SME Consulting

SME Consulting Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SME Consulting, Business consultant, 81, Thamein Bayan Road & 158st, Tamwe Township, Yangon.

08/10/2020

❗"𝙎𝙩𝙖𝙧𝙩𝙪𝙥 𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 𝙎𝙩𝙧𝙖𝙩𝙚𝙜𝙮" 𝘾𝙡𝙖𝙨𝙨
ကို တက်ရောက်နိုင်မည့်အခွင့်အရေး

စီးပွားရေးစတင်လုပ်ကိုင်တော့မယ်ဆိုရင်

-Team Building
-Feedback
-Time Management
-Delegation နဲ့
-Communication စတာတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေလိုအပ်နေတဲ့ အလွန်အရေးပါတဲ့အချက်တွေပါပဲ။

စီးပွားရေးစလုပ်မယ့် လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်ပြီး သိထားသင့်တဲ့ နည်းဗျူဟာများနဲ့ ပတ်သက်တဲ့ Startup Business Strategy Class ကို October လ 12ရက်နေ့မှစပြီး SMEBi မှ Founder ဖြစ်တဲ့ ကျတော် Soe Hein ကိုယ်တိုင် My Mentor Myanmar မှာ စတင်သင်ကြားပေးတော့မှာ ဖြစ်ပါတယ်။

Startup Business Strategy ကို အခမဲ့တက်ရောက်နိုင်မည့်အခွင့်အရေးကို ရယူချင်တယ်ဆိုရင်တော့

❗*ဒီဗီဒီယိုလေးကို Like လုပ်ပေးပါ
❗*သူငယ်ချင်း ၃ယောက်ကို Tag ခေါ်ပြီး Public နဲ့ Share ပေးပါ
❗*Share ထားတဲ့ မူရင်း My Mentor Myanmar Post အောက်မှာ Mention ခေါ်ပြီး Comment ပေးပေးပါ

>>ကံထူးမယ့် Winner ၃ယောက်ကိုတော့ လာမယ့်သောကြာနေ့ October 9 ရက်နေ့မှာ ရွေးချယ်ကြေငြာပေးသွားမှာဖြစ်ပါတယ်

❗ဒုတိယအကြိမ် Covid ချေးငွေချပေးပြီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရCoronavirus Disease 2019 (COVID-19) ကြောင့် ဖြ...
22/09/2020

❗ဒုတိယအကြိမ် Covid ချေးငွေချပေးပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ
သတင်းထုတ်ပြန်ချက် (၉/၂၀၂၀)
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၂ ရက်

၁။ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၉/၂၀၂၀) ဆုံးဖြတ်ချက် အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပူးတွဲပါ လုပ်ငန်း (၁၀၄၁) ခုသို့ ခွင့်ပြုငွေ ပမာဏ ကျပ် (၂၀.၇၇၇၅) ဘီလီယံကို ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေ ထုတ်ယူခွင့်ပြုလိုက်ပါသည်။

၂။ အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအား ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအား ချေးငွေများ ဆက်လက်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ချေးငွေရရှိသူစာရင်းအပြည့်အစုံပါဝင်သည့် pdf file ကို အောက်ဖော်ပြပါ link တွင် ရယူနိုင်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုမ...

14/09/2020
SMEBi - StartUp Chapter Program -  "Free Consultation"Small Business Startup AdviceWith so many options and consideratio...
25/08/2020

SMEBi - StartUp Chapter Program -

"Free Consultation"
Small Business Startup Advice
With so many options and considerations you'll need to make while you begin the process of creating your own business or making changes to it, the situation can become confusing very quickly. That is why is here to help!

FREE Consultation to Business Startup ❤ CSR / CSV


စီးပွားရေး လူမှုရေး နိုင်ငံရေး တွေမှာ အရေးကြီးလာတာက 📌 ကိုယ်ကျင့်သိက္ခာပါ..... လူမှုပတ်ဝန်းကျင် နှင့် အလုပ်ခွင်မှာ အရေးကြီးလ...
21/08/2020

စီးပွားရေး လူမှုရေး နိုင်ငံရေး တွေမှာ အရေးကြီးလာတာက 📌 ကိုယ်ကျင့်သိက္ခာပါ.....
လူမှုပတ်ဝန်းကျင် နှင့် အလုပ်ခွင်မှာ အရေးကြီးလို့ ကျောင်းမှာသင်တဲ့ Business Ethics အကျဉ်းချုပ်လေး မျှဝေလိုက်ပါတယ်


