Golden Vision Myanmar

Golden Vision Myanmar Vision
Become a world recognized Human Resource consulting firm and Myanmar's leading talent develop

💡 သင့်လုပ်ငန်းရဲ့ အကြီးမားဆုံး ပြိုင်ဘက်ဟာ သင့် Industry ထဲမှာ မဟုတ်နေတာမျိုး ဖြစ်နိုင်ပါတယ်။စီးပွားရေးလောကမှာ လုပ်ငန်းရ...
19/08/2026

💡 သင့်လုပ်ငန်းရဲ့ အကြီးမားဆုံး ပြိုင်ဘက်ဟာ သင့် Industry ထဲမှာ မဟုတ်နေတာမျိုး ဖြစ်နိုင်ပါတယ်။

စီးပွားရေးလောကမှာ လုပ်ငန်းရှင်အများစုဟာ မိမိနဲ့ အမျိုးအစားတူ ရောင်းချနေတဲ့ Direct Competitor (တိုက်ရိုက်ပြိုင်ဘက်) တွေကိုပဲ စောင့်ကြည့်နေကြတာများပါတယ်။

ဥပမာ - Coca-Cola က Pepsi ကိုပဲ စောင့်ကြည့်နေသလိုပေါ့။ ဒါပေမဲ့ လက်တွေ့မှာ ပိုကြောက်စရာကောင်းတာက သင့်ဆီက ပစ္စည်းမဟုတ်ဘဲ တခြားအရာတစ်ခုခုဆီ စိတ်ရောက်သွားအောင် ဆွဲဆောင်နေတဲ့ Indirect Competitor (သွယ်ဝိုက်ပြိုင်ဘက်) တွေပဲ ဖြစ်ပါတယ်။

စဉ်းစားကြည့်ရအောင်...
ရုပ်ရှင်ရုံတစ်ရုံရဲ့ အကြီးမားဆုံး ပြိုင်ဘက်ဟာ နောက်ထပ် ရုပ်ရှင်ရုံတစ်ခုတည်းပဲလား?

မကပါဘူး။ ဒီနေ့ခေတ်မှာ ရုပ်ရှင်ရုံရဲ့ တကယ့်ပြိုင်ဘက်ဟာ Netflix၊ Mobile Gaming ဒါမှမဟုတ် TikTok တို့လို လူတွေရဲ့ အနားယူချိန်နဲ့ အာရုံစိုက်မှုကို လုယူနေတဲ့ အရာအားလုံး ဖြစ်နေပါပြီ။ Customer က ရုပ်ရှင်ရုံသွားမယ့်အစား အိမ်မှာပဲ TikTok ထိုင်ကြည့်လိုက်တော့မယ်ဆိုရင် ရုပ်ရှင်ရုံအတွက် ဝင်ငွေမရတော့ပါဘူး။

ဒါကြောင့် Market Research လုပ်တဲ့အခါ Customer ရဲ့ "ပြဿနာနဲ့ လိုအပ်ချက်" ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ကြည့်တတ်ဖို့ လိုလာတာပါ။ Customer က ငါ့ပစ္စည်း မသုံးရင် ဘာကို အစားထိုး သုံးနေသလဲဆိုတာကို ခန့်မှန်းနိုင်မှသာ စျေးကွက်ထဲမှာ အမှန်တကယ် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒါဆိုရင် Startup တစ်ခု ဒါမှမဟုတ် လုပ်ငန်းသစ်တစ်ခုအနေနဲ့ ဒီပြိုင်ဘက်တွေကြားထဲမှာ နေရာရအောင် ဘယ်လိုလုပ်ကြမလဲ?

ဒီနေရာမှာ အဖြေက "Fragmented Market" (ပြန့်ကျဲနေပြီး ခေါင်းဆောင်မရှိသေးတဲ့ စျေးကွက်) တွေကို လိုက်ရှာဖို့ပါ။

စျေးကွက်တစ်ခုမှာ လုပ်ငန်းအသေးလေးတွေ အများကြီး ပြန့်ကျဲ လုပ်ကိုင်နေပေမဲ့ ဘယ်သူကမှ ထိပ်ဆုံးကနေ အပိုင်မချုပ်ထားနိုင်သေးတဲ့ စျေးကွက်မျိုးဟာ Startup တွေအတွက် ရတနာသိုက်ပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ တကယ့် Monopoly ကြီးတွေ မရှိတဲ့အတွက် စျေးကွက်ထဲ ဝင်ရတာ လွယ်ကူသလို၊ Customer တွေ မရရှိသေးတဲ့ သာလွန်တဲ့ Experience သို့မဟုတ် နည်းပညာစနစ်တစ်ခု ပေးလိုက်ရုံနဲ့တင် သင်ဟာ အဲဒီ စျေးကွက်ရဲ့ Market Leader ဖြစ်လာနိုင်လို့ပါ။

ဒါကို လက်တွေ့ဖြစ်လာဖို့အတွက် သင် ဒီအဆင့် ၃ ဆင့်ကို ချက်ချင်း စတင်နိုင်ပါတယ် -
■ ပထမအဆင့် - သင့်ပစ္စည်းကိုပဲ မကြည့်ဘဲ Customer ဘက်ကနေ စဉ်းစားပါ။ Customer က သင့်ပစ္စည်းမသုံးရင် ဘာကို အစားထိုးသုံးနေသလဲဆိုတဲ့ အစားထိုးပြိုင်ဘက်တွေကို ရှာပါ။

■ ဒုတိယအဆင့် - Direct နဲ့ Indirect Competitors တွေရဲ့ အားသာချက်၊ အားနည်းချက်ကို Matrix ဇယားလေးဆွဲပြီး ယှဉ်ကြည့်ပါ။

■ တတိယအဆင့် - ခေါင်းဆောင်မရှိသေးတဲ့ စျေးကွက်ထဲမှာ တခြားသူတွေ မဖြည့်ဆည်းပေးနိုင်သေးတဲ့ ဟာကွက် (Gap) တွေကို ရှာပြီး သင့်လုပ်ငန်းရဲ့ အဓိက အားသာချက်အဖြစ် ပြောင်းလဲလိုက်ပါ။

စီးပွားရေးမှာ အနိုင်ရဖို့ဆိုတာ ဘေးနားက တိုက်ရိုက်ပြိုင်ဘက်ကိုပဲ ကြည့်နေလို့ မရပါဘူး။ သုံးစွဲသူရဲ့ ပြောင်းလဲလာတဲ့ အမူအကျင့်တွေကို ကြိုတင်ရုပ်လုံးဖော်နိုင်ပြီးခေါင်းဆောင်မရှိသေးတဲ့ စျေးကွက်ကွက်လပ်တွေကို ပါးနပ်စွာ ထိုးဖောက်နိုင်မှသာ ရေရှည်မှာ အောင်မြင်မှုကို ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ပတ် Post မှာတော့ ပြိုင်ဘက်တွေကို စနစ်တကျ ယှဉ်ပြိုင်သုံးသပ်နိုင်မယ့် "Competitor Analysis Matrix" အကြောင်းကို အသေးစိတ် မျှဝေပေးသွားမှာမို့လို့ Golden Vision Myanmar စာမျက်နှာကို Like & See First လုပ်ထားဖို့ မမေ့ပါနဲ့ဦးခင်ဗျာ။ 🔔

✨ မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစက်အခါတော်နေ့) "ဝါဆို၊ ဝါခေါင် ရေတွေကြီးလို့... သပြေသီးမှည့် ကောက်ဆီးစို့" ဆိုတဲ့ မြန်မ...
29/07/2026

✨ မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစက်အခါတော်နေ့)

"ဝါဆို၊ ဝါခေါင် ရေတွေကြီးလို့... သပြေသီးမှည့် ကောက်ဆီးစို့" ဆိုတဲ့ မြန်မာတို့ရဲ့ ချစ်စရာရာသီဥတုနဲ့အတူ ဗုဒ္ဓဘာသာဝင်တို့၏ မွန်မြတ်လှသော "ဝါဆိုလပြည့်နေ့" သို့ ရောက်ရှိလို့ လာခဲ့ပြီဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးခြားဆန်းကြယ်ပြီး မွန်မြတ်သော ဂုဏ်ထူးဝိသေသ (၆) မျိုး နှင့် ပြည့်စုံသော သမိုင်းဝင် အခါတော်နေ့ကြီးလည်း ဖြစ်ပါတယ်

