Game and Software Zone Myanmar

Game and Software Zone Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Game and Software Zone Myanmar, Business service, Yangon.

နာမည်ကြီး ကိုရီးယား Manga တစ်ခုဖြစ်တဲ့ Solo Leveling ကတော့ ဂိမ်းအနေနဲ့ ထွက်လာခဲ့ပြီဖြစ်ပါတယ် ဂိမ်းပုံစံက manga ထဲကလိုမျိ...
30/03/2024

နာမည်ကြီး ကိုရီးယား Manga တစ်ခုဖြစ်တဲ့ Solo Leveling ကတော့ ဂိမ်းအနေနဲ့ ထွက်လာခဲ့ပြီဖြစ်ပါတယ်
ဂိမ်းပုံစံက manga ထဲကလိုမျိုး Gate တွေဝင်မယ် monster တွေရှင်းမယ် Story Quest တွေလုပ်မယ် Side Quest တွေလုပ်မယ် Level up မယ် စတဲ့ပုံစံမျိုးဆော့ရမှာပါ Hunter အသစ်တွေနဲ့ weapon အသစ်တွေရဖို့ကတော့ gacha ဂိမ်းပုံစံ Rar Box တွေ Selection Box တွေဖောက်ရမှာပါ ဆော့ရတဲ့ပုံစံကတော့ ကိုယ်တိုင်သွားကိုယ်တိုင်ချရတာဆိုတော့ ပိုသဘောကျပါတယ်... သိပ်အရေးမကြီးတဲ့ mission အချို့အတွက်လည်း auto quest ထည့်ပေးထားတာမို့ အရမ်းအချိန်မပေးရပါဘူး.. အရေးကြီးတဲ့ Storyline & Side Quest တွေကကတော့ ကိုယ်တိုင် သေချာဆော့ရမှာပါ ဘာauto မှပေးမထားပါဘူး Skill ပိုင်းကလည်း Main Skill နဲ့ ကိုယ်ကိုင်တဲ့ လက်နက်ပေါ်မူတည်ပြီးရတဲ့ skill ဆိုပီးထပ်ကွဲပါသေးတယ် Skill ကို upgrade တင်တာ Mc ကို Skill တစ်ခုနဲ့တစ်ခု ပြောင်းသုံးတာ လက်နက်ပြောင်းသုံးတာ ကိုယ့်စိတ်ကြိုက်ရပါတယ် Hunter တွေကလည်း manga ထဲက Hunter တွေကိုထည့်ပေးထားတာပါ အခုကထွက်ထွက်ချင်းဆိုတော့ Hunter အကုန်တော့မပါသေးပါဘူး နောက် update တွေမှာထပ်တိုးပေးမယ်ထင်ပါတယ် Manga ထဲကအတိုင်း Mc ရဲ့ Shadow တွေကိုလည်း ဂိမ်းထဲမှာ ပြန်ထည့်ပေးထားပါတယ် Level တက်လာလို့ Skill အသစ်တွေပွင့်လာတဲ့နဲ့အမျှ manga ထဲကလို Shadow တွေကိုဆင့်ခေါ်တိုက်ခိုင်နိုင်တဲ့ Arise skill လည်းရလာမှာပါ အဲဒီ level လောက်ရောက်ရင်ဆော့ရတာတော်တော်ကိုမိုက်လာပါပီ ... ကဲအားလုံးဘဲ စမ်းဆော့ကြည့်လို့ရအောင် အက်မင်သိသလောက်ထိ Review လေးရေးပေးလိုက်ပါတယ်

ဒီမှာဒေါင်းပါ ဂိမ်းထဲရောက်ရင်ထပ်ဒေါင်းရပါတယ် နည်းနည်းများပါတယ် ဖုန်းအနိမ့်တွေလည်းRam 4 လောက်ထိဆော့လို့ရပါတယ် Graphic ကလည်း ဖုန်းပေါ်မူတည်ပီး အော်တိုချိန်ပေးထားတာမို့ တကူးတက ထပ်ချိန်စရာမလိုဘဲဆော့လို့ရပါတယ်

https://www.mediafire.com/file/a0ti2d8muugi10x/solo-leveling-arise-MGMM_.apk/file

မသိတာမေးဖို့ အောက်ကဂရုကိုဝင်ထားလို့ရပါတယ်

https://www.facebook.com/groups/927516598857770

Please Like & Share For More

ဂိမ်းမတင်တာကြာလို့ ပြန်တင်ပေးတာ🥰ဒီ ဂိမ်းဟာ 2D Action-Adventure ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး နာမည်ကြီး စွန်းဝူခုံးတို့နေရ...
15/01/2024

