13/10/2026
"အပြင်ကိစ္စတွေ ရှုပ်ထွေးနေတဲ့ အချိန်မျိုးမှာ Market ထဲကို ဒိုင်ဗင်ပစ်ထိုး မဝင်လိုက်ပါနဲ့ … ကျွန်မတို့ရဲ့ Account က စိတ်ထွက်ပေါက် မဟုတ်ပါဘူး"
အပြင်ကိစ္စတွေမှာ စိတ်ညစ်စရာတွေ ရှိနေတာ၊ အလုပ်မှာ အဆင်မပြေတာ၊ ဒါမှမဟုတ် စိတ်ဓာတ်ကျနေတဲ့ အချိန်မျိုးမှာ ... Screen ရှေ့ထိုင်ပြီး Trade ဝင်မိဖူးတယ် မဟုတ်လား ?
"အမြတ်ရရင်တော့ စိတ်ချမ်းသာသွားမှာပါ" ... ဆိုတဲ့ အတွေးနဲ့ ဝင်လိုက်ပေမဲ့၊ တကယ်တော့ ... စိတ်ရှုပ်နေတဲ့အချိန်မှာ ဝင်သမျှ Trade တိုင်းဟာ ... ပုံပျက်ပန်းပျက်တွေ ဖြစ်ကုန်တာများပါတယ်။
အပြင်က ဒေါသနဲ့ မကျေနပ်ချက်တွေကို ... Market ထဲမှာ လာဖြေရှင်းလို့ မရပါဘူး။
Market ဆိုတာ ... ခေါင်းအေးအေးနဲ့ စည်းကမ်းရှိရှိ Trade နိုင်မှ ဆက်လက်ရှင်သန်လို့ရတဲ့ ပြိုင်ပွဲပါ။
ကိုယ့်စိတ်တွေ မတည်ငြိမ်ဘူး၊ စိတ်ရှုပ်နေတယ်ဆိုရင် ... အဲဒီနေ့မှာ Screen ကို လုံးဝ ပိတ်ထားလိုက်ပါ။
ကျွန်မတို့ရဲ့ Capital ကို အကာအကွယ်ပေးတာဟာလည်း ... Trade ဝင်တာနဲ့ အမျှ အရေးကြီးတဲ့ စည်းကမ်းတစ်ခုပါပဲ။
Yu Thet
13.10.2026 (12:30 p.m - MMT)
https://t.me/theknowledgehub_YT