✨ မွန်မြတ်လှသော ဝါဆိုလပြည့် အခါတော်နေ့မှစ၍ - Golden Vision Myanmar နှင့်တကွ လက်တွဲဆောင်ရွက်လျက်ရှိကြသော Client ကုမ္ပဏီများ၊ စီးပွားရေးမိတ်ဖက်များ၊ လုပ်ငန်းရှင်များနှင့်တကွ ဝန်ထမ်းမိသားစုများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ရှေ့ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

စီးပွားရေးလုပ်ငန်းများ လျှင်မြန်စွာ တိုးတက်ကြီးပွားနိုင်ကြပါစေကြောင်း၊ စိန်ခေါ်မှုမှန်သမျှကို အောင်မြင်စွာ ကျော်လွှားနိုင်ပြီး ခိုင်မာသည့် အနာဂတ်အောင်မြင်မှုများကို စဉ်ဆက်မပြတ် တည်ဆောက်နိုင်ကြပါစေကြောင်း Golden Vision Myanmar မိသားစုမှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ 🙏✨

#ဝါဆိုလပြည့်နေ့ #ဓမ္မစက်အခါတော်နေ့

✨ Our Client's Success is Our Success. ✨Nothing is more rewarding than seeing our clients turn their vision into reality...
20/07/2026

✨ Our Client's Success is Our Success. ✨
Nothing is more rewarding than seeing our clients turn their vision into reality.
Congratulations on your Grand Opening! 🎉 It has been an honor to be part of your journey, supporting you in building a stronger foundation for growth and success.
At Golden Vision Myanmar, we believe that every milestone our clients achieve is a reflection of the trust, collaboration, and commitment we share. Wishing you continued growth, prosperity, and many successful years ahead.
Here's to new beginnings and even greater achievements! 🥂

ဆန်စပါး နိုင်ငံတကာကုန်သွယ်မှုနှင့် စက်ရုံလုပ်ငန်း (Rice International Trade & Factory Industry) ကဏ္ဍတွင် ခိုင်မာစွာ ရပ်တ...
19/07/2026

ဆန်စပါး နိုင်ငံတကာကုန်သွယ်မှုနှင့် စက်ရုံလုပ်ငန်း (Rice International Trade & Factory Industry) ကဏ္ဍတွင် ခိုင်မာစွာ ရပ်တည်နေသည့် “Precious Myanmar Heart” ၏ ခေါင်းဆောင်များနှင့် ဝန်ထမ်းများအတွက် ရည်ရွယ်ပြီး (၃) ရက်တာလုံး စနစ်တကျ ပြုလုပ်ခဲ့သည့် “Skill Development & Self-Leadership Training Program” ကို အောင်မြင်စွာ ဖော်ဆောင်ပေးခဲ့ပါတယ်။

စက်ရုံနှင့် ကုန်သွယ်မှုလုပ်ငန်းတစ်ခု ရေရှည်အောင်မြင်ဖို့အတွက် လုပ်ငန်းလည်ပတ်မှုစနစ် (Operational System) တွေ ရှိရုံတင်မကဘဲ... စနစ်ကို အသက်သွင်းမည့် လူသားအရင်းအမြစ်များ၏ လုပ်ငန်းခွင်စိတ်နေသဘောထား (Mindset & Attitude) မှန်ကန်ဖို့က အဓိကသော့ချက်ဖြစ်ပါတယ်။

ဒါကြောင့် (၃) ရက်တာ ပရိုဂရမ်အတွင်း “From Individual Excellence to Collective Excellence” ဖြစ်လာစေရန် ရည်ရွယ်ပြီး အောက်ပါ Core Pillars များကို မဏ္ဍိုင်ပြုကာ ဗျူဟာကျကျ ဆွေးနွေးခဲ့ကြပါတယ် - ⏳🔥

🔹 လုပ်ငန်းခွင် စိတ်နေသဘောထား (Mindset & Attitude) စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်မည့် Growth Mindset နှင့် ကုန်ထုတ်လုပ်မှုပိုင်းတွင် စွမ်းဆောင်ရည်အပြည့် ထုတ်သုံးနိုင်မည့် Positive Leadership Attitude တည်ဆောက်ခြင်း။

🔹 မိမိကိုယ်ကိုယ် ဦးဆောင်နိုင်မှု (Self-Leadership) အခြားသူများကို မဦးဆောင်မီ မိမိကိုယ်ကိုယ် စနစ်တကျ စီမံခန့်ခွဲနိုင်ရန် စိတ်ခံစားမှုကို ထိန်းကျောင်းခြင်း (Emotional Intelligence) နှင့် လုပ်ငန်းခွင်အတွင်း တာဝန်ယူမှု (Accountability) မြှင့်တင်ခြင်း။

🔹 ထိရောက်သော ဆက်သွယ်ပြောဆိုမှု (Skill Development) စက်ရုံနှင့် ကုန်သွယ်မှု ကွင်းဆက်တစ်ခုလုံးတွင် အမှားအယွင်းမရှိစေရန် အပြန်အလှန် ပွင့်လင်းမြင်သာစွာ ဆက်သွယ်ပြောဆိုခြင်း (Communication Skills) နှင့်Constructive Feedback ပေးခြင်း။

🔹 အကြပ်အတည်းများကို ဖြေရှင်းခြင်း (Difficult Conversations) လုပ်ငန်းခွင်အတွင်း ခက်ခဲသော ကိစ္စရပ်များကို အငြင်းပွားမှုမရှိဘဲ ပရော်ဖက်ရှင်နယ်ဆန်ဆန် ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို Interactive Game Activities များ၊ Team Building အစီအစဉ်များနှင့်အတူ လက်တွေ့ကျကျ လေ့ကျင့်ပေးခဲ့ပါတယ်။ 🧠💡

ဒီသင်တန်းမှာ GVM Founder Ma Yadanar Zaw ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ငန်းခွင်အလေ့အထနဲ့ ခေါင်းဆောင်မှုစွမ်းရည်များ (Mindset & Leadership Skills) ပြောင်းလဲတိုးတက်စေဖို့ အသေးစိတ်ဆွေးနွေး အဖြေရှာခဲ့ကြပါတယ်။

📸 ဒီပုံလေးတွေကတော့ Precious Myanmar Heart ရဲ့ လုပ်ငန်းစနစ်တွေနဲ့ ခေါင်းဆောင်မှုပိုင်း ပိုမိုကောင်းမွန်လာစေဖို့ ပြုလုပ်ခဲ့တဲ့ (၃) ရက်တာ သင်တန်းရက်မြတ်များရဲ့ အမှတ်တရပဲ ဖြစ်ပါတယ်။ 🏭🤝

Golden Vision Myanmar (GVM) အနေနဲ့ အခုလို Trade & Factory Industry တင်မကဘဲ... အခြားသော စီးပွားရေးလုပ်ငန်း ကဏ္ဍစုံ (Other Industries) ရဲ့ System & Leadership Transformation များအတွက်လည်း အမြဲအသင့်ရှိနေမှာပါ။ 🌟💼

Golden Vision Myanmar x Dagon Group အစဉ်အလာကြီးမားတဲ့ ထိပ်သီးလုပ်ငန်းစုကြီးတစ်ခု ခေတ်နဲ့အညီ အမြဲတိုးတက်ဆန်းသစ်နေဖို့ဆိုရ...
12/07/2026

