Transfrom KoHtet Business

Transfrom KoHtet Business Transform မြေသြဇာအကြောင်း သင်ပြပေးသွားမယ?

05/03/2022

Transformကို
''စပါး''တွက်အသုံးပြုနည်း

စပါးခင်းတွင် တစ်ဧက Transform အသုံးပြုနည်း

မြေပြင်ချိန် ဆေးဖြန်းပုံးတစ်ပုံးလျှင် Transform 1- 20 CC / ရေ 20 လီတာဖြင့် တစ်ဧက ၄ ပုံးနှုန်း ဖြန်းပေးပါ။

စပါးလူးနယ်ရာတွင် ၁တင်းလျှင် Transform 1- 10CC / ရေ 1 လီတာဖြင့် လူးနယ်ပေးပါ။

စပါးစိုက်ပျိုးထုတ်လုပ်ရေးမှာ မြေယာကို စနစ်တကျမပြုပြင်ရင် အခြားလုပ်ငန်းတွေ ဘယ်လောက်ကောင်းကောင်း စပါးအထွက်မကောင်းနိုင်ဘူး။Transform သဘာဝမြေသြဇာကို မြေခံအသုံးပြုပေးခြင်းဖြင့် လယ်ယာမြေကြီးအတွက် မြေပျက်ခြင်းကြောင့် မြေသြဇာများပြတ်လပ်နေခြင်းကို မြေဆီပြန်လည် ပြည့်ဝအောင်ဖြည့်တင်းပေးခြင်း၊ စေးကြပ်သောမြေကိုပွရွစေခြင်း၊ မြေဆီလွှာ၏ အပူချိန်နှင့် စိုထိုင်းစကို ထိန်းနိုင်ခြင်း၊မြေကြီးတွင်း လေဝင်လေထွက်ကောင်းမွန်စေခြင်း၊ အဆိပ်အတောက်များကို ချေဖျက်ပေးခြင်း၊ အကျိုးပြုမိတ်ဆွေပိုးများ ရှင်သန်တိုးပွားစေခြင်းတို့ကြောင့် မြေသြဇာများပိုမို သုံးစွဲလာရခြင်းကို လျှော့ချပေးပြီး အပင်များကျန်းမာသန်စွမ်းစေပါသည်။

စပါးပင်၏ အရွက်များကို ကြမ်းစေပြီး ကျန်းမာစေသောကြောင့် ပိုးက်သက်သာ၍ အစာချက်အားကို ပိုမိုလုပ်ဆောင်နိုင်သဖြင့် သီးနှံအထွက်တိုးမည်။

* ပထမအကြိမ် မြေသြဇာမကျွေးမှီ ( 10 ) ရက်အရွယ် အပင်ငယ် -
Transform 1 20 CC/ ရေ 20 လီတာ ဆေးဖြန်းပုံး ( 4 ) ပုံး

* ဒုတိယအကြိမ် မြေသြဇာကျွေးပြီး ( 17 ) ရက် -
Transform 1 20 CC/ ရေ 20 လီတာ ဆေးဖြန်းပုံး ( 4 ) ပုံး

* တတိယအကြိမ် စပါးအနှံစ ကွဲချိန်
Transform 1 & 2 တစ်မျိုးလျှင် 20 CC / ရေ 20 လီတာ ဆေးဖြန်းပုံး ( 4 ) ပုံးစီ

* စတုတ္ထအကြိမ် စပါးနှံ 5% ခန့်စထွက်ချိန်
Transform 1&2 တစ်မျိုးလျှင် 20 CC / ရေ 20 လီတာ ဆေးဖြန်းပုံး ( 4 ) ပုံးစီ

မှတ်ချက်။ စပါးအပွင့်ပွင့်ချိန်နှင့်ဝတ်မှုန်ကူးချိန်မဖြန်းရ ပါ။

*နောက်ဆုံးအကြိမ် စပါးနို့ရည်ခဲချိန်
Transform 1&2 တစ်မျိုးလျှင် 20 CC / ရေ 20 လီတာ်
ဆေးဖြန်းပုံး (4) ပုံးစီ နဲ့ပိတ်လိုက်ရင်ရပါပြီ

စပါးမျိုးစေ့များကို Transform 1 ဖြင့်စိမ်ပေးလျှင် အညှောင်ထွက်ခြင်းကိုအားပေးပြီး ပိုးမွှားဒဏ်မှ ကာကွယ်ပေးပါသည်။

