Min Khaung - AMARA Consulting

Min Khaung - AMARA Consulting Management Consultant
( စီမံခန့်ခွဲမှုအကြံပေး )

Career အသစ်ကို မပြောင်းခင် ကိုယ့်ကိုယ်ကိုပြန်မေးရမယ့် မေးခွန်း ( ၄ ) ခုCareer အသစ်ပြောင်းတာဟာ ကိုယ့်လုပ်ရတဲ့အလုပ်နဲ့ ကို...
27/08/2026

Career အသစ်ကို မပြောင်းခင် ကိုယ့်ကိုယ်ကိုပြန်မေးရမယ့် မေးခွန်း ( ၄ ) ခု

Career အသစ်ပြောင်းတာဟာ ကိုယ့်လုပ်ရတဲ့အလုပ်နဲ့ ကိုယ်နဲ့ အဆင်ပြေဖို့အတွက်ပါ။ ဒါပေမယ့် အဲဒီလို Career ပြောင်းတိုင်းအဆင်ပြေတာလားဆိုရင် နိုးလို့ပြောရမှာပါ။ ဒါကြောင့် Career အသစ်တစ်ခုကို မပြောင်းခင်မှာ ကိုယ့်ကိုယ်ကိုမေးရမယ့် မေးခွန်း ( ၄ ) ခုကို ပြောပြပေးချင်ပါတယ်။

( ၁) ဘာလို့ပြောင်းချင်တာလဲ - တခါတလေကျအဖြေကရှင်းပါတယ်၊ ကိုယ့်ဘ၀မှာဖြစ်ချင်တာတွေရှိခဲ့တယ်။ အဲဒီဖြစ်ချင်တာကို လုပ်ဖို့အချိန်ရောက်ပြီလို့ယုံကြည်လို့ပြောင်းတယ်ပေါ့။ ဒါပေမယ့် တခါတလေကျအဲလိုမဟုတ်ပြန်ဘူး။ လက်ရှိအလုပ်ကအဆင်မပြေလို့ ပြောင်းချင်တာဖြစ်တတ်တယ်။ အဲတော့ လက်ရှိ အလုပ်ကနေ နောက် Career အသစ်တစ်ခု ( နေရာသစ်၊ အလုပ်သစ် ) ကိုပြောင်းတာဟာ လက်ရှိအခြေအနေကနေရုံးထွက်ဖို့သက်သက်ပဲလား။ ပြန်စဉ်းစားရပါမယ်။

( ၂ ) အဲဒီ Career နဲ့ပတ်သက်ပြီး လုပ်သင့်မလုပ်သင့်ကို စမ်းကြည့်လို့မရနိုင်ဘူးလား - ဥပမာအားဖြင့် အဲဒီ Career မှာ အလုပ်တွေလုပ်နေသူနဲ့ စကားပြောကြည့်မယ်၊ ကူလုပ်ပေးကြည့်မယ်၊ အဲဒီ Career နဲ့ပတ်သက်တဲ့ စာတွေဖတ်မယ်၊ ပြီးအဲဒီ Career အကြောင်းသိတဲ့သူတွေနဲ့ အဲဒီ Career ရဲ့ ကောင်းကွက် တွေ၊ ဆိုးကွက်တွေကို မေးမြန်းမယ်ပေါ့။ ဒါဆိုရင် ပြောင်းသင့်မပြောင်းသင့်ကို ချိန်လို့ရပါပြီ။

( ၃ ) ကိုယ့်အတွက်ကော လမ်းကြောင်းဖြောင့်မှာလား - Career ပြောင်းတဲ့အခါ လက်ရှိရနေတဲ့ ရာထူး၊ အဆင့်၊ လစာတွေမရတော့ပဲ အသစ်ဖြစ်တာမို့ ပိုနိမ့်တဲ့ ရာထူး၊ အဆင့်၊ လစာတွေပဲရမယ်ဆိုရင် အဆင်ပြေပါ့မလား။ အဲလိုဖြစ်ခဲ့သော် ကိုယ့်အတွက် ငွေရေးကြေးရေးကအစ အဆင်ပြေပါ့မလားဆိုတာကို ချင့်ချိန်ရပါမယ်။

( ၄ ) Career အသစ်မှာအဆင်မပြေခဲ့ရင် ဘာလုပ်မလဲ - Career အသစ်ပြောင်းလိုက်တာနဲ့အဆင်ပြေသွားမယ်၊ အောင်မြင်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ တကယ်လို့များကိုယ်မျှော်လင့်ထားသလို အဆင်မပြေခဲ့ရင်၊ မအောင်မြင်ခဲ့ရင် ဘာဆက်လုပ်သင့်လဲ ကြိုစဉ်းစားထားပြီးပြီလားပေါ့။






Peter Principle နဲ့ မြန်မာ့လုပ်ငန်းခွင် ယဉ်ကျေးမှု လုပ်ငန်း အတွေစုမှာ ဝန်ထမ်းတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးတော့မယ်ဆိုရင်...
26/08/2026

Peter Principle နဲ့ မြန်မာ့လုပ်ငန်းခွင် ယဉ်ကျေးမှု

လုပ်ငန်း အတွေစုမှာ ဝန်ထမ်းတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးတော့မယ်ဆိုရင် အတွေဆုံး အသုံးပြုလေ့ရှိတဲ့စံနှုန်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ "လက်ရှိ လုပ်နေတဲ့ အလုပ်မှာ စွမ်းဆောင်ရည် အလွန်ကောင်းမွန်တာ (High Performance in Current Role)" ပဲဖြစ်ပါတယ်။

အတော်ဆုံး အရောင်းသမား ကို Sales Manager ရာထူးတိုးပေးလိုက်တာ၊ ကုဒ်အရေးနိုင်ဆုံး Programmer ကို Tech Lead ခန့်လိုက်တာ၊ ဒါမှမဟုတ် စာရင်းဇယား အတိကျဆုံး Accountant ကို Finance Manager အနေနဲ့တာဝန်ပေးလိုက်တာမျိုးပါ။

ဒါပေမယ့် ရလဒ်အနေနဲ့ ကုမ္ပဏီမှာ ထိပ်တန်း Star Performer တစ်ယောက် ဆုံးရှုံးသွားရုံသာမက အောက်ခြေကို ကောင်းစွာ မထိန်းကျောင်းနိုင်တဲ့ ညံ့ဖျင်းတဲ့ မန်နေဂျာတစ်ယောက်ကိုပါ ရရှိသွားတတ်ကြပါတယ်။ ဒီ ပြဿနာကို စီမံခန့်ခွဲမှု ပညာရပ်တွင် "Peter Principle" ဟု ခေါ်ပါတယ်။

Peter Principle ဆိုတာဘာလဲ။
၁၉၆၉ ခုနှစ်မှာ ပညာရှင် Laurence J. Peter တင်ပြခဲ့တဲ့ သီအိုရီအရ — "In a hierarchy, every employee tends to rise to their level of incompetence." (အထက်အောက် စီမံခန့်ခွဲတဲ့ အဖွဲ့အစည်းတိုင်းတွင် ဝန်ထမ်းတစ်ယောက်ကသူ မလုပ်နိုင်တော့တဲ့ အဆင့်သို့ မရောက်မချင်း ရာထူးတိုးမြှင့်ခံရလေ့ရှိသည်) လို့ဆိုထားပါပါတယ်။

ဝန်ထမ်းတစ်ယောက်ဟာ လက်ရှိ ရာထူးမှာ ထူးချွန်နေသရွေ့ အထက်ကိုတစ်ဆင့်ပြီးတစ်ဆင့် ရာထူးတိုးမြှင့်ခံရမှာ ဖြစ်ပေမယ့် နောက်ဆုံးမှာ မိမိ ကျွမ်းကျင်မှုနဲ့ မကိုက်ညီတော့တဲ့ ရာထူး (ဥပမာ- စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု လိုအပ်တဲ့ မန်နေဂျာအဆင့်) ကို ရောက်ရှိသွားပြီး အဲဒီနေရာမှာ အရည်အချင်းမပြည့်မီတော့ဘဲ ပိတ်မိသွားတဲ့ သဘောတရား ဖြစ်ပါတယ်။