Golden Vision Myanmar x Dagon Group

အစဉ်အလာကြီးမားတဲ့ ထိပ်သီးလုပ်ငန်းစုကြီးတစ်ခု ခေတ်နဲ့အညီ အမြဲတိုးတက်ဆန်းသစ်နေဖို့ဆိုရင် စနစ်ကျတဲ့ Culture Transformation (လုပ်ငန်းခွင်ယဉ်ကျေးမှု အသွင်ကူးပြောင်းခြင်း) နဲ့ အနာဂတ်ခေါင်းဆောင်တွေကို စနစ်တကျ ပြုစုပျိုးထောင်ပေးနိုင်မှုက အဓိက သော့ချက်ဖြစ်ပါတယ်။

Golden Vision Myanmar နဲ့ Dagon Group ၏ Founder၊ Managing Director (MD)၊ Board of Directors (BODs) များနှင့် Upper Management အဖွဲ့ဝင်များအားလုံးနဲ့အတူ အနာဂတ်ရဲ့ အလားအလာအရှိဆုံး ခေါင်းဆောင်တွေကို မြှင့်တင်ပေးမည့် “The Future Leader Activation 2026 Program” ဖော်ဆောင်ရန်အတွက် အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြပါတယ်။

ဒီပရိုဂရမ်ဟာ တစ်ကြိမ်တစ်ခါတည်း ပေးမယ့် Training မျိုးမဟုတ်ဘဲ Dagon Group ရဲ့ ဝန်ထမ်းများ စဉ်ဆက်မပြတ် တိုးတက်ရေး (Employee Development) အတွက် ရေရှည်ဗျူဟာမြောက် စီမံကိန်း (Long-term Program) အနေနဲ့ သွားမှာဖြစ်ပါတယ်။

အဖွဲ့အစည်းအတွင်းမှာ ခိုင်မာတဲ့ Strategic Mentorship တွေ တည်ဆောက်သွားမှာဖြစ်သလို၊ ဝန်ထမ်းတွေရဲ့ အရည်အသွေးကို ဒေသတွင်းစံနှုန်းတွေအထိ မြှင့်တင်ပေးနိုင်ဖို့ ASEAN Level Learning Hours ကိုပါ ထည့်သွင်းပြီး နိုင်ငံတကာစံနှုန်းအတိုင်း စနစ်တကျ အ​ကောင်အထည်​ဖော်သွားမှာဖြစ်ပါတယ်။

Golden Vision Myanmar ၏ ခေတ်မီအုပ်ချုပ်​ရေးနည်းဗျူဟာများနှင့် Dagon Group ၏ ခိုင်မာသော လုပ်ငန်းခွင်သမိုင်းကြောင်းတို့ ပေါင်းစပ်ပြီး DG Company ကို အမြင့်ဆုံးအဆင့်သို့ တွန်းတင်ပေးနိုင်ပြီး အဖွဲ့အစည်း၏ ရေရှည်ရည်မှန်းချက်များကို ထိရောက်စွာ ပံ့ပိုးပေးနိုင်မည် ဖြစ်ပါတယ်။

📸 Golden Vision Myanmar နှင့် Dagon Group တို့အကြား (Corporate Transformation)၊ ခေါင်းဆောင်မှုကဏ္ဍအသစ်တွေကို သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ စတင်ပုံဖော်ခဲ့ကြတဲ့ အစည်းအဝေးအမှတ်တရ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။ 🤝🌟

Golden Vision Myanmar မှာသက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် လိုအပ်ချက်များကို ဗျူဟာမြောက်ဆန်းစစ်ပြီး ဝန်ထမ်းများ၏ စွမ်းဆောင်ရ...
11/07/2026

Golden Vision Myanmar မှာသက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် လိုအပ်ချက်များကို ဗျူဟာမြောက်ဆန်းစစ်ပြီး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အသင်းအဖွဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မည့် Custom-made ပရိုဂရမ်များကို Golden Vision Myanmar (GVM) မှ အမြဲတစေ ပုံဖော်ပေးလျက်ရှိပါတယ်။ 🎯✨

ယခုတစ်ခေါက်တွင်လည်း Wisdom Bridge International School ၏ ပညာရေးခေါင်းဆောင်များနှင့် ဆရာ/ဆရာမများအတွက် “Building the High-Performance School Leadership Team” ဖြစ်လာစေရန် ရည်ရွယ်၍ “Leadership Skill Development Training & CPD Program” (Day-2) ကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။

Day-1 ၏ အခြေခံ Mindset အုတ်မြစ်များကို လက်တွေ့နယ်ပယ်တွင် အသက်သွင်းနိုင်ရန်အတွက် ဒုတိယနေ့ (Day-2) တွင် အဖွဲ့အစည်းတစ်ခု၏ အဓိကသွေးကြောဖြစ်သော ဆက်သွယ်ပြောဆိုမှု၊ တုံ့ပြန်မှုပေးစနစ်နှင့် အသင်းအဖွဲ့စွမ်းရည် (Communication, Feedback & Team Dynamics) တို့ကို အဓိကဇောင်းပေး ဆွေးနွေးခဲ့ကြပါတယ်။ 📈✨

📌 Day-2 ရဲ့ အဓိက Highlight များ
🔹 Communication & Feedback: အပြန်အလှန် ပွင့်လင်းမြင်သာစွာ ဆက်သွယ်ပြောဆိုနိုင်မည့် နည်းဗျူဟာများနှင့် စွမ်းဆောင်ရည်ကို အမှန်တကယ် မြှင့်တင်ပေးနိုင်မည့် အပြုသဘောဆောင်သော တုံ့ပြန်မှုပေးခြင်း (Constructive Feedback)။

🔹 Difficult Conversations: ခေါင်းဆောင်တိုင်း ရင်ဆိုင်ရလေ့ရှိသည့် အကဲဆတ်ပြီး ခက်ခဲသော ကိစ္စရပ်များကို အငြင်းပွားမှုမရှိဘဲ ပရော်ဖက်ရှင်နယ်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများ (Difficult Conversations for School Leaders)။

🔹 Team Dynamics & Building: တစ်ဦးချင်းစီ၏ အားသာချက်များကို ပေါင်းစပ်ပြီး ပိုမိုခိုင်မာတောင့်တင်းသည့် Team ဖြစ်လာစေရန် စိတ်လှုပ်ရှားစရာ Team Building အစီအစဉ်များနှင့် Game Activities များကို လက်တွေ့ကစားရင်း တက်ကြွစွာ ပူးပေါင်းပါဝင်ခြင်း။

ဒီသင်တန်းမှာလည်း GVM Founder Ma Yadanar Zaw ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ငန်းခွင်အတွင်း ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုစနစ်သစ်များနှင့် အသင်းအဖွဲ့စိတ်ဓာတ်များ (Teamwork & Communication) ပိုမိုအားကောင်းလာစေဖို့အတွက် အသေးစိတ်ဆွေးနွေး အဖြေရှာခဲ့ကြပါတယ်။ 🧠💡

📸 ဒီပုံလေးတွေကတော့ Wisdom Bridge International School ရဲ့ လုပ်ငန်းစနစ်တွေနဲ့ အသင်းအဖွဲ့စွမ်းရည် ပိုမိုကောင်းမွန်လာစေဖို့ လုပ်ခဲ့တဲ့ Day-2 အမှတ်တရပဲ ဖြစ်ပါတယ်။ 🤝

Golden Vision Myanmar (GVM) အနေဖြင့် အခုလို School Industry တင်မကဘဲ... ဝန်ဆောင်မှုလုပ်ငန်းများ (Service Industry) နှင့် အခြားသော စီးပွားရေးလုပ်ငန်း ကဏ္ဍစုံ (Other Industries) ၏ စနစ်၊ ဆက်သွယ်ပြောဆိုမှုနှင့် အသင်းအဖွဲ့ပိုင်းဆိုင်ရာ အသွင်ကူးပြောင်းမှု (System, Communication & Team Transformation) များအတွက်လည်း အမြဲအသင့်ရှိနေမှာပါ။ 🌟💼

Education Industry အတွက် သီးသန့်ဗျူဟာမြောက် ရေးဆွဲထားပြီး၊ သက်ဆိုင်ရာ အဖွဲ့အစည်း/Company တွေရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆု...
11/07/2026