📌 1. Truth
အမှန်တရားဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုပ်ငန်းတစ်ခုကရပ်တည်ရပါတယ် ဖောက်သည်များ နှင့် လုပ်​ဖော်ကိုင်ဖက်တို့ ၏ ယုံကြည် စိတ်ချမှုများ က လုပ်ငန်းများကို ပိုမို တိုးတက်စေနိုင်ပါတယ် ။

📌 2. Honest
ရိုးသားမှန်ကန်မှုမှာလည်း လုပ်ငန်းအတွင်း ဝန်ထမ်းများ အချင်းချင်း အတွက်သာမက ဖောက်သည်များအတွက်ပါရှိဖို့လိုအပ်ပါတယ် ။

📌 3. Social Responsibility
လူမှုရေးသိတက်ခြင်း လို့မြန်မာလိုဘာသာပြန်ပေမယ့် မိမိလုပ်ငန်းနှင့်ပတ်သက်ပြီး လူမှုတာဝန်ကျေခြင်းဆို ပိုမှန်ကန်ပါလိမ့်မယ် ။ မိမိ ထုတ်ကုန် (သို့) ဝန်ဆောင်မှုများမှာ လူသားအကျိုးပြုနိုင်အောင် ကြိုးစားဆောင်ရွှက်သင့်ပါတယ်။ အပေးအယူ ဆန်လွန်းသော CSR လုပ်တာမျိုးတွေ ကို သတိထားသင့်ပါတယ်။

📌 4. Good Behavior
ကောင်းမွန်တဲ့အမှုအကျင့်ရှိရန် Organization Culture ကို ဖန်တီးပြီး လုပ်ငန်းအတွင်း ဝန်ထမ်းများ အချင်းချင်း ဖောက်သည်များဆက်ဆံရာတွင် ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းစိတ်ဓါတ် Team work ရှိရပါမယ် ။ ကိုယ့်အဖွဲ့ အစည်း တစ်ခုလုံးရဲ့ အမှုအကျင့် ကောင်းတွေဟာ ကိုယ့် လုပ်ငန်း၊ အဖွဲ့အစည်း ရဲ့ အမည် ဂုဏ်သိက္ခာဖြစ်လို့ သတိထားရမယ်။

📌 5. Follow Laws
ဥပဒေများကိုလည်း သေချာလိုက်နာခြင်းဖြင့် မလိုလားအပ်သော ပြသနာများ ကိုရှောင်ကျဉ်ပြီးသားဖြစ်နိုင်ပါတယ် ။ ဥပမာ : အခွန် - ဝန်ထမ်းစည်းမျဉ်း နှင့်အခြား ဥပဒေများ.....

📌 6. Never Mislead
ဘယ်တော့မှမလည့်စားပါနှင့် ဆိုတဲ့နောက်ဆုံးအချက်ပါ အရေးကြီးပါတယ် တစ်ခါတစ်လေ မိမိလုပ်ငန်း အဆင်အမြန်ပြေချင်ဇောနှင့် ဖောက်သယ်များ လုပ်ဖော်ကိုင်ဖက်များ အစိုးရဌာန တို့အား မုသားမပါလင်္ကာမချောစကားပုံ ကိုတလွဲအသုံးချပြီး ပြောဆိုဆက်ဆံ တက်ပါတယ် နောင်မှအမှားကြီး မှားတယ်ဆိုတာ သိလာနိုင်ပါတယ် ။

✅ ဒီအကြောင်းအရာများက Business Ethics ရဲ့တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပါတယ်၊ လူအခြင်းခြင်း လည့်ပတ်ခြင်း ကင်းရှင်းပြီး သာယာအောင်မြင်သော လူမှု စီးပွား နိုင်ငံရေး အသိုင်းအဝိုင်းဖြစ်အောင် ကြိုးစားတည်ဆောက်ကြဖို့ အားလုံးမှာတာဝန်ရှိပါတယ်။

❗ ကျတော်သင်ကြားတဲ့ EDMA - Executive Diploma in Management & Administration ဒီပလိုမာအတန်းမှာ Business Ethics အကြောင်းဆွေးနွေးခြင်း အား ပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်။






Business ethics is the study of proper business policies and practices regarding potentially controversial issues, such as corporate governance, insider trading, bribery, discrimination, corporate social responsibility and fiduciary responsibilities.
: Investopedia