Peter Principle နဲ့ မြန်မာ့လုပ်ငန်းခွင် ယဉ်ကျေးမှု
မြန်မာနိုင်ငံကလုပ်ငန်းတွေမှာPeter Principle ၏ သက်ရောက်မှုကို ပိုပြီး တွေ့မြင်ရလေ့ရှိပြီး အဓိက အကြောင်းရင်းတွေကတော့ -

(က) လုပ်သက်နဲ့ သစ္စာရှိမှုကိုသာ အဓိကထားတာ
မြန်မာ့လုပ်ငန်းခွင် အတွေစုမှာ ကုမ္ပဏီမှာ နှစ်ပေါင်းတွေစွာ လုပ်ကိုင်လာပြီး အထက်လူကြီးအပေါ် သစ္စာရှိတဲ့ ဝန်ထမ်းတွေကို "လုပ်သက်ရင့်လာပြီမို့ ရာထူးတိုးပေးရမယ်" ဆိူတဲ့ လူမှုရေး အားနာမှုနဲ့ မန်နေဂျာ ရာထူးတွေ ခန့်အပ်လေ့ရှိပါတယ်။ ဒါပေမယ့် လုပ်သက်ကြာတိုင်း ခေါင်းဆောင်မှု စွမ်းရည် (Leadership Skill) ပြည့်ဝတယ်လို့ ကျိန်းသေမပြောနိုင်ပါဘူး။

(ခ) လုပ်ငန်း ကျွမ်းကျင်မှုနဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို ရောထွေးတာ
အလုပ်တစ်ခုကို လက်တွေ့ ကောင်းစွာ လုပ်ကိုင်နိုင်တာ နဲ့ လူတွေကို စီမံခန့်ခွဲ လမ်းညွှန်နိုင်တာ တွေက လုံးဝ မတူညီတဲ့ စွမ်းရည်နှစ်ရပ် ဖြစ်ပါတယ်။ မြန်မာ့အဖွဲ့အစည်း အတော်များများမှာ ဒီကွာခြားချက်ကို မခွဲခြားဘဲ "အလုပ်ကျွမ်းရင် မန်နေဂျာလုပ်တတ်မယ်" ဟု ယူဆလေ့ရှိကြပါတယ်။

(ဂ) "ရာထူးတိုးတာကလွဲပြီးအခြား တိုးတက်ရာလမ်း မရှိတာ"
ဝန်ထမ်းတစ်ယောက်အနေနဲ့ လစာပိုပြီးရဖို့နဲ့ အဖွဲ့အစည်းအတွင်း နေရာတစ်ခုရဖို့အတွက် မန်နေဂျာ ဖြစ်မှသာ ရမယ်ဆိုတဲ့ Career Structure မျိုး ရှိနေရင် အလုပ်ကျွမ်းကျင်ဖို့သာ အားသန်ပြီး စီမံခန့်ခွဲမှုလုပ်ရတာကိုမကြိုက်ရင်တောင် မန်နေဂျာဖြစ်ချင်လာကြပါတော့တယ်။

Peter Principle ကြောင့် အဖွဲ့အစည်းမှာ ကြုံတွေ့ရတဲ့ ဆိုးကျိုးတွေ
• အဖွဲ့အစည်း ထုတ်လုပ်မှုစွမ်းအား ကျဆင်းတာ။ စီမံခန့်ခွဲမှု မကျွမ်းကျင်တဲ့ မန်နေဂျာက Micromanagement လုပ်တာ၊ ဆုံးဖြတ်ချက် မချရဲတာ ဒါမှမဟုတ် အောက်ခြေဝန်ထမ်းတွေအပေါ် အပြစ်တင်တာတို့ကို ပြုလုပ်လာတတ်ပါတယ်။

• စွမ်းဆောင်ရည်မြင့် ဝန်ထမ်းတွေ ထွက်ခွာတာ (Turnover Rate မြင့်တက်တာ)။ အရည်အချင်းမပြည့်မီတဲ့ ခေါင်းဆောင်အောက်မှာ အလုပ်လုပ်ရတဲ့ အောက်ခြေ ဝန်ထမ်းကောင်းတွေက စိတ်ပျက်ပြီး နုတ်ထွက်သွားကြပါတယ်။

• ရာထူးတိုးခံရသူ ကိုယ်တိုင် Burnout ဖြစ်တာ။ ကိုယ်ဝါသနာမပါတဲ့၊ မကျွမ်းကျင်တဲ့ စီမံခန့်ခွဲမှု တာဝန်တွေအောက်မှာ နေ့စဉ် စိတ်ဖိစီးမှုနဲ့ မလုံခြုံမှုတွေ ရင်ဆိုင်ရတာ။

Peter Principle ထောင်ချောက်မှ လွတ်မြောက်ရန် မဟာဗျူဟာမြောက် ဖြေရှင်းနည်းတွေ
အဖွဲ့အစည်းတစ်ခုမှာဒီပြဿနာကို ကျော်လွှားနိုင်ဖို့ HR နဲ့ ထိပ်သီးခေါင်းဆောင်တွေအနေနဲ့ အခုပြောပြမယ့် နည်းလမ်းတွေကို စနစ်တကျ ကျင့်သုံးသင့်ပါတယ် -

1. Dual Career Path ကို ဖန်တီးပါ
ဝန်ထမ်းတွေအနေနဲ့ မန်နေဂျာမဖြစ်ဘဲ သူ့ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (Individual Contributor / Subject Matter Expert) ကိုအခြေပြုပြီး လစာနဲ့ အဆင့်အတန်း မြင့်မားစွာ တိုးတက်နိုင်တဲ့ လမ်းကြောင်းကို ဖော်ဆောင်ပေးပါ။

2. Succession Planning နဲ့ Leadership Development စီစဉ်ပေးပါ
မန်နေဂျာအဖြစ် ရာထူးမတိုးမြှင့်မီ Coaching, Mentoring, People Management နဲ့ Communication Training တွေကို ကြိုတင် လေ့ကျင့်ပေးထားပါ။

3. ရာထူးတိုး စံနှုန်းတွေကို ပြန်လည် သတ်မှတ်ပါ:
လက်ရှိ ရာထူးမှာ အလုပ်တော်ရုံသက်သက်နဲ့ ရာထူးတိုးပေးတာ မဟုတ်ဘဲ တစ်ဆင့်မြင့်ရာထူးအတွက် လိုအပ်တဲ့ Leadership Competencies တွေနဲ့ Behavioral Assessment တွေကို စနစ်တကျ တိုင်းတာ စိစစ်ပါ။

အဖွဲ့အစည်းတစ်ခု၏ အောင်မြင်မှုက လူမှန်နေရာမှန် (Right Person in the Right Place) ထားရှိနိုင်မှုအပေါ်မှာမူတည်ပါတယ်။ ဝန်ထမ်းကောင်းတစ်ယောက်ကို ချီးမြှင့်ချင်ရင် မန်နေဂျာ ရာထူးအဖြစ် အတင်းအကျပ် ပြောင်းလဲပစ်တာထက် သူတို့ရဲ့ စစ်မှန်တဲ့ အားသာချက်နဲ့ ကိုက်ညီတဲ့ နေရာမှာ ဆက်လက် တောက်ပခွင့် ပေးတာကသာ အဖွဲ့အစည်းရော ဝန်ထမ်းအတွက်ပါ အကျိုးအရှိဆုံး မဟာဗျူဟာ ဖြစ်ပါတယ်။








  to the People, Hard to the Rules ဆိုတာ"Soft to the People, Hard to the Rules" ဆိုတာ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုမှ...
24/08/2026

to the People, Hard to the Rules ဆိုတာ

"Soft to the People, Hard to the Rules" ဆိုတာ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုမှာ ကျင့်သုံးတဲ့ အရေးပါတဲ့ မူတစ်ခု ဖြစ်ပါတယ်။ ဒီသဘောတရားက လုပ်ငန်းခွင်တစ်ခုမှာ လူမှုရေးနဲ့ စည်းကမ်းပိုင်းဆိုင်ရာ ဟန်ချက်ညီအောင် ထိန်းညှိဖို့လိုအပ်တယ်ဆိုတာကို ရည်ညွှန်းချင်တာပါ။

to the People (ဝန်ထမ်းများအပေါ် နူးညံ့စွာဆက်ဆံခြင်း)