Education Industry အတွက် သီးသန့်ဗျူဟာမြောက် ရေးဆွဲထားပြီး၊ သက်ဆိုင်ရာ အဖွဲ့အစည်း/Company တွေရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် ဝန်ထမ်းရေးရာ ဖွံ့ဖြိုးတိုးတက်မှု (Employee Development) ပရိုဂရမ်တွေကို Golden Vision Myanmar (GVM) မှ အစဉ်တစိုက် ဖော်ဆောင်ပေးလျက်ရှိပါတယ်။ 🎯✨

ယခုတစ်ခေါက်မှာတော့ Wisdom Bridge International School ရဲ့ ပညာရေးခေါင်းဆောင်များနှင့် ဆရာ/ဆရာမများအတွက် ရည်ရွယ်ပြီး “Leadership Skill Development Training & Continuous Professional Development (CPD) Program” (Day-1) ကို စနစ်တကျ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကျောင်းတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆရာ/ဆရာမများနှင့် ပညာရေးခေါင်းဆောင်များ၏ Leadership စွမ်းရည်ဟာ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး အုတ်မြစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီပရိုဂရမ်မှာ “Building the High-Performance School Leadership Team” ဖြစ်လာစေဖို့နဲ့ “From Individual Excellence to Collective Excellence” ဖြစ်စေဖို့ အဓိက Theme အနေနဲ့ ဇောင်းပေး ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။ ⏳🔥

🔹 Core Pillars များ မြှင့်တင်ခြင်း: စံပြခေါင်းဆောင်ကောင်း ဖြစ်လာစေဖို့ စွမ်းဆောင်ရည်မြှင့်တင်ခြင်း (Model Excellence)၊ တာဝန်ယူမှုရှိခြင်း (Take Accountability) နှင့် လုပ်ငန်းအပေါ် ပိုင်ရှင်စိတ်ဓာတ်ထားရှိခြင်း (Demonstrate Ownership) စသည့် Core Pillars များကိုအဓိက​ဆွေး​နွေးခဲ့ကြပါတယ်။

🔹 မှန်ကန်မြန်ဆန်သော ဆုံးဖြတ်ချက်များ: ခေါင်းဆောင်မှုအခန်းကဏ္ဍတွင် ကျင့်ဝတ်နှင့်အညီ ဆုံးဖြတ်ခြင်း (Make Ethical Decisions) နှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ခြင်း (Build Trust) တို့ကို လက်တွေ့ကျကျ လေ့ကျင့်ပေးခဲ့ပါတယ်။

🔹 လက်တွေ့အသုံးချမှုများ: Interactive Activities (လက်တွေ့လှုပ်ရှားမှုများ)၊ Group Discussions (အဖွဲ့လိုက် ဆွေးနွေးမှုများ) Case study များ နှင့်အတူ လူတို့၏ စိတ်နေသဘောထားကို နားလည်ပြီး ထိရောက်စွာ တုံ့ပြန်ဆက်ဆံနိုင်မည့် စိတ်ပညာဆိုင်ရာ Tool များ (Psychology Tools) ကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒီသင်တန်းမှာ GVM Founder Ma Yadanar Zaw ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ငန်းခွင်အလေ့အထနဲ့ ခေါင်းဆောင်မှုစွမ်းရည်များ (Mindset & Leadership Skills) ပြောင်းလဲတိုးတက်စေဖို့၊ စနစ်သစ်များကို လက်တွေ့ကျကျ ကျင့်သုံးနိုင်ဖို့အတွက် အသေးစိတ်ဆွေးနွေး အဖြေရှာခဲ့ကြပါတယ်။ 🧠💡

📸 ဒီပုံလေးတွေကတော့ Wisdom Bridge International School ရဲ့ လုပ်ငန်းစနစ်တွေနဲ့ ခေါင်းဆောင်မှုပိုင်း ပိုမိုကောင်းမွန်လာစေဖို့ လုပ်ခဲ့တဲ့ Day-1 အမှတ်တရပဲ ဖြစ်ပါတယ်။ 🤝

Golden Vision Myanmar (GVM) အနေနဲ့ အခုလို School Industry တင်မကဘဲ... ဝန်ဆောင်မှုလုပ်ငန်းများ (Service Industry) နှင့် အခြားသော စီးပွားရေးလုပ်ငန်း ကဏ္ဍစုံ (Other Industries) ရဲ့ စနစ်နဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အသွင်ကူးပြောင်းမှု (System & Leadership Transformation) များအတွက်လည်း အမြဲအသင့်ရှိနေမှာပါ။ 🌟💼

🏠 ဟိုတယ်တစ်လုံးမှ မပိုင်ဘဲ ကမ္ဘာ့အကြီးဆုံး Accommodation Platform ဖြစ်လာတဲ့ ကုမ္ပဏီ"ကမ္ဘာ့အကြီးဆုံး ဟိုတယ်လုပ်ငန်းတစ်ခုက...
30/06/2026

🏠 ဟိုတယ်တစ်လုံးမှ မပိုင်ဘဲ ကမ္ဘာ့အကြီးဆုံး Accommodation Platform ဖြစ်လာတဲ့ ကုမ္ပဏီ
"ကမ္ဘာ့အကြီးဆုံး ဟိုတယ်လုပ်ငန်းတစ်ခုကို တည်ဆောက်ဖို့ ဟိုတယ်ဘယ်နှလုံး လိုမလဲ?"
Airbnb ရဲ့ အဖြေကတော့..."တစ်လုံးမှ မလိုပါဘူး"
Airbnb ဟာ ဟိုတယ်အဆောက်အဦးတစ်လုံးမှ မပိုင်ဆိုင်ဘဲ ကမ္ဘာတစ်ဝှမ်းက အိမ်ရှင်တွေနဲ့ ခရီးသွားတွေကို ချိတ်ဆက်ပေးရုံနဲ့ Accommodation Industry ကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ ဒီလို အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ရှိနေတာကတော့ Disruptive Innovationဘဲ ဖြစ်ပါတယ်။

💡 Disruptive Innovation ဆိုတာ ဘာလဲ?
Harvard Business School မှ Professor Clayton Christensen ရဲ့ အဆိုအရ Disruptive Innovation ဆိုတာ...
"ဈေးကွက်ထဲက လူအများ သတိမထားမိတဲ့ လိုအပ်ချက်တစ်ခုကို ပိုလွယ်ကူ၊ ပိုသက်သာပြီး ပိုလက်လှမ်းမီတဲ့ နည်းလမ်းနဲ့ ဖြေရှင်းပေးခြင်း" ဖြစ်ပါတယ်။
တစ်နည်းအားဖြင့်...
ပြိုင်ဘက်ထက် ပိုကောင်းအောင် လုပ်တာမဟုတ်ဘဲ Game Rules ကို ပြောင်းလဲလိုက်တာပါ။

🚀 Airbnb က Hospitality Industry ကို ဘယ်လို ပြောင်းလဲခဲ့တာလဲ?
အရင်က ခရီးသွားတွေဟာ ဟိုတယ်၊ မိုတယ်၊ Resort တွေမှာပဲ တည်းခိုနိုင်ခဲ့ပါတယ်။
ဒါပေမယ့် Airbnb က မေးခွန်းတစ်ခု မေးခဲ့တယ်။
"အသုံးမပြုတဲ့ အိမ်ခန်းတွေ ကမ္ဘာတစ်ဝှမ်းမှာ အများကြီး ရှိနေတယ်ဆိုရင် ဘာကြောင့် ဟိုတယ်အသစ်တွေ ဆောက်နေဦးမှာလဲ?"
ဒီအတွေးကနေ Platform Business Model တစ်ခု ဖြစ်လာခဲ့ပါတယ်။ Airbnb က Hosts တွေကို ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်နဲ့ ချိတ်ဆက်ပေးပြီး...
✅ ခရီးသွားတွေအတွက် ပိုသက်သာတဲ့ ဈေးနှုန်း
✅ ပိုများတဲ့ ရွေးချယ်စရာ
✅ ဒေသခံဘဝ အတွေ့အကြုံစစ်စစ် တို့ကို ပေးနိုင်ခဲ့ပါတယ်။