ဂိမ်းမတင်တာကြာလို့ ပြန်တင်ပေးတာ🥰


ဒီ ဂိမ်းဟာ 2D Action-Adventure ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး နာမည်ကြီး စွန်းဝူခုံးတို့နေရာကနေ ကစားရမှာပါ။ တစ်ချိန်တုန်းက ကမ္ဘာမြေနဲ့ နတ်ပြည်ကို ထိန်းပေးထားတဲ့ ကျမ်းဂန်တစ်ခုရှိခဲ့ပြီး မကောင်းတဲ့နတ်တွေကြောင့် အဲဒီကျမ်းဂန်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီး ကမ္ဘာမြေပေါ်ကို ကျရောက်ခဲ့ပါတယ်။ ကျရောက်တဲ့နေရာတိုင်းမှာ ကျမ်းဂန်ရဲ့ အစွမ်းကြောင့် အင်အားကြီးမားတဲ့ မိစ္ဆာတွေပေါ်ပေါက်လာခဲ့ပြီး ကမ္ဘာကြီးဟာ ပျက်ဆီးလာခဲ့ပါတယ်။ အဲ့ဒါကို စွန်းဝူခုံးတို့ ဆရာတပည့်လေးယောက်က ဖြေရှင်းရမှာဖြစ်ပြီး ကျမ်းဂန်အစိတ်ပိုင်းတစ်ခုစီတိုင်းကို လိုက်ရှာဖွေရမှာပါ။ အဲ့ဒီလို ရှာဖွေရင်း မိစ္ဆာတွေနဲ့ပါ ရင်ဆိုင်ရမှာမလို့ ဇာတ်လမ်းကောင်းကောင်းနဲ့ ကစားရမယ့် ဂိမ်းကောင်းတစ်ခုပါ။

Level ပေါင်း 29 ခုထိ ပါဝင်ပြီး Boss အခန်းတွေကိုပါ ကြားထဲမှာ ထည့်ပေးထားပါတယ်။ ကစားရမယ့် ပုံစံက စွန်းဝူခုံးကော ၊ ပါကျဲတို့ပါ လေးယောက်စလုံးကို တစ်ယောက်တစ်လှည့်စီ ထိန်းချုပ်နိုင်မှာဖြစ်ပြီး Puzzle တွေကိုလည်း တစ်ယောက်ခြင်းစီရဲ့အားသာချက်တွေကို အသုံးပြုရမှာပါ။တိုက်ကွက်တွေကစ Animation ကောင်းကောင်းနဲ့ ဖန်တီးပေးထားတာမလို့ လှုပ်ရှားတာတွေကစ အရမ်းကြည့်ကောင်းပါတယ်။ ပါကျဲတို့ စွန်းဝူခုံးတို့ လေးယောက်စလုံးကိုလည်း Character Skin ကိုယ်စီ ဝတ်ပေးလို့ရပါသေးတာ‌ကြောင့် Skin အမိုက်စားတွေနဲ့ပါ ကစားလို့ရမှာပါ ။ Graphic ရဲ့ နောက်ခံရှုခင်းတွေဟာလည်း အရမ်းကြည့်ကောင်းပြီး အသံပိုင်းဆိုင်ရာတွေမှာပါ အသေးစိတ်ကျတာကြောင့် Adventure ဂိမ်းကောင်းကောင်းလေးကို ကစားချင်တဲ့သူတွေအတွက် Recommend ပေးချင်ပါတယ်။ အင်တာနက်မလို Offline ဆော့ရမှာပါ..ခိုးပီးသားပါ...

ဒီမှာဒေါင်းပါ
https://modgamesmm.com/games/Unruly-Heroes

Mobile Legend စိန်ဝယ်ချင်တဲ့သူများအောက်ကလင့်ကဝယ်ပါ
modgamesmm.com/shop

The School: White Day//Android//Horror💥Size-1.8GB(ကြောက်တတ်သူများ ညဘက်မဆော့ရ)-Mobile platformအတွက်အသစ်ထွက်ရှိထားတဲ့ Horr...
06/01/2024

The School: White Day//Android//Horror💥
Size-1.8GB

(ကြောက်တတ်သူများ ညဘက်မဆော့ရ)

-Mobile platformအတွက်အသစ်ထွက်ရှိထားတဲ့ Horror gameတစ်ခုဖြစ်ပါတယ်။

-2000ခုနှစ် ကိုရီးယားနိုင်ငံရဲ့ စာသင်ကျောင်းတစ်ခုမှာအခြေခံထားပါတယ်။
ဇာတ်လမ်းအစမှာကျောင်းသားအသစ်တစ်ယောက်နေရာကဝင်ဆော့ရမှာဖြစ်ပြီး
သူကြိုက်နေတဲ့ကောင်မလေးရဲ့Diaryစာအုပ်လေးကိုပြန်ပေးဖို့ကျောင်းကိုပြန်သွားရင်းနဲ့ကျောင်းမှာပိတ်မိနေမှာပါ ကျောင်းထဲကနေထွက်ဖို့ကိုလမ်းရှာရမှာဖြစ်ပြီးမထင်မှတ်ထားတဲ့နေရာတွေကနေထွက်လာမဲ့သရဲတွေ နဲ့ Horror song Trackတွေလဲရှိပါတယ်။