"Soft to the People" လို့ပြောရင် ခေါင်းဆောင်တွေဟာ ဝန်ထမ်းတွေအပေါ် စာနာထောက်ထားမှု၊ နားလည်မှုနဲ့ လေးစားမှုရှိရမယ်လို့ ပြောချင်တာဖြစ်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ ခံစားချက်တွေ၊ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေကို အသိအမှတ်ပြုပြီး တုံ့ပြန်ဆက်ဆံတာကို ပြောချင်တာပါ။ ဥပမာ -
• ဝန်ထမ်းတွေ အခက်အခဲကြုံလာတဲ့အခါ ဒါမှမဟုတ် တစ်ကိုယ်ရည်ကိစ္စတွေမှာ ကူညီဖြေရှင်းပေးတာမျိုး လုပ်ဆောင်ပေးရပါမယ်။
• ဝန်ထမ်းတွေရဲ့အကြံဉာဏ်တွေကို တန်ဖိုးထားပြီး လေးလေးစားစား နားထောင်ပေးသင့်ပါတယ်။
• ဝန်ထမ်းတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ အောင်မြင်မှုတွေကို မှန်ကန်စွာ အသိအမှတ်ပြုပေးရပါမယ်။
ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ဝန်ထမ်းတွေဟာ တန်ဖိုးထားခံရတယ်လို့ ခံစားရပြီး လုပ်ငန်းအပေါ် သစ္စာစောင့်သိမှု ပိုမိုမြင့်တက်လာစေမှာဖြစ်ပါတယ်။

to the Rules (စည်းကမ်းများအပေါ် တင်းကြပ်စွာ ကိုင်တွယ်ခြင်း)

"Hard to the Rules" လို့ပြောရင်တော့ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေ၊ မူဝါဒတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိကျခိုင်မာစွာ လိုက်နာကျင့်သုံးရမယ်လို့ ပြောချင်တာပါ။ ဒီအချက်ဟာ ဘယ်ဝန်ထမ်းကိုမဆို မျက်နှာမလိုက်ဘဲ တရားမျှတစွာ ကိုင်တွယ်ဖို့လိုအပ်တယ်လို့ သတိပေးနေတာပါ။

to the Rules လို့ပြောရင်
( ၁ ) လုပ်ငန်းခွင်စည်းကမ်းတွေကို လူတိုင်းတန်းတူ လိုက်နာစေရပါမယ်။
( ၂ ) အမှားတစ်ခုခုဖြစ်လာတဲ့အခါ စည်းမျဉ်းစည်းကမ်းတွေအတိုင်း တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းရပါမယ်။
( ၃ ) လုပ်ငန်းရဲ့ မဟာဗျူဟာတွေနဲ့ ပန်းတိုင်တွေကို မတိမ်းမစောင်း တသမတ်တည်း လိုက်နာပြီး လုပ်ငန်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒီလိုခိုင်မာတဲ့ စည်းကမ်းတွေရှိခြင်း၊ ကျင့်သုံးခြင်းအားဖြင့်လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေရုံသာမက လုပ်ငန်းခွင်မှာ တည်ငြိမ်မှုနဲ့ မျှတမှုကိုပါ ရရှိစေပါတယ်။

ဒါကြောင့် "Soft to the People, Hard to the Rules" ဆိုတဲ့ အတိုင်း ဝန်ထမ်းတွေရဲ့စိတ်ကို စာနာနားလည်ရင်းနဲ့ လုပ်ငန်းရဲ့ စည်းမျဉ်းတွေကိုတော့ တိတိကျကျလိုက်နာဖို့၊ ကိုင်တွယ်ဖို့လိုအပ်တယ်လို့ Remind လုပ်ပေးချင်ပါတယ်။ ဒါဟာ လုပ်ငန်းရဲ့ ရည်မှန်းချက်တွေအောင်မြင်ဖို့နဲ့ ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုကို ဟန်ချက်ညီအောင် ပေါင်းစပ်ပေးနိုင်တဲ့ ထိရောက်တဲ့ စီမံခန့်ခွဲမှုပုံစံတစ်ခု ဖြစ်တယ်လို့ ပြောချင်ပါတယ်။








လုပ်ငန်းက ကြီးလာပေမယ့်…ပိုင်ရှင်က အရာအားလုံးကို ကိုယ်တိုင်လိုက်ကြည့်နေရတုန်းပဲလား?📌 “ဒီဝန်ထမ်းက ဘာတာဝန်ယူထားတာလဲ?” အလုပ်...
24/08/2026

လုပ်ငန်းက ကြီးလာပေမယ့်…

ပိုင်ရှင်က အရာအားလုံးကို ကိုယ်တိုင်လိုက်ကြည့်နေရတုန်းပဲလား?

📌 “ဒီဝန်ထမ်းက ဘာတာဝန်ယူထားတာလဲ?” အလုပ်ကောတစ်ကယ်လုပ်နေရဲ့လား။

📌 “ဝန်ထမ်းတွေကို လစာတိုးပေးလိုက်ပေမယ့် ဘာလို့ မကျေနပ်မှုတွေဖြစ်နေတာလဲ?”

📌 “HR Department ရှိပေမယ့် တကယ်ကောအလုပ်လုပ်နေရဲ့လား?”

📌 “ငါမရှိရင် လုပ်ငန်းက လည်ပတ်နိုင်ပါ့မလား?”

ဒီလိုမေးခွန်းတွေကို နေ့တိုင်းတွေးနေရရင်…

ပြဿနာက “ဝန်ထမ်း” မဟုတ်ပါဘူး။

“System” မရှိသေးတာပါ။

မြန်မာနိုင်ငံက လုပ်ငန်းအများစုဟာ

မိသားစုလုပ်ငန်းအနေနဲ့ စတင်ပြီး တဖြည်းဖြည်းကြီးထွားလာကြပါတယ်။

အစမှာတော့ —

👨‍💼 ဝန်ထမ်းနည်းတယ်

👀 ပိုင်ရှင်က အကုန်သိတယ်

📋 စနစ်မရှိလည်း အဆင်ပြေတယ်

ဒါပေမယ့် လုပ်ငန်းကြီးလာတဲ့အခါ…

❌ တာဝန်ခွဲဝေမှုမရှင်းတော့ဘူး

❌ လူဟောင်းတွေကို ထိန်းရခက်လာတယ်

❌ လစာတိုးတိုင်း မကျေနပ်မှုတက်လာတယ်

❌ လူတော်တွေမမြဲတော့ဘူး

❌ HR ရှိပေမယ့် ဘာလုပ်နေလဲမသိဘူး

❌ ပိုင်ရှင်ကိုယ်တိုင် ဝင်မပါရင် ဘာမှမရွေ့တော့ဘူး

အဲ့ဒီအချိန်မှာ…

“ပိုကြိုးစားဖို့” မလိုတော့ပါဘူး။

✅ System ချဖို့လိုတာပါ။

AMARA Consulting က

လုပ်ငန်းရှင်တွေကို —

✔ HR System Set Up
✔ Job Description & KPI
✔ Salary Structure
✔ HR Policies & Employee Handbook
✔ Performance Appraisal System
✔ Talent Management
✔ HR Audit & HR Calendar
✔ Training Plan & HR Department Setup

တို့ကို စနစ်တကျတည်ဆောက်ပေးပြီး…
👉 “လူနဲ့မမောင်းတော့ဘဲ System နဲ့မောင်းတဲ့ Organization”
တစ်ခုဖြစ်လာအောင် ကူညီပေးနေပါတယ်။
အကယ်၍ အပေါ်က ပြဿနာတွေကို

ကြုံနေရပြီဆိုရင် HR System ပြောင်းရမယ့် အချိန်ရောက်နေပါပြီ။

အခုပဲ ဆက်သွယ်လိုက်ပါ။





 #ထွက်စာတင်မှလစာတိုးပေးသလားတစ်ခုလေးဆွေးနွေးချင်ပါတယ်။ ကျနော်တို့ကြုံနေရတာလေးပေါ့။ အဲဒါက ဘာလဲဆိုတော့ ဝန်ထမ်းတွေထွက်စာတင်တ...
23/08/2026