အျမစ္ပြါးမ်ားကို ရှည်စေပြီး ပိုမိုနက်ရှိုင်းသော အစာကို စုပ်ယူနိုင်စေခြင်း။
အပင်ပွါးအားကောင်းကာ စပါးနှံများကို ပိုမိုအောင်စေသည့်အတွက် အထွက်နှုန်းသိသာစွာကောင်းမွန်လာမည်။

Transform သည် သဘာဝမြေသြဇာ ဖြစ်ပြီး
( GAP စနစ်ဖြစ်သော ) ဓာတုလျှော့ချသုံးခြင်းကြောင့် သီးနှံများ အရည်အသွေးပြည့်ဝကာ ဈေးကောင်းရရှိစေခြင်း။
ကုန်ကျစရိတ်သက်သာစေပြီး တောင်သူနှင့် စားသုံးသူမ်ားပါ အန္တရာယ်ကင်းခြင်း လယ်ယာမြေများပြန်လည်ကောင်းမွန်လာခြင်း စတဲ့ အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါသည်။

တောင်သူဦးကြီးများ အဆင်ပြေအောင်မြင်ကြပါစေ။

Transform ကုမ္မဏီတိုက်ရိုက်ပိုဆောင်ပေးတဲ့အတွက်
ဈေးနှုန်းမှန်ကန်ပြီးအကုန်ကျလဲသက်သာစေပါတယ်

cb မှလဲအော်ဒါတင်နိုင်ပါတယ်

''တောင်သူကြီးများ ပြုံးပျော်''" စိုက်ပျိုးရေးအတွက် အကျိုးသက်ရောက်မှုရှိသော အချက်များနှင့် Transform မှ ကူညီ ပေးနိုင်သော ...
05/03/2022

''တောင်သူကြီးများ ပြုံးပျော်''
" စိုက်ပျိုးရေးအတွက် အကျိုးသက်ရောက်မှုရှိ
သော အချက်များနှင့် Transform မှ ကူညီ ပေးနိုင်သော အချက်များ "

အပင်များ စိုက်ပျိုးရာတွင် အဓိကလိုအပ်
သော အချက် ( ၅ ) ချက်ရှိသည်။
(၁) ရေ
(၂) မြေ
(၃) လေ
(၄) ရာသီဥတုနှင့် ရောဂါပိုးမွှား
(၅) မြေသြဇာ တို့ဖြစ်သည်။
ဤအချက် (၅) ချက် ပြည့်စုံကောင်းမွန်နေမှသာ အပင်များကောင်းမွန်စွာ ကြီးထွားရှင်သန် ရောဂါပိုးမွှားများကင်းပြီး အသီးအပွင့်များ
အောင်မြင်စွာ ဖြစ်ထွန်း ရိတ်သိမ်းနိုင်မည်ဖြစ်သည်။
ထိုအချက်များအား TRANSFORM မှ ကူညီဖြေရှင်းပေးနိုင်သည်။

(၁) ရေ ဆိုသည်မှာ
အပင်အတွက်မရှိမဖြစ်လိုအပ်သည်။
TRANSFORM သည် ရေထဲရှိမကောင်းသော ဓာတ်များကို ဖယ်ရှားပေးသည်။ လူတို့သည် PH 7 ရေကို သောက်ကြသကဲ့သို့ အပင်အ
တွက် ရေသန့်ရှင်းမှုသည် PH 6.5 လိုအပ်
သည်။
Transform သည် ရေအနေအထားကို
ပြင်ပေးပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးကာ အောက်ဆီဂျင်ဓာတ်ကို မြှင့်တင်ပေးပါသည်။

(၂) မြေဆိုသည်မှာ
စိုက်ပျိုးမြေကို မစိုက်ခင် မြေပြင်ချိန်တွင် Transform သုံးခြင်းဖြင့် မြေထဲရှိ ဓာတု
ဓာတ်ကျွင်းများကို ဖယ်ရှားပေးသည်။ မြေကို တဖြေးဖြေးပြန်လည်ကောင်းမွန်လာအောင်
ပြုပြင်ပေးသည်။ မြေကြီးထဲရှိ အကျိုးပြု
မိတ်ဆွေပိုများ ပြန်လည်ပေါများလာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဓာတ်မြေသြဇာများ သုံးစွဲလာသည်မှာ နှစ်ပေါင်းများနေပြီ
ဖြစ်သည်။မြေသည် ချဉ်ခြင်း ၊ ငန်ခြင်းများဖြစ်လာကာ မြေထဲရှိအကျိုးပြုပိုးမွှားများ ပျောက်ဆုံး၍ မြေကျစ်လာပြီး စိုက်ပျိုးမြေပျက်စီးကာ သီးနှံများ အောင်မြင်ဖြစ်ထွန်းမှု လျော့ကျလာပြီဖြစ်သည်။