-နောက်ဆုံးထိအဖြေရှာပြီးကျောင်းကထွက်သွားဖို့က ကိုယ်တိုင်ဆက်ဆော့ရပါမယ်။

-playStoreနဲ့Appstoreမှာ $ နဲ့ပေးဝယ်ရပါတယ်အခုတင်ပေးမှာCrack Free Linkပါ
Andriod / ios / pcနဲ့ ps4အတွက်ထွက်ရှိထားပါတယ် နာမည်အပြည့်စုံကWhite Day: A Labyrinth Named Schoolဖြစ်ပါတယ် Apk onlyမလို့Downပြီးတန်းဆော့ပါ Andriod versionအမြင့်တွေ 2020နောက်ထွက်ဖုန်းအသစ်တွေမှာမရတဲ့Errorတော့ရှိပါတယ် ဆော့လို့ရဖို့ဆို data ဖိုင်အရင်ထည့်ပေးရပါတယ် android 12 ထိစမ်းကြည့်တာတော့ရပါသေးတယ်...

-Dataပေါရင်တော့Andriod lastest phoneတွေမှာစမ်းကြည့်နိူင်ပါတယ်

Download Link -
https://www.modgamesmm.com/games/The_School:_White_Day_APK

Modern Combat 3*********************Size_ 861mbGenre _ shooting, storylineRequirement _ android 5 and upType _ offline  ...
02/01/2024

Modern Combat 3
*********************
Size_ 861mb
Genre _ shooting, storyline
Requirement _ android 5 and up
Type _ offline

ဒီတစ်ခေါက်တော့ စစ်တိုက်လိုက်ရအောင်ဗျာ....Gameloft ကထုတ်လုပ်ထားတဲ့ ဇာတ်လမ်းသွားစစ်တိုက်ဂိမ်းလေး modern combat 1 to 5 အထိ 5ဂိမ်းတောင်ရှိပါတယ် ဒါပေမဲ့ 1 နဲ့ 2က graphic သိပ်မကောင်းတာမို့ graphic ကောင်းတဲ့ 3 ကိုပဲတင်ပေးလိုက်ပါတယ်

Graphicကောင်းကောင်း၊ sound effects နဲ့ background music ကလဲ gameplayနဲ့လိုက်ဖက်ပြီး ကိုယ့်အဖွဲ့ကရဲဘော်တို့ရဲ့ သဘာဝဆန်ဆန် animationတွေကြောင့် ဂိမ်းဆော့ရင်းစစ်ကားကြည့်သလို feeling နှစ်မျိုးလုံးကိုတစ်ခါတည်းခံစားရမှာပါ ဂိမ်းဆော့လို့ပြီးသွားရင်တောင် ဂိမ်းထဲကဇာတ်ကောင်တွေကိုလွမ်းနေရမယ့်ဂိမ်းကောင်းလေးမို့ ဂိမ်မာတို့ဆော့လို့ရအောင်တင်ပေးလိုက်ပါတယ်
************
Download link
https://modgamesmm.com/games/Modern_Combat_3

Telegram link
https://t.me/mgmm_web/698

Armed Heist**************Size_ 700mbGenre _ shootingRequirement _ android 6.0Type _ offline, onlineဘဏ်ဓားပြတိုက်တဲ့ GAME...
30/12/2023

Armed Heist
**************
Size_ 700mb
Genre _ shooting
Requirement _ android 6.0
Type _ offline, online