#ထွက်စာတင်မှလစာတိုးပေးသလား

တစ်ခုလေးဆွေးနွေးချင်ပါတယ်။ ကျနော်တို့ကြုံနေရတာလေးပေါ့။ အဲဒါက ဘာလဲဆိုတော့ ဝန်ထမ်းတွေထွက်စာတင်တဲ့အခါ ကျရင် လုပ်ငန်းဘက်က လစာတိုးပေးပြီး ပြန်ထိန်းတတ်ကြပါတယ်။ အဲဒါက

🙅‍♂️တစ်ခါလဲမဟုတ်
🙅‍♂️နှစ်ခါလဲမဟုတ်
🙅‍♂️ သုံးခါလဲမဟုတ်ပါပဲ။

ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အဖြေကိုကျတော့လဲ ရှာသလို၊ မရှာသလိုနဲ့ ခဏခဏကို ဖြစ်နေသလိုပါပဲ။
တကယ်တော့ ကျနော့်အမြင်ကတော့ အဲဒါ ကျနော်တို့ စီမံခန့်ခွဲသူတွေဘက်ကအားနည်းချက်လို့ထင်ပါတယ်။
ဥပမာ တစ်ခုပြောပြချင်ပါတယ်။ ကျနော်တို့ ငယ်ငယ်က မြို့ပတ်ရထားစီးကြတယ်ပေါ့။ ဘူတာရုံကိုသွားရင် ရထားချိန်လေးတွေကပ်ထားတယ်။ ကိုယ့်သွားရမယ့် အချိန်ကိုလိုက်ပြီးရထားစောင့်စီးကြပါတယ်။

တကယ်လို့များပေါ့။ ရထားထွက်မယ့်အချိန်သာ ကပ်မထားရင် ကျနော်တို့ အဲဒီရထားဘူတာရုံကို လှည့်တောင်ကြည့်ဖြစ်မယ်မထင်ဘူး။ သူဘယ်ချိန်ထွက်မလဲမှ မသိရရင် ကျနော်တို့က ဘာမှစီမံလို့မရတော့ဘူးလေ။
အဲဒီလိုပဲခင်ဗျ။ ကုမ္ပဏီအများစုမှာက ၀န်ထမ်းတွေအတွက် ဘယ်အချိန် လစာတိုးဖို့စဉ်းစားမယ်၊ ဘယ်တော့ ရာထူးတိုးစဉ်းစားမယ်၊ ဘယ်အချိန် လစာနှုန်းထားတွေပြောင်းမယ်ဆိုတာ သေချာစီမံမထားကြပါဘူး။ ဘောနပ်စ်ကိုတော့ အချိန်တစ်ခုသတ်မှတ်ပေးတတ်ပါတယ် ( အဲဒီတော့ ဘာဖြစ်ပြန်လဲဆိုတော့ ဘောနပ်စ်ပေးမယ့်အချိန်ကိုစောင့်ပြီး ရတာနဲ့ထွက်ကြပြန်ရောပေါ့ )

ဝန်ထမ်းဘက်ကတွက်ရင် သူဘယ်တော့လောက် လစာ၊ ရာထူးတိုးမယ်၊ လစာနှုန်းထား ပြောင်းသွားမယ်မသိရတဲ့အခါကျ တော့ သူ့ဘက်က မျှော်လင့်ချက်က ရှိမနေဘူးလေ။ ဒီတော့ သူ့ဘက်ကလဲ သူစဉ်းစားမိသလောက် ထွက်စာတင်မယ်၊ ဒီတော့မှပဲ လုပ်ငန်းက သတိထားမိပြီး လစာတိုးပေးတတ်တာကိုး ( ကျနော်တို့ ငယ်ငယ်က ကြားဖူးတဲ့ မောင်ရစ်က နန်းရင်ပြင်မှာ တံ တောင်နဲ့ထထောင်းတဲ့သဘောလို့ယူဆပါတယ် )
ဒီတော့ ဘာထပ်တိုင်ပတ်လဲဆိုတော့ ထွက်စာတင်မှ လစာတိုးတယ်လို့မြင်သွားတဲ့အခါ HR ကတိုင်ပတ်တော့တာပါပဲ။ စီမံရတာခက်ပြီပေါ့။

ဒီတော့လေ။ အကြံပေးချင်တာက ဝန်ထမ်းတွေအတွက် ဘယ်တော့ လစာတိုး၊ ရာထူးတိုး၊ လစာနှုန်းထားပြောင်းမယ်ဆိုတဲ့ ပြက္ခဒိန်လေးတစ်ခုများပြင်ပေးထားဖို့ပါ။ ဖြစ်နိုင်ရင် ၃၊ ၄ လကိုတစ်ခါလောက် Plan လေးဆွဲထားရင် သင့်တော်မယ် ထင်ပါတယ်။ ဝန်ထမ်းတွေအတွက်က မျှော်လင့်ချက်ရှိတာပေါ့။ စောင့်ရမယ်ဆိုလဲ စောင့်နိုင်ကြပါတယ်။ ရထားလိုပြောရင် တစ်ခါတစ်လေ ရထားပျောက်တဲ့အခါလဲ ရှိနိုင်တယ်။ ဒါပေမယ့် အမြဲရထားပျောက်နေရင်၊ အချိန်ဇယားမရှိရင် တော့ ဒီဘူတာကြီးမှာ လာစောင့်စီးတဲ့ခရီးသည် မရှိနိုင်ဘူးဆိုတာလေး မေ့မှာစိုးလို့ သတိပေးချင်ပါတယ်။








 #ဝန်ထမ်းတွေ မထွက်စေချင်ရင် ဒါတွေလုပ်ပါ။စီးပွားရေးလုပ်ငန်းတွေမှာ ဝန်ထမ်းအထွက်တွေတာဟာ လုပ်ငန်းလည်ပတ်မှု အရှိန်အဟုန်ကို နှ...
22/08/2026

#ဝန်ထမ်းတွေ မထွက်စေချင်ရင် ဒါတွေလုပ်ပါ။

စီးပွားရေးလုပ်ငန်းတွေမှာ ဝန်ထမ်းအထွက်တွေတာဟာ လုပ်ငန်းလည်ပတ်မှု အရှိန်အဟုန်ကို နှေးကွေးစေရုံ မျှမက ကုန်ကျစရိတ်တွေကိုလည်း အဆမတန် မြင့်တက်စေပါတယ်။ လုပ်ငန်းရှင်အတွေစုက "လစာမလောက်လို့ ထွက်ကြတာ" လို့ လွယ်လွယ်တွေးတတ်ကြပေမဲ့ တကယ့်လက်တွေ့မှာတော့ ဝန်ထမ်းတွေ အဖွဲ့အစည်းမှာ သစ္စာရှိရှိ ရေရှည်လက်တွဲနေရတဲ့ အကြောင်းရင်းတွေက လစာထက် အတွေကြီး ပိုပြီးကျယ်ပြန့်ပါတယ်။
ဒီတော့ ဝန်ထမ်းတွေ မထွက်စေချင်ရင် ဘာတွေလုပ်သင့်ပါသလဲ။ ကြည့်ရအောင် -

#၁။ ထိုက်တန်တဲ့ လစာနဲ့ ခံစားခွင့်တွေပေးပါ
ပေးအပ်တဲ့ လစာနဲ့ ခံစားခွင့်တွေဟာဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှု၊ စွမ်းဆောင်ရည်နဲ့ တန်ဖိုး ကို အမှန်တကယ် ထင်ဟပ်စေရပါမယ်။

#၂။ သူတို့ရဲ့အသံကို အမှန်တကယ် နားထောင်ပေးပါ
ဝန်ထမ်းတွေရဲ့ သဘောထားအမြင်တွေ၊ အကြံပြုချက်တွေနဲ့ တင်ပြမှုတွေဟာဟန်ပြမဟုတ်ဘဲ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိစေရပါမယ်။

