီလိုတင်နေရင်းကနေ တကယ်ကို လွမ်းရဆွေးရတဲ့ဘဝကို ရောက်သွားတော့တာပါပဲလို့ ပြောပြပါတယ်။

ကျွန်မကိုယ်တိုင်လည်း တစ်ခါတလေ ဒီလို ကဗျာလိုလို.. စာလိုလို..
Status လေးတွေဖတ်ပြီး ကောင်းလိုက်တာ..ရေးတတ်လိုက်တာလို့ တွေးမိတာ
အမှန်ပါပဲ။

ဒါကြောင့် တချို့တွေလည်း စာသားလေးတွေကြိုက်လို့ မျှဝေတယ်.
ခံစားချက်တွေနဲ့တိုက်ဆိုင်လို့ မျှဝေတယ်..စသည်ဖြင့် အမျိုးစုံရှိနိုင်ပါတယ်။

ကျွန်မညီမလေးတစ်ယောက်ကတော့ ဓာတ်ပုံရိုက်တဲ့အခါ မျက်နှာကိုမပြဘဲ အဝေးကိုငေးကြည့်ရင်း တွေးဆွေးနေတဲ့ပုံတွေ. အမှောင်ထဲမှာ ထိုင်နေ
တဲ့ပုံတွေ.. ရိုက်တတ်ပါတယ်။

သူ့ဓာတ်ပုံတွေကိုကြည့်ရင် ဆွေးမြေ့.၊ စိတ်ပျက်အားငယ်၊ ထွက်ပေါက်ပိတ်၊ လမ်းပျောက်၊ အထီးကျန်..စတဲ့အဓိပ္ပာယ်တွေ..၊ Negative Emotions
တွေကို ကိုယ်စားပြု ဖော်ညွှန်းတဲ့ပုံတွေ.. အမြဲဖြစ်နေတတ်တယ်။

ဒါကြောင့် ကျွန်မက ဒီလိုပုံတွေ မရိုက်ပါနဲ့ဟယ်။ အလင်းရောင်အောက်မှာ
ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ရောင်စုံလေးတွေပါတဲ့ ပုံလေးတွေ ရိုက်ပါလို့ သူ့ကိုပြောရပါတယ်။

ဘာဖြစ်လို့လဲဆိုရင်.. What you feel, you attract မို့လို့ပါပဲ။

ကိုယ်ခံစားရတာတွေကို စိတ်ကလည်းဆွဲငင်နေတဲ့သဘောရှိပါတယ်။

ကိုယ်ဟာ ကွန်ပျူတာ တစ်လုံးလို့ပဲဆိုကြပါစို့. ကျွန်မတို့ အချိန်တိုင်း..
တွေးနေတဲ့အတွေးတွေဟာ
Software Program တစ်ခုကို အသေးစိတ်ရေးဆွဲနေတာနဲ့တူပါတယ်။

ကိုယ့်ကိုယ်ကိုယ် မသိစိတ် Subconscious Mind မှာ ဒီလိုဖြစ်လိုက်စမ်း.. ဒီလိုဖြစ်စမ်းဟဲ့.. နဲ့ Programming လုပ်နေတဲ့ သဘောပါပဲ။

မသိစိတ်ဆိုတဲ့အတိုင်း မသိဘဲစိတ်ထဲရောက်နေခဲ့တဲ့ အတွေးတွေ..
ပုံရိပ်တွေကပဲ အခုလက်ရှိဖြစ်တည်နေတဲ့ ဘဝရဲ့ ၉၅ ရာခိုင်နှုန်းကို ပုံဖော်တည်ဆောက်ထားပါတယ်။

လူတွေဟာ Subconscious Mind ထဲမှာလည်း ကိုယ်တကယ်မလိုချင်..၊ မဖြစ်ချင်တာတွေနဲ့ Manifest သွားဖြစ်နေမိတတ်ကြတာ ကျွန်မလည်း အခုနောက်ပိုင်းမှ သတိထားမိလာပါတယ်။