ဘဏ်ဓားပြတိုက်တဲ့ GAME မျိုးဖြစ်ပြီး Third Person Shooter အမျိုးစားနဲ့ Action Game ကောင်းတစ်ခုပါ။ ဇာတ်ကားတွေထဲမှာ တွေ့နေကြဖြစ်တဲ့ စိန်ခိုးတာတွေ၊ Bank ဖောက်တာတွေ အကုန်ကုန် ပိုက်ဆံနဲ့ပတ်သက်သမျှ အကုန်ဝင်ဖောက်ရမယ့် GAME ပါ။ Bank ကနေဖောက်မယ်ဆိုရင် ATM စက်တွေကော၊ Bank Box တွေအပြင် ဂိတ်စောင့်တွေနဲ့ ရဲတွေကြားမှာ အပြင်းထန် ပစ်ခတ်ရမှာပါ။ Bank ဖောက်နေတုန်း ကြာမယ့် ကြာချိန်ပေါ်မူတည်ပြီးလည်း ရဲတွေကို အချိန်ဆွဲပစ်ရမယ့်အပြင် ပြန်ထွက်တဲ့အခါကြရင်လည်း ထွက်ပြေးဖို့ လာမယ့်ကားရောက်တဲ့ထိ ထပ်ပြီးကာပစ်ရအုန်းမှာပါ။ အဝင်​ကော အထွက်ကော အပြင်မှာဖြစ်နေတဲ့တိုင်း သဘာဝကျကျ ဆော့ရမှာဖြစ်တာကြောင့် အရမ်းမိုက်ပါတယ်။
Bank တွေတင်မဟုတ်ဘဲ ငွေသယ်တဲ့ Bank ကားတွေပါ ဝင်စီးတိုက်တာတွေ ပါသေးတာကြောင့် ပုံစံမျိုးစုံနဲ့ အရမ်းမိုက်တာပါ။ Level အလိုက် နယ်မြေတွေ ဆက်တိုက်ပွင့်တာကြောင့် တစ်မြို့လုံးရဲ့ Bank တွေကို ဝင်ဖောက်လို့ရတဲ့ Game ပါ။ ဒါ့အပြင် Multiplayer ဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ အတူတူ Co-op Mission တွေပါ သုံးယောက်ထိ ကစားနိုင်ပါတယ်။ သာမန် Mission တွေထက် အချိန်ပိုကြာတာကြောင့် ဆော့ရတာ ပျော်စရာကောင်းမှာပါ။ Chest Open ရုံနဲ့ Weapon တွေ Mask တွေရမှာဖြစ်သလို Upgrade လုပ်ရုံနဲ့လည်း ပိုကောင်းတဲ့ လက်နက်တွေကို ပိုင်ဆိုင်နိုင်မှာပါ။
Mod version ဖြစ်တာကြောင့် ဒီ GAME မှာဆိုရင် သင်ဟာ God အနေနဲ့ ကစားလို့ရပါတယ်
*********
Download link
https://modgamesmm.com/games/Armed_Heist

Telegram link
https://t.me/mgmm_web/687

Noclip: Backrooms multiplayer***********************************Size_ 405mbGenre _ horrorRequirement _ android 6.0Type _...
28/12/2023

Noclip: Backrooms multiplayer
***********************************
Size_ 405mb
Genre _ horror
Requirement _ android 6.0
Type _ online

ဒီဂိမ်းကတော့ သူငယ်ချင်းတွေနဲ့အတူတူ horrorဂိမ်းဆော့ချင်တဲ့သူတွေအတွက် အံကိုက်ပါပဲ။ဘာလို့လဲဆိုတော့ တစ်ယောက်တည်း‌ဆော့လို့ရတဲ့အပြင် ၄ယောက်အထိလည်းဆော့နိုင်ပြီး voice chatလဲရလို့ပါ။

ဆော့ရမယ့်ပုံစံကတော့ ၀င်္ကပါလိုဖြစ်နေတဲ့အခန်းထဲမှာ ထွက်ပေါက်လိုက်ရှာရမှာပါ ပထမဆုံးအခန်းမှာတော့ထွက်ပေါက်ပဲရှာရပေမယ့် နောက်အခန်းတွေမှာတော့ လိုအပ်တဲ့ပစ္စည်းတွေပါ ပါလာပါလိမ့်မယ်။ထွက်ပေါက်ရှာနေရင်းနဲ့ ဖမ်းခံရနိုင်ပြီး ဖမ်းခံလိုက်ရရင်တော့အစကနေပြန်စရမှာပါ။မထင်မှတ်တဲ့အချိန်မှာ သင့်ကိုဖမ်းမယ့်သရဲတွေပေါ်လာနိုင်ပြီး ပြေးရင်ပြေး ဒါမှမဟုတ် စားပွဲခုံတွေအောက်မှာ၀င်ပုန်းဖို့ပဲ သင်လုပ်နိုင်မှာပါ။လိုက်ဖမ်းမယ့်သရဲက အရမ်းကြောက်ဖို့မကောင်း‌ေပမယ့် ဘယ်အချိန်မှာပေါ်လာမလဲဆို‌တာတော့ စိတ်လှုပ်ရှားစရာကောင်းတာမို့ ဒီလိုဂိမ်းမျိုးကြိုက်တဲ့သူတွေ ဆော့ကြည့်သင့်ပါတယ်။
*********
Download link
https://modgamesmm.com/games/Noclip:_Backrooms_Multiplayer