#၃။ လူသားတစ်ဦးအဖြစ် လေးစားပေးပါ
လုပ်ဆောင်နိုင်တဲ့ အလုပ်တာဝန်တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ သူတို့ရဲ့တန်ဖိုး၊ သိက္ခာနဲ့ စရိုက်လက္ခဏာတွေအပေါ် စစ်မှန်တဲ့ လေးစားမှု ပေးပါ။

#၄။ စိန်ခေါ်မှုတွေနဲ့ တိုးတက်အောင်လုပ်ပေးပါ
လုပ်ရိုးလုပ်စဉ်တွေမှာ ပိတ်မိမနေစေဘဲ စွမ်းဆောင်ရည်သစ်တွေကို ဖော်ထုတ်နိုင်မယ့် စိန်ခေါ်မှုအသစ်တွေ ပေးပြီး စဉ်ဆက်မပြတ် တိုးတက်အောင် တွန်းအားပေးပါ။

#၅။ အပြည့်အဝ ယုံကြည်မှု ပေးပါ
အသေးစိတ် လိုက်လံစစ်ဆေးချုပ်ကိုင်တဲ့ Micromanagement လုံးဝမလုပ်ဘဲ ဝန်ထမ်းတွေရဲ့ တာဝန်ယူနိုင်စွမ်းအပေါ် အပြည့်အဝ ယုံကြည်လွှဲအပ်ပေးထားပါ။

#၆။ အခက်အခဲနဲ့ အောင်မြင်မှုတိုင်းတွင် ပံ့ပိုးပေးပါ
အောင်မြင်ချိန်တွင်သာမက အမှားအယွင်းတွေ၊ စိန်ခေါ်မှုတွေနဲ့ ကျရှုံးမှုတွေ ကြုံတွေ့ရတဲ့ အခိုက်အတန့်တိုင်းမှာပါ စစ်မှန်တဲ့ ပံ့ပိုးကူညီမှုတွေပေးပါ။

#၇။ အားထုတ်မှုတွေကို အသိအမှတ်ပြုပါ
ဝန်ထမ်းတွေ ပေးဆပ်လုပ်ကိုင်ထားတဲ့ ကြိုးပမ်းမှုတွေကို လျစ်လျူရှုမထားဘဲ အချိန်မီ မြင်သာစွာ အသိအမှတ်ပြု ဂုဏ်ပြုပေးတာလုပ်ပါ။

#၈။ အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့်ပေးပါ
ကုမ္ပဏီရဲ့ ကြီးမားတဲ့ ရည်မှန်းချက် ပန်းတိုင်တွေမှာသူတို့လည်း အမှန်တကယ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေတယ်လို့ခံစားရအောင် လုပ်ပေးပါ။

#၉။ စဉ်ဆက်မပြတ် သင်ယူလေ့လာခွင့် ပေးပါ
အသိပညာသစ်တွေ၊ ကျွမ်းကျင်မှုသစ်တွေ တိုးတက်ဆည်းပူးနိုင်မယ့် သင်တန်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းတွေ အမြဲ ဖွင့်လှစ်ပေးထားပါ။

#၁၀။ စွမ်းဆောင်ရည်ထက် ကျော်လွန်၍ တန်ဖိုးထားပေးပါ။
သတ်မှတ်ထားတဲ့ Target နဲ့ Performance Metrics တွေ ပြည့်မီရုံ သက်သက်မဟုတ်ဘဲ အဖွဲ့အစည်းအတွင်း သူတို့ရဲ့ပါဝင်တည်ရှိမှုအပေါ် စစ်မှန်တဲ့ ကျေးဇူးတင်တန်ဖိုးထားမှုရှိပေးပါ။

#၁၁။ အခွင့်အာဏာနဲ့ ဆုံးဖြတ်ခွင့် ပေးပါ
ခိုင်းတဲ့ အလုပ်ကိုသာ လုပ်ရတာ မဟုတ်ဘဲ လုပ်ငန်းစဉ်တွေအပေါ် ကိုယ်ပိုင် လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ အခွင့်အာဏာ (Autonomy) ပေးအပ်ပါ။

#၁၂။ ကြိုးစားမှုအတွက် တိုးတက်ရာလမ်းကြောင်း ဖန်တီးပေးပါ
စွမ်းဆောင်ရည်ကောင်းမွန်မှု၊ ကြိုးစားအားထုတ်မှုတွေအတွက် အနာဂတ် ရာထူးတိုးမြှင့်ရေးနဲ့ ရှင်းလင်းတဲ့ Career Path လမ်းကြောင်းတွေ အမှန်တကယ် ရှိနေအောင် ဖန်တီးပေးပါ။

ထက်မြက်တဲ့ ဝန်ထမ်းတွေဟာအကြောင်းမဲ့ အဖွဲ့အစည်းကို စွန့်ခွာသွားကြခြင်း မဟုတ်ပါ။ ပြောခဲ့တဲ့အချက် (၁၂) ချက်နဲ့အညီ လေးစားမှု၊ ယုံကြည်မှု၊ စာနာနားလည်မှုနဲ့ တိုးတက်ခွင့်တွေ ပြည့်ဝတဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှု (Retention-Driven Culture) ကို တည်ဆောက်ပေးနိုင်မယ်ဆိုရင် စွမ်းဆောင်ရည်မြင့် ဝန်ထမ်းတွေကို ရေရှည် ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။








 #လူတော်တွေ အလုပ်မှာ မြဲစေမယ့် အကြောင်းရင်း (၁၂) ခုစီးပွားရေးလုပ်ငန်းတစ်ခုမှာ အကောင်းဆုံး Talent တွေကို ရှာဖွေစုဆောင်းခြ...
21/08/2026

#လူတော်တွေ အလုပ်မှာ မြဲစေမယ့် အကြောင်းရင်း (၁၂) ခု

စီးပွားရေးလုပ်ငန်းတစ်ခုမှာ အကောင်းဆုံး Talent တွေကို ရှာဖွေစုဆောင်းခြင်းထက် ပိုပြီးခက်ခဲတဲ့ စိန်ခေါ်မှုက အဲဒီဝန်ထမ်းတွေကို အဖွဲ့အစည်းနဲ့ ရေရှည်လက်တွဲနေအောင် ထိန်းသိမ်းထားနိုင်ရေး (Employee Retention)ပဲ ဖြစ်ပါတယ်။