🎯 Airbnb ရဲ့ အောင်မြင်မှု နောက်ကွယ်က သင်ခန်းစာ (၃) ခု
✅ 1. Assets မရှိလည်း Value ဖန်တီးနိုင်ခြင်း
Airbnb သည် ဟိုတယ်အသစ်များ ဆောက်လုပ်ရန် မလိုအပ်ဘဲ ရှိပြီးသား အိမ်ခန်းများနှင့် အိမ်လုံးချင်းများကို အသုံးပြုကာ ဝန်ဆောင်မှု ပေးနေပါတယ်။ သူဟာဆိုရင် ပိုင်ဆိုင်မှု (Assets) အပေါ် အခြေမခံဘဲ ချိတ်ဆက်ပေးမှု (Connectivity) အပေါ်တွင် ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။

✅ 2. Customer Problem ကို အရင်ဖြေရှင်းပါ
ခရီးသွားများသည် ဟိုတယ်များ၏ ပုံသေကားကျ ဝန်ဆောင်မှုများကို ငြီးငွေ့လာခြင်းနှင့် ဈေးနှုန်းမြင့်မားခြင်းတို့အပြင်၊ ဟိုတယ်များ မရှိနိုင်သော လူနေရပ်ကွက်များတွင် တည်းခိုလိုသည့် ပြဿနာများကို Airbnb က ဖြေရှင်းပေးခဲ့ပါတယ်။ ဒါကြောင့် Product တစ်ခု မထုတ်လုပ်ဖို့ မစဉ်းစားခင်မှာ Customer Problem ကို အရင်စဉ်းစားသင့်ပါတယ်။

✅ 3. ပြိုင်ဘက်ကို မတိုက်ခိုက်ဘဲ Game ကို ပြောင်းလဲလိုက်ပါ။
စီးပွားရေး အကြံပေး David O. Adeife ပြောသကဲ့သို့ "ယှဉ်ပြိုင်ရန် ဆန်းသစ်တီထွင်ခြင်းထက် ကစားပွဲ၏ စည်းမျဉ်းများကို ပြောင်းလဲရန် ဆန်းသစ်တီထွင်ပါ" ဆိုသည့်အတိုင်း Airbnb သည် Mobile App တစ်ခုတည်းဖြင့် အခန်းရှာဖွေခြင်းမှစတင်၍ လည်ပတ်စရာနေရာများအထိ အစုံအလင် ပါဝင်သော One-stop portal အဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် Airbnb သည် ဟိုတယ်တွေထက် ပိုကြီးတဲ့ ဟိုတယ်ကို ဆောက်ဖို့ မကြိုးစားခဲ့ဘူး။ အဲ့ဒီ့အစား...
"တည်းခိုခြင်း" ဆိုတဲ့ အယူအဆကို ပြန်သတ်မှတ်ခဲ့ပါတယ်။
ဒါဟာ Disruptive Innovation ရဲ့ အဓိက အနှစ်သာရပါပဲ။ တစ်ခါတစ်လေ Business ownerတွေအနေနဲ့ ပြိုင်ဘက်နဲ့ တိုက်ရိုက်ယှဉ်ပြိုင်မယ့်အစား ဈေးကွက်ရဲ့ စည်းမျဉ်းအသစ်တွေကို ဖန်တီးနိုင်ဖို့ စဉ်းစားသင့်ပါတယ်။

⚠️ အောင်မြင်မှုနောက်ကွယ်က စိန်ခေါ်မှုများ
Innovation လုပ်တိုင်း Opportunity တွေရှိသလို Challenge တွေလည်း အမြဲတမ်း တွဲပါလာတတ်ပါတယ်။ ထိုနည်းတူ Airbnb ဟာဆိုရင်လဲ အောင်မြင်ခဲ့ပေမယ့် စိန်ခေါ်မှုတွေလဲ ရှိနေပါသေးတယ်။
ဘေးကင်းလုံခြုံရေး: လူနေအိမ်များဖြစ်သဖြင့် ဘေးကင်းလုံခြုံရေးကို အမြဲမပြတ် စောင့်ကြည့်ရန် ခက်ခဲပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုကဲ့သို့သော ဖြစ်ရပ်များက သုံးစွဲသူ၏ ယုံကြည်မှုကို ထိခိုက်စေနိုင်ပါတယ်။
ဥပဒေရေးရာ: နိုင်ငံအသီးသီး၏ မတူညီသော စည်းမျဉ်းများနှင့် အခွန်ဥပဒေများကို လိုက်နာရန် ခက်ခဲနိုင်ပါတယ်။
ဝင်ငွေပုံစံ: လက်ရှိတွင် ကြိုတင်စာရင်းသွင်းခ၏ ၁၈% ကိုသာ ကောက်ခံနေသဖြင့် ရေရှည်တည်တံ့ရန် အခြားဝင်ငွေလမ်းကြောင်းများ ရှာဖွေရန် လိုအပ်နေတယ်။
KEY BUSINESS TAKEAWAYS FOR MYANMAR MSMEs
Airbnb ရဲ့ Caseကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ MSMEs တွေအတွက် အရေးကြီးတဲ့ သင်ခန်းစာတွေ ပြောပြသွားပါမယ်။
1️⃣ Asset-Light Model: မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအနေဖြင့် ပိုင်ဆိုင်မှု အများအပြား (ဥပမာ- ဆိုင်ခန်း၊ စက်ရုံ) မရှိသော်လည်း နည်းပညာကို အသုံးပြုကာ ဝန်ဆောင်မှုပေးသည့် ပလက်ဖောင်းများ ဖန်တီးနိုင်ပါတယ်။
2️⃣ Unique Local Experience: နိုင်ငံခြားသား ခရီးသွားများ သို့မဟုတ် ပြည်တွင်းခရီးသွားများအတွက် ဟိုတယ်နှင့် မတူသော ဒေသခံတို့၏ ယဉ်ကျေးမှုနှင့် နေထိုင်မှု အတွေ့အကြုံစစ်စစ် (Authentic experience) ပေးခြင်းဖြင့် ဈေးကွက်သစ် ဖန်တီးနိုင်ပါတယ်။
3️⃣ Mobile-First Approach: စားသုံးသူများ အလွယ်တကူ လက်လှမ်းမီနိုင်ရန် Mobile Friendly ဖြစ်သော ဝန်ဆောင်မှုများ ပေးခြင်းသည် ယနေ့ခေတ်တွင် မရှိမဖြစ် လိုအပ်ပါတယ်။
🎯 GVM Takeaway
Airbnb ရဲ့ အကြီးမားဆုံး အောင်မြင်မှုက ဟိုတယ် လုပ်ငန်းများကို အနိုင်ယူခဲ့တာ မဟုတ်ပါဘူး။
"လူတွေ မဖြေရှင်းရသေးတဲ့ ပြဿနာကို နည်းလမ်းအသစ်နဲ့ ဖြေရှင်းပေးနိုင်ခဲ့တာကြောင့်ဘဲ ဖြစ်ပါတယ်။"

ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တိုင်းအတွက် မေးခွန်းကတော့...
"သင်က ပြိုင်ဘက်ထက် ပိုကောင်းအောင် လုပ်ဖို့ ကြိုးစားနေတာလား၊ ဒါမှမဟုတ် ဈေးကွက်ရဲ့ Game Rules အသစ်တွေကို ဖန်တီးဖို့ ကြိုးစားနေတာလား?"

💬 သင့်အမြင်မှာ Myanmar MSMEs တွေအတွက် Airbnb Case Study ထဲက ဘယ်သင်ခန်းစာက အရေးကြီးဆုံးလဲ? Comment မှာ မျှဝေပေးခဲ့ပါဦး။

🎬Blockbuster vs Netflix: Market Leader တွေတောင် ဘာကြောင့် ကျရှုံးသွားနိုင်လဲ?၂၀၀၀ ပြည့်နှစ်မှာ Netflix တည်ထောင်သူ Reed H...
24/06/2026

🎬Blockbuster vs Netflix: Market Leader တွေတောင် ဘာကြောင့် ကျရှုံးသွားနိုင်လဲ?