ဒီဥပဒေ "၃" ခုကို ကျတော်ကြိုက်တယ် 1️⃣. ကိုယ်လိုချင်တဲ့အရာအတွက် သူများတွေ ထက်ကြိုတင် မလုပ်ခဲ့ရင် ဘယ်တော့မှရမှာမဟုတ်ဘူး 2️⃣...
13/08/2020

ဒီဥပဒေ "၃" ခုကို ကျတော်ကြိုက်တယ်

1️⃣. ကိုယ်လိုချင်တဲ့အရာအတွက် သူများတွေ ထက်ကြိုတင် မလုပ်ခဲ့ရင် ဘယ်တော့မှရမှာမဟုတ်ဘူး

2️⃣. သင်ဘယ်တော့မှ မမေးရင်လဲ သင်ရမယ့်အဖြေကလဲ "No" ပါပဲ

3️⃣. သင်ရှေ့ကိုရောက်ဖို့ခြေတစ်လှမ်းမတိုးခဲ့ရင် အရင်နေရာမှာပဲနေခဲ့ရမယ်

❗ ဒီဥပဒေ "၃" ချက်ကိုလေးလေးနက်နက်ပြန်စဉ်းစားရင် အဖြေပေါ်လိမ့်မယ်....

" #ကျန်းမာစီးပွားပညာတိုးတက်ပါစေ"



🇲🇲

အသက် (၁၆) နှစ်မတိုင်မီ ဒေါ်လာ ၅၃,၀၀၀ ကို Warren Buffet ဘယ်လို နည်းနဲ့ ရှာခဲ့သလဲ? Warren Buffet ကိုတော့ အားလုံး သိပြီးသာြး...
09/07/2020

အသက် (၁၆) နှစ်မတိုင်မီ ဒေါ်လာ ၅၃,၀၀၀ ကို Warren Buffet ဘယ်လို နည်းနဲ့ ရှာခဲ့သလဲ?

Warren Buffet ကိုတော့ အားလုံး သိပြီးသားဖြစ်မှာပါ၊ သူ့ အနေနဲ့  အသက် (၁၆) နှစ်မတိုင်ခင်မှာ ဒေါ်လာ ၅၃,၀၀၀ ကို ဘယ်လို ရှာဖွေ စုဆောင်းခဲ့သလဲဆိုတာကို ပုရိတ်သတ်အတွက်မျှဝေပေးချင်ပါတယ်။
သူကျောင်းတက်နေစဉ် ထဲကသူငယ်ချင်းများက ဘာသာရပ်များ Hollywood ရုပ်ရှင်များအတွက် စဉ်းစားနေချိန်မှာ New York Stock Exchange မှာဘယ်လို ရင်းနှီးမြှပ်နှံရမလဲဆိုတဲ့ ဘဝရည်ရွယ် ချက်ရှိနေပါပြီ။

၁။ Warren Buffett ဟာ သူ့ အသက် ၆ နှစ်အရွယ်မှာ ပထမဦးဆုံး စတင် ရောင်းဝယ် ဖောက်ကားမှု ပြုခဲ့ပါတယ်။ ဘာကို ရောင်းခဲ့သလဲ ဆိုတော့ ပီကေထုပ်လေးတွေပါ။ အဲ့ဒီနောက်တော့ ကိုကာကိုလာ ဘူးတွေကို လည်း ရောင်းခဲ့ပါတယ်။

၂။ အဲ့ဒီနောက်တော့ လူငယ်တော်တော်များများ လုပ်လေ့ လုပ်ထ ရှိတဲ့သတင်းစာ ပို့ တဲ့အလုပ်ကို လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခြား လူငယ်တွေနဲ့ မတူတဲ့ သတင်းစာ ပို့ ပုံ ပို့ နည်းကို သူ လုပ်ခဲ့လို့ ဝင်ငွေ ၃ဆရခဲ့ပါတယ်။ အခြားသူတွေကတော့ သတင်းစာတိုက် တစ်ခုရဲ့ သတင်းစာ တစ်ခုတည်းကို ပဲ လမ်းကြောင်း
တစ်ခုကနေ ပို့ ကြပါတယ်။ Buffet ကတော့ ပြိုင်ဆိုင်မှု ကြီးမားတဲ့ သတင်းစာ နှစ်စောင်ကို တာဝန်ယူပြီး လမ်းကြောင်း သုံးခု ကနေ လှည့်ပတ်ပို့ ခဲ့တယ်လို့ ဆိုပါတယ်။