ဝန်ထမ်းတစ်ယောက် အဖွဲ့အစည်းကနေ မထွက်ခွာဘဲ သစ္စာရှိရှိနဲ့ စွမ်းဆောင်ရည် အပြည့်အဝ ထုတ်သုံးနေရခြင်းရဲ့ နောက်ကွယ်မှာ လစာနဲ့ခံစားခွင့် တစ်ခုတည်းသာမက ဘက်စုံကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေတွေ ရှိနေတတ်ပါတယ်။ လူတော်တွေ အလုပ်မှာ မြဲစေမယ့် အကြောင်းရင်း (၁၂) ခုကို ပြောပြပေးချင်ပါတယ်။ အဲဒီအကြောင်းရင်းတွေကတော့ -
၁။ မန်နေဂျာကောင်းတွေ ရှိခြင်း
မန်နေဂျာကောင်းတွေက ဝန်ထမ်းတွေအပေါ် အမြဲ ပံ့ပိုးကူညီပေးပြီး လေးစားမှုရှိကြပါတယ်။ ဝန်ထမ်းတွေ လုပ်ဆောင်နေရတဲ့ အလုပ်တွေက အမှန်တကယ် တန်ဖိုးရှိပြီး အရေးပါတယ်လို့ ခံစားရအောင် ဖန်တီးပေးနိုင်ပါတယ်။
၂။ တရားမျှတတဲ့ လစာနဲ့ ခံစားခွင့် ရရှိခြင်း
ပေးအပ်တဲ့ လစာနဲ့ ခံစားခွင့်တွေက ပြင်ပ ဈေးကွက်ပေါက်ဈေး (Market Rate) နဲ့ ကိုက်ညီတဲ့အပြင် ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ရလာဒ်တွေနဲ့ ထိုက်တန်စွာ မျှတမှု ရှိပါတယ်။
၃။ လိုက်လျောညီထွေရှိတဲ့ လုပ်ငန်းခွင် ဖြစ်ခြင်း
ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လိုပုံစံနဲ့အလုပ်လုပ်မည်ဆိုတာကို ဝန်ထမ်းတွေကကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ဆုံးဖြတ်ခွင့် (Autonomy) အတိုင်းအတာတစ်ခုအထိ ရှိပါတယ်။
၄။ အသိအမှတ်ပြု ဂုဏ်ပြုခံရခြင်း
ခေါင်းဆောင်တွေက ဝန်ထမ်းတွေရဲ့ ကောင်းမွန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အမြဲ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုဆုချီးမြှင့်ခြင်းနဲ့ လှိုက်လှဲစွာ ကျေးဇူးတင်စကား ပြောကြားတဲ့ ယဉ်ကျေးမှု ရှိပါတယ်။
၅။ ရှင်းလင်းတဲ့ ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ် ရှိခြင်း
ဝန်ထမ်းတွေအတွက် သူတို့ နေ့စဉ် လုပ်ဆောင်နေတဲ့ တာဝန်တွေက အဓိပ္ပာယ်ရှိတဲ့ ရလာဒ်တွေနဲ့ အဖွဲ့အစည်းရဲ့ ကြီးမားတဲ့ ပန်းတိုင်တွေအတွက် အမှန်တကယ် အကျိုးပြုနေတယ်လို့ ခံစားရပါတယ်။
၆။ တိုးတက်မှု လမ်းကြောင်းတွေ မြင်သာခြင်း
ရာထူးတိုးမြှင့်ဖို့ အခွင့်အလမ်းတွေ၊ သင်ယူလေ့လာခွင့်တွေနဲ့ ကျွမ်းကျင်မှု တိုးတက်စေမယ့် လမ်းကြောင်းတွေ (Career Paths) က ဝန်ထမ်းတွေရဲ့ ရှေ့မှောက်မှာ ရှင်းလင်းပြတ်သားစွာ ရှိနေပါတယ်။
၇။ စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရှိခြင်း
အလုပ်လုပ်ရင်းနဲ့ အမှားအယွင်းတွေ ဖြစ်လာတဲ့အခါ အပြစ်တင်နှိပ်ကွပ်ခြင်း မပြုဘဲ သင်ခန်းစာအဖြစ် လက်ခံပေးပါတယ်။ ကွဲပြားတဲ့ လုပ်ဟန်တွေနဲ့ သဘောထား အမြင်သစ်တွေကို ပွင့်လင်းစွာ ကြိုဆိုပါတယ်။
၈။ ခိုင်မာတဲ့ အသင်းအဖွဲ့စိတ်ဓာတ် ရှိခြင်း
အဖွဲ့ဝင်တွေ အချင်းချင်းကြားမှာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန် ပံ့ပိုးကူညီခြင်းတွေရှိနေပြီး စိန်ခေါ်မှုတွေကို အတူတကွ ဖြေရှင်းကြပါတယ်။ အဖွဲ့ရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးနေတဲ့ အဆိပ်အတောက် ဖြစ်စေသူတွေ ကို စနစ်တကျ ဖယ်ရှားရှင်းလင်းပေးပါတယ်။
၉။ အဓိပ္ပာယ်ပြည့်ဝတဲ့ အလုပ်တာဝန်တွေ လုပ်ဆောင်ရခြင်း
နေ့စဉ် လုပ်ဆောင်ရတဲ့ အလုပ်တာဝန်တွေက စွမ်းအင်သစ်တွေ ပေးစွမ်းနိုင်ခြင်း၊ စိန်ခေါ်မှုရှိခြင်းနဲ့ လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲ စုံလင်ကွဲပြားမှု ရှိခြင်းတွေနဲ့ ပြည့်စုံပါတယ်။
၁၀။ အပြန်အလှန် ယုံကြည်မှု ရှိခြင်း (Trust)
ခေါင်းဆောင်တွေက အသေးစိတ် လိုက်လံချုပ်ကိုင်ခြင်း မပြုလုပ်ဘဲ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ တာဝန်ယူမှုကို အပြည့်အဝ ယုံကြည်မှု ပေးထားပါတယ်။
၁၁။ အလုပ်နဲ့ ဘဝ ဟန်ချက်ညီခြင်း
ဝန်ထမ်းတွေက မိသားစုဘဝနဲ့ ကိုယ်ပိုင်အချိန်တွေကို စတေးစရာမလိုဘဲ လုပ်ငန်းခွင်အတွင်း အောင်မြင်စွာ ရပ်တည် လုပ်ကိုင်နိုင်ကြပါတယ်။
၁၂။ လူသားတစ်ဦးအဖြစ် လေးစားတန်ဖိုးထားခံရခြင်း
ဝန်ထမ်းတွေကို Resources အဖြစ်သာ မရှုမြင်ဘဲ ကိုယ်ပိုင်ဘဝ၊ ခံစားချက်နဲ့ သိက္ခာရှိတဲ့ လူသားတွေ အဖြစ် အပြည့်အဝ လေးလေးစားစားနဲ့ ဆက်ဆံပေးပါတယ်။

ဝန်ထမ်းတွေ အလုပ်မှာ စိတ်အားထက်သန်စွာ ရေရှည်ရပ်တည်နိုင်ရေးက လစာတစ်ခုတည်းနဲ့ မလုံလောက်ဘဲ လေးစားမှု၊ ယုံကြည်မှု၊ တိုးတက်ခွင့်နဲ့ ကျန်းမာတဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှု (Retention Strategy) တို့ကို ဘက်စုံ စနစ်တကျ တည်ဆောက်ပေးနိုင်မှုအပေါ်တွင် မူတည်နေတာကို မမေ့ကြစေလိုပါဘူး။







 #ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှု ပုံစံ (၁၀) မျိုး⭐ ခေါင်းဆောင်မှုဆိုင်ရာ ပါရဂူ Simon Sinek ဘာပြောခဲ့သလဲဆိုရင်  — "Bad leader...
20/08/2026

#ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှု ပုံစံ (၁၀) မျိုး

⭐ ခေါင်းဆောင်မှုဆိုင်ရာ ပါရဂူ Simon Sinek ဘာပြောခဲ့သလဲဆိုရင် — "Bad leaders care about who is right. Good leaders care about what is right." (ခပ်ညံ့ညံ့ခေါင်းဆောင်တွေက 'ဘယ်သူမှန်လဲ' ဆိုတာကို အဓိကထားကြပြီး ခေါင်းဆောင်ကောင်းတွေကတော့ 'ဘာကမှန်ကန်သလဲ' ဆိုတာကိုသာ အဓိကထား စဉ်းစားကြပါတယ်) တဲ့။

⭐ အဖွဲ့အစည်းတစ်ခု ကျဆုံးရခြင်းရဲ့ အဓိက အကြောင်းရင်းတော်တော်တွေတွေက လုပ်ငန်းမဟာဗျူဟာ မှားယွင်းတာထက် ခေါင်းဆောင်မှု စတိုင်လ် လွဲချော်နေတာကြောင့် ဖြစ်တတ်ပါတယ်။ လုပ်ငန်းခွင် တွေမှာတွေ့ရတတ်တဲ့ ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှု ပုံစံ (၁၀) မျိုးကို သတိထားနိုင်အောင် ပြောပြချင်ပါတယ်။

၁။ သရဲတစ္ဆေ ခေါင်းဆောင်
⇢ ⇢သဘောသဘာဝ: အဖွဲ့ဝင်တွေနဲ့ အတူတကွ ရှိမနေဘဲ လိုအပ်တဲ့ အချိန်မှာ လမ်းညွှန်မှုနဲ့ ပံ့ပိုးမှု လုံးဝ မပေးနိုင်တဲ့ ခေါင်းဆောင်မှု ပုံစံဖြစ်ပါတယ်။

⇢ ထင်ရှားတဲ့ လက္ခဏာတွေကတော့ အရေးကြီး အစည်းအဝေးတွေမှာ ပျက်ကွက်လေ့ရှိခြင်း၊ Feedback မပေးခြင်း၊ အဖွဲ့ဝင်တွေနဲ့ ထိတွေ့ဆက်ဆံမှု အလွန်နည်းပါးခြင်းတွေဖြစ်ပါတယ်။