(၃) လေ
Transform သဘာဝမြေသြဇာကို သုံးခြင်းဖြင့် လေနှင့်ရာသီဥတု ပြောင်းလဲခြင်းအပေါ်
ကောင်းစွာခံနိုင်ရည်ရှိစေသည်။ အပင်၏
ရေသောက်မြစ်ရှည်စေခြင်း ၊ မြစ်ပွာနှုန်း
ကောင်းကာ ပင်စည်တောင့်တင်းခိုင်မာစေ
သောကြောင့် ကုပ်တွယ်မှု အားကောင်းသဖြင့် တော်ရုံရာသီဥတုဒဏ်ကြောင့် အပင်မလဲပဲ ရှင်သန်ဖြစ်ထွန်းနိုင်မည်။

(၄) ရာသီဥတုနှင့်ပိုးမွှား
ယခုလက်ရှိ မြန်မာနိုင်ငံတွင် အပူဆုံးအချိန်
တွင် ၄၀° C မှ ၄၇° C အထိရှိပါသည်။ အပင်များသည် အပူချိန် ၃၅° C အောက်မှာသာ
ဝတ်မှုန်ကူးသည် အစာချက်သည်။ အပူချိန်မြင့်လျှင် ဝတ်မှုန်မကူး အစာမချက်သောကြောင့် အပင်များ ဖြစ်ထွန်းအောင်မြင်မှု နည်းပါးကာ ထွက်နှုန်ကျလာလျှက်ရှိသည်။ Transform သည် အပုချိန် ၄၀° C အထိ အစာချက်ရန်
ဝတ်မှုန်ကူးရန် ရာနှုန်းပြည့် ကူညီပေးသည်။ ၄၀° C ကျော်ပါက ၈၀ ရာခိုင်နှုန်း အစာချက်
ရန် ဝတ်မှုန်ကူးရန် ကူညီပေးသည်။ မိုးခေါင်လျှင် ရေအစိုဓာတ်ကို တစ်ပတ်အထိ ထိန်းပေးနိုင်သည်။ ပင်စည်တောင့်တင်းခိုင်မာမှုကြောင့် တော်ရုံရေကြီး ရေမြုပ်ဒဏ်ကိုလဲ ခံနိုင်ရည်ရှိ
သည်။ ဆေးတွင်ပါဝင်သော အင်ဇိုင်းတစ်မျိုး၏ အနံ့ကြောင့် နှင့် အပင်ကြမ်းသော
ကြောင့် ပိုးကျခြင်းလျှော့ကျသွားမည်။

(၅) မြေသြဇာဆိုသည်မှာ
Transform ကို သုံးထားခြင်းဖြင့် အပင်
အတွက်လိုအပ်သော ကျွေးသမျှမြေသြဇာကို စားသုံးနိုင်ရန် ကူညီပေးသည်။ အပင်အတွက် အဓိကလိုအပ်သော NPK အပြင် အပင်အတွက်လိုအပ်သော အနည်းလိုဓာတ် (၁၆ ) မျိုးစလုံးပါဝင်သောကြောင့် အဟာရပြည့်ဝကာ
အပင်ဖြစ်ထွန်းအောင်မြင်မည်ဖြစ်သည်။
ယခင်ကျွေးနေသော မြေသြဇာကို ထက်ဝက်
လျော့ အသုံးပြုနိုင်သဖြင့် ဓာတုများလျော့ချ
နိုင်ပြီး မြေဆီလွှာများ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ အခြားအားဆေးနှင့် မှိုဆေးများ အသုံးပြုစရာမလိုတော့ပဲ ကုန်ကျစရတ်
သက်သာလာကာ သီးနှံများဖြစ်ထွန်းပြီး
ကြာရှည်အထားခံ ဈေးကွက်ဝင်မည်ဖြစ်ပါ
သည်။
( ထရန်စဖောင်းမ်) ရွက်ဖျန်းမြေသြဇာ

Transformသဘာဝမြေသြဇာဝယ်ယူရရှိနိုင်သောနေရာ

ကျွန်တော် ဆီမှာ စာပို့လာလည်း ရပါတယ်

Name- Ko Htet
Ph-09789224452

Address

Yangon

Alerts

Be the first to know and let us send you an email when Transfrom KoHtet Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share