Telegram link
https://t.me/mgmm_web/680

တစ်ချိန်တုန်းကပေါ့ Review တွေရေး ဂရုတွေထဲဂိမ်းတွေတင်နဲ့ စခဲ့တာ🥰နောက်ပိုင်း Blog site လေးထောင် Wordpress site လေးထောင်နဲ့...
26/12/2023

တစ်ချိန်တုန်းကပေါ့ Review တွေရေး ဂရုတွေထဲဂိမ်းတွေတင်နဲ့ စခဲ့တာ🥰
နောက်ပိုင်း Blog site လေးထောင် Wordpress site လေးထောင်နဲ့ နောက်ဆုံး Website လေးထောင်ဖြစ်တဲ့အခြေအနေထိရောက်လာတာ...
ဝါသနာကြောင့်သာရှေ့ဆက်လုပ်ဖြစ်ခဲ့တာ ဘဝအာမခံချက်မရှိဘူး🫠
Local Ads ကလည်းမရ Google Ads ကလည်း မြန်မာကို ban နဲ့ အကုန်အနှုတ်ပြခံပီး ကြိုးစားနေရတယ်😢
ဘယ်အခြေအနေဘဲရောက်ရောက် တတ်နိုင်တဲ့ဘက်ကနေ ဂိမ်းတွေ ဝိုင်းကူရေး ဝိုင်းကူတင်ပေးခဲ့တဲ့ Admin တွေကြောင့် ဒီလောက်ထိရောက်လာတာ🥰

စကားမစပ် ကြော်ငြာလာထည့်လို့ရတယ်နော် သောင်းဂဏန်းဘဲရှိတာ😅

Under: Depths of Fear*************************Size_ 605mbGenre _ horrorRequirement _ android 6.0Type _ offline ဂိမ်းအကြေ...
25/12/2023

Under: Depths of Fear
*************************
Size_ 605mb
Genre _ horror
Requirement _ android 6.0
Type _ offline

ဂိမ်းအကြောင်း မပြောခင် ဒီကောင်လေးက ဘာကိုအခြေခံပြီး ရေးဆွဲခဲ့သလဲဆိုတာရှင်းပြပါမယ်။ ဒီကောင်လေးက ဒုတိယ ကမ္ဘာစစ်အတွင်း စစ်သင်္ဘော နဲ့တပ်စုတစ်ခု စစ်တိုက်ထွက်နေစဥ် accident ဖြစ်ပြီး တဖြေးဖြေး နစ်မြုပ်တာကို အခြေခံပြီး ရေးဆွဲခဲ့တာပါ။ အရင်ဆုံး PC မှာ စတင်ထွက်ခဲ့ပြီး 3.10.2020 မှ mobile platform ပေါ်ရောက်ခဲ့တာပါ။ PC မှ ဆင်းသက်လာတဲ့ဂိမ်းဖြစ်လို့ graphic ကတော့ ပြောစရာမလိုလောက်အောင် ကောင်းမွန်ပါတယ်။

ဒီဂိမ်းလေးက survival/horror ဖြစ်လို့ သင်္ဘောမြုပ်တယ်ဆိုတိုင်း Titanic ထဲကလို RO စရာတော့မပါပါဘူးဗျ။ သမုဒ္ဒရာ အလယ်က သင်္ဘောကြီးရဲ့ အိပ်ခန်းထဲမှာ သင်္ဘောတိုက်မိလို့ အကုန်သေကုန်ကြသော်လဲ မူးဝေဝေနဲ့ Alexander Dockter တစ်ယောက် မေ့မြောနေရာမှ သတိပြန်ရလာခဲ့သည်။ မည်မျကြာအောင် မေ့မြောသွားသည်မသိ သူသတိရလာတော့ တစ်ယောက်မှ ပင် အသက်မရှိကြတော့ပေ။ ထို့နောက် ရေဗူးလေးတစ်ဗူးကောက်မော့ ပြီးမှ မျက်လုံးကြည်လင်လာခဲ့သည်။အရင်ဆုံး မီးများ ပြတ်တောက်နေသဖြင့် မီးခြစ်ဆံများ ကိုတွေ့အောင်ရှာရပါမယ်။ ထို့နောက် သေဆုံးသွားကြသော ရဲဘော်ရဲဘက်တွေက လိုက်နှောက်ယှက်တာမျိုးလဲ ကျော်လွှားပြီး သင်္ဘောကြီးကနေ လွတ်မြောက်အောင် ဥာဏ်သုံးစဥ်းစားပြီး ထွက်ရမှာပါ။ အိပ်ခန်းထဲက ထွက်နိုင်ပြီဆိုရင် သင်္ဘောကြီးတဖြေးဖြေးနစ်မြုပ်ပြီး သင်္ဘော ဝမ်းဗိုက်ထဲ ရေတွေဝင်လာမှာပါ။ စိတ်ဝင်စားစရာ ကောင်းတာက graphic နဲ့ control ပိုင်းကို reality ဆန်ဆန် ပြုလုပ်ထားတာပါ။