ဒါပေမယ့် ကျွန်မတို့ဟာ ဦးနှောက်ရဲ့တွေးပုံတွေးနည်းတွေကို Reprogram
ပြန်လုပ်လို့ရပါတယ်။

အနောက်တိုင်းက စွမ်းအင်ပညာရှင်တစ်ဦးဖြစ်တဲ့ Dr. Bruce Lipton
ရဲ့ Talk တွေကို နားထောင်တော့
Fake it till you make it လို့ ဆိုပါတယ်။

ကိုယ်ဖြစ်ချင်တဲ့ ဘဝအခြေအနေတစ်ခု ဖြစ်မလာသေးပေမဲ့ ဖြစ်နေပြီဆိုတဲ့
ခံစားချက်နဲ့ နေဖို့ဆိုလိုချင်တာပါ။

I'm going to be happy.
ငါ ပျော်ရလိမ့်မယ်..ဆိုတဲ့ အတွေးတွေအစား

I'm happy ငါ..ပျော်တယ်..လို့ မကြာခဏ တွေးတောရင်း.. (Manifesting)၊ လက်နဲ့ချရေးရင်း..
(Journalling) ၊ ပါးစပ်ကပြောရင်း.. (Afirming) ၊ မျက်စိက မြင်ယောင်
ကြည့်ရင်း..(Visualizing) ၊ သိစိတ် Conscious Mind နဲ့ ဦးနှောက်ကိုချိတ်ဆက် အလုပ်လုပ်ခိုင်းတဲ့ သဘောပါပဲ။

ဒါဟာ Reprogram ပြန်လုပ်တာ
ပါပဲ။

ဦးနှောက်က ခဏခဏ တွေးတာတွေ..၊ လုပ်တာတွေ..၊ ပြောတာတွေ.
Repetitive Pattern တွေကို မှတ်ထားလေ့ရှိပါတယ်။

ကျွန်မတို့စိတ်မှာတွေးတော စိတ်ကူးပုံဖော်နေတဲ့ အရာတွေဟာ အပြင်လက်တွေ့ဘဝမှာလည်းဖြစ်ဖို့ နီးစပ်လာလေပါပဲ။

အခုနောက်ပိုင်း.. ပိုင်းလော့ဆရာတော်ဘုရားတရားတွေကို နားထောင်ရတဲ့အခါမှာ သတ္တိ ကိန်းတယ်..ဆိုတဲ့စကားကို ဆရာတော်.. ခဏခဏ ပြော
ပါတယ်။

လူတစ်ယောက်ဟာ အပူတွေများတယ်ဆိုရင် အပူတွေကို ဆွဲငင်တယ်။

အအေးဓာတ်များတဲ့သူတွေက အအေးဓာတ်တွေကို ဆွဲငင်တတ်တယ်။

ဒါကြောင့် တစ်ခါတလေ ကိုယ်က စိတ်မှတ်မဲ့လုပ်လိုက်မိတဲ့ အပြုအမူ
တွေ..၊ အတွေးတွေ.. အကုန်လုံးဟာ ကျွန်မတို့ရဲ့ဘဝကို အဲဒီလိုပုံစံအတိုင်းပဲ
ဆွဲငင်နေတတ်ပါတယ်။

သတ္တိ ကိန်းတယ်ဆိုတာက တကယ်ပြောရမယ်ဆိုရင် ကိုယ်အမြဲလုပ်နေ
တဲ့ အလေ့အကျင့်တစ်ခုဟာ အထုံပါလာတဲ့သဘောပါပဲ။

ဥပမာအားဖြင့် နေ့တိုင်းအရက်သောက်တဲ့သူကလည်း အရက်မသောက်ဘဲ
မနေနိုင်တော့ပါဘူး။ နေ့တိုင်းဘုရားရှိခိုးတဲ့သူကလည်း ဘုရားမရှိခိုးဘဲ မနေနိုင်တော့ဘူး။

ကျွန်မတို့ နေ့တိုင်း အသုံးပြုနေတဲ့ Facebook မှာပဲကြည့်.. ပျော်တတ်တဲ့
သူကလည်း ပျော်စရာတွေပဲတင်တယ်။