၃။ သူ နဲ့ သူ့ သူငယ်ချင်း Stu Erickson တို့ နှစ်ယောက် ဂေါက်သီးဟောင်းတွေလည်း ရောင်းခဲ့ပါသေးတယ်။ ဂေါက်သမားတွေ ရိုက်လိုက်လို့ ပျောက်သွားတဲ့ ဂေါက်သီးတွေကို ကောက်ရတဲ့ သူတွေဆီက လိုက်ဝယ်၊ သန့် ရှင်းရေးလုပ်ပြီး ဂေါက်သမားတွေကို ပြန်လည် ရောင်းချခဲ့ပါတယ်။ အဲ့လိုရောင်းချတာကို ရဲတွေ ၀င်ရှုပ်လို့ ပြဿနာ တက်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ လုပ်ဆောင်ချက်တွေကို ဂုဏ်ယူအားပေးတဲ့ မိဘတွေရဲ့ ကူညီမှုနဲ့ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

၎။ “မြေပဲ…ပေါက်ပေါက်….တစ်ထုပ် ၅ ကျပ်… တစ်ထုပ် ၅ ကျပ်…. ပွဲနားတုန်း ခဏ အားပေးကြပါဦး” ဆိုပြီး University of Omaha Stadium မှာ မြေပဲ့ ပေါက်ပေါက်ကို လိုက်လံရောင်းချခဲ့ပါသေးတယ်။

၅။ တံဆိပ်ခေါင်းတွေကို လိုက်စုပြီး တံဆိပ်ခေါင်း စုစည်းတဲ့ သူတွေထံလည်း ရောင်းခဲ့ပါသေးတယ်။ Buffett’s approval Service ဆိုပြီးတောင် နာမည်ပေး ပြီး အဲ့ဒီ စီးပွားရေးကို လုပ်ခဲ့ပါသေးတယ်။

၆။ Buffet ဟာ ပျက်နေတဲ့ Pinball Machine တစ်ခုကို ၂၅ ဒေါ်လာနဲ့ ဝယ်လိုက်ပါတယ်။ ပြီးတော့ သူ့ သူငယ်ချင်း Don Danly ရဲ့ အကူအညီနဲ့ ပြင်လိုက်ပါတယ်။ အဲ့ဒီနောက်တော့ သူတို့ နှစ်ယောက်ပေါင်းပြီး Wilson’s Coin-operated machine company ကို ထောင်လိုက်ကြတယ်။ သူတို့ ညှပ်နေကြ ဆံပင် ညှပ်ဆိုင်ပိုင်ရှင်နဲ့ ညှိပြီး အဲ့ဒီ ဆံပင် ညှပ်ဆိုင်မှာ Pinball Machine ကို ထားလိုက်ပါတယ်။ Pinball Machine က ၀င်ငွေကို ဆိုင်ပိုင်ရှင်နဲ့ တစ်ယောက် တစ်ဝက် ခွဲယူဖို့ သဘောတူလိုက်တယ်။
ပထမဆုံးနေ့ မှာပဲ ဒေါ်လာ ၄ ဒေါ်လာ ရလိုက်ကြတယ်။

တစ်ပတ်အကြာမှာတော့ နောက်ထပ် Pinball Machines တွေ ၀ယ်နိုင်လောက်တဲ့ ၀င်ငွေတွေ ရလာတယ်။ ဒါနဲ့ သူတို့ ထပ်ဝယ်ပြီး အခြား ဆံပင်ညှပ်ဆိုင်တွေမှာပါ လိုက်ထားလိုက်ကြတာ သူ မဲပေးဖို့ အသက်မပြည့်ခင်မှာ သူတို့ နေထိုင်တဲ့ ဒေသအတွင်းက ဆံပင်ညှပ်ဆိုင်တွေ အားလုံးမှာ သူတို့ ရဲ့  Pinball Machines တွေ တပ်ဆင်ပြီးသားဖြစ်နေပါပြီ။
ဒါတွေကတော့ Warran Buffet အနေနဲ့ အသက် (၁၆) နှစ်မတိုင်ခင် ဒေါ်လာ ၅၃,၀၀၀ ကို ရှာဖွေခဲ့ပုံတွေပါပဲ။ အဲ့ဒီလို နဲ့ စခဲ့တဲ့ Warren Buffet ဟာ ယခု အခါမှာတော့ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး သူဌေးကြီး ဖြစ်လို့ နေပါပြီ။