တစ်ခုသတိပေးချင်တာက နှလုံးမကောင်းတဲ့သူဆိုရင်တော့ မဆော့ကြဖို့ အကြံပေးပါရစေ။ အစပိုင်းမှာ ဘယ်လိုမှ မဖြစ်ပေမဲ့ နောက်ပိုင်းကျ horror ပိုင်းက အသံနဲ့ ရုပ်တွေက ကြက်သီးထစရာတွေပါလာပါတယ်။ ဒီဂိမ်းကို Playstore မှာ မြန်မာငွေ ၁သောင်းဝန်းကျင်နဲ့ရောင်းချပါတယ်။ အောက်ကlink မှာတော့ ခိုးပြီးသား ( mod version ) ကို free ချပေးထားပါတယ်။

Zipဖြည်ပေး ရပါမယ်ဗျ။ zip ဖြည်ရင် apk နဲ့ obb ဖိုင်ထွက်လာပါမယ်။ apk ကို install တင်ပြီး obb ထည့်ပီးရင် ဆော့လို့ရပါပြီဗျ။
*********
Download link
https://modgamesmm.com/games/Under:Depths_of_Fear

Telegram link
https://t.me/mgmm_web/670

Beast Quest**************Size_ 95mbGenre _ openworldRequirement _ android 4.0Type _ offlineဒီတစ်ခါတော့ ဟိုးအရင်တုန်းက လူ...
23/12/2023

Beast Quest
**************
Size_ 95mb
Genre _ openworld
Requirement _ android 4.0
Type _ offline

ဒီတစ်ခါတော့ ဟိုးအရင်တုန်းက လူငယ်တိုင်းနီးပါး Zapya နဲ့ အလုအယက်ကူးပြီး ဆော့ခဲ့ကြတဲ့ ဂိမ်းတစ်ခုကို ပြန်ပြီး မိတ်ဆက်ပေးချင်ပါတယ်။ ဒီဂိမ်းလေးကတော့ Beast Quest ဖြစ်ပြီး Offline Action Role-playing ဂိမ်းတွေထဲက အတော်အများ မှတ်မိလောက်တဲ့ ဂိမ်းတစ်ခုဆိုလဲ မမှားပါဘူး။ တစ်ချိန်က ARPG ဂိမ်းတွေရဲ့ အရသာကို ပြန်ပြီး အမှတ်ရစေချင်တဲ့ စိတ်နဲ့ ဒီဂိမ်းကို ပြန်လည် တင်ဆက်လိုက်ခြင်းဖြစ်ပါတယ်။

သင်က ဂိမ်းရဲ့ အဓိက ဇာတ်ကောင် ဖြစ်တဲ့ Tom ရဲ့နေရာကနေ ကစားရမှာဖြစ်ပြီး လူဆိုး မှော်ဆရာ Malvel ရဲ့ကျိန်စာမိနေတဲ့ Avantia တိုင်းပြည်ကြီးထဲက ဒဏ္ဏာရီလာ သားရဲတိစ္ဆာန်ကြီးတွေကို အသိစိတ်ပြန်ရအောင် တိုက်ခိုက် ကယ်တင်ပေးရမှာပါ။

Gameplay မှာတော့ RPG ဖြစ်တာမို့ လွတ်လွတ် လပ်လပ်ကြီး တိုက်ရတာမဟုတ်ဘဲ လာတဲ့အကွက်ကို ရှောင်ပြီး လွတ်တဲ့ အချိန် ချရတာပါ။ Exploration ပိုင်းမှာ Openworld လိုမျိုး လျောက်သွားလို့ရပေမယ့် Openworld လို့ ပြောလို့ရအောင်ထိ မကျယ်တာကြောင့် ARPG အနေနဲ့ သုံးနှုန်းထားတာပါ။ ဒီဂိမ်းမှာတော့ Level up system နဲ့ Story quest ပါဝင်ပြီး Level နဲ့ Gold တွေများလာတာနဲ့အမျှ ကိုယ့်ရဲ့ Item stats တွေကိုလဲ မြှင့်လို့ရပါသေးတယ်။ Graphics ပိုင်းမှာတော့ အရင်တုန်းက ဂိမ်းမို့လို့ လက်ရှိဂိမ်းတွေနဲ့ ယှဥ်လို့မရပေမယ့် ဆော့လို့ ပျော်တဲ့အနေအထားမှာရှိပါတယ်။ ဒါ့အပြင် Story ကလဲ ဆွဲခေါ်တာမို့လို့ ပျင်းစရာကောင်းမှာလဲ စိုးရိမ်စရာမလိုတော့ပါဘူး။ Control ကလဲ Simple ဖြစ်ပြီး ပုံမှန် Mobile Rpg တွေလို ရှုပ်မနေဘဲ လွယ်လွယ်ကူကူနဲ့ နှိပ်လို့ရပါတယ်။