ဝမ်းနည်းတတ်တဲ့သူကလည်း အမြဲ
ဝမ်းနည်းအားငယ်နေတတ်ကြတယ်။

ဒါဟာ သတ္တိကိန်းတာပါပဲ။

ကိုယ့်ရဲ့နှလုံးသွင်းမှုအပေါ်မှာမူတည်ပြီး ကိုယ့်ရဲ့ စိတ်အနေပြောင်းနေတတ်ပါတယ်။ စိတ်အနေပြောင်းရင် ဘဝအခြေအနေတွေလည်း ပြောင်းနေ
တတ်ပါတယ်။

အတွေးတွေပြောင်းရင် ဘဝတွေလည်းပြောင်းနေသည်..။

(ပိုင်းလော့ဆရာတော်ကြီး)

ဒါကြောင့် ကျွန်မတို့က မသိစိတ်ရဲ့ နှလုံးသွင်းမှုတွေကို ပြောင်းပစ်တတ်ဖို့
လိုပါတယ်။

ဒါအတွက် လိုအပ်တာကတော့ သတိ.. Self Awareness / Mindfulness ပဲ ဖြစ်ပါတယ်။

ကျွန်မလည်း ဆရာတော်ကြီးတရားနဲ့ Dr. Bruce Lipton Talk ကို
နားထောင်ရင်း ဉာဏ်မှီသလောက် ဆက်စပ်စဉ်းစားမိတာပါ။

ကျွန်မအမြင်အရတော့ ဆိုးရွားတဲ့
ကံတရားတွေဟာလည်း ဖြစ်ဖို့ပါ
လာရင် ရှောင်လွှဲမရပါ။ ဘယ်လိုတွေပြောင်းတွေးတွေ.. ကုသိုလ်အလုပ်တွေနဲ့ဖြည့်ပြီး ချေဖျက်နိုင်မှ တော်ကာကျမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အချိန်တိုင်းမှာ
ကောင်းတဲ့ အတွေးကိုတွေး.. ကောင်းတာကိုလုပ်. ကောင်းတဲ့သတိနဲ့ နေထိုင်
တာဟာ ဘယ်တော့မှ မမှားယွင်းတဲ့ မဂ္ဂင်ရှစ်ပါး နည်းလမ်းပါပဲ။

#မွန်ဟော်စီ 🌼💙

You are Your Universe
#သင်သည်သာ_သင့်စကြာဝဠာ စာအုပ်။

ဒီစာအုပ်လေးထဲတွင် စိတ်ကို ခွန်အားဖြစ်စေမယ့် စာတွေ အများကြီး ပါဝင်ပါသည်။
- MK Book Store & စင်္ကာပူ

  ရေကြီးနေချိန် သတိပြုရမည့်အချက်များ September 13th, 2024
19/09/2024


ရေကြီးနေချိန် သတိပြုရမည့်အချက်များ
September 13th, 2024

18/09/2024

https://www.facebook.com/share/p/qqg9ZTg2x2n5NTz2/?mibextid=oFDknk
23/04/2024

https://www.facebook.com/share/p/qqg9ZTg2x2n5NTz2/?mibextid=oFDknk

✨ လွဲချော်သွားတိုင်း ကံဆိုးလို့ မဟုတ်ဘူး။ တစ်ခါတလေ ကောင်းတာတွေဖြစ်လာဖို့ ဆိုးတာတွေနဲ့ လွဲပေးလိုက်ရတာတွေရှိတယ် ✨

ကိုယ်အရမ်းကြိုးစားခဲ့တဲ့ အခွင့်အရေးကို မရခဲ့ဘူး၊ ဒါပေမဲ့ အဲ့ထက်ပိုကောင်းတဲ့ အခွင့်အရေး ပေါ်လာတယ်။

ကိုယ်လျှောက်တဲ့အလုပ် မရခဲ့ဘူး။ ဒါပေမဲ့ ဆက်ကြိုးစားရင်း လစာ၊ ရာထူးပိုကောင်းတဲ့ အလုပ်မျိုးရသွားတယ်။