၂၀၀၀ ပြည့်နှစ်မှာ Netflix တည်ထောင်သူ Reed Hastings ဟာ Blockbuster ဆီ သွားရောက်ပြီး သူ့ရဲ့ ကုမ္ပဏီကို ဒေါ်လာ သန်း ၅၀ နဲ့ ဝယ်ဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာတစ်ဝှမ်း ဆိုင်ခွဲပေါင်း ထောင်ချီရှိနေတဲ့ Blockbuster ရဲ့ CEO က အဲဒီ့ကမ်းလှမ်းမှုကို ရယ်စရာတစ်ခုလို သဘောထားပြီး ငြင်းပယ်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ Blockbuster ဟာ ဒေဝါလီခံသွားရပြီဖြစ်ပြီး Netflix ကတော့ ဒေါ်လာ ဘီလီယံ ရာချီတန်ဖိုးရှိတဲ့ Global Entertainment Giant ဖြစ်လာခဲ့ပါတယ်။ မေးစရာကတော့ တစ်ခုတည်းပါပဲ “ဘာကြောင့် ဝါရင့် Market Leader က ကျရှုံးပြီး New Entrant က အနိုင်ရသွားတာလဲ?”
ဒီ case ကို Business Strategy ရှုထောင့်ကနေ ခွဲကြည့်ရင် အချက် (3) ချက်မှာ အဓိက ကွာခြားသွားပါတယ်။

👉1. Customer Pain Point ကို ဘယ်သူပိုတိကျစွာ
မြင်နိုင်လဲ?

Blockbuster ရဲ့ စီးပွားရေးပုံစံမှာ အဓိက ပြဿနာက "အငှားနောက်ကျကြေး" (Late Fees) ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ Blockbuster ဟာ အငှားနောက်ကျကြေး တစ်မျိုးတည်းကတင် ဒေါ်လာ သန်း ၈၀၀ (စုစုပေါင်း ဝင်ငွေရဲ့ ၁၆%) အထိ ရရှိခဲ့ပါတယ်။ ဒါဟာ ကုမ္ပဏီအတွက် အမြတ်များပေမယ့် ဝယ်ယူသူတွေအတွက်တော့ စိတ်ပျက်စရာ အတွေ့အကြုံဖြစ်စေခဲ့ပါတယ်။ Netflix ကတော့ ဒါကို အခွင့်အရေးယူပြီး အငှားနောက်ကျကြေး မရှိတဲ့၊ လစဉ်ကြေးပေးရုံနဲ့ ကြိုက်သလောက်ကြည့်နိုင်တဲ့ Subscription ပုံစံကို ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။

👉2. Data ကို Decision-making Asset အဖြစ် ဘယ်သူအသုံးချခဲ့လဲ?

Netflix ရဲ့ အောင်မြင်မှု နောက်ကွယ်က အချက်တစ်ချက်က Data ကို ထိရောက်စွာ အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ Netflix ဟာ ဝယ်ယူသူတွေရဲ့ အကြိုက်ကို ခန့်မှန်းပေးနိုင်တဲ့ Cinematch recommendation system ကို အစောကြီးထဲက အသုံးချခဲ့ပါတယ်။ ဒါကြောင့် ဝယ်ယူသူတွေ ကြည့်ချင်တဲ့ ဗီဒီယိုတွေကို တိတိကျကျ အကြံပေးနိုင်ပြီး ဝယ်ယူသူတွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ Blockbuster ကတော့ ဆိုင်ကိုလာတဲ့ လူအရေအတွက် (store traffic) လိုမျိုး အချက်အလက်တွေကိုပဲ အာရုံစိုက်နေခဲ့ပြီး ပြောင်းလဲလာတဲ့ customerတွေရဲ့ အပြုအမူတွေကို သတိမထားမိခဲ့ပါဘူး။

👉3. Change ကို ဘယ်သူမြန်မြန် Adapt လုပ်နိုင်ခဲ့လဲ?

Blockbuster ဟာ ၂၀၀၄ ခုနှစ်ရောက်မှ Netflix လိုမျိုး အွန်လိုင်း ဗီဒီယိုငှားရမ်းတဲ့ စနစ်ကို စတင်ခဲ့ပါတယ်။ ဒါဟာ Netflix ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ၄ နှစ်အကြာမှ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Total Access လိုမျိုး ဆန်းသစ်တဲ့ စနစ်တွေ ထွက်လာပေမယ့် ကုမ္ပဏီရဲ့ အကြွေးဝန်ထုပ်ဝန်ပိုးတွေနဲ့ ဆိုင်ခွဲပေါင်း ၉,၀၀၀ ကျော်ရဲ့ ပုံသေကုန်ကျစရိတ်တွေကြောင့် Netflix နဲ့ ရင်ပေါင်မတန်းနိုင်တော့ဘဲ ၂၀၁၀ မှာ ဒေဝါလီခံခဲ့ရပါတယ်။

💡 KEY BUSINESS TAKEAWAYS FOR MYANMAR MSMEs

မြန်မာနိုင်ငံရှိ MSME လုပ်ငန်းရှင်များအတွက် ဒီဖြစ်ရပ်ကနေ ရရှိနိုင်တဲ့ အဖိုးတန်သင်ခန်းစာတွေကတော့ -

✅ ပြောင်းလဲမှု လက္ခဏာ (Signal) ကို သတိထားပါ: ပြိုင်ဘက်အသစ်တွေရဲ့ ကမ်းလှမ်းမှု ဒါမှမဟုတ် နည်းပညာသစ်တွေကို "ရယ်စရာ" လို့ မသတ်မှတ်ပါနဲ့။ ဈေးကွက်ပြောင်းလဲတော့မည့် သတိပေးချက် ဖြစ်ကြောင်း သတိပြုရပါမယ်။

✅ ဝယ်ယူသူ မကြိုက်မုန်းတီးသောအရာပေါ်တွင် အမြတ်မရှာပါနှင့်: Blockbuster ရဲ့ အငှားနောက်ကျကြေးလိုမျိုး ဝယ်ယူသူကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဝင်ငွေလမ်းကြောင်းဟာ ရေရှည်မှာ ကိုယ့်လုပ်ငန်းရဲ့ အကြီးမားဆုံး အားနည်းချက် (Vulnerability) ဖြစ်သွားနိုင်ပါတယ်။

✅ ရှိပြီးသား Data ကို အကျိုးရှိရှိ သုံးပါ: ဝယ်ယူသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းရုံတင် မဟုတ်ဘဲ သူတို့ရဲ့ လိုအပ်ချက်ကို ခန့်မှန်းနိုင်ဖို့နဲ့ ဝန်ဆောင်မှု ပိုကောင်းအောင် လုပ်ဖို့အတွက် အသုံးချရပါမယ်။

✅ "နည်းပညာကို နောက်ကျမှ လက်ခံခြင်းသည် မလုပ်ဆောင်ခြင်းထက် ပိုမိုဆိုးရွားနိုင်သည်" ဆိုတာကို MSME လုပ်ငန်းရှင်တိုင်း သတိပြုသင့်ပါတယ်။

ဒါကြောင့် နောက်ဆုံးအနေနဲ့ GVMမှ ဒီ case study ကနေ အဓိက သင်ယူစေချင်တာက “အောင်မြင်မှုဆိုတာ တည်ငြိမ်နေတဲ့အရာမဟုတ်ဘဲ၊ အမြဲတမ်းပြောင်းလဲနေတဲ့ Market နဲ့အတူ လိုက်လျောညီထွေ ပြောင်းလဲနိုင်သူတွေပဲ ရေရှည်အနိုင်ရနိုင်တယ်” ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်ရှင်…

on

💡 "Startup 10 ခု စတင်ရင် 7 ခုကျော်လောက်ဟာ Product မကောင်းလို့ မအောင်မြင်တာ မဟုတ်ပါဘူး။ Customer တွေ တကယ်မလိုချင်တဲ့ Prod...
15/06/2026

