01/01/2026
၂၀၂၆ နှစ်သစ်မှစ၍ သက်ဆုံးတိုင်
၁။ ရာဇတောဝါ -
မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ -
ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ -
လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ -
ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ -
မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ -
ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ -
လေးမြှား၊ လက်နက်၊ ဆူးငြောင့်ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ -
သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ -
မိစ္ဆာအယူရှိသော သူတို့၏ ဘေးမှ
လည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ -
သူတော်မဟုတ် သူယုတ်မာ တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှ ကင်းဝေးကြပါစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
မိသားစု၊ဆွေမျိုး၊ဆရာသမား၊မိတ်ဆွေ အပေါင်းအသင်းသူငယ်ချင်းများအပါအဝင် မြန်မာပြည်သူပြည်သားအားလုံး....
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေးကင်းဝေးကြပါစေ။
လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း အချင်းချင်းကင်းရှင်းကြပါစေ။