မြန်မာလူငယ်တွေကော အသက် (၁၆) နှစ်မတိုင်ခင်မှာ ပိုက်ဆံ ရှာနိုင်အောင်အတုယူကြိုးစား နိုင်ပါတယ်၊ အခုခေတ် လူငယ်တွေ အတွက်က ပိုပြီး အခွင့်အရေးတွေ များလာပါပြီး နည်းပညာကို အသုံးပြုပြီးလည်း ၀င်ငွေ ရှာလို့ ရနိုင်တဲ့အခွင့်အရေး တွေလည်းများလာပါပြီ။ ပညာရပ်တစ်ခုကို အသက်မွေးဝမ်းကြောင်း အဖြစ် ကျွမ်းကျင်ရင် အဲ့ဒီ ပညာရပ်နဲ့ ဝင်ငွေရှာနိုင်မယ့် အခွင့်အရေးတွေလည်းရှိလာပါပြီ ဒါကြောင့် လူငယ်တွေကို Warren Buffet ကို နမူနာယူပြီး ပညာလည်းသင် အဲ့ဒီ ပညာနဲ့ လည်း ကိုယ်ပိုင် ၀င်ငွေရအောင်စတင်နိုင်ဖို့ အားပေး တိုက်တွန်း လိုက်ပါတယ်။

Warren Buffet
While his elementary school classmates were dreaming about the major leagues and Hollywood, 10-year old Buffett was having lunch with a member of the New York Stock Exchange and setting life goals.

Credit Post:

ကမ္ဘာကျော် သူဌေးကြီး ဘီဂိတ် ကပြောတယ်..."ဘယ်သူနဲ့မှမပြိုင်ဘူး ဒါပေမယ့် ကိုယ့်ကိုကိုယ် တော့ပြိုင်တယ်။ သူ့ရည်ရွယ်ချက်က ကိုယ်...
20/06/2020

ကမ္ဘာကျော် သူဌေးကြီး ဘီဂိတ် ကပြောတယ်...

"ဘယ်သူနဲ့မှမပြိုင်ဘူး ဒါပေမယ့် ကိုယ့်ကိုကိုယ် တော့ပြိုင်တယ်။ သူ့ရည်ရွယ်ချက်က ကိုယ်တိုင် စဉ်ဆက်မပျက်တိုးတက် နေချင်လို့ပဲ"

ဒါကြောင့် သူများနဲ့ပြိုင်နေမယ့်အစား ကိုယ်တိုင်တိုးတက်အောင် နေ့စဉ်စနစ်တကျသင်ယူ လေ့လာပါ.....



စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းများ
ABE-UK Endorsed နှင့် အာစီယံစွန့်ဦးတီထွင်​ကျောင်း အသိအမှတ်ပြု လက်တွေ့ အသုံးချ ဒီပလိုမာသင်တန်းများ

ကုမ္ပဏီများအတွက် အထူးသင်တန်းများ
09 77 9999 707

ကိုဗစ်-19 ရဲ့ရိုက်ခတ်မှုကြောင့် မြန်မာတစ်နိုင်ငံလုံးရဲ့ စီးပွားရေး sector တစ်ခုလုံး ရိုက်ခတ်မှုပြင်းထန်နေတဲ့အထဲမှာ ဦးထော...
01/06/2020

ကိုဗစ်-19 ရဲ့ရိုက်ခတ်မှုကြောင့် မြန်မာတစ်နိုင်ငံလုံးရဲ့ စီးပွားရေး sector တစ်ခုလုံး ရိုက်ခတ်မှုပြင်းထန်နေတဲ့အထဲမှာ ဦးထောင်စပြုနေတဲ့ #ခရီးသွား Sector ကလည်း အဓိကရိုက်ခတ်မှုခံနေရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေခဲ့ရပါတယ်။

🌅 ပွင့်လင်းရာသီမှာ အားခဲထားသမျှ ခရီးသွားsector ကလုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုမျိုး အခက်အခဲကြားထဲကနေ ရုန်းကန်နေရပါသလဲ?

🈴 လက်ရှိလုပ်ငန်းအသေးလေးတွေ လုပ်ဆောင်နေသူတွေ အတွက်ကော ဘယ်လို အကြံဉာဏ်ကောင်းတွေ ရရှိချင်ပါသလဲ?

