09/07/2022
ခေတ်အဆက်ဆက်အသုံးပြုတံဆိပ်ခေါင်းများ
ပဲနိ နှင့် ကျပ် ရှေ့ပိုင်းလို့မှတ်
၇၄ ဆိုရှယ်၊ ၈၉ ပြည်ထောင်
၁၁ သမ္မတ ကိုဆောင်။
ပဲနိ၊ကျပ်ဟာ ကိုလိုနီခေတ်(လွတ်လပ်ရေးမရမီရှေ့ပိုင်း)ကာလက အသုံးပြုခဲ့သောစာချုပ်မျိုးဖြစ်ပါတယ်
၁၉၄၈မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ ဦးနု ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီခေတ်၊အဲဒီ့ခေတ်မှာ ပဲနိ၊ကျပ် တံဆိပ်ခေါင်းပဲသုံးပါတယ်
နောက်ပိုင်း ၁၉၅၉ အိမ်စောင့်အစိုးရလက်ထက်ခေတ်မှာလဲ(ပဲနိ၊ကျပ်)တံဆိပ်ခေါင်းပဲအသုံးပြုကြပါတယ်။
၁၉၆၂ တော်လှန်ရေးကောင်စီခေတ်လဲ(ပဲနိ၊ကျပ်)စာချုပ်ပါပဲဖြစ်ပါတယ်
၁၉၇၄ မဆလခေတ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ရောက်မှ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဆိုတဲ့ တံဆိပ်ခေါင်းကိုစတင်အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်
၁၉၈၈မှာအရေးခင်း ပေါ်ပေါက်လာတယ်။စစ်အစိုးရအုပ်ချုပ် ခဲ့ပါတယ်
၁၉၈၉မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်တံဆိပ်ခေါင်း ထွက်လာခဲ့ပါတယ်
နောက်ပိုင်းစာချုပ်ကတော့ ၂၀၁၁ခုနှစ် သမ္မတကြီးဦးသိန်းစိန်လက်ထက်ကပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါသော တံဆိပ်ခေါင်းစာချုပ်ပါ
ယခင်စာချုပ်များသည် ခုနှစ်အလိုက် အသုံးပြုကာ ယနေ့အချိန်ထိအသုံးဝင်ပါတယ်
ဦးသိန်းစိန် သမ္မတလုပ်သည့်အချိန်မှစ၍ ယနေ့ထိဆို
ပြည်ထောက်စုသမ္မတမြန်မာနိုင်ငံတော်ပါရှိသော
တံဆပ်ခေါင်းများဖြစ်ကြောင်းမျှဝေပေးခြင်းဖြစ်ပါတယ်
အိမ်ခြံမြေကွက်ဝယ်ယူသူများ အလိမ်မခံရစေဖို့အတွက်ရည်ရွယ်ပါသည်။
Crd #