၂။ အနီးကပ် ခြေရာခံ ချုပ်ကိုင်လွန်းသူ
⇢ သဘောသဘာဝ: ဝန်ထမ်းတွေရဲ့ အလုပ်တာဝန် အသေးစိတ်ကစပြီး အားလုံးကို အလွန်အမင်း ထိန်းချုပ်ပြီးတော့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် (Autonomy) နဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ချိုးနှိမ်ထားတတ်သူတွေ ဖြစ်ပါတယ်။

⇢ ထင်ရှားတဲ့ လက္ခဏာတွေကတော့ အလွန်အကျွံ စောင့်ကြည့်စစ်ဆေးခြင်း၊ အလုပ်တာဝန် လွှဲအပ်ရန် ဝန်လေးခြင်း၊ အသေးအမွှားကိစ္စတိုင်းကို အမြဲတမ်း ဝင်ရောက် ပြုပြင်နေခြင်းတွေဖြစ်ပါတယ်။

၃။ အရည်အချင်း မပြည့်ဝတဲ့ ခေါင်းဆောင်
⇢ သဘောသဘာဝ: အဖွဲ့အစည်းကို ထိရောက်စွာ ဦးဆောင်နိုင်ရန် လိုအပ်တဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ အသိပညာနဲ့ ဗျူဟာမြောက် စွမ်းရည် လုံးဝ ကင်းမဲ့နေသူ ဖြစ်ပါတယ်။

⇢ ထင်ရှားတဲ့ လက္ခဏာတွေကတော့ ဆုံးဖြတ်ချက်တွေ မှားယွင်းစွာ ချမှတ်ခြင်း၊ လုပ်ငန်းခွင်အတွင်း အမှားတွေ မကြာခဏ ပြုလုပ်ခြင်း၊ အဖွဲ့အတွက် ရှင်းလင်းတဲ့ ဦးတည်ချက် မပေးနိုင်ခြင်းတွေဖြစ်ပါတယ်။

၄။ ဒိုင်နိုဆော မန်နေဂျာ
⇢ သဘောသဘာဝ: ခေတ်မီ နည်းပညာတွေနဲ့ အကြံဉာဏ်သစ်တွေကို လက်မခံဘဲ ခေတ်နောက်ကျ နေတဲ့ စနစ်ဟောင်းတွေမှာသာ ပိတ်မိနေပြီး အပြောင်းအလဲကို အမြဲ ဆန့်ကျင်နေသူ ဖြစ်ပါတယ်။

⇢ ထင်ရှားတဲ့ လက္ခဏာတွေကတော့ အပြုသဘောဆောင်တဲ့ Feedback တွေကို ငြင်းပယ်ခြင်း၊ ခေတ်ကုန် နေတဲ့ လုပ်နည်းလုပ်ဟန်တွေကိုသာ ဇွတ်တွန်းသုံးခြင်း၊ တီထွင်ဆန်းသစ်မှုတွေကို ပိတ်ပင်ခြင်းတွေဖြစ်ပါတယ်။

၅။ ဒေါသကြီးတဲ့ ခေါင်းဆောင်
⇢ သဘောသဘာဝ: မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း (Self-control) နဲ့ စိတ်ခံစားမှုဆိုင်ရာ ရင့်ကျက်မှု (Emotional Intelligence - EQ) အားနည်းပြီး အမြဲတမ်း စိတ်အလိုမကျ ဖြစ်နေသူ ဖြစ်ပါတယ်။

⇢ ထင်ရှားတဲ့ လက္ခဏာတွေကတော့ ဝန်ထမ်းတွေအပေါ် မကြာခဏ ဒေါသပေါက်ကွဲခြင်း၊ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တွေ ချခြင်း၊ စိတ်အခြေအနေ မတည်ငြိမ်ခြင်းတွေဖြစ်ပါတယ်။

၆။ ရေခဲတုံး လို စာနာမှုကင်းသူ
⇢ သဘောသဘာဝ: ဝန်ထမ်းတွေရဲ့ Well-being နဲ့ ရုန်းကန်ရမှုတွေအပေါ် စာနာနားလည်မှု (Empathy) လုံးဝ ကင်းမဲ့နေသူ ဖြစ်ပါတယ်။

⇢ ထင်ရှားတဲ့ လက္ခဏာတွေကတော့ ဝန်ထမ်းတွေရဲ့ အခက်အခဲတွေကို လျစ်လျူရှု ပယ်ချခြင်း၊ Work-life balance ကို ပံ့ပိုးမပေးခြင်း၊ အဖွဲ့ဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို နားမလည်ခြင်းတွေပဲဖြစ်ပါတယ်။

၇။ မရိုးမသားအမြတ်ထုတ်သူ
⇢ သဘောသဘာဝ: ကိုယ်ကျိုးစီးပွားအတွက် အဖွဲ့အစည်း ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး မရိုးမသား ပြုမူဆောင်ရွက်လေ့ရှိသူ ဖြစ်ပါတယ်။

⇢ ထင်ရှားတဲ့ လက္ခဏာတွေကတော့ ကုမ္ပဏီ၏ အရင်းအမြစ်တွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခြင်း၊ မျက်နှာလိုက်ခြင်း၊ တရားမဝင်/ကျင့်ဝတ်မဲ့တဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်ခြင်းတွေပဲဖြစ်ပါတယ်။

၈။ သီးခြားခွဲထုတ် ထိန်းချုပ်သူ
⇢ သဘောသဘာဝ: သူ့အဖွဲ့ကို အခြား ဌာနတွေ၊ ပြင်ပ အကြံပြုချက်တွေနဲ့ လုံးဝ အထိအတွေ့ မရှိစေဘဲ သီးခြား ပိတ်လှောင်ထားကာ ထိန်းချုပ်လေ့ရှိသူ ဖြစ်ပါတယ်။

⇢ ထင်ရှားတဲ့ လက္ခဏာတွေကတော့ ပြင်ပ ဆက်သွယ်ပြောဆိုမှုတွေကို ကန့်သတ်ခြင်း၊ အခြားဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆန့်ကျင်ခြင်း၊ Industrian Trend တွေကို လျစ်လျူရှုခြင်း။

၉။ အာဏာရှင် စီအီးအို
⇢ သဘောသဘာဝ: အဖွဲ့အစည်းရဲ့ ရလဒ် ဒါမှမဟုတ် ကိုယ်ကျိုးအတွက် ဝန်ထမ်းတွေအပေါ် အာဏာအလွဲသုံးစားလုပ်ပြီး အဆိပ်အတောက် အပြုအမူတွေနဲ့ တမင် နှိပ်ကွပ်သူ ဖြစ်ပါတယ်။

⇢ ထင်ရှားတဲ့ လက္ခဏာတွေကတော့ ကျင့်ဝတ်မဲ့တဲ့ အလုပ်တွေကို ဖိအားပေး ခိုင်းစေခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်း၊ ဝန်ထမ်းတွေရဲ့ လုပ်အားကို အမြတ်ထုတ် ညှစ်ထုတ်ခြင်းတွေပဲဖြစ်ပါတယ်။

၁၀။ မျက်နှာလိုက် ဩဇာသုံးသူ
⇢ သဘောသဘာဝ: မျက်နှာလိုက်မှု (Favoritism) ကို ပြောင်ပြောင်တင်းတင်း ပြုမူပြီး အဖွဲ့အတွင်း စိတ်ဝမ်းကွဲမှုနဲ့ မကျေနပ်မှုတွေကို ဖန်တီးသူ ဖြစ်ပါတယ်။

⇢ ထင်ရှားတဲ့ လက္ခဏာတွေကတော့ မိမိလူကိုသာ ဦးစားပေး ဆက်ဆံခြင်း၊ ဘက်လိုက်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခြင်း၊ အခွင့်အလမ်းတွေကို တန်းတူညီမျှ မပေးခြင်းတွေပဲဖြစ်ပါတယ်။

⭐ အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်မှု မှားယွင်းနေရင် ဘယ်လောက်ပဲ ကောင်းမွန်တဲ့ Strategy ရှိနေပါစေအောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ့်ရဲ့ခေါင်းဆောင်မှု စတိုင်လ်တွေကို စနစ်တကျ ပြန်လည်ဆန်းစစ်ပြီး ပွင့်လင်းမြင်သာမှု၊ စာနာနားလည်မှုနဲ့ ကျင့်ဝတ်သိက္ခာအပေါ် အခြေခံတဲ့ ခေါင်းဆောင်မှု ယဉ်ကျေးမှု (Leadership Culture) ကို တည်ဆောက်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။