💡 "Startup 10 ခု စတင်ရင် 7 ခုကျော်လောက်ဟာ Product မကောင်းလို့ မအောင်မြင်တာ မဟုတ်ပါဘူး။ Customer တွေ တကယ်မလိုချင်တဲ့ Product ကို ဖန်တီးမိလို့ မအောင်မြင်ကြတာပါ။"

ဒါ့ကြောင့် Startup တစ်ခု စတင်တော့မယ်ဆိုရင် "ကိုယ့် idea က လူတွေ တကယ်လိုချင်တာမျိုး ဟုတ်ရဲ့လား" ဆိုတာကို အရင်ဆုံး ဆန်းစစ်ဖို့ လိုပါတယ်။

လုပ်ငန်းတော်တော်များများဟာ ဘယ်သူမှ အသုံးမပြုချင်တဲ့အရာကို ဖန်တီးမိလို့ အချိန်နဲ့ ရင်းမြစ်တွေ အလဟဿ ဖြစ်သွားတတ်ကြပါတယ်။ ဉပမာအားဖြင့် လူတစ်ယောက်က ခေါင်းကိုက်နေတယ်ဆိုပါစို့။
သင်က သူ့ကို အလွန်ကောင်းမွန်တဲ့ ဗီတာမင်ဆေးတစ်ဗူး ပေးလိုက်တယ်။
ဗီတာမင်က ကောင်းတဲ့ Product ဖြစ်ပေမယ့် သူ့ရဲ့ ပြဿနာက ခေါင်းကိုက်တာ ဖြစ်နေတဲ့အတွက် သူလိုအပ်တာက အကိုက်အခဲပျောက်ဆေး ဖြစ်ပါတယ်။
Product က ကောင်းပေမယ့် Problem ကို မဖြေရှင်းနိုင်ရင် Problem-Solution Fit မရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။
📌 Founder တွေ အများဆုံး လုပ်မိတဲ့ အမှားက ကိုယ့် Idea ကို သက်သေပြဖို့ ကြိုးစားတာပါ။ တကယ်လုပ်သင့်တာက Idea မှန်မမှန် စမ်းသပ်ဖို့ ဖြစ်ပါတယ်။ Customer တွေရဲ့ ပြဿနာကို နားလည်ဖို့ထက် ကိုယ့် Solution ကို ရောင်းချဖို့ အလွန်စောသွားရင် Problem-Solution Fit ကို လွဲချော်နိုင်ပါတယ်။

ဒါကြောင့် GVM အနေနဲ့ Startup Founder တွေရဲ့ ideaတွေက Problem-Solution Fit ဖြစ်စေဖို့ အသုံးချနိုင်မယ့် စနစ်ကျတဲ့ အဆင့် (၆) ဆင့်ကို မျှဝေပေးချင်ပါတယ်။

၁။ ယူဆချက်များကို ရှင်းလင်းစွာ သတ်မှတ်ပါ (Define Assumptions)
လုပ်ငန်းစတင်မယ့်အချိန်မှာ "ဘယ်သူ့ပြဿနာကို ဖြေရှင်းပေးမလဲ?" နဲ့ "ဘာကြောင့် သူတို့ ဒီ Solution ကို လိုအပ်မလဲ?"
ဆိုတာလဲနှင့် ဖောက်သည်တို့အပေါ် ထားရှိသည့် ယူဆချက် (Hypotheses) များကို အရင်ဆုံး ရှင်းရှင်းလင်းလင်းသိရပါမယ်။
✅ Lean Canvaများကို အသုံးပြုခြင်း - Lean Canvas သို့မဟုတ် Value Proposition Canvas ကဲ့သို့သော tools များသုံး၍ မိမိ၏ ယူဆချက်များကို ချရေးပါ။ အထူးသဖြင့် "ပြဿနာ (Problem)" နှင့် "ဖောက်သည်အစုအဖွဲ့ (Customer Segment)" ကို အရင်ဆုံး ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။
✅ Early Adopters ကို အာရုံစိုက်ခြင်း - လူအများစု (Mainstream customer) ကို မကြည့်ဘဲ သင်၏ ထုတ်ကုန်ကို စတင်စမ်းသပ်အသုံးပြုမည့် အစောပိုင်းသုံးစွဲသူ (Early Adopter) များကို အတိအကျ သတ်မှတ်ရပါမယ်။
✅ ပြိုင်ဘက်များ၏ အဖြေကို ကြည့်ခြင်း - ထိုပြဿနာကို ပြိုင်ဘက် ကုမ္ပဏီများက လက်ရှိတွင် မည်သို့ဖြေရှင်းနေကြသလဲ ဆိုတဲ့ (Existing Alternatives) ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါတယ်။

၂။ စမ်းသပ်မှုကို ဒီဇိုင်းဆွဲပါ (Design Experiments)
နောက်တဆင့်အနေနဲ့ မိမိရဲ့ ယူဆချက်များ မှန်မမှန် အထောက်အထား (Evidence) စုဆောင်းနိုင်ရန် စမ်းသပ်မှုများ ပြုလုပ်ရန် ဒီဇိုင်းဆွဲရပါမယ်။
✅ စမ်းသပ်မှု အမျိုးအစားများ - ဖောက်သည်များနှင့် အင်တာဗျူးခြင်း (Interviews)၊ စစ်တမ်းကောက်ယူခြင်း (Surveys)၊ Landing Page များ ပြုလုပ်ခြင်း သို့မဟုတ် MVP (အစမ်းထုတ်ကုန်) များဖြင့် စမ်းသပ်နိုင်ပါတယ်။
✅ အောင်မြင်မှု သတ်မှတ်ချက်များ - စမ်းသပ်မှု တစ်ခုချင်းစီအတွက် အောင်မြင်သည်ဟု သတ်မှတ်နိုင်မည့် စံနှုန်း (Criteria) နှင့် တိုင်းတာမည့် အညွှန်းကိန်း (Metrics) များကို ကြိုတင်သတ်မှတ်ထားရပါမယ်။
✅ စရိတ်သက်သာစွာ စတင်ခြင်း - စရိတ်အနည်းဆုံးနှင့် အမြန်ဆုံး လေ့လာနိုင်မည့် နည်းလမ်းများကို ရွေးချယ်ပါ။ (ဥပမာ - ဝယ်လိုအားရှိမရှိ သိနိုင်ရန် Landing Page တစ်ခု အရင်ဆောက်ခြင်း)

၃။ Customer များနှင့် လက်တွေ့ စမ်းသပ်ပါ (Run Experiments)
ဒီအဆင့်တွင် ဖြစ်နိုင်ခြေရှိသော ဖောက်သည်များနှင့် တိုက်ရိုက်ထိတွေ့ပြီး သူတို့၏ အမူအကျင့်နှင့် တုံ့ပြန်ချက်များကို စုဆောင်းရပါမယ်။
✅ သိပ္ပံနည်းကျ ဆောင်ရွက်ခြင်း - ဘက်လိုက်မှုများ (Biases) ကင်းရှင်းစေရန် သိပ္ပံနည်းကျ စနစ်တကျ လုပ်ဆောင်ရပါမယ်။
✅ မှတ်တမ်းတင်ခြင်း - ရရှိလာသော သင်ခန်းစာများနှင့် ထိုးထွင်းသိမြင်မှု (Insights) များကို Learning Card သို့မဟုတ် Validation Board များ သုံး၍ စနစ်တကျ မှတ်တမ်းတင်ပါ။
✅ အတိတ်အဖြစ်အပျက်ကို မေးမြန်းခြင်း - ဖောက်သည်များကို မေးမြန်းရာတွင် "ဒီ Product ထွက်လာရင် သုံးဖို့ စဉ်းစားထားပါသလား?" ဟူသော မေးခွန်းများထက် "ပြီးခဲ့တဲ့အကြိမ်က ဒီပြဿနာဖြစ်တော့ ဘယ်လိုဖြေရှင်းခဲ့လဲ" ဟူသော အတိတ်မှ လက်တွေ့ဖြစ်ရပ်များကိုသာ အာရုံစိုက်မေးမြန်းရန် အရေးကြီးပါတယ်။