ကိုယ်အရမ်းချစ်ရတဲ့သူက အကြောင်းကြောင်းကြောင့် ကိုယ့်ကိုထားသွားလို့ နာကျင်ခဲ့ရမယ်၊ ဒါပေမဲ့ ကိုယ့်ကို တကယ်ချစ်ပြီး အစစအရာရာ နားလည်ပေး ဂရုစိုက် ကုစားပေးတဲ့သူနဲ့ လာတွေ့ရတယ်။

အကြာကြီး ကိုယ်စုဆောင်းထားတဲ့ ငွေကြေးဥစ္စာ အလိမ်ခံလိုက်ရတယ်။ မကြာပါဘူး အဲဒါထက်ပိုတဲ့ ငွေကြေးဥစ္စာ တစ်နည်းနည်းနဲ့ ပြန်ဝင်လာတယ်။

တစ်ခါတလေ ငါတစ်ယောက်ထဲ ဘာလို့ ကွက်ကံဆိုးရတာလဲ၊ ငါ့ကျမှ ဒီလောက်အဆင်မပြေဖြစ်နေရတာလဲလို့ မခံချိမခံသာ ခံစားဖူးကြမှာပါ။

ကံဆိုးတာတွေ ဖြစ်တယ်ဆိုတာ ကံကောင်းတာတွေလာဖို့ အရင်စမ်းသပ်တဲ့သဘောပါ။ ကြံ့ကြံ့ခံပြီး ကိုယ့်စိတ်ထားကို ပြောင်းလဲလိုက်ဖို့ပဲလိုတယ်။

တစ်ခါတလေ လွဲပါစေ၊ ဖယ်ပါစေ၊ ဘယ်လောက်ကံဆိုးမလဲ ဆိုးလိုက်စမ်းပါ။ ဆိုးပြီးရင်ကောင်းဖို့ပဲရှိတော့တယ်။ အရာရာက ပိုကောင်းဖို့အတွက် အကြောင်းဖန်လာတယ်ဆိုတာ ယုံကြည်ပါ။

ပါချုပ်ဆရာတော်

"နှစ်သစ်ဆုတောင်း"                       တင်မိုးအမြင်ကျဉ်းမြောင်းစိတ်ကျဉ်းမြောင်း၍တွင်းအောင်းရသည့်ဘဝမှ လွတ်ပါစေ။   ။စိတ်ဓ...
17/04/2024

"နှစ်သစ်ဆုတောင်း"

တင်မိုး

အမြင်ကျဉ်းမြောင်း
စိတ်ကျဉ်းမြောင်း၍
တွင်းအောင်းရသည့်ဘဝမှ လွတ်ပါစေ။ ။

စိတ်ဓာတ်သေးနုပ်
ဉာဏ်သေးနုပ်၍
ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်ပါစေ။ ။

တို့အချင်းချင်း
ခေါင်းထက်နင်း၍
သိမ်ဖျင်းလုပ်ဇာတ်
စိတ်ယုတ်ပတ်နှင့်
ပုတ်ခတ်ကြသည့်ဘဝမှ လွတ်ပါစေ။ ။

သူက မမှန်
ငါက မှန်ဟု
တယူသန်စွဲ
စိတ်သေးဖွဲနှင့်
ငရဲဘဝမှလည်း လွတ်ပါစေ။ ။

သူ့ဂုဏ်ကိုချ
ကိုယ့်ဂုဏ်ပြကာ
မာန စကား
တဖွားဖွားနှင့်
အမှားကမ္ဘာမှလည်း လွတ်ပါစေ။ ။

မကောင်းမှု ခင်
ကောင်းမှု ကြဉ်သည့်
ဉာဉ်ဆိုးဉာဉ်မိုက်
မီးပုံမြိုက်၍
ငိုရှိုက်ရခြင်းမှလည်း လွတ်ပါစေ။

နှစ်သစ်မြတ်ဆု
ဤကောင်းမှုကြောင့်
သာဓု သာဓု ခေါ်စေသောဝ်။ ။
#ကဗျာဆရာ_တင်မိုး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Hmaw 9 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hmaw 9:

Share