 #ခပ်ညံ့ညံ့ မန်နေဂျာတစ်ယောက်မှာတွေ့ရမယ့် လက္ခဏာများကုမ္ပဏီတစ်ခုအောင်မြင်ဖို့ဆိုရင်မန်နေဂျာတွေရဲ့ စွမ်းဆောင်ရည်က အဓိကကျပါ...
19/08/2026

#ခပ်ညံ့ညံ့ မန်နေဂျာတစ်ယောက်မှာတွေ့ရမယ့် လက္ခဏာများ

ကုမ္ပဏီတစ်ခုအောင်မြင်ဖို့ဆိုရင်မန်နေဂျာတွေရဲ့ စွမ်းဆောင်ရည်က အဓိကကျပါတယ်။ ဒါပေမဲ့ ခပ်ညံ့ညံ့မန်နေဂျာတွေကြောင့် ဝန်ထမ်းတွေ စိတ်ဓာတ်ကျတာ၊ အလုပ်ထွက်နှုန်းများလာတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ အရည်အချင်းနိမ့်တဲ့ မန်နေဂျာတစ်ဦးမှာ အောက်ပါလက္ခဏာရပ်တွေကို တွေ့ရတတ်ပါတယ်။ အဲဒါတွေကတော့

✅ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်မှု မပေးနိုင်ခြင်း
ခပ်ညံ့ညံ့ မန်နေဂျာတွေဟာတာဝန်ပေးတဲ့အခါ ဘာကိုလိုချင်တယ်၊ ဘာကိုရည်ရွယ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမပြောနိုင်ပါဘူး။ ဒါကြောင့် ဝန်ထမ်းတွေဟာ အလုပ်ကို ဘယ်လိုဆက်လုပ်ရမယ်မှန်းမသိဘဲ အချိန်ကုန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အလုပ်ပြီးသွားတဲ့အခါမှာလည်း မန်နေဂျာက စိတ်တိုင်းမကျလို့ ပြန်ပြင်ခိုင်းတာတွေ ခဏခဏ ဖြစ်ပေါ်နိုင်ပါတယ်။

✅✅ဝေဖန်မှုတွေကို လက်မခံနိုင်ခြင်း
မန်နေဂျာကောင်းတစ်ယောက်ဟာ ဝေဖန်မှုတွေကို နားထောင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်ရပါမယ်။ ဒါပေမဲ့ ခပ်ညံ့ညံ့ မန်နေဂျာကတော့ သူ့ရဲ့အမြင်ကိုသာ အမှန်လို့ယူဆပြီး တခြားသူရဲ့အကြံဉာဏ်တွေကို လျစ်လျူရှုတတ်ပါတယ်။ သူ့အမှားကို ဝန်ခံဖို့လည်း ဝန်လေးတတ်ပါတယ်။

✅✅✅ အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုကို အားမပေးခြင်း
ခပ်ညံ့ညံ့ မန်နေဂျာတွေဟာ အောင်မြင်မှုတွေကို ကိုယ့်ရဲ့တစ်ဦးတည်းစွမ်းဆောင်ရည်အဖြစ် ယူဆပြီး အားနည်းချက်တွေဖြစ်ပေါ်လာရင်တော့ ဝန်ထမ်းတွေကို အပြစ်ပုံချတတ်ပါတယ်။ အဖွဲ့ဝင်တွေကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ အချင်းချင်း ကူညီဖို့ဆိုတာကို အားမပေးပါဘူး။

✅✅✅✅ အသေးအဖွဲကိစ္စများကို ထိန်းချုပ်ရန် ကြိုးစားခြင်း
ခပ်ညံ့ညံ့ မန်နေဂျာတွေဟာလုပ်ငန်းခွင်အတွင်းက အသေးအဖွဲကိစ္စတွေကိုပါ ဝင်ရောက်စွက်ဖက်ပြီး အရာရာကို ထိန်းချုပ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒီလိုလုပ်ရပ်မျိုးကြောင့် ဝန်ထမ်းတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း (autonomy) ကို ပိတ်ပင်ထားသလိုဖြစ်ပြီး စိတ်ပျက်အားငယ်စေပါတယ်။

✅✅✅✅✅ ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်မပြုခြင်း
ဝန်ထမ်းတွေက အလုပ်ကောင်းကောင်းလုပ်တဲ့အခါ၊ ကြိုးကြိုးစားစားလုပ်ဆောင်တဲ့အခါ ချီးကျူးတာ၊ အသိအမှတ်ပြုတာမျိုးမလုပ်ဘဲ ပုံမှန်တာဝန်တစ်ခုလိုပဲ သဘောထားတတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ကျဆင်းပြီး အလုပ်အပေါ် စိတ်ပါဝင်စားမှုနည်းလာတတ်ပါတယ်။

ဒီလိုခပ်ညံ့ညံ့ မန်နေဂျာတွေဟာ ကုမ္ပဏီရဲ့ တိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့အပြင် အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ အလုပ်ကနေ ထွက်ခွာသွားရတဲ့ အဓိကအကြောင်းအရင်းတွေလည်း ဖြစ်ပါတယ်။








 #အလုပ်ခေါ်စာတင်ရင် သတိထားရမယ့် အရာတွေအလုပ်ခေါ်စာတင်တဲ့အခါ တခြားခေါ်စာတွေနဲ့ယှဉ်လိုက်တာနဲ့ ကိုယ့်ကိုထင်းခနဲမြင်နေအောင် လ...
18/08/2026

#အလုပ်ခေါ်စာတင်ရင် သတိထားရမယ့် အရာတွေ

အလုပ်ခေါ်စာတင်တဲ့အခါ တခြားခေါ်စာတွေနဲ့ယှဉ်လိုက်တာနဲ့

ကိုယ့်ကိုထင်းခနဲမြင်နေအောင် လုပ်သင့်တာလေးတွေ

ထပ်ပြောပြချင်ပါတယ်။ အဲဒါတွေကတော့

( ၁ ) ရှင်းလင်းပြတ်သားပြီးနားလည်လွယ်မယ့်
စကားလုံးတွေကို သုံးပါ

( ၂ ) လူသိနည်းတဲ့စကားလုံးတွေကို ရှောင်ပြီး လိုရင်းကို ရေးပါ

( ၃ ) ဘာကြောင့်ကိုယ့်ဆီမှာ အလုပ်လျှောက်သင့်လဲ ဆိုတာကို
ပေါ်လွင်အောင်ရေးပါ

( ၄ ) ကိုယ့်ကုမ္ပဏီအလုပ်လုပ်ရင် ရလာမယ့် အကျိုးကျေးဇူး
တွေကို ရေးပါ

( ၅ ) အလုပ်ရှာသူတွေ ရှာတဲ့အခါ ကိုယ့်ပို့စ်ကိုမြင်သာအောင်
သိသာထင်ရှားတဲ့ Keywords တွေကို သုံးပြီးရေးပါ

( ၆ ) ကုမ္ပဏီရဲ့ Culture ကိုမြင်သာအောင်ဖော်ပြနိုင်ရင်
ကောင်းပါတယ်။ ကိုယ့်နဲ့ စိတ်သဘောထားတူတဲ့သူတွေ
ပိုလျှောက်ချင်စိတ်ပေါက်လာပါလိမ့်မယ်။

( ၇ ) ပွင့်လင်းမြင်သာမှုရှိပါ။ လစာ၊ ခံစားခွင့်နဲ့
တိုးတက်နိုင်စွမ်းတွေကို သေချာဖော်ပြပါ။

( ၈ ) အလုပ်လျှောက်ချင်သူအတွက် လျှောက်ရလွယ်ကူအောင်
စီစဉ်ပေးပါ။





Address

402, Innwa Street, South Okkalapa Township
Yangon
11091

Alerts

Be the first to know and let us send you an email when Min Khaung - AMARA Consulting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Min Khaung - AMARA Consulting:

Shortcuts

Share