🔊 ဒီအတွက် FNFMyanmar ရဲ့ Tuesday Talk အစီအစဉ်ကနေ ခရီးသွားလုပ်ငန်းက
တတ်သိပညာရှင်များနဲ့ အတူ Moderator မနွေးနွေးစိုးတို့က ဦးဆောင်ပြီး ဆွေးနွေး သွားမယ့် "
"Prospects of Tourism in Times of Covid-19"
ဆိုတဲ့ webinar ကို ဇွန်လ ၂ ရက်နေ့မှာ ဆွေးနွေးသွားမှာ ဖြစ်တာကြောင့်
zoom ID- 999 9121 2950 ကနေ တစ်ဆင့် ဝင်ရောက်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါရစေ။

🗣 ယခုလင့်ကနေလည်း တက်ရောက်နိုင်ပါတယ်။
https://zoom.us/webinar/register/WN_Tb65oYJgQpuKW60J1DkyjQ

❗ FNF Myanmar Page
https://m.facebook.com/story.php?story_fbid=3783078428433777&id=929543763787272

 #ဝန်ထမ်းတွေစွမ်းဆောင်မှုမြင့်အောင် "လုပ်ငန်းရှင်တွေမေးလေ့ရှိတဲ့မေးခွန်းဖြစ်ပါတယ်"  ကိိုယ့်ဝန်ထမ်းတွေ စွမ်းဆောင်မြင့်အော...
26/05/2020

#ဝန်ထမ်းတွေစွမ်းဆောင်မှုမြင့်အောင်

"လုပ်ငန်းရှင်တွေမေးလေ့ရှိတဲ့မေးခွန်းဖြစ်ပါတယ်"
ကိိုယ့်ဝန်ထမ်းတွေ စွမ်းဆောင်မြင့်အောင် ကြိုးစားစေချင်တာ လုပ်ငန်းရှင်တွေရဲ့ ကိုယ်ကျိုးတစ်ခုမဟုတ်ပါဘူး၊ စွမ်းဆောင်ရည်မြင့်တဲ့ လုပ်ငန်းဟာ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာမှ ပံပိုးပေးနေခြင်း၊ ဝန်းထမ်းများနှင့် မိသားစုဝင်များအတွက် အထောက်အကူဖြစ်စေခြင်း၊ လူမှုဘဝဖြစ်စဉ်တိုးတက်ရန် အတွက်မရှိ မဖြစ်လှုပ်ရှား တီထွင်နေခြင်း၊ နှင့် တိုးတက်လာမယ့် အနာဂတ်အတွက် အထောက်အကူ ပေးနေခြင်းဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်းများကပဲ စွမ်းဆောင်ရည်မြှင့်နေခြင်းမဟုတ်ပဲ ဝန်းထမ်းများကပါ အတူတကွကြိုးစားကြဖို့ လိုအပ်ပါတယ်။

ဝန်ထမ်းတွေစွမ်းဆောင်မှုမြင့်အောင် အချက် ၇ ခ်က္ကို မျှဝေလိုက်ရပါတယ်.....

1 ဝန်ထမ်းများအတွက် မှန်ကန်သော နည်းပညာပံပိုးပေးဖို့လိုအပ်ပါတယ်
Provide Employees with the Right Technology

2 ဖွံဖြိုးတိုးတက်ရန် အလုပ်ခွင်အသုံးချ သင်တန်းများပေးဖို့လိုပါမယ်
Cross-Training and Development

3 အလုပ်ခွင်မှာ တူညီသော အတုယူထိုက်သော ယဉ်ကျေးမှုတစ်ခုတည်ဆောက်ဖို့လိုပါမယ်
Improve Company Culture

4 ထိရောက်တဲ့ ဆက်ဆံရေး ရှိဖို့ အားလုံးကိုလေ့ကျင့်ပေးထားရပါမယ်
Communicate Effectively

5 ရည်ရွယ်ချက်ကိုရောက်အောင် လမ်းပြပြီး၊ စွမ်းဆောင်ရည်ကို တိုင်းတာနေရပါမယ်
Set Goals and Analyze Performance

6 ဝန်ထမ်းတွေ အလုပ်ခွင်မှာ တာဝန္သိစြာ ပျော်ရွင်စွာထမ်းဆောင်နိုင်ရပါမယ်
Ensure Employee are resopnsiable Happy

7 အကောင်းမြင်စိတ်ရှိအောင် ဝန်ထမ်းတိုင်းကို အားဖြည့် တိုက်တွန်းနိုင်ရပါမယ်
Practice Positive Reinforcement



Entrepreneur

25/05/2020

Management

Address

81, Thamein Bayan Road & 158st, Tamwe Township
Yangon
1121

Website

Alerts

Be the first to know and let us send you an email when SME Consulting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share