၄။ ရလဒ်များကို ခွဲခြမ်းစိတ်ဖြာပါ (Analyze Results)
ရရှိလာသော အချက်အလက်များကို မိမိ၏ မျှော်မှန်းချက်များနှင့် နှိုင်းယှဉ်ပြီး Problem-Solution Fit ဖြစ်မဖြစ် ဆန်းစစ်ရပါမယ်။
✅ အရေအတွက်နှင့် အရည်အသွေး - ဇယားများ၊ ကိန်းဂဏန်းများ (Quantitative) သာမက ဖောက်သည်များ၏ စကားသံနှင့် ထပ်တလဲလဲ ပေါ်လာတဲ့ Pattern များ (Qualitative) ကိုပါ ခွဲခြမ်းစိတ်ဖြာရပါမယ်။
✅ စိတ်ခံစားမှု ပြင်းထန်မှု - ပြဿနာ၏ အရေးကြီးမှုကို သိနိုင်သည်။ ဖောက်သည်များ၏ နာကျင်မှုခံစားချက် (Pain Level) မည်မျှ ပြင်းထန်သလဲ ဆိုတာကို ကြည့်ခြင်းဖြင့် ပြဿနာ၏ အရေးကြီးမှုကို သိနိုင်ပါတယ်။
✅ ရှေ့ဆက်မည့် လမ်းကြောင်း - ရလဒ်အပေါ် မူတည်ပြီး ရှေ့ဆက်သွားမလား (Persevere)၊ လမ်းကြောင်းပြောင်းမလား (Pivot) သို့မဟုတ် တစ်ခုခုကိုပဲ အာရုံစိုက်မလား (Zoom-in) ဆုံးဖြတ်ရပါမယ်။

၅။ အဆက်မပြတ် ပြန်လည်တိုးတက်အောင် လုပ်ပါ (Iterate)
Problem-Solution Fit မရမချင်း ထိုအရာတွေကို ထပ်ခါထပ်ခါ ပြုလုပ်ရပါမယ်။
✅ အမြန်ဆုံးနှင့် အသက်သာဆုံး - အချိန်နှင့် ရင်းမြစ်များ အလဟဿ မဖြစ်စေရန် အနည်းဆုံး လိုအပ်သော အချက်အလက် (Minimum Viable Data) နှင့် MVP ကို သုံး၍ အမြန်ဆုံး ပြင်ဆင်မှုများ လုပ်ဆောင်ရပါမယ်။
✅ လမ်းကြောင်းပြောင်းခြင်း (Pivot) - ရရှိလာသော အချက်အလက်များက မိမိ၏ idea အလုပ်မဖြစ်ကြောင်း ပြနေပါက ယူဆချက်များ၊ ထုတ်ကုန် သို့မဟုတ် ပစ်မှတ်ထားသော ဈေးကွက်ကို ပြောင်းလဲရန် ဝန်မလေးသင့်ပါ။

၆။ အဓိက Indicators များကို စောင့်ကြည့်ပါ (Monitor Indicators)
Startup တစ်ခုရဲ့ တိုးတက်မှုကို Revenue တစ်ခုတည်းနဲ့ မတိုင်းတာသင့်ပါဘူး။ လုပ်ငန်း၏ တိုးတက်မှုကို ထင်ဟပ်စေသော အညွှန်းကိန်းများကိုသာ စဉ်ဆက်မပြတ် စောင့်ကြည့်သင့်ပါတယ်။
✅ အဓိက Metrics များ - ဖောက်သည် ကျေနပ်မှု (Customer Satisfaction)၊ ပြန်လည်အသုံးပြုမှု (Retention)၊ ထောက်ခံညွှန်းဆိုမှု (Referrals) နှင့် အသုံးပြုမှု (Engagement) များကို ခြေရာခံပါ။
✅ Scorecard သုံးခြင်း - Problem-Solution Fit Scorecard ကဲ့သို့သော tools များသုံး၍ သင်ရဲ့ တိုးတက်မှုကို အချိန်နှင့်အမျှ တိုင်းတာပြီး မိမိသတ်မှတ်ထားသော goal or targetများနှင့် နှိုင်းယှဉ်ကြည့်သင့်ပါတယ်။
✅ တကယ့်အပြောင်းအလဲကို ကြည့်ခြင်း - အပေါ်ယံ ကိန်းဂဏန်းများ (Vanity metrics) ထက် လုပ်ငန်းကို တကယ်တိုးတက်စေမည့် KPIs များကိုသာ အလေးထား စောင့်ကြည့်ရန် လိုအပ်ပါတယ်။
✅ Customer က ဒီပြဿနာကို မကြာခဏ ကြုံနေရသလား?
✅ ဒီပြဿနာကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရသလား?
✅ လက်ရှိမှာ တစ်ခုခုနဲ့ ဖြေရှင်းနေပြီလား?
✅ လက်ရှိဖြေရှင်းနည်းကို မကျေနပ်ဘူးလား?
✅ သင့် Solution ကို စမ်းသုံးဖို့ စိတ်ဝင်စားသလား?
✅ ငွေပေးဝယ်ဖို့ အဆင်သင့်ရှိသလား?
အနည်းဆုံး ၄-၅ ချက် "Yes" ဖြစ်ရင် Problem-Solution Fit ရဖို့ အလားအလာကောင်းပါတယ်။
🚨 Golden Rule: "Build Less, Learn More"
Startup တစ်ခုရဲ့ အစောပိုင်းအဆင့်မှာ Product တည်ဆောက်တာထက် Customer အကြောင်း လေ့လာတာက ပိုအရေးကြီးပါတယ်။ Product တစ်ခုကို ၆ လ တည်ဆောက်ပြီး ဘယ်သူမှ မဝယ်တာထက် Customer ၂၀ ယောက်ကို Interview လုပ်ပြီး ၂ ပတ်အတွင်း Idea ပြောင်းလိုက်တာက ပိုအောင်မြင်တဲ့ Startup Process ဖြစ်ပါတယ်။
Netflix က Blockbuster မကြည့်တဲ့ Customer Segment ကို ရွေးချယ်ခဲ့တယ်။
Airbnb က Hotel မတတ်နိုင်တဲ့ Traveler တွေကို ရွေးချယ်ခဲ့တယ်။
Grab က Taxi ခက်ခဲတဲ့ Customer တွေကို ဖြေရှင်းပေးခဲ့တယ်။
အောင်မြင်တဲ့ Startup အများစုဟာ လူတိုင်းအတွက် Solution မလုပ်ဘဲ လျစ်လျူရှုခံထားရတဲ့ Niche Customer တစ်စုရဲ့ ပြဿနာကို အရင်ဖြေရှင်းခဲ့ကြပါတယ်။
Next article တွေမှာ Blockbusterရဲ့ case study လည်းဆွေးနွေးပေးပါဉီးမယ်။

📌 Strategy Tip: သင့်ပြိုင်ဘက်တွေ လုံးဝသတိမထားမိဘဲ ချန်လှပ်ထားတဲ့ "Service Gap" (ဝန်ဆောင်မှု လိုအပ်ချက်) ကို အတိအကျ ရှာဖွေပါ။ ပြိုင်ဘက်တွေက လူအများစုကိုပဲ အာရုံစိုက်နေချိန်မှာ သင်က တကယ့်ပြဿနာရှိနေတဲ့ အစိတ်အပိုင်းသေးသေးလေး (Niche) ကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်တာဟာ အောင်မြင်ဖို့ အမြန်ဆုံး လမ်းကြောင်းပါပဲရှင်…



သင့်ရဲ့ Startup ခရီးလမ်းမှာ Problem-Solution Fit ရဖို့အတွက် ဘယ်အဆင့်ကို အခက်ခဲဆုံးလို့ ထင်ပါသလဲ? ကော်မန့်မှာ ပြောခဲ့ကြပါဦးနော်။ �

Address

Aye Yiek Thar 2nd Street, Bahan, University Avenue Road
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959260001599

Website

Alerts

Be the first to know and let us send you an email when Golden Vision Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Vision Myanmar:

Shortcuts

Share