အနှစ်ချုပ်ပြောရရင်တော့ ဂိမ်းကောင်းတစ်ခုဖြစ်တဲ့အပြင် ကစားရင်း Nostalgia ပါရနိုင်တာကြောင့် အရင်က ကစားဖူးတဲ့သူတွေကော အခုကစားမယ့် သူတွေကောအတွက် သင့်လျော်မယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။
***********
Download link
https://modgamesmm.com/games/Beast_Quest

Telegram link
https://t.me/mgmm_web/660

Ayo:A Rain Tale*****************Size_ 13+352mbGenre _ adventure, storylineRequirement _ android 5 and upType _ offline  ...
21/12/2023

Ayo:A Rain Tale
*****************
Size_ 13+352mb
Genre _ adventure, storyline
Requirement _ android 5 and up
Type _ offline

ဒီဂိမ်းလေးကတော့ အာဖရိကဒေသတွေရဲ့ ရေခြားပါးမှုကို အခြေတည်ပြီး ရေရှာစွန့်စားခန်းထွက်ရမယ့် ဂိမ်းကောင်းလေးပါ

Game story ကတော့ Ayo လို့ခေါ်တဲ့ကလေးမလေးက သူတို့မိသားစုအတွက် ခက်ခက်ခဲခဲစွန့်စားခန်းထွက်ပြီး ရေရှာခက်ရပုံကို သူတို့အာဖရိကမှာရှိတဲ့ကလေးတွေကို သူတို့မိဘတွေက ပြန်ပြောပြပြီး ကလေးတွေကြားမှာ စံနမူနာယူစရာတစ်ယောက်ပေါ့ ယောင်္ကျားသားတွေက အမဲလိုက်တာဝန်ယူပြီး ပေါင်လေးဆယ်လောက်လေးတဲ့ပုံးကိုထမ်းပြီးရေရှာထွက်ရတာက မိန်းမတွေနဲ့ ကလေးတွေရဲ့အလုပ်ဗျ

Graphicကလေးတော်တော်လေးကောင်းပီး background environmentကြီးကလဲ လှလှပပနဲ့ ဆိုတော့ Ayo ဆိုတဲ့ခလေးမလေးရဲ့ ရေရှာစွန့်စားခန်းခရီးမှာ ထိလိုက်တာနဲ့ ဂွိသွားမယ့် ကန္တာရဆူးပင်တွေ လူပါလွင့်ထွက်အောင်ပြင်းထန်တဲ့ သဲမုန်တိုင်းတွေ ကင်းမှီးကောက်ကြီးတွေရဲ့ ရန်ကနေ လွတ်အောင်ရှောင်ပြီး ရေလိုက်ရှာလိုက်ရအောင်ဗျာ
*************
Download link
https://modgamesmm.com/games/Ayo:_A_Rain_Tale

Telegram link
https://t.me/mgmm_web/652

အကုန်တင်ပေးလိုက်ပီနော် Vice City နဲ့ III  က တန်းinstall ပီးဆော့လို့ရတယ်ဖိုင်ထည့်စရာမလိုဘူး  Sa က ဖိုင်ထည့်နည်းvideo နဲ့ ...
19/12/2023

အကုန်တင်ပေးလိုက်ပီနော် Vice City နဲ့ III က တန်းinstall ပီးဆော့လို့ရတယ်ဖိုင်ထည့်စရာမလိုဘူး Sa က ဖိုင်ထည့်နည်းvideo နဲ့ ဖိုင်ထည့်ဖို့ လိုတဲ့ Apk ပါထည့်ပေးထားတယ်

မသိတာမေးဖို့အောက်ကဂရုကိုဝင်ပီးမေးလို့ရတယ်
https://www.facebook.com/groups/mgmmusers

Dead by Daylight********************Size_ 1.7gbGenre _ action, horrorRequirement _ android 5.0Type _ onlineDead By Dayli...
18/12/2023

Dead by Daylight
********************
Size_ 1.7gb
Genre _ action, horror
Requirement _ android 5.0
Type _ online

Dead By Daylight Mobile ဟာ နာမည်ကြီး သရဲဂိမ်းတစ်ခုဖြစ်တာနဲ့အညီ သရဲနေရာကကရော ၊ ထွက်ပြေးရမယ့်သူ နေရာကနေပါ နှစ်မျိုးစလုံး ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပါ။ ဒီဂိမ်းဟာဆိုရင် တခြားကမ္ဘာတစ်ခုကို ပုံဖော်ထားပြီး အဲဒီကမ္ဘာမှာ အမှောင်လောကသားတွေ တည်ရှိနေတာကြောင့် ရောက်ရှိသွားတဲ့ သင့်အတွက်ကတော့ ခြောက်ခြားစရာ အတွေ့ကြုံတွေကို အဆက်မပြတ်ကြုံတွေ့ရမှာပါ။ Hunter ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တည်ရှိနေကြတဲ့ လူသတ်သမားတွေ ၊ သရဲ ၊ တစ္ဆေ ၊ နာနာဘာဝ ၊ Witch အစရှိတဲ့ သဘာဝလွန်ရော ၊ Psycho ဆန်တဲ့ လူသတ်သမားတွေရဲ့ လိုက်ဖမ်းခြင်းကို ဒီဂိမ်းထဲမှာ ကြုံတွေ့ရမှာပါ။ ဖမ်းမိတဲ့အခါတိုင်း ရက်ရက်စက်စက် အစိမ်းလိုက် ချိတ်နဲ့ ထိုးဖောက်ခံရတာကြောင့် အူယားစရာကောင်းတဲ့ သွေးထွက်သံယို အော်သံမျိုးတွေကို သဘောကျရင် အခုဂိမ်းဟာ အကောင်းဆုံးပါပဲ။ လူသတ်သမားနေရာကနေ ကစားလို့ရသလို ထွက်ပြေးရမယ့် သူတွေအနေနဲ့လည်း နယ်ပယ်ပေါင်းစုံက လူမျိုးအစုံ ရောက်ရှိလာတာကြောင့် သူတို့ရဲ့ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ အထူးကျွမ်းကျင်မှုကိုယ်စီကို အသုံးချနိုင်ပါတယ်။ တစ်ချို့က စက်ပြင်တော်တယ် ၊ ‌တစ်ချို့ကလည်း ထွက်ပြေးတာတော်တဲ့အပြင် Skill အမျိုးမျိုးနဲ့ ဒီ Hunting Ground ကြီးထဲမှာ ဘက်စုံအသုံးဝင်အောင်လို့ အခွင့်ရေးကိုယ်စီရရှိမှာပါ။

ကစားပွဲဟာ Rank နဲ့ Classic နှစ်မျိုးပါဝင်ပြီး အသုံးပြုနိုင်တဲ့ Character တွေကတော့ Humans ရော Monster Demons တွေပါ အစုံပါဝင်ပါတယ်။ Humans တွေဟာ Skill ကိုယ်စီ ကျွမ်းကျင်မှုတွေပိုင်ဆိုင်ထားသလို Hunter တွေဖြစ်တဲ့ Monster Demons တွေဟာလည်း Ability တစ်မျိုးစီ ပိုင်ဆိုင်ထားကြပါတယ်။ ကစားပွဲမှာ Hunter က Humans တွေကို လိုက်ဖမ်းရမှာဖြစ်ပြီးတော့ Humans တွေက Hunter ရဲ့ လက်ထဲကနေ လွတ်မြောက်အောင်လို့ ဂိတ်ပေါက်တွေကို အသုံးပြုပြီး ထွက်ပြေးရမှာပါ။ ဒါကြောင့် ဂိတ်ကို ပိတ်ထားတဲ့ တံခါးကို ဖွင့်ဖို့အတွက် Generator မီးစက်တွေကို အကုန်လိုက် ပြင်ရမှာဖြစ်ပြီး Hunter ကလည်း မီးစက်တွေ ပြန်မကောင်းအောင် လိုက်လံဖျက်ဆီးပစ်ရမှာပါ။ Hunter က Humans အားလုံးကို ဖမ်းမိရင် အနိုင်ရမှာဖြစ်သလို Humans တွေကလည်း တစ်ယောက်ထွက်ပြေးလွတ်မြောက်နိုင်တာနဲ့ အနိုင်ရရှိမှာပါ။ ကစားပွဲဟာ သည်းထိတ်ရင်ဖိုဖွယ် ကောင်းတာကြောင့် ခြောက်ခြားစရာကောင်းတဲ့ ဂိမ်းတွေကို ဆော့ချင်ရင် အခုဂိမ်းကို Recommend ပေးပါတယ်။
***********
Download link
https://modgamesmm.com/games/Dead_by_Daylight_Mobile_Mod_Apk

Telegram link
https://t.me/mgmm_web/642

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Game and